SBOTOP

FUN88: No.1 Betting Site - Play with FUN, be FUN

M88.com


Main Menu | Preferences | Search | Register | Log In
 
  Registered Forum Members: 227138 and growing!

SBOTOP- နောက်ဆုံးရ အားကစားသတင်းများ - AsianBookie.Com Forums

AsianBookie Myanmar 
 Main Menu > AsianBookie Myanmar > SBOTOP- နောက်ဆုံးရ အားကစားသတင်းများ  Ad 

   » CHAT Now! « [ 83 Chatters Online ]
Search | Register | Log In
 ( Page 1 2 3 4 )  Go to Last Post    
Posted By Topic: SBOTOP- နောက်ဆုံးရ အားကစားသတင်းများ       - Views: 988
SBOTOP
23-Jan 2024 Tuesday 5:19 PM (846 days ago)               #1
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

စတန်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးတို့ မစ်ဒယ်ဘရော့ကို ရှုံးကြွေး ပြန်ဆပ်နိုင်မလား | ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ (ပွဲကြိုသုံးသပ်ချက်)

ချဲလ်ဆီး – မစ်ဒယ်ဘရော့

ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး ချဲလ်ဆီးက မစ်ဒယ်ဘရော့ကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။ ပထမအကျော့ မစ်ဒယ်ဘရော့ အိမ်ကွင်းမှာ ၁-၀ ရလဒ်နဲ့ အရေးနိမ့်ထားတဲ့ ချဲလ်ဆီးတို့ ရှုံးကြွေး ပြန်ဆပ်ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

ပထမအကျော့ မစ်ဒယ်ဘရော့ရဲ့ ရေးဗားဆိုက်ဒ်ကွင်းမှာ ဟက်နေးရဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့် အရှုံးပေးခဲ့ရတဲ့ ချဲလ်ဆီးတို့ ဒုတိယအကျော့က အိမ်ကွင်းမှာ ဖြစ်လို့ အားသာချက်တွေ အများကြီး ရှိနေပါလိမ့်မယ်။ လက်ရှိ ခြေစွမ်းပိုင်းအရလည်း မော်ရီစီယို ပိုချက်တီနိုရဲ့ အသင်းက ပုံစံကောင်း ပြန်ရနေပြီး နောက်ဆုံး ၅ ပွဲမှာ ခရာဘောင်ဖလား ပထမအကျော့ ရှုံးပွဲကလွဲရင် ကျန်ပွဲ အားလုံး အနိုင်ရထားပါတယ်။

မိုက်ကယ် ကားရစ်ရဲ့ အသင်း ကတော့ ပထမအကျော့တုန်းက ချဲလ်ဆီးကို အနိုင်ရထားခဲ့ပေမယ့် ခြေစွမ်းပိုင်း ကတော့ အားရစရာ မရှိပါဘူး။ ပါးပါးနပ်နပ်နဲ့ ဘယ်လို အနိုင်ကန်ရမလဲ သိခဲ့လို့သာ ဘိုရိုတို့ အသာရခဲ့တာ ဖြစ်ပါတယ်။ ဘိုရိုဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာလည်း ချန်ပီယံရှစ် ဇယား အောက်ဆုံးက ရိုသာဟမ်နဲ့လည်း သရေကျထားပါတယ်။ 

 

နှစ်ဖက်အသင်း သတင်းများ

လက်ရှိ ခြေစွမ်းပိုင်းအရလည်း မော်ရီစီယို ပိုချက်တီနိုရဲ့ အသင်းက ပုံစံကောင်း ပြန်ရနေပြီး နောက်ဆုံး ၅ ပွဲမှာ ခရာဘောင်ဖလား ပထမအကျော့ ရှုံးပွဲကလွဲရင် ကျန်ပွဲ အားလုံး အနိုင်ရထားပါတယ်။

ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာ ချဲလ်ဆီးကို အနိုင်ရထားတဲ့ မစ်ဒယ်ဘရော့

ချဲလ်ဆီး ဘက်မှာ ဖိုဖာနာ၊ ချာလို့ဘာ့၊ လာဗီယာ၊ ဆန်းချက်ဇ်၊ ဂျိမ်းစ်၊ ကူကာရယ်လာ၊ အူဂိုချက်ဝူနဲ့ အန်ကွန်ကူ တို့ ဒဏ်ရာကြောင့် လွဲချော်ကြမှာ ဖြစ်ပါတယ်။

မစ်ဒယ်ဘရော့ မှာတော့ တော်မီ စမစ်၊ ဒီရန်၊ လက်တီလက်သ်၊ လီနီဟန်၊ ဘန်ဂူရာ တို့ ဒဏ်ရာကြောင့် လွဲချော်ကြမှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

ချဲလ်ဆီး – ပက်ထရိုဗစ်၊ ဂူစတို၊ ဒီရာဆီ၊ ဆေးလ်ဗား၊ ကိုးဝဲလ်၊ ကိုင်စီဒို၊ အန်ဇို၊ မာဒူအီကီ၊ ဂယ်လာဟာ၊ ပါးလ်မား၊ စတာလင်

မစ်ဒယ်ဘရော့ – ဂလိုဗာ၊ အေးလင်း၊ ကလာ့ခ်၊ ဖရိုင်း၊ အန်ဂဲလ်၊ ဘာလေဆာ၊ ဟော်ဆန်၊ ဟက်နေး၊ ရော်ဂျာ၊ အဇက်ဇ်၊ ဖော်ရက်စ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်း အကြား ၅ ကြိမ် တွေ့ဆုံထားရာမှာ ချဲလ်ဆီးက ၄ ကြိမ်နိုင်ပြီး မစ်ဒယ်ဘရော့က ၁ ကြိမ် ပြန်လည် အနိုင်ရထားပါတယ်။ နောက်ဆုံး ၅ ပွဲ ရလဒ်တွေကို ပြန်ကြည့်ရင် ချဲလ်ဆီးက ၄ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားပြီး မစ်ဒယ်ဘရော့က ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

ချဲလ်ဆီး VS မစ်ဒယ်ဘရော့

ဇန်နဝါရီ ၂၄ ရက်၊ မနက် ၂:၃၀ နာရီ (GMT+ ၆:၃၀)

1X2 ချဲလ်ဆီး @ 1.26

SBOTOP ရဲ့ 1X2 မှာတော့ ချဲလ်ဆီး နိုင်ရင် ၁.၂၆ ဆ၊ မစ်ဒယ်ဘရော့ နိုင်ရင် ၇.၈ ဆနဲ့ သရေ ဆိုရင် ၅.၄ ဆပါ။ အာရှဟန်းဒီးကပ် မှာတော့ ချဲလ်ဆီးက တစ်လုံး အရှုံး၊ ၂ လုံး သရေလောက် ပေါက်နေပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ထားပါတယ်။ ပထမအကျော့တုန်းက မစ်ဒယ်ဘရော့ နိုင်ခဲ့ပေမယ့် ခြေစွမ်းကောင်းလွန်းလို့ မဟုတ်ပါဘူး။ ချဲလ်ဆီး ကလည်း တော်တော်လေးကို ချာခဲ့ပါတယ်။ ဒီရာသီ ဖလား တစ်လုံး မျှော်လင့်ချက် အတွက် ချဲလ်ဆီးတို့ ခရာဘောင်ဖလား ဗိုလ်လုပွဲ ရောက်အောင် သွားပါလိမ့်မယ်။ ပိုချက်တီနိုလည်း ဖိအားတွေ အတတ်နိုင်ဆုံး လျှော့ချဖို့ အတွက် အကောင်းဆုံး အခြေအနေကို လက်လွတ်ခံမယ် မထင်ပါဘူး။ ပွဲချိန် အတွင်း ချဲလ်ဆီး ၁-၀ မဟုတ်ရင် ၂-၁ လောက်နဲ့ နိုင်သွားမယ် ထင်ပါတယ်။ ပင်နယ်တီ အထိ ဆက်နိုင်ချေလည်း ရှိပါတယ်။

ခန့်မှန်းရလဒ်

ချဲလ်ဆီး ၂-၁ မစ်ဒယ်ဘရော့


ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 23-Jan-2024 at 5:19 PM





   Like     



SBOTOP
23-Jan 2024 Tuesday 5:23 PM (846 days ago)            #2
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

အနိုင်၊ အရှုံးထက် ဂိုးပေါင်းကိုပဲ စိတ်ဝင်စားသင့်တဲ့ပွဲ | ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ (ပွဲကြိုသုံးသပ်ချက်)

ဖူလ်ဟမ် – လစ်ဗာပူးလ်

ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ရဲ့ နောက်ထပ် စိတ်ဝင်စားစရာ ပွဲစဉ် အဖြစ် ဖူလ်ဟမ်နဲ့ လစ်ဗာပူးလ်တို့ ခရေဗင်ကော့တေ့ဂျ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ 

ဒီရာသီ ဖူလ်ဟမ်ရဲ့ ခြေစွမ်းက စိတ်ပျက်စရာပါ။ ပြီးခဲ့တဲ့ ရာသီနဲ့ တစ်ခြားစီ ဖြစ်ပြီး နိုင်ပွဲထက် ရှုံးပွဲတွေ များနေခဲ့တာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ မထင်မှတ်တဲ့ ခြေစွမ်းနဲ့ ဂိုးပြတ် ထနိုင်လေ့ ရှိပေမယ့် အသင်းကြီး တော်တော်များများ ကိုတော့ မယှဉ်နိုင်ခဲ့တာ တွေ့ရပါတယ်။ ခရာဘောင်ဖလား ပြိုင်ပွဲမှာလည်း လမ်းကြောင်း ချောင်ခဲ့လို့ ဖူလ်ဟမ်တို့ ဒီအဆင့် အထိ ရောက်လာခဲ့တာ ဖြစ်ပြီး ဗိုလ်လုပွဲ ကတော့ သူတို့ အတွက် မဟုတ်နိုင်ပါဘူး။

လစ်ဗာပူးလ် ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် အနိုင်ရထားပြီး တိုက်စစ် ကလည်း ဂိုးတွေ ရှယ်မြူးနေတာပါ။ မနူးမနပ် နူညက်ဇ်တောင် ပါးပါးနပ်နပ်နဲ့ ဂိုးတွေ ဖန်တီး၊ ဂိုးတွေ သွင်းလာနိုင်တာက ကလော့ပ် အတွက် ကျေနပ်စရာပါ။ လက်ရှိ ခြေစွမ်းအရ လစ်ဗာပူးလ်တို့ ပြိုင်ဘက်တိုင်းကို အလဲထိုးနိုင်တဲ့ ခြေစွမ်းမျိုး ရှိနေလို့ ဖူလ်ဟမ်ကို အဝေးကွင်းမှာ အသာစီးနဲ့ ကစားနိုင်ဦးမှာပါ။ လစ်ဗာပူးလ်တို့ ခရာဘောင်ဖလား ဗိုလ်လုပွဲ တက်ဖို့ ဆိုရင် အမှားကြီး မမှားဖို့ပဲ လိုပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

လစ်ဗာပူးလ်တို့ ခရာဘောင်ဖလား ဗိုလ်လုပွဲ တက်ဖို့ ဆိုရင် အမှားကြီး မမှားဖို့ပဲ လိုပါတယ်။

ခြေစွမ်းရော၊ ရလဒ်ပိုင်းပါ မတည်မငြိမ် ဖြစ်နေတဲ့ ဖူလ်ဟမ်

ဖူလ်ဟမ် ဘက်မှာ ဘန်ဒါနဲ့ ထရာအိုရေးတို့ နှစ်ဦးက လွဲလို့ ကျန်ကစားသမား အားလုံး ပွဲထွက် ပါဝင်လာနိုင်ဖို့ ရှိနေပါတယ်။

လစ်ဗာပူးလ် မှာတော့ အာနိုးလ်၊ သီယာဂို၊ ဘက်ဂျ်စီတစ်၊ မိုဟာမက် ဆာလာ၊ ဆီမီကတ်စ်၊ မက်တစ်ပ်၊ ဆဘို့ဇ်လိုင်း၊ ဒိုအက်ခ်နဲ့ ရော်ဘတ်ဆန်တို့ ဒဏ်ရာရနေပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

ဖူလ်ဟမ် – လန်နို၊ ဒီယော့ပ်၊ အဒါရာဘိုင်အိုယို၊ တီတီ၊ ရော်ဘင်ဆင်၊ ကိုင်ယာနေး၊ ပေါ်လင်ဟာ၊ ပါရဲရား၊ ဝီလ်ဆင်၊ ဝိလီယံ၊ ဟင်မီနက်ဇ်

လစ်ဗာပူးလ် – အလီဆွန်၊ ဗန်ဒိုက်ခ်၊ ကိုနာတေး၊ ဘရက်ဒ်လီ၊ ဂိုးမက်ဇ်၊ မက်အယ်လစ္စတာ၊ အဲလီယော့တ်၊ ဂျုံးစ်၊ နူညက်ဇ်၊ ဒီးယက်ဇ်၊ ဂျိုတာ 

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်း အကြား ၁၆ ကြိမ် တွေ့ဆုံထားခဲ့ရမှာ ဖူလ်ဟမ်က ၃ ကြိမ်သာ အနိုင်ရခဲ့ပြီး ၂ ကြိမ် သရေကျကာ လစ်ဗာပူးလ် ကတော့ ၁၁ ကြိမ် အထိ အနိုင်ရထားခဲ့ပါတယ်။ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာလည်း လစ်ဗာပူးလ်တို့ ၃ ကြိမ် အနိုင်ရခဲ့ပြီး ဖူလ်ဟမ်က ၁ ကြိမ် နိုင်ကာ ၁ ကြိမ်က သရေကျခဲ့ပါတယ်။ ထူးခြားချက်က ခရေဗင်ကော့တေ့ဂျ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲမှာ လစ်ဗာပူးလ်တို့ ၁ ကြိမ်သာ နိုင်ခဲ့ပြီး ၂ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ဖူလ်ဟမ်က ၂ ပွဲနိုင်၊ ၃ ပွဲ ရှုံးခဲ့ပြီး လစ်ဗာပူးလ်က ၅ ပွဲစလုံး အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

ဖူလ်ဟမ် VS လစ်ဗာပူးလ်

ဇန်နဝါရီ ၂၅ ရက်၊ မနက် ၂:၃၀ နာရီ (GMT+ ၆:၃၀)

အချိန်ပြည့် ဂိုးပေါ် ၂.၅၀ @၁.၆၂ ဆ

1X2 မှာတော့ ဖူလ်ဟမ် နိုင်ရင် ၃.၉၀ ဆ၊ လစ်ဗာပူးလ် နိုင်ရင် ၁.၇၆ ဆနဲ့ သရေ ဆိုရင် ၃.၆၄ ဆပါ။ အာရှဟန်းဒီးကပ် မှာတော့ လစ်ဗာပူးလ်က သရေ အရှုံးလောက် ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးသွင်းမှ အပြည့်‌ ပျော်ရမယ့် အနေအထား ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းအရ လစ်ဗာပူးလ်က ဒဏ်ရာရကစားသမားတွေ ရှိနေပေမယ့် အမြင့်ဆုံးကို ပျံတက်နေတယ်လို့ ပြောလို့ ရပါတယ်။ အဝေးကွင်းပေမယ့် လစ်ဗာပူးလ်တို့ အိမ်ကွင်းလို ကစားနိုင်ဦးမှာပါ။ သာမန် ပွဲကစားချိန် အတွင်း လစ်ဗာပူးလ်ပဲ အနိုင်ရသွားမယ် ထင်ပါတယ်။ ဂိုးတော့ မပြတ်နိုင်ပါဘူး။

 

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 23-Jan-2024 at 5:23 PM





   Like     
SBOTOP
26-Jan 2024 Friday 4:28 PM (843 days ago)            #3
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

အကျိုးအမြတ် အတွက် သရေရလဒ်ကို အရဲစွန့် ရွေးချယ်ထားချင်တယ် | ဘွန်ဒက်စ်လီဂါ (ပွဲကြိုသုံးသပ်ချက်)

ဖရန့်ဖတ် – မိန့်ဇ်

ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၁၉) ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် ဖရန့်ဖတ်တို့ မိန့်ဇ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်မှာ နိုင်ပွဲ ကိုယ်စီ ပျောက်ဆုံးထားတဲ့ နှစ်သင်း တွေ့ဆုံမှုမှာ ဘယ်အသင်းက ရလဒ်ကောင်း ပြန်လည် ရှာဖွေသွားနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရှိနေတဲ့ ဖရန့်ဖတ်ဟာ နောက်ဆုံး ၃ ပွဲဆက် ရှုံးပွဲ မရှိသေးတဲ့ အသင်း ဖြစ်ပါတယ်။ နည်းပြ ဒီနို တော့ပ်မိုလာရဲ့ ဖရန့်ဖတ်ဟာ အဆင့် ၅ နေရာက ဒေါ့မန်နဲ့ ၅ မှတ် အထိ ကွာဟနေပြီး တတ်နိုင်သမျှ အမှီလိုက်ဖို့ အားထည့်လာမှာ သေချာပါတယ်။

မိန့်ဇ် ကတော့ ဒီရာသီမှာ ခြေစွမ်းကျဆင်းနေပြီး လက်တလော ဘွန်ဒက်စ်လီဂါ တန်းဆင်းဇုန်ထဲမှာ ရှိနေခဲ့ပါတယ်။ တန်းဆင်းဇုန် အထက်က ယူနီယံဘာလင်နဲ့ ၃ မှတ် ကွာဟနေလို့ သူတို့လည်း အမှတ် လိုအပ်နေတဲ့ အသင်း ဖြစ်ပါတယ်။ မိန့်ဇ်ဟာ အမှတ်ပေးပွဲစဉ် နောက်ဆုံး ၇ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့လို့ ဖရန့်ဖတ်ကို ခြေစွမ်းပိုင်းအရ ယှဉ်နိုင်ဖို့တော့ ခက်ပါလိမ့်မယ်။

 

နှစ်ဖက်အသင်း သတင်းများ

ဖရန့်ဖတ် ဘက်မှာ အိုမာ မာမို့ရှ် နိုင်ငံတကာပွဲ သွားကစားနေပြီး လွန်းကလည်း ဒဏ်ရာကြောင့် အခုပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။

မိန့်ဇ် မှာတော့ လီဂျေဆန်း အာရှဖလား သွားကစားနေပြီး ဘဲလ်နဲ့ ဝိုင်ပါ တို့လည်း ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

ဖရန့်ဖတ် – ထရပ်၊ ပါချို၊ ကော့ချ်၊ တူတာ၊ ဂေါ့ဇီ၊ လာဆွန်၊ အီဘင်ဘီ၊ အန်ကွန်ကူ၊ နော့ဖ်၊ ဗန်ဒီဘိခ်၊ ကလက်ဂျစ်

မိန့်ဇ် – ဇန့်နာ၊ ဖာနန်ဒက်စ်၊ ဗန်ဒန်ဘက်ဂျ်၊ ဆာဆီ၊ ခရော့စ်၊ ခိုဟာ၊ မွန်နီ၊ ဝစ်ဒ်မာ၊ ဘာကတ်ဒ်၊ ပါပီလာ၊ အိုနီဆီဝူ

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်း အကြား ၂၇ ကြိမ် တွေ့ဆုံထားရာမှာ ဖရန့်ဖတ်က ၁၀ ကြိမ်နိုင်ပြီး မိန့်ဇ်က ၉ ကြိမ် အနိုင်ရထားပါတယ်။ မိန့်ဇ်ဟာ ဖရန့်ဖတ်နဲ့ တွေ့ဆုံခဲ့တဲ့ ၈ ကြိမ်စလုံး အမြင့်ဆုံး သရေသာ ကစားနိုင်ခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်တွေကို ပြန်ကြည့်ရင်တော့ ဖရန့်ဖတ်က ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးခဲ့ပြီး မိန့်ဇ် ကတော့ ၁ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

ဖရန့်ဖတ် VS မိန့်ဇ်

ဇန်နဝါရီ ၂၇ ရက်၊ မနက် ၂:၀၀ နာရီ (GMT+ ၆:၃၀)

1X2 မိန့်ဇ် @ ၃.၂၀ ဆ

SBOTOP ရဲ့ 1X2 မှာတော့ ဖရန့်ဖတ် နိုင်ရင် ၂ ဆ၊ မိန့်ဇ် နိုင်ရင် ၃.၄၇ ဆနဲ့ သရေ ဆိုရင် ၃.၂၀ ဆပါ။ အာရှဟန်းဒီးကပ် မှာတော့ ဖရန့်ဖတ်က သရေ အရှုံး ပေးထားပြီး ဂိုးပေါင်း ကတော့ ၂ လုံးလောက်က စဖွင့်ပါတယ်။ အဆင့် ကွာဟချက် ရှိပေမယ့် လက်ရှိ အနေအထားနဲ့ တွေ့ဆုံမှုတွေအရ ဒီပွဲ ကတော့ သရေလောက်ပဲ မှန်းထားချင်ပါတယ်။ အပြန်အလှန် သွင်းဂိုး တချို့တော့ ရှိလာနိုင်ပါတယ်။ ၁-၁ လောက်ပဲ ဖြစ်သွားမယ် ထင်ပါတယ်။

ခန့်မှန်းရလဒ်

ဖရန့်ဖတ် ၁-၁ မိန့်ဇ်

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 26-Jan-2024 at 4:28 PM





   Like     
SBOTOP
26-Jan 2024 Friday 4:50 PM (843 days ago)            #4
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ဟော့ဖန်ဟိမ်းတို့ နိုင်ပွဲ ပြန်လည် ရှာတွေ့သွာမှာလား | ဘွန်ဒက်စ်လီဂါ (ပွဲကြိုသုံးသပ်ချက်)

ဟော့ဖန်ဟိမ်း – ဟိုင်ဒန်ဟိမ်း 

ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၁၉) အဖြစ် ဟော့ဖန်ဟိမ်းက ဟိုင်ဒန်ဟိမ်းကို ပရီဇီးရိုး အရီနာမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ နိုင်ပွဲပျောက်ဆုံးနေတာ ကြာပြီ ဖြစ်တဲ့ ဟော့ဖန်ဟိမ်းတို့ ရလဒ်ပိုင်း တိုးတက်မှုတွေ ရှိနေတဲ့ ဟိုင်ဒန်ဟိမ်းကို အိမ်ကွင်းမှာ အသာရသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဟော့ဖန်ဟိမ်း ကတော့ ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပြီး ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းနေတဲ့ အသင်း ဖြစ်ပါတယ်။ လက်တလော အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရှိနေပြီး ဥရောပဝင်ခွင့် တစ်နေရာ အတွက် ရမှတ် လိုအပ်ချက်တွေ ရှိနေပါတယ်။ 

ဟိုင်ဒန်ဟိမ်း ကတော့ ခြေစွမ်းပိုင်း သိသိသာသာ တိုးတက်လာခဲ့ပြီး ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၅ ပွဲဆက် မရှုံးအောင် ကစားထားတာ တွေ့ရပါတယ်။ ကစားသမားကောင်းတွေ သိပ်မရှိပေမယ့် အသင်းလိုက်စုဖွဲ့မှု ကောင်းကောင်းနဲ့ ပြိုင်ဘက်တိုင်းကို ဒုက္ခပေးတတ်တဲ့ အသင်း ဖြစ်ပါတယ်။ လက်ရှိမှာ ဟော့ဖန်ဟိမ်းနဲ့ ၂ မှတ် အကွာ အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

ဟိုင်ဒန်ဟိမ်း ကတော့ ခြေစွမ်းပိုင်း သိသိသာသာ တိုးတက်လာခဲ့ပြီး ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၅ ပွဲဆက် မရှုံးအောင် ကစားထားတာ တွေ့ရပါတယ်။

ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရှိနေတဲ့ ဟိုင်ဒန်ဟိမ်း

ဟော့ဖန်ဟိမ်း ဘက်မှာ ဒဏ်ရာရ ပွဲပယ် ကစားသမား များပြားနေပြီး အိုဇန် ကာဘက်ခ်က ပွဲပယ်ခံထားရသလို ဆမက်ဆက်ကူက နိုင်ငံတကာပွဲ သွားရောက်ကစားနေပါတယ်။ ဘာရီရှာ၊ မာကို ဂျွန်၊ ဘက်ကာနဲ့ ဂိုင်ဂါ တို့ကတော့ ဒဏ်ရာရနေပါတယ်။

ဟိုင်ဒန်ဟိမ်း ဘက်မှာတော့ သောမက်စ် လီယွန် ကယ်လာနဲ့ ကီနက်ဂျ် တို့ နှစ်ဦးပဲ လွဲချော်ဖို့ ရှိနေပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

ဟော့ဖန်ဟိမ်း – ဘူးမန်း၊ ဂရီးလစ်ချ်၊ အန်ဆိုကီ၊ ကာဘက်ခ်၊ စတက်ချ်၊ ဘက်ကာ၊ ကရာမာရစ်၊ ဘူလ်တာ၊ ကဒါရာဘက်ခ်၊ ဘိုင်ရာ၊ ဝတ် ဝက်ဂ်ဟော့စ်

ဟိုင်ဒန်ဟိမ်း – မူလာ၊ မိန်ကာ၊ ဂင်ဘာ၊ ထရာအိုရေး၊ ဖိုရန်ဘက်ချ်၊ ချော့ပ်နာ၊ မယ်လိုနီ၊ ဘက်ခ်၊ ဘက်စတီ၊ ဒင့်ခ်ဆီ၊ ကလိုင်ယန်ဒင့်စ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်း အကြား ၄ ကြိမ် တွေ့ဆုံထားခဲ့ရာမှာ ၂ ကြိမ်စီ အနိုင်ရထားကြပါတယ်။ ဒီရာသီ ပထမအကျော့ မှာတော့ ဟော့ဖန်ဟိမ်းက ဟိုင်ဒန်ဟိမ်း ကွင်းမှာ ၂-၃ နဲ့ အနိုင်ရထားပါတယ်။ 

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

ဟော့ဖန်ဟိမ်း VS ဟိုင်ဒန်ဟိမ်း

ဇန်နဝါရီ ၂၇ ရက်၊ ည ၉:၀၀ နာရီ (GMT+ ၆:၃၀)

အချိန်ပြည့် 1X2 ဟိုင်ဒန်ဟိမ်း @၃.၁၃ ဆ

SBOTOP ရဲ့ 1X2 မှာတော့ ဟော့ဖန်ဟိမ်း နိုင်ရင် ၁.၆၉ ဆ၊ ဟိုင်ဒန်ဟိမ်း နိုင်ရင် ၄.၀၉ ဆနဲ့ သရေ ဆိုရင် ၃.၇၈ ဆပါ။ အာရှဟန်းဒီးကပ် မှာတော့ ဟော့ဖန်ဟိမ်းက သရေ အရှုံးလောက် ပေါက်နေပြီး ဂိုးပေါင်း ကတော့ ၃ လုံး သွင်းရင်တောင် အပြည့်အဝ မပျော်ရသေးတဲ့ အနေအထားပါတယ်။ ဟော့ဖန်ဟိမ်းက ခြေကျနေပြီး ဟိုင်ဒန်ဟိမ်း ကတော့ အနည်းငယ် ခြေပြန်တက်နေပါတယ်။ ဟော့ဖန်ဟိမ်းက ပေးဂိုးတွေ များနေတာကြောင့် ဒီပွဲမှာလည်း အပြန်အလှန် သွင်းဂိုးတွေ မြင်ရနိုင်ပါတယ်။ ဟော့ဖန်ဟိမ်းတို့ နိုင်ပွဲ ဝေးနေတာ ကြာပြီ ဖြစ်လို့ ဒီပွဲ မှာတော့ ဟိုင်ဒန်ဟိမ်းကို အကြိတ်အနယ် ကစားရင်း နိုင်ပွဲ ပြန်ရှာတွေ့သွားမယ် ထင်ပါတယ်။

ခန့်မှန်းရလဒ်

ဟော့ဖန်ဟိမ်း ၃-၂ ဟိုင်ဒန်ဟိမ်း

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 26-Jan-2024 at 4:50 PM





   Like     
SBOTOP
30-Jan 2024 Tuesday 5:30 PM (839 days ago)            #5
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

စီးတီးဂရောင်းမှာ အာဆင်နယ်တို့ ရုန်းကန်ရဦးမှာလား??? | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

နော့တင်ဟမ်ဖောရက်စ် – အာဆင်နယ်

အခုတစ်ပတ် ကြားရက်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး အာဆင်နယ် ကတော့ နော့တင်ဟမ်ဖောရက်စ်ကို စီးတီးဂရောင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

နော့တင်ဟမ်ဖောရက်စ်ဟာ နူနို ဆန်းတို့စ် လက်အောက်မှာ အနည်းငယ် တက်ရိပ်ပြနေခဲ့ပြီး ရလဒ်တွေလည်း ပြန်ကောင်းလာတာ တွေ့ရပါတယ်။ နယူးကာဆယ်နဲ့ ယူနိုက်တက်လို အသင်းကြီးတွေ ကိုတောင် အနိုင်ကစားပြခဲ့ပြီး ပရီးမီးယားလိဂ် တန်းဆင်းဇုန်နဲ့ အဝေးကို ပြေးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တလော ဖောရက်စ်ရဲ့ အဓိက ကစားသမားတချို့ နိုင်ငံတကာ ပွဲစဉ်တွေ သွားရောက် ကစားနေသလို ဒဏ်ရာရနေသူတွေလည်း များနေလို့ အာဆင်နယ်ရဲ့ ပုံစံကောင်းတစ်ခုကို တားဆီးနိုင်ပါ့မလား ဆိုတဲ့ သံသယတော့ ဝင်မိပါတယ်။

အာဆင်နယ် ကတော့ ပြိုင်ပွဲစုံ ၄ ပွဲဆက် နိုင်ပွဲ ပျောက်မှုကို ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အကောင်းဆုံး ပေါက်ကွဲပြပြီး ပဲလေ့စ်ကို ၅-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြခဲ့ပါတယ်။ မီခဲလ် အာတေးတားရဲ့ အသင်းက လက်တလော အမှတ်ပေးဇယား ထိပ်ဆုံးက လစ်ဗာပူးလ်နဲ့ ၅ မှတ်ပြတ်နေသလို မန်စီးတီး ထက်လည်း ၁ ပွဲ ပိုကစားထားပြီး ရမှတ်လည်း တူနေပါတယ်။ ဒါကြောင့် ဂန်းနားတို့ ဒီလိုမျိုး ပွဲကနေ မဖြစ်မနေ ၃ မှတ် အပြည့်ယူဖို့ ကြိုးစားမှာ ဖြစ်ပြီး အထွေအထူး အမှားမလုပ်ရင် မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်သွားနိုင်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

အာဆင်နယ် ကတော့ ပြိုင်ပွဲစုံ ၄ ပွဲဆက် နိုင်ပွဲ ပျောက်မှုကို ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အကောင်းဆုံး ပေါက်ကွဲပြပြီး ပဲလေ့စ်ကို ၅-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြခဲ့ပါတယ်။

ပရီးမီးယားလိဂ် အဆင့် ၃ နေရာမှာ ရှိနေတဲ့ အာဆင်နယ်

နော့တင်ဟမ်ဖောရက်စ်မှာ အော်ရီယာ၊ ဘိုလီ၊ အိုင်နာ၊ ကိုယာတေး၊ ဆန်ဂါရီ၊ နီယာခိတ်တို့ အာဖရိကဖလား သွားကစားနေပြီး တိုက်စစ်မှူး အေဝန်နီယီ ကတော့ နောက်လကုန်လောက်အထိ ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ ဖိလစ်၊ အိုရီဂီနဲ့ အီလန်ဂါ တို့ကတော့ လူစာရင်းမှာ ပြန်လည် ပါဝင်လာနိုင်ဖွယ် ရှိပါတယ်။

အာဆင်နယ် မှာတော့ ကွင်းလယ်လူ သောမက်စ် ပါတေး လေ့ကျင့်ခန်း ပြန်ဆင်းနေပြီး ဒီပွဲမှာ ပါဝင်လာနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရပါမယ်။ တိုမီယာဆုနဲ့ အယ်လ်နီနီ တို့ကတော့ နိုင်ငံပွဲ သွားကစားနေပြီး တင်ဘာနဲ့ ဗီအဲရာ တို့ကတော့ ဆက်လက် လွဲချော်ကြဦးမှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

နော့တင်ဟမ်ဖောရက်စ် – တန်နာ၊ မူရီလို၊ အိုမိုဘမ်မီဒယ်လီ၊ တော့ဖိုလို၊ မွန်တီရယ်၊ မန်ဂါလာ၊ ရိတ်စ်၊ ဒန်နီလို၊ ဂစ်ဘ် ဝှိုက်၊ အိုဒွိုင်း၊ ဝုဒ်

အာဆင်နယ် – ရာယာ၊ ဂါဘရီရယ်၊ ဆလီဘာ၊ ဝှိုက်၊ ဇင်ချန်ကို၊ ရိုက်စ်၊ အိုဒီဂတ်၊ ဟာဗက်ဇ်၊ ဆာကာ၊ မာတင်နယ်လီ၊ ဂျေဆုဇ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၇ ကြိမ် တွေ့ဆုံထားခဲ့ပြီး ဖောရက်စ်က ၃ ကြိမ် နိုင်ပြီး အာဆင်နယ်က ၄ ကြိမ် အနိုင်ရထားခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ကြိမ် တွေ့ဆုံမှုမှာတော့ အာဆင်နယ်က ၂ ကြိမ်နိုင်ပြီး ဖောရက်စ်က ၁ ကြိမ် နိုင်ခဲ့ပါတယ်။ ထူးခြားချက်က ဖောရက်စ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ကြိမ်စလုံး အာဆင်နယ်တို့ ရှုံးထားခဲ့တာပါ။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ကြည့်မယ် ဆိုရင်တော့ ဖောရက်စ်က ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲ ရှုံးခဲ့ပြီး အာဆင်နယ် က ၁ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၃ ပွဲ ရှုံးခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

နော်တင်ဟမ် ဖောရက်စ် VS အာဆင်နယ်

ဇန်နဝါရီ ၃၁ ရက်၊ မနက် ၂:၀၀ နာရီ (GMT+ ၆:၃၀)

1X2 အာဆင်နယ် @ 1.36

 SBOTOP ရဲ့ 1×2 မှာတော့ နော့တင်ဟမ်ဖောရက်စ် နိုင်ရင် ၇ ဆ၊ အာဆင်နယ် နိုင်ရင် ၁.၃၆ ဆနဲ့ သရေ ဆိုရင် ၄.၄၅ ဆပါ။ အာရှဟန်းဒီးကပ် မှာတော့ အာဆင်နယ် တစ်လုံး သရေ၊ တစ်လုံး အရှုံးလောက် ပေါက်နေပြီး ဂိုးပေါင်း ကတော့ ၃ လုံး သွင်းမှ အပြည့် ပျော်ရမယ့် အနေအထားပါ။ အာဆင်နယ်က ပြီးခဲ့တဲ့ ပွဲမှာ ပုံစံကောင်း ပြန်ရခဲ့ပြီး ဂိုးပြတ် နိုင်ပွဲလည်း ရခဲ့လို့ ယုံကြည်မှုလည်း ပြန်ရနေမှာ သေချာပါတယ်။ တစ်ချက်ပါပဲ။ ဖောရက်စ် ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲစလုံး အာဆင်နယ်တို့ ရှုံးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူမစုံတဲ့ ဖောရက်စ်ကြောင့် အာဆင်နယ်တို့ နိုင်ပွဲ ရသွားမယ် ထင်ပါတယ်။ အလွန်ဆုံး ၀-၂ လောက်ပဲ ဖြစ်ပါလိမ့်မယ်။

 

ခန့်မှန်းရလဒ်

နော့တင်ဟမ်ဖောရက်စ် ၀-၂ အာဆင်နယ် 

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 30-Jan-2024 at 5:31 PM





   Like     
SBOTOP
30-Jan 2024 Tuesday 5:34 PM (839 days ago)            #6
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ဒီတစ်ကြိမ်မှာရော ဖူလ်ဟမ်တို့ အဲဗာတန်ကို အသာရသွားဦးမလား??? | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဖူလ်ဟမ် – အဲဗာတန်

ပရီးမီးယားလိဂ် ပွဲစဉ် (၂၂) ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် ဖူလ်ဟမ်နဲ့ အဲဗာတန်တို့ ခရေဗင်ကော့တေ့ဂျ်မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။

မာကို ဆေးလ်ဗားရဲ့ ဖူလ်ဟမ် ကတော့ ဒီရာသီမှာ တော်တော်လေး ရုန်းကန်နေရပြီး နိုင်ပွဲ ရလို့မှ မကြာသေးခင်မှာပဲ ဆက်တိုက် ရှုံးပွဲတွေ ပြန်တွေ့နေခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးကို ရှုံးခဲ့သလို ပြည်တွင်း နောက်ထပ် ပြိုင်ပွဲ နှစ်ခု မှာလည်း ရှုံးပွဲတွေနဲ့ အတူ ထွက်ခွာထားခဲ့ရပါတယ်။

ရှောင်ဒိုက်ချ်ရဲ့ အဲဗာတန် ကလည်း ဖူလ်ဟမ်လိုပဲ ရုန်းကန်နေရပြီး ဒီကြားထဲ ရမှတ်လည်း လျှော့ခံထားရတော့ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ရဲ့ အထက်မှာ ရှိနေပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားခဲ့ပြီး အက်ဖ်အေဖလားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စတုတ္ထအဆင့်မှာ လူတန်တောင်းကို အိမ်ကွင်းမှာ အရေးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခွာထာခဲ့ရပြီး ဖြစ်ပါတယ်။ ဒါကြောင့် တော်ဖီတို့ အနေနဲ့ တန်းမဆင်းရရေး ကိုသာ အားစိုက်နိုင်ဖို့ လိုအပ်နေပြီး ရလဒ်ကောင်းတွေ ပြန်လည် ရှာတွေ့သွးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

လက်တလော ဖူလ်ဟမ်မှာ အီဝိုဘီ၊ ဘက်ဆေး၊ ဘယ်လို တို့ နိုင်ငံပွဲတွေ သွားရောက် ကစားနေပြီး အဒမ်မာ ထရာအိုရေး ကတော့ ဒဏ်ရာကြောင့် အနားယူနေရဦးမှာ ဖြစ်ပါတယ်။

အဲဗာတန် ဘက်မှာတော့ ဂီရီ နိုင်ငံပွဲ သွားကစားနေပြီး ကိုးလ်မန်းနဲ့ ဒယ်လီ အလီ ကတော့ ဒဏ်ရာကြောင့် လွဲချော်ကြဦးမှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

ရှောင်ဒိုက်ချ်ရဲ့ အဲဗာတန် ကလည်း ဖူလ်ဟမ်လိုပဲ ရုန်းကန်နေရပြီး ဒီကြားထဲ ရမှတ်လည်း လျှော့ခံထားရတော့ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ရဲ့ အထက်မှာ ရှိနေပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ရပ်တည်နေတဲ့ အဲဗာတန်

ဖူလ်ဟမ် – လန်နို၊ အဒါယာဘိုင်အိုယို၊ ရင်းမ်၊ ရော်ဘင်ဆင်၊ ကတ်စတန်ဂ်ညီ၊ ကာနေး၊ ပေါ်လင်ဟာ၊ ပါရဲရား၊ ရိဒ်၊ ဝီလီယံ၊ ဟင်မီနက်ဇ်

အဲဗာတန် – ပစ်ခ်ဖို့ဒ်၊ ဘရန့်ဝိတ်၊ တာကောစကီး၊ မိုင်ကိုလန်ကို၊ ပတ်တာဆန်၊ အိုနာနာ၊ ဂါနာ၊ ဟာရစ်ဆန်၊ မက်နေးလ်၊ ဘီတို၊ ကဲလ်ဗတ်-လီဝင်း

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၈ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဖူလ်ဟမ်က ၆ ကြိမ် နိုင်ပြီး အဲဗာတန်က ၉ ကြိမ် အနိုင်ရထားပါတယ်။ ထူးခြားချက်က ဖူလ်ဟမ်ဟာ အဲဗာတန်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲစလုံး မရှုံးခဲ့သလို ၄ ပွဲ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။‌ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်တွေကို ပြန်ကြည့်ရင်တော့ ဖူလ်ဟမ်က နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားပြီး အဲဗာတန် ကလည်း ၁ ပွဲသာ အနိုင်ရထားတာ ဖြစ်ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

ဖူလ်ဟမ် VS အဲဗာတန်

ဇန်နဝါရီ ၃၁ ရက်၊ မနက် ၂:၁၅ နာရီ (GMT+ ၆:၃၀)

ဂိုးအောက် 2.50 @1.85

SBOTOP ရဲ့ 1×2 မှာတော့ ဖူလ်ဟမ် နိုင်ရင် ၂.၄၇ ဆ၊ အဲဗာတန် နိုင်ရင် ၂.၇၁ ဆနဲ့ သရေ ဆိုရင် ၃.၁၉ ဆပါ။ အာရှဟန်းဒီးကပ် မှာတော့ ဖူလ်ဟမ်က ဒဲ့၊ သရေ တစ်ဝက် ရှုံး ကြေးတွေ ပေါက်နေပြီး ဂိုးပေါင်း ကတော့ ၂ လုံးလောက်က စဖွင့်ပါတယ်။ ဖူလ်ဟမ်ဟာ အဲဗာတန်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၅ ပွဲစလုံး ရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ သိပ်ပြီး မကွာလှဘူး ဆိုပေမယ့် အိမ်ကွင်း အားသာချက်လည်း ရှိနေတဲ့ ဖူလ်ဟမ် ဘက်မှာပဲ ရပ်တည်ရမယ့် အခြေအနေ ဖြစ်ပါတယ်။

ခန့်မှန်းရလဒ်

ဖူလ်ဟမ် ၁-၀ အဲဗာတန်

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 30-Jan-2024 at 5:34 PM





   Like     
SBOTOP
07-Feb 2024 Wednesday 3:45 PM (831 days ago)            #7
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ဖိုဒန်ရဲ့ ဟက်ထရစ်နဲ့ ပျားတွေကို အနိုင်ယူပြီး အဆင့် ၂ နေရာ ရောက်လာတဲ့ မန်စီးတီး | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

ပရီးမီးယားလိဂ် ပွဲစဉ် (၂၃) နောက်ကျပွဲ တစ်ပွဲ အဖြစ် ဘရန့်ဖို့ဒ်နဲ့ မန်စီးတီးတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပပ်ဂွာဒီယိုလာရဲ့ အသင်းက ဖီးလ် ဖိုဒန်ရဲ့ ဟက်ထရစ် သွင်းဂိုးတွေနဲ့ အနိုင်ရသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဘရန့်ဖို့ဒ်က ဖလက်ကန်၊ ပင်နော့ခ်၊ မီး၊ ကောလင်းန်၊ နော့ဂတ်၊ ဂျန်ဆန်၊ ဂျနဲလ်တ်၊ ရက်ဂီလွန်း၊ ရိုဝါဆလက်ဗ်၊ မူပေး၊ တိုနေး တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ မန်စီးတီး ကတော့ အီဒါဆင်၊ အေခီ၊ ဒီးရာ့စ်၊ ဝေါလ်ကာ၊ ဂဗာဒီယိုလ်၊ ရိုဒရီ၊ အဲလ်ဗာရက်ဇ်၊ ဒီဘရွန်းနား၊ ဖီးလ် ဖိုဒန်၊ ဘာနာဒို၊ ဟာလန်း တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။

ဘရန့်ဖို့ဒ် ကတော့ နော့တင်ဟမ်ဖောရက်စ်ကို အနိုင်ရပြီး နောက်ပိုင်း ပရီးမီးယားလိဂ် ၂ ပွဲဆက် ပြန်လည် ရှုံးနိမ့်ခဲ့ခြင်းနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။

လစ်ဗာပူးလ်ထက် တစ်ပွဲလျော့ ကစားပြီး ၂ မှတ်သာ ကွာဟတော့တဲ့ မန်စီးတီး

ဘရန့်ဖို့ဒ်နဲ့ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ ရုန်းကန်ခဲ့ရတဲ့ မန်စီးတီးက ဒီတစ်ကြိမ် မှာတော့ တစ်ပွဲလုံး အသာစီးရယူ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မိနစ် ၂၀ ကျော်မှာတင် အိမ်ရှင် အသင်းရဲ့ ဦးဆောင်ဂိုး သွင်းယူခြင်း ခံခဲ့ရပြီး မူပေးက ရယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက် ဆက်တိုက်ဆိုသလို မန်စီးတီးတို့ ဘရန့်ဖို့ဒ်ကို ပြန်လည် ဖိအားပေးဖို့ ကြိုးစားခဲ့ပေမယ့် ပထမပိုင်း ပြီးခါနီးမှာ ဂိုးပြန်ရခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ဖိုဒန်က သွင်းယူပေးခဲ့ပြီး ပထမပိုင်း အပြီးမှာတော့ ၁-၁ ဖြစ်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း မန်စီးတီး တို့ပဲ ပွဲကို လွှမ်းမိုးထားနိုင်ခဲ့ပြီး ဘရန့်ဖို့ဒ် ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒီဂိုး ကိုလည်း ဖိုဒန်က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဒီဘရွန်းနားရဲ့ တိကျတဲ့ ကန်တင်ပေးပို့မှုကို ဖိုဒန်က အလိုက်သင့် ခေါင်းတိုက်သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် မိနစ် ၇၀ အရောက်မှာလည်း ဟာလန်းနဲ့ ဖိုဒန် တို့ရဲ့ တွဲဖက်မှုကနေ ဖိုဒန်က တတိယဂိုး သွင်းယူသွားနိုင်ခဲ့လို့ ပွဲအပြီးမှာ ၁-၃ နဲ့ မန်စီးတီးတို့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဖိုဒန်ရဲ့ စွမ်းဆောင်ရည် ကတော့ တော်တော်လေးကို အားရစရာ ကောင်းခဲ့ပြီး ဘရန့်ဖို့ဒ် နောက်တန်းက ဟာလန်းကို အာရုံစိုက်နေချိန်မှာ ဖိုဒန်က ဂိုးတွေ သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဖိုဒန် အနေနဲ့ မန်စီးတီး အတွက် ပထမဦးဆုံး အကြိမ် ဟက်ထရစ် ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်စီးတီး ကတော့ ရမှတ် ၄၉ မှတ် အထိ ရရှိပြီး အဆင့် ၂ နေရာကို တက်လှမ်းနိုင်ခဲ့သလို ပရီးမီးယားလိဂ် ဇယား ထိပ်ဆုံးက လစ်ဗာပူးလ်ကိုလည်း တစ်ပွဲလျော့ ၂ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။

ဘရန့်ဖို့ဒ် ကတော့ နော့တင်ဟမ်ဖောရက်စ်ကို အနိုင်ရပြီး နောက်ပိုင်း ပရီးမီးယားလိဂ် ၂ ပွဲဆက် ပြန်လည် ရှုံးနိမ့်ခဲ့ခြင်းနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ဟာ ဒီရာသီမှာ ရှုံးပွဲ ၁၂ ပွဲအထိ ရှိလာခဲ့ပြီး တန်းဆင်းဇုန်နဲ့လည်း ၃ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။
ဘရန့်ဖို့ဒ်ဟာ လာမယ့် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ဝုဗ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိပြီး မန်စီးတီး ကတော့ အဲဗာတန်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com

This message was edited by SBOTOP on 14-Feb-2024 at 4:31 PM





   Like     
SBOTOP
07-Feb 2024 Wednesday 3:49 PM (831 days ago)            #8
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

အီရန်ကို အိမ်ရှင် ကာတာတို့ ကျော်ဖြတ်သွားနိုင်မလား | အာရှဖလား ဆီမီးဖိုင်နယ် (ပွဲကြိုသုံးသပ်ချက်)

အီရန် – ကာတာ

အာရှဖလား ကတော့ ဆီမီးဖိုင်နယ် အဆင့်ထိ ရောက်ရှိလာခဲ့ပြီး ဂျော်ဒန်က တောင်ကိုရီးယား၊ အီရန် ကတော့ အိမ်ရှင် ကာတာနဲ့ တွေ့ဆုံနေခဲ့ပါတယ်။ ဒါကြောင့် အီရန်-ကာတာ ပွဲစဉ်နဲ့ ပတ်သတ်လို့ ပွဲကြိုခန့်မှန်းချက်တွေကို ဖော်ပြပေးချင်ပါတယ်။

အီရန် ကတော့ အာရှဖလား ချန်ပီယံဆုကို ၃ ကြိမ် ရရှိထားပြီး ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်ပါတယ်။ အခုလည်း အီရန်တို့ အကောင်းဆုံး ပုံစံ တစ်ခုနဲ့ အတူ အာရှဖလား ဆီမီးဖိုင်နယ် အဆင့်ထိ ရောက်ရှိလာခဲ့ပါပြီ။ အီရန်ဟာ အုပ်စု အဆင့်မှာ ရာနှုန်းပြည့် နိုင်ပွဲ ရခဲ့ပြီး ၁၆ သင်း အဆင့်မှာ ဆီးရီးယားကို ပင်နယ်တီနဲ့ ကျော်ဖြတ်နိုင်ခဲ့သလို ကွာတားဖိုင်နယ်မှာတော့ ဂျပန်ကို ၂-၁ ရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။ ပြိုင်ပွဲစုံ ၁၄ ပွဲဆက် ရှုံးပွဲ မရှိတဲ့ အီရန်တို့ ကာတာကို အကောင်းဆုံး ရင်ဆိုင်နိုင်စွမ်း ရှိနေပြီး အိမ်ရှင် ပရိသတ် ရှေ့မှောက်မှာ ရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

တင်တင် မားကွက်ဇ်ရဲ့ ကာတာ ကလည်း အိမ်ရှင် ဆိုတဲ့ အားသာချက် ရှိနေသလို နောက်ဆုံး ၇ ပွဲဆက် ရလဒ်တွေ ကောင်းခဲ့လို့ ခြေစွမ်းကလည်း လျှော့တွက်လို့ မရပါဘူး။ ကာတာ ဟာ အာရှဖလား အုပ်စု အဆင့်မှာ ၃ ပွဲစလုံး အနိုင်ရခဲ့သလို ရှုံးထွက် အဆင့်မှာတော့ ပါလက်စတိုင်း၊ ဥဇဘက်ကစ္စတန်(ပင်နယ်တီ) တို့ကို ကျော်ဖြတ်လာခဲ့တာပါ။ ဒါပေမယ့် ကာတာဟာ အီရန်နဲ့ တွေ့ဆုံချိန်တိုင်းမှာ ရုန်းကန်ခဲ့ရပြီး နောက်ဆုံး ၉ ပွဲစလုံး နိုင်ပွဲ မရခဲ့ပါဘူး။ 

 

နှစ်ဖက်အသင်း သတင်းများ

လက်တလောမှာ နှစ်သင်းစလုံး ဒဏ်ရာရ ပွဲပယ် ကင်းရှင်းနေတာကြောင့် အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာနိုင်ဖို့ ရှိပါတယ်။ 

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

အီရန် – ဘိုင်ရန်ဗန်၊ ရဇိုင်ရန်၊ ကေနန်နိုင်ဇာဒဂန်၊ ခါလိယာဇာဒါ၊ ဟက်ဂျ်ဆာဖီ၊ အီဇာတိုလာဟီ၊ ဂေါ်ဒို့စ်၊ ဂျာဟန်ဘက်ရှ်၊ တာရေမီ၊ မိုဟီဘီ၊ အက်ဇ်မွန်

ကာတာ – ဘာရှမ်၊ အဲလ်ရာဝီ၊ မူ့ခ်ထာ၊ မန်းဒက်စ်၊ ရိုရို၊ ဂဘာ၊ ဖာတာဟီ၊ အဲလ် ဟေးဒို့စ်၊ မူနီယာ၊ အလီ၊ အဖစ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ကာတာ ဟာ အာရှဖလား အုပ်စု အဆင့်မှာ ၃ ပွဲစလုံး အနိုင်ရခဲ့သလို ရှုံးထွက် အဆင့်မှာတော့ ပါလက်စတိုင်း၊ ဥဇဘက်ကစ္စတန်(ပင်နယ်တီ) တို့ကို ကျော်ဖြတ်လာခဲ့တာပါ။

ကွာတားဖိုင်နယ်မှာ ဥဇဘက်ကစ္စတန်ကို ပင်နယ်တီနဲ့ ကျော်ဖြတ်လာခဲ့တဲ့ ကာတာ

ဒီနှစ်သင်းက ၉ ကြိမ် တွေ့ဆုံခဲ့ရာမှာ အီရန်က ၆ ကြိမ် အထိ အနိုင်ရပြီး ၃ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ အီရန်ဟာ ကာတာကို ပြိုင်ပွဲစုံမှာ နောက်ဆုံး ၆ ကြိမ် ဆက်တိုက် အနိုင်ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၅ ပွဲစလုံး အနိုင်ရရှိထားကြပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

အီရန် VS ကာတာ

ဖေဖော်ဝါရီ ၇ ရက်၊ ည ၉:၃၀ နာရီ (GMT+ ၆:၃၀)

ဂိုးအောက် 2.00 @ 2.07

  SBOTOP ရဲ့ 1X2 မှာတော့ အီရန် နိုင်ရင် ၁.၆၉ ဆ ကျော်သာ ရမှာ ဖြစ်ပြီးတော့ ကာတာ နိုင်ရင်တော့ ၄.၃၁ ဆ ရမှာ ဖြစ်ပါတယ်။ သရေ ဆိုရင်တော့ ၃.၁၆ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အီရန်က သရေ အရှုံးလောက် ပေါက်နေပြီး ဂိုးပေါင်း ကတော့ ၂ လုံးလောက်က စဖွင့်ပါတယ်။ ဒီနှစ်သင်း တွေ့ဆုံချိန်တိုင်းမှာ အီရန်က အသာရခဲ့ပေမယ့် ဒီတစ်ကြိမ်က ကာတာက အိမ်ရှင်လည်း ဖြစ်နေတော့ အကြိတ်အနယ်တော့ ကစားရဦးမှာပါ။ မိနစ် ၉၀ အတွင်း သွင်းဂိုး အနည်းနဲ့ သရေကျနိုင်ပြီးတော့ အချိန်ပို ပင်နယ်တီ အထိ ရောက်နိုင်ပါတယ်။ 

ခန့်မှန်းရလဒ်

အီရန် ၂-၀ ကာတာ 

This message was edited by SBOTOP on 07-Feb-2024 at 3:49 PM





   Like     
SBOTOP
08-Feb 2024 Thursday 1:17 PM (830 days ago)            #9
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

စပါးတို့ ဘရိုက်တန်ကို အိမ်ကွင်းမှာ ရှုံးကြွေးဆပ်နိုင်မလား | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

တော့တင်ဟမ်ဟော့စပါး – ဘရိုက်တန်

ဒီပွဲ ကလည်း စနေနေ့ည ၉ နာရီခွဲမှာ ကစားမှာ ဖြစ်ပြီးတော့ စပါးက ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပထမအကျော့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၉) အဖြစ် ဘရိုက်တန် အိမ်ကွင်းမှာ ကစားခဲ့စဉ်က ဂိုးပြတ် အရေးနိမ့်ထားတဲ့ စပါးတို့ ရှုံးကြွေးဆပ်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်ကို အနိုင်ရပြီးနောက် အဲဗာတန်နဲ့တော့ သရေသာ ကစားနိုင်ခဲ့တဲ့ စပါးဟာ လက်ရှိ ပရီးမီးယားလိဂ် အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ အန်ဂျီ ပိုစတီကိုဂလူးရဲ့ အသင်းဟာ အဓိက ကစားသမားတွေ ပြန်စုံလာခဲ့ပေမယ့် ခြေစွမ်းပိုင်း ကတော့ အပြည့်အဝ စိတ်မချရသေးပါဘူး။ ရာသီအကုန်မှာ ဥရောပဝင်ခွင့် တစ်နေရာ အခိုင်အမာ ရရှိရေး အတွက် ယူနိုက်တက် အပြင် အခြားသော အသင်းတွေ လည်း ရှိလာပြီ ဖြစ်တာကြောင့်တော့ စပါးတို့ အမှားခံလိမ့်မယ် မထင်ပါဘူး။

ဘရိုက်တန် ကတော့ တစ်ပွဲနဲ့ တစ်ပွဲ ခြေစွမ်း အတက်အကျ မတည်ငြိမ် ဖြစ်နေတယ်လို့ပဲ ဆိုရမှာပါ။ တစ်ပွဲနိုင်လိုက်၊ နောက်တစ်ပွဲ သရေကျလိုက် ဖြစ်နေပြီး ဇင်ယော်တွေ အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ သရေပွဲ အများဆုံး အသင်းလည်း ဖြစ်နေပါတယ်။ ဥရောပဝင်ခွင့် တစ်နေရာရရေး တိုက်ပွဲဝင်နေတဲ့ အသင်း ဖြစ်တဲ့ ဘရိုက်တန်ဟာ လက်ရှိ မှာတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

လက်တလော စပါးမှာ ဆွန်ဟောင်မင်၊ ဘစ်ဆူးမားတို့ နိုင်ငံပွဲ သွားကစားနေလို့ ပါဝင်နိုင်မှာ မဟုတ်ပဲ ဆက်ဆနွန်၊ ဆော်လမွန်၊ လိုဆယ်ဆို၊ ဝှိုက်မန်း တို့ကလည်း ဒဏ်ရာကြောင့် လွဲချော်ကြမှာ ဖြစ်ပါတယ်။

တစ်ပွဲနိုင်လိုက်၊ နောက်တစ်ပွဲ သရေကျလိုက် ဖြစ်နေပြီး ဇင်ယော်တွေ အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ သရေပွဲ အများဆုံး အသင်းလည်း ဖြစ်နေပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရှိနေတဲ့ ဘရိုက်တန်

ဘရိုက်တန် မှာတော့ အက်ဒင်ဂရာ၊ မာ့ချ်၊ မီတိုမာ၊ အန်စီဆို၊ ဗဲလ်မန်း တို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

တော့တင်ဟမ်ဟော့စပါး – ဗီကာရီယို၊ ရိုမဲယို၊ ဗန်ဒီဗန်၊ ပေါ်ရို၊ အူဒိုဂီ၊ ဘန်တန်ကာ၊ ဟွိုက်ဘယက်ဂျ်၊ မက်ဒီဆင်၊ ဂျွန်ဆင်၊ ဗာနာ၊ ရစ်ချာလီဆင်

ဘရိုက်တန် – ဗာဘရက်ဂန်၊ ဒန့်ခ်၊ အီဂေါ၊ ဗန်ဟက်ကီ၊ ဂေးလ်မော၊ ဂရော့စ်၊ လမ့်ပ်တေး၊ ဟင်ရှဲလ်ဝုဒ်၊ ဗျူရိုနန်နော့တီ၊ ဖာဂူဆန်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၆ ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ရာမှာ စပါးက ၁၁ ကြိမ် အနိုင်ရခဲ့ပြီး ဘရိုက်တန်က ၄ ကြိမ်သာ ပြန်လည် အနိုင်ရခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ စပါးက ၃ ကြိမ် နိုင်ပြီး ဘရိုက်တန်က ၂ ကြိမ် အနိုင်ရခဲ့ပါတယ်။ ပထမအကျော့ ဘရိုက်တန် ကွင်းမှာတော့ ဘရိုက်တန်က စပါးကို ၄-၂ နဲ့ အနိုင်ယူထားခဲ့တာ ဖြစ်ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

တော့တင်ဟမ် ဟော့စပါး VS ဘရိုက်တန်

ဖေဖော်ဝါရီ ၁၀ ရက်၊ ည ၉:၃၀ နာရီ (GMT+ ၆:၃၀)

1X2 တော့တင်ဟမ်ဟော့စပါး @ 1.82

SBOTOP ရဲ့ 1X2 မှာတော့ တော့တင်ဟမ်ဟော့စပါး ဘက်ကနေရင် ၁.၈၂ ဆ ရမှာ ဖြစ်ပြီးတော့ စပါး ဘက်က ဆိုရင်တော့ ၃.၄၇ ဆ ရမှာ ဖြစ်ပါတယ်။ သရေ ဆိုရင်တော့ ၃.၈ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ်မှာတော့ စပါးက သရေ အရှုံးလောက် ပေါက်နေပြီး ဂိုးပေါင်း ကတော့ ၃ လုံးလောက်က စဖွင့်ပါတယ်။ စပါးဟာ ပြီးခဲ့တဲ့ ပွဲမှာ အဲဗာတန်နဲ့ မထင်မှတ်ပဲ သရေကျခဲ့လို့ ဒီပွဲကို ကျိန်းသေပေါက် အားစိုက်လာပါလိမ့်မယ်။ နှစ်သင်းစလုံးက တိုက်စစ်ကစားပုံ ကောင်းကြလို့ အပြန်အလှန် သွင်းဂိုးတွေလည်း မြင်တွေ့ရဖို့ များပါတယ်။ စပါးနဲ့ ဂိုးပေါ်ပဲ ကြိုက်ပါတယ်။

ခန့်မှန်းရလဒ်

တော့တင်ဟမ်ဟော့စပါး ၂-၁ ဘရိုက်တန်

 
ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 08-Feb-2024 at 1:17 PM





   Like     
SBOTOP
08-Feb 2024 Thursday 1:19 PM (830 days ago)            #10
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

အဲဗာတန်ကို သက်တောင့်သက်သာ အနိုင်ယူဦးမယ့် မန်စီးတီး | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာစီးတီး – အဲဗာတန်

ပရီးမီးယားလိဂ် ပွဲစဉ် (၂၄) ရဲ့ အစောဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် မန်စီးတီးက အဲဗာတန်ကို အတ်တီဟတ်မှာ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲဆက် အနိုင်ရထားတဲ့ မန်စီးတီးက ချန်ပီယံဆုတွေ အတွက် တဖြည်းဖြည်း အဆင်သင့် ဖြစ်လာသလိုပါပဲ။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရှိနေပေမယ့် လစ်ဗာပူးလ်ကို တစ်ပွဲလျော့ ကစားပြီး ၂ မှတ် အကွာနဲ့ ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။ ဒီပွဲပြီးရင် မန်စီးတီးက ချန်ပီယံလိဂ် ဘက်လည်း ပြန်ပြီး အားစိုက်ရဦးမှာမလို့ အမှားမခံပဲ အမှတ်ပြည့် ယူဖို့ ကြိုးစားလာဦးမှာပါ။

ရှောင်ဒိုက်ချ်ရဲ့ အဲဗာတန် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့ပြီးတော့ နောက်ဆုံး ၃ ပွဲမှာတော့ ဗီလာ၊ ဖူလ်ဟမ်နဲ့ စပါးတို့ကို သရေကစားထားပါတယ်။ လက်တလောမှာ တန်းဆင်းဇုန်ထဲ ရောက်နေလို့ အတတ်နိုင်ဆုံး ရုန်းထွက်ဖို့ ကြိုးစားလာမှာ ဖြစ်ပေမယ့် ပြိုင်ဘက် မန်စီးတီး ဖြစ်နေလို့ အက်တီဟတ်မှာ အဲဗာတန် မျှော်လင့်နိုင်တာ ဘာမှမရှိပါဘူး။

 

နှစ်ဖက်အသင်း သတင်းများ

လက်တလော မန်စီးတီးမှာ ဒဏ်ရာပြသနာ ကင်းရှင်းနေလို့ ပပ်ဂွာဒီယိုလာ အနေနဲ့ သူ့စိတ်ကြိုက် လူစာရင်းနဲ့ ပွဲထွက်လာနိုင်ဦးမှာ ဖြစ်ပါတယ်။

ရှောင်ဒိုက်ချ်ရဲ့ အဲဗာတန် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့ပြီးတော့ နောက်ဆုံး ၃ ပွဲမှာတော့ ဗီလာ၊ ဖူလ်ဟမ်နဲ့ စပါးတို့ကို သရေကစားထားပါတယ်။

ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲမှာ ရောက်နေတဲ့ အဲဗာတန်

အဲဗာတန် ဘက်မှာတော့ အမာဒူ အိုနာနာ၊ ဒန်ဂျူးမား၊ အလီတို့ ဒဏ်ရာရနေလို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

မန်ချက်စတာစီးတီး – အီဒါဆင်၊ အေခီ၊ ဒီးရာ့စ်၊ ဝေါလ်ကာ၊ ဂဗာဒီယိုလ်၊ ရိုဒရီ၊ အဲလ်ဗာရက်ဇ်၊ ဒီဘရွန်းနား၊ ဆေးလ်ဗား၊ ဖိုဒန်၊ ဟာလန်း

အဲဗာတန် – ပစ်ခ်ဖို့ဒ်၊ ဘရန့်ဝိတ်သ်၊ တာကောစကီး၊ မိုင်ကိုလန်ကို၊ ဂေါ့ဖရေး၊ ဂါနာ၊ ဂီရီ၊ မက်နေးလ်၊ ယန်း၊ ဟာရစ်ဆင်၊ ကဲလ်ဗက်-လီဝင်း

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက အကြိမ် ၃၀ တွေ့ဆုံခဲ့ရာမှာ မန်စီးတီးက ၁၈ ကြိမ် အနိုင်ရပြီး အဲဗာတန်က ၁၂ ကြိမ် အနိုင်ရခဲ့ပါတယ်။ မန်စီးတီးဟာ အဲဗာတန်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၁၄ ပွဲဆက် မရှုံးခဲ့သလို ပထမအကျော့တုန်းကလည်း ဂွတ်ဒီဆင်ပါ့ခ်မှာ ဂိုးပြတ် အနိုင်ရထားခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ မန်စီးတီးက ရာနှုန်းပြည့် နိုင်ပွဲ ရထားခဲပြီး အဲဗာတန် ကတော့ ၁ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

မန်ချက်စတာစီးတီး VS အဲဗာတန်

ဖေဖော်ဝါရီ ၁၀ ရက်၊ ည ၇:၀၀ နာရီ (GMT+ ၆:၃၀)

အချိန်ပြည့် ဂိုးပေါ် ၃.၀၀ @ 1.68
 

SBOTOP ရဲ့ 1X2 မှာတော့ မန်ချက်စတာစီးတီး ဘက်ကနေရင် ၁.၂၀ ဆ ရမှာ ဖြစ်ပြီးတော့ အဲဗာတန် ဘက်က ဆိုရင်တော့ ၉.၈ ဆ ရမှာ ဖြစ်ပါတယ်။ သရေ ဆိုရင်တော့ ၆ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် ကြေးဖွင့်မှုအရတော့ မန်စီးတီးက ၁ လုံး အရှုံး၊ ၂ လုံး သရေ ကြေးတွေ ပေါက်နေပြီး ဂိုးပေါင်း ကတော့ အနိမ့်ဆုံး ၃ လုံးက စဖွင့်ပါတယ်။ မန်စီးတီးဟာ အမှားအယွင်း နည်းနည်းနဲ့ တဖြည်းဖြည်း ပိုကောင်းသထက် ကောင်းလာပြီး အသင်းတိုင်းကို ကျော်ဖြတ်ဖို့ အသင့်ဖြစ်နေပါပြီ။ မန်စီးတီးက အဲဗာတန်ကို ၃-၀နဲ့ အနိုင်ရသွားမယ် ထင်ပါတယ်။

ခန့်မှန်းရလဒ်

မန်ချက်စတာစီးတီး ၃-၀ အဲဗာတန်

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 08-Feb-2024 at 1:19 PM





   Like     
SBOTOP
14-Feb 2024 Wednesday 4:35 PM (824 days ago)            #11
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

အိုလံပီကိုမှာ နိုင်ပွဲ ရှာဦးမယ့် ဘေယန်မြူးနစ် | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

 

လာဇီယို – ဘေယန်မြူးနစ်

အခုတစ်ပတ် ကြားရက်မှာ ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်း အဆင့် ပထမအကျော့ ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားဖို့ ရှိပြီးတော့ လာဇီယို ကတော့ ဘေယန်မြူးနစ်ကို အိုလံပီကိုမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။

မော်ရီဇီယို ဆာရီရဲ့ အသင်းက နောက်ပိုင်း ပွဲတွေမှာ ခြေစွမ်း အနည်းငယ် ပြန်ကျနေပြီးတော့ ရလဒ်ပိုင်းလည်း ယိမ်းယိုင်နေတာ တွေ့ရပါတယ်။ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၂ ပွဲ၊ သရေ ၁ ပွဲ ရှုံးပွဲ ၁ ပွဲ ရှိခဲ့တဲ့ လာဇီယိုက အိမ်ကွင်း နောက်ဆုံး ၄ ပွဲဆက်တော့ ရှုံးပွဲ မရှိအောင် စွမ်းဆောင်ထားပါတယ်။ လာဇီယိုဟာ အခုနှစ် ချန်ပီယံလိဂ်မှာ နိုင်ပွဲ ၃ ပွဲ၊ သရေ ၂ ပွဲ၊ ရှုံးပွဲ ၂ ပွဲ ရှိခဲ့ပြီး အက်တလက်တီကိုမက်ဒရစ်နဲ့ အတူ ရှုံးထွက်တက်လာခဲ့ပေမယ့် ဘေယန်မြူးနစ်နဲ့ တွေ့ဆုံနေလို့ ကံဆိုးသွားတယ်လို့ပဲ ဆိုရမှာပါ။

ဒါကြောင့် တူချယ် အနေနဲ့ ဖြစ်နိုင်ချေ ရှိတဲ့ တစ်ခုတည်းသော ဆုဖလား မျှော်လင့်ချက် အဖြစ် ချန်ပီယံလိဂ်ကို အားစိုက်လာနိုင်ပြီး အများထင်သလိုပဲ လာဇီယိုကို အသာရသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

လာဇီယိုနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၂ ပွဲဆက် အနိုင်ရထားတဲ့ ဘေယန်မြူးနစ်

ဟယ်ရီကိန်း၊ အဲရစ်ခ် ဒိုင်ယာ တို့လို ဆုဖလား ကျိန်စာသင့်နေတဲ့ ကစားသမားတွေ ရောက်လာပြီး နောက်ပိုင်း ဘေယန်မြူးနစ်တို့ လုပ်တိုင်း မဖြစ်တော့တာ တွေ့ရပါတယ်။ ဘေယန်မြူးနစ်ဟာ ပြီးခဲ့တဲ့ ပွဲမှာ လေဗာကူဆင်ကို ၃-၀နဲ့ ရှုံးနိမ့်ပြီး ဘွန်ဒက်စ်လီဂါ ချန်ပီယံဆု အတွက် မျှော်လင့်ချက် ဝေဝါးလာခဲ့သလို တခြား ပြည်တွင်း ပြိုင်ပွဲတွေကိုလည်း လက်ပြထားခဲ့ရပြီးပါပြီ။ ဒါကြောင့် တူချယ် အနေနဲ့ ဖြစ်နိုင်ချေ ရှိတဲ့ တစ်ခုတည်းသော ဆုဖလား မျှော်လင့်ချက် အဖြစ် ချန်ပီယံလိဂ်ကို အားစိုက်လာနိုင်ပြီး အများထင်သလိုပဲ လာဇီယိုကို အသာရသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

လာဇီယိုမှာ နောက်ခံလူ ပက်ထရစ် တစ်ဦးတည်း ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေပြီး ကျန်အဓိက ကစားသမားတွေ ကတော့ ပြန်လည် ပါဝင်လာနိုင်ဖို့ ရှိနေပါတယ်။

ဘေယန်မြူးနစ် မှာတော့ ဘွန်နာ ဆား၊ အယ်လ်ဖွန်ဆို ဒေးဗီးစ်၊ ဘွတ်ချ်မန်း၊ လိုင်မာ၊ ဂနာဘရီနဲ့ ကိုးမန်း တို့ ဒဏ်ရာကြောင့် အသီးသီး လွဲချော်ကြဦးမှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

လာဇီယို  ပရိုဗီဒယ်၊ မာရူဆစ်၊ ရိုမက်ဂ်နိုလီ၊ ဂီလာ၊ ဟိုင်ဆက်ဂျ်၊ ဂွန်ဒိုဇီ၊ ရိုဗယ်လာ၊ အဲလ်ဘတ်တို၊ အိဆက်ခ်ဆန်၊ အင်မိုဘီလီ၊ အန်ဒါဆန်

ဘေယန်မြူးနစ်  နော်အာ၊ မက်ဇ်ရာရူအီ၊ အူပါမီကာနို၊ ကင်မင်ဂျေး၊ ဂွာရဲရိုး၊ ကင်မစ်ချ်၊ ဂိုရက်ဇ်ကာ၊ ဆာနေး၊ မူလာ၊ မူဆီအာလာ၊ ကိန်း

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပြီးခဲ့တဲ့ တွေ့ဆုံမှု ၂ ကြိမ်စလုံးမှာ ဘေယန်မြူးနစ်တို့ လာဇီယိုကို အနိုင်ရထားခဲ့ပါတယ်။ ၂၀၂၁ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး အိုလံပီကိုမှာ ဘေယန်က ၁-၄ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့သလို အလိုင်းရန့်ဇ်အရီနာ မှာတော့ ၂-၁ နဲ့ နိုင်ခဲ့တာပါ။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ လာဇီယိုက ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးခဲ့ပြီး ဘေယန်မြူးနစ် ကတော့ ၃ ပွဲနိုင်၊ ၂ ပွဲ ရှုံးခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

လာဇီယို VS ဘေယန်မြူးနစ်

ဖေဖော်ဝါရီ ၁၅ ရက်၊ မနက် ၂:၃၀ နာရီ (GMT+ ၆:၃၀)

1X2 ဘေယန်မြူးနစ် @ 1.65

SBOTOP ရဲ့ 1X2 မှာတော့ လာဇီယို ဘက်ကဆို ၄ ဆခွဲ၊ ဘေယန်မြူးနစ် ဘက်ကနေရင် ၁.၆၅ ဆနဲ့ သရေ ဆိုရင်တော့ ၃.၆၆ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဘေယန်မြူးနစ်က သရေ အရှုံး၊ ၁ လုံး သရေ ကြေးတွေ ပေါက်နေပြီး ဂိုးပေါင်း ကတော့ ၃ လုံး ဆိုရင် အပြည့် ပျော်ရွှင်ရမယ့် အနေအထားပါ။ ဘေယန်တို့ လာဇီယိုနဲ့ တွေ့တိုင်း အသာရလေ့ ရှိပြီး လက်ရှိ စုဖွဲ့မှု အရလည်း ဘေယန်က သာပါတယ်။ လေဗာကူဆင်နဲ့ ဂိုးပြတ် အရှုံးကို ဘေယန်တို့ အိုလံပီကိုမှာ အကောင်းဆုံး ပေါက်ကွဲပြပါလိမ့်မယ်။ အပြန်အလှန် သွင်းဂိုးတွေလည်း ရှိလာနိုင်ပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 14-Feb-2024 at 4:35 PM





   Like     
SBOTOP
14-Feb 2024 Wednesday 4:39 PM (824 days ago)            #12
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ခံစစ် ကစားပုံကောင်းနေတဲ့ ဆိုစီဒက်ကို ပီအက်စ်ဂျီတို့ အသာရသွားမလား | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

ပီအက်စ်ဂျီ – ရီးရဲလ်ဆိုစီဒက်

ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်း အဆင့် ပထမအကျော့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် ပီအက်စ်ဂျီက ရီးရဲလ်ဆိုစီဒက်ကို အိမ်ကွင်း ပါ့ဒက်စ်ပရင့်စ်မှာ ဧည့်ခံ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ ကတော့ အခုနှစ် ချန်ပီယံလိဂ်ရဲ့ မရဏ အုပ်စု ကနေ ဒေါ့မန်နဲ့ အတူ ရှုံးထွက် ရောက်လာခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ အုပ်စု အဆင့်မှာ ရှုံးပွဲ ၂ ပွဲ အထိ ရှိခဲ့ပေမယ့် လက်ရှိ ပီအက်စ်ဂျီတို့ ပုံမှန် ခြေစွမ်းပြန်ရနေပါတယ်။ လူးဝစ် အင်းနရစ်ခ်ရဲ့ အသင်းက ပြိုင်ပွဲစုံ နောက်ဆုံး ၁၆ ပွဲဆက် ရှုံးပွဲ မရှိခဲ့သလို သရေ ၄ ပွဲနဲ့ နိုင်ပွဲ ၁၂ ပွဲ အထိ ရှာဖွေထားနိုင်တာ တွေ့ရပါတယ်။ အမ်ဘာပေး ဦးဆောင်တဲ့ ပီအက်စ်ဂျီ တိုက်စစ်က ဂိုးမြူးနေပြီး ပြိုင်ဘက်တိုင်းကို ဂိုးသွင်းနိုင်စွမ်း ရှိနေပါတယ်။

ရီးရဲလ်ဆိုစီဒက် ကတော့ ဒီရာသီမှာ ခြေစွမ်းပိုင်း သိသိသာသာ တိုးတက်လာခဲ့ပြီး ချန်ပီယံလိဂ် မှာ ဆိုလည်း အုပ်စု ပထမနေရာ ကနေ ရှုံးထွက် ရောက်လာခဲ့တာပါ။ ဒါပေမယ့် အဲလ်ဂွာဆေးလ်ရဲ့ အသင်းက နောက်ပိုင်း ကစားတဲ့ ပွဲတွေမှာ ခြေစွမ်းပိုင်း အားနည်းချက်တွေ ရှိလာခဲ့သလို တိုက်စစ်ပိုင်း ကလည်း သိသိသာသာ အားနည်းသွားခဲ့တာ တွေ့ရပါတယ်။ ဆိုစီဒက်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ၄ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့သလို သွင်းဂိုး မရခဲ့တဲ့ အထိ တိုက်စစ် ကလည်း အားနည်းနေတာ ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

ရီးရဲလ်ဆိုစီဒက် ကတော့ ဒီရာသီမှာ ခြေစွမ်းပိုင်း သိသိသာသာ တိုးတက်လာခဲ့ပြီး ချန်ပီယံလိဂ် မှာ ဆိုလည်း အုပ်စု ပထမနေရာ ကနေ ရှုံးထွက် ရောက်လာခဲ့တာပါ။

နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့တဲ့ ရီးရဲလ်ဆိုစီဒက်

ပီအက်စ်ဂျီမှာ ကူဇာဝါ၊ ရှခရီညာ၊ မန်းဒက်စ်၊ ကင်မ်ဘမ်ပီနဲ့ ရီကို တို့ ဒဏ်ရာရနေလို့ ဒီပွဲကို လွဲချော်ကြမှာပါ။

ဆိုစီဒက် မှာလည်း အိုဒရီယိုဇိုလာ၊ ဖာနန်ဒက်ဇ်၊ မူနော့ဇ်၊ တီယာနေး၊ ဘက်ကာ တို့ ဒဏ်ရာရနေသလို အီလက်စ်တွန်ဒို ကလည်း ပွဲပယ်ပြစ်ဒဏ်ထိထားပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

ပီအက်စ်ဂျီ – ဒွန်နာရမ်းမား၊ မာကွင်ညော့စ်၊ ဟာကီမီ၊ ဟာနန်ဒက်ဇ်၊ ဗီတင်ဟာ၊ ဇိုင်း အမ်မရီ၊ ရူအစ်ဇ်၊ ဒမ်ဘီလီ၊ ဘာကိုလာ၊ အမ်ဘာပေး

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်

PSV

ဒေါ့မွန်

ဒီနေရာတွင် နှိပ်ပါ

နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ရီးရဲလ်ဆိုစီဒက် – ရီမီယို၊ ဇူဘယ်လ်ဒီရာ၊ နောမက်ဒ်၊ ဂါလန်၊ ထရာအိုရေး၊ ဇူဘီမန်ဒီ၊ မာရီနို၊ မန်းဒက်ဇ်၊ ကူဘို၊ ဘာရန်နတ်ဆီရာ၊ အိုရာဇာဘယ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ဥရောပအဆင့် ပြိုင်ပွဲမှာ ပထမဦးဆုံး အကြိမ် တွေ့ဆုံကြမှာလည်း ဖြစ်ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

ပဲရစ် စိန့် ဂျာမိန်း VS ရီးယဲလ် ဆိုစီဒက်

ဖေဖော်ဝါရီ ၁၅ ရက်၊ မနက် ၂:၃၀ နာရီ (GMT+ ၆:၃၀)

1X2 ပီအက်စ်ဂျီ @ 1.67

SBOTOPရဲ့ 1X2 မှာ ပီအက်စ်ဂျီ အနိုင် အတွက် ၁.၆၇ ဆ၊ ရီးရဲလ်ဆိုစီဒက် အနိုင် အတွက် ၄ ဆခွဲ၊ သရေ အတွက် ၃ ဆ ခွဲ ကြေးဖွင့်ပေးထားပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ပီအက်စ်ဂျီက တစ်လုံး သရေ၊ သရေ အရှုံးကြေးတွေ ပေါက်နေပြီး ဂိုးပေါင်း ကတော့ နှစ်သင်းပေါင်း ၃ လုံး သွင်းရင် ပျော်ရွှင်ရပါပြီ။ လက်ရှိမှာ ပီအက်စ်ဂျီ တိုက်စစ်က ထက်မြတ်နေပြီး ဆိုစီဒက် ကတော့ တိုက်စစ်ညံ့ပေမယ့် ခံစစ် ကတော့ ကျစ်လျစ်နေပါတယ်။ ပီအက်စ်ဂျီ အနိုင် သေချာပေမယ့် ခက်ခက်ခဲခဲတော့ ကစားရဦးမှာပါ။

ခန့်မှန်းရလဒ်

ပီအက်စ်ဂျီ ၂-၁ ရီးရဲလ်ဆိုစီဒက် 

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 14-Feb-2024 at 4:39 PM





   Like     
SBOTOP
21-Feb 2024 Wednesday 4:00 PM (817 days ago)            #13
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

အက်တီဟတ်မှာ နိုင်ပွဲနဲ့ ပေါက်ကွဲပြမယ့် မန်စီးတီး | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာစီးတီး – ဘရန့်ဖို့ဒ်

ချဲလ်ဆီးနဲ့ သရေကျခဲ့လို့ အဓိက ပြိုင်ဘက်တွေကို အခွင့်အရေး ပေးခဲ့မိတဲ့ မန်စီးတီး ကတော့ ကြားရက်မှာ ဘရန့်ဖို့ဒ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲ ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၈) ရဲ့ လက်ကျန် ပွဲစဉ် တစ်ပွဲလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပွဲမှာ ချဲလ်ဆီးနဲ့ တစ်ဂိုးစီ သရေသာ ကစားနိုင်ခဲ့တဲ့ မန်စီးတီး ကတော့ ပရီးမီးယားလိဂ် ဇယားထိပ်က လစ်ဗာပူးလ်နဲ့ ၅ မှတ် ပြတ်သွားလို့ အခုပွဲမှာ မဖြစ်မနေ ရလဒ်ကောင်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်နဲ့လည်း ၂ မှတ် ကွာဟနေတာကြောင့် ဒီပွဲမှာ နိုင်ပွဲ ရမှ အဆင့် ၂ နေရာကို ပြန်လည် ရယူနိုင်မှာ ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ် ကတော့ ဝုဗ်ကို အဝေးကွင်းမှာ ခြေစွမ်းပြပြီး ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ပြီးခဲ့တဲ့ ပွဲမှာတော့ အိမ်ကွင်းမှာ လစ်ဗာပူးလ်ကို ၁-၄ ရလဒ်နဲ့ အရှုံးပေးထားခဲ့ရပါတယ်။ လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာ အထိ ရောက်ရှိနေတဲ့ ဘရန့်ဖို့ဒ်က ခြေစွမ်း မတည်ငြိမ်တာကြောင့် ဒီတစ်ကြိမ်မှာ မန်စီးတီးကို ခက်ခဲစေနိုင်မယ့် အခြေအနေ မှာ မရှိပါဘူး။

 

နှစ်ဖက်အသင်း သတင်းများ

မန်စီးတီး ဘက်မှာ ဂဗာဒီယိုလ်နဲ့ ဂရီးလစ်ရှ် တို့ နှစ်ဦးပဲ ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေပြီး ဘရန့်ဖို့ဒ် ဘက်မှာတော့ ရီကို ဟင်နရီ၊ ချာဒီ၊ ဒါဆေးလ်ဗား၊ အမ်ဘူအမ်မိုနဲ့ ဟစ်ကီတို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

မန်ချက်စတာစီးတီး – အီဒါဆင်၊ လီဝစ်၊ ဒီးရာ့စ်၊ စတုန်းစ်၊ အေခီ၊ ရိုဒရီ၊ နူနက်စ်၊ ဆေးလ်ဗား၊ ဒီဘရွန်းနား၊ ဖိုဒန်၊ ဟာလန်း

ဘရန့်ဖို့ဒ် – ဖလက်ကန်၊ အယား၊ ကောလင်းန်၊ မီး၊ ပေါ့တာ၊ ဂျနဲလ်၊ ဂျန်ဆန်၊ နောဂတ်၊ ရက်ဂီလွန်း၊ တိုနေး၊ ဝစ်ဆာ

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာ အထိ ရောက်ရှိနေတဲ့ ဘရန့်ဖို့ဒ်က ခြေစွမ်း မတည်ငြိမ်တာကြောင့် ဒီတစ်ကြိမ်မှာ မန်စီးတီးကို ခက်ခဲစေနိုင်မယ့် အခြေအနေ မှာ မရှိပါဘူး။

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာအထိ ရောက်ရှိနေတဲ့ ဘရန့်ဖို့ဒ်

ဒီနှစ်သင်းရဲ့ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ မန်စီးတီးက ၃ ကြိမ် နိုင်ပြီး ဘရန့်ဖို့ဒ်က ၂ ကြိမ် နိုင်ခဲ့ပါတယ်။ အက်တီဟတ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၂ ကြိမ် မှာတော့ မန်စီးတီးက ၁ ကြိမ် နိုင်ပြီး ဘရန့်ဖို့ဒ်က ၁ ကြိမ် နိုင်ထားပါတယ်။ ပထမအကျော့ ဘရန့်ဖို့ဒ် အိမ်ကွင်းမှာတော့ မန်စီးတီးက ၁-၃ ရလဒ်နဲ့ အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ၅ ပွဲ စွမ်းဆောင်ရည်တွေကို ပြန်ကြည့်ရင်တော့ မန်စီးတီးက ၄ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပါတယ်။ ဘရန့်ဖို့ဒ်က ၂ ပွဲနိုင်၊ ၃ ပွဲ သရေကျထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

မန်ချက်စတာစီးတီး VS ဘရန့်ဖို့ဒ်

ဖေဖော်ဝါရီ ၂၁ ရက်၊ မနက် ၂:၀၀ နာရီ (GMT+ ၆:၃၀)

ဂိုးပေါ် 3.00 @ 1.62

 SBOTOP ရဲ့ 1X2 မှာတော့ မန်စီးတီး နိုင်ရင် ၁.၁၇ ဆ၊ ဘရန့်ဖို့ဒ်နိုင်ရင် ၁၀.၅၀ ဆနဲ့ သရေ ဆိုရင်တော့ ၆.၆ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ မန်စီးတီးက ၂ လုံး သရေလောက် ပေါက်နေပြီး ဂိုးပေါင်း ကတော့ အနိမ့်ဆုံး ၃ လုံးက စဖွင့်ပါတယ်။ မန်စီးတီး အတွက် ဒီပွဲ မနိုင်ရင် အမှတ်ပြတ်သွားနိုင်တဲ့ အခြေအနေ ရှိလို့ မဖြစ်မနေ အမှတ်ပြည့်ရဖို့ အားစိုက်လာမှာပါ။ ဘရန့်ဖို့ဒ် ကလည်း အရင်လို မဟုတ်တော့လို့ မန်စီးတီးကို ဒုက္ခပေးဖို့ မဖြစ်နိုင်ပါဘူး။ မန်စီးတီး ဂိုးပြတ် နိုင်ပွဲနဲ့ ပေါက်ကွဲပြမှာပါ။

ခန့်မှန်းရလဒ်

မန်ချက်စတာစီးတီး ၃-၁ ဘရန့်ဖို့ဒ် 

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 21-Feb-2024 at 4:01 PM





   Like     
SBOTOP
21-Feb 2024 Wednesday 4:03 PM (817 days ago)            #14
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

အာဆင်နယ် အတွက် နိုင်ပွဲ ရဖို့ မခက်တဲ့ပွဲပါ | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

ပေါ်တို – အာဆင်နယ်

ဒီတစ်ပတ် ကြားရက်မှာ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီးတော့ အာဆင်နယ် ကတော့ ပေါ်တိုကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ပေါ်တို ကတော့ လက်ရှိမှာ ခြေစွမ်းပိုင်း အားရစရာ သိပ်မရှိပေမယ့် ရှုံးပွဲတွေ နည်းနေပြီး ရလဒ်တွေ ကောင်းနေတာ တွေ့ရပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားတဲ့ ပေါ်တိုက ဒီရာသီ ချန်ပီယံလိဂ် မှာလည်း ဘာစီလိုနာနဲ့ ရမှတ်တူနဲ့ ရှုံးထွက် ရောက်လာခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ပေါ်တူဂီ ကလပ် ဖြစ်တာကြောင့် အင်္ဂလန် ထိပ်သီး ကလပ် တစ်ခု ဖြစ်တဲ့ အာဆင်နယ်နဲ့ ယှဉ်ရင်တော့ အဘက်ဘက်မှာ အားနည်းနေနိုင်ပေမယ့် လျှော့တွက်လို့တော့ မရပါဘူး။

တစ်ဖက်က အာဆင်နယ် ကတော့ ထူးရှယ် ခြေစွမ်းနဲ့ ပြိုင်ဘက်တွေကို ဂိုးပြတ် ဆုံးမနေတာ တွေ့ရပါတယ်။ မီခဲလ် အာတေးတားရဲ့ အသင်းက ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် အနိုင်ရထားပြီးတော့ ၂၁ ဂိုး သွင်းပြီး ပေးဂိုး ၂ ဂိုးသာ ရှိထားပါတယ်။ ရှေ့၊ လယ်၊ နောက် နေရာစုံမှာ အကောင်းဆုံး ပုံစံ ရနေပြီး တိုက်စစ်မှူး စစ်စစ် မရှိသေးသည့် တိုင်အောင် ဂိုးမြူးနေတဲ့ အာဆင်နယ်က စိတ်ဓာတ်ပိုင်း မှာလည်း အမြင့်ဆုံး ရောက်နေတာပါ။ ဒါ့အပြင် အာဆင်နယ်ဟာ ဒီနှစ် ချန်ပီယံလိဂ် ဖလား ရရှိနိုင်ချေ ရှိတဲ့ အသင်းတွေထဲမှာ ထည့်သွင်း မျှော်မှန်းခံထားရတဲ့ အသင်းပီပီ ဘာတွေများ လုပ်ပြဦးမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

ပေါ်တိုမှာ မာကာနို တစ်ဦးတည်း ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေပြီး အာဆင်နယ် မှာတော့ ပါတေး၊ တင်ဘာ၊ ဗီအဲရာ တို့ကတော့ ကျိန်းသေပေါက် လွဲချော်ဦးမှာ ဖြစ်ပါတယ်။ တိုမီယာဆု၊ ဂျေဆုစ်နဲ့ ဇင်ချန်ကို တို့ကတော့ လူစာရင်းမှာ ပြန်လည် ပါဝင်လာဖွယ် ရှိတယ်လို့ သိရပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

ဒါ့အပြင် အာဆင်နယ်ဟာ ဒီနှစ် ချန်ပီယံလိဂ် ဖလား ရရှိနိုင်ချေ ရှိတဲ့ အသင်းတွေထဲမှာ ထည့်သွင်း မျှော်မှန်းခံထားရတဲ့ အသင်းပီပီ ဘာတွေများ လုပ်ပြဦးမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲ ရထားတဲ့ အာဆင်နယ်

ပေါ်တို – ကော်စတာ၊ အော့တာဗီယို၊ ပီပီ၊ မာရီယို၊ ဆန်းချက်ဇ်၊ ဂွန်ဇာလက်ဇ်၊ ဗာရယ်လာ၊ ဂါလီနို၊ ပီပီ၊ အီဗန်နဲလ်ဆင်၊ တာရေမီ

အာဆင်နယ် – ရာယာ၊ ဆလီဘာ၊ ဂါဘရီရယ်၊ ဝှိုက်၊ ခီဗီယော၊ ရိုက်စ်၊ ဟာဗတ်ဇ်၊ အိုဒီဂတ်၊ ဆာကာ၊ မာတင်နယ်လီ၊ ထရော့ဆက်ဒ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက နောက်ပိုင်း နှစ်တွေထဲမှာ ပထမဦးဆုံး အကြိမ် ပြန်လည် တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ပေါ်တိုက ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးပြီး အာဆင်နယ် ကတော့ ၅ ပွဲစလုံး အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

ပေါ်တို VS အာဆင်နယ်

ဖေဖော်ဝါရီ ၂၂ ရက်၊ မနက် ၂:၃၀ နာရီ (GMT+ ၆:၃၀)

1X2 အာဆင်နယ် @ ၁.၆၆ ဆ

SBOTOPရဲ့ 1X2 မှာတော့ ပေါ်တို ဘက်က ဆိုရင် ၄.၇ ဆ၊ အာဆင်နယ် ဘက်က ဆိုရင် ၁.၆၆ ဆနဲ့ သရေ ဆိုရင်တော့ ၃.၄၈ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အာဆင်နယ်က တစ်လုံး သရေကြေးဖွင့်ထားပြီး ဂိုးပေါင်း ကတော့ ၂ လုံးက စဖွင့်ပါတယ်။ ပေါ်တိုက အိမ်ကွင်း နောက်ဆုံး ၁၀ ပွဲဆက် ရှုံးပွဲ မရှိသလို အာဆင်နယ် ကလည်း နောက်ဆုံး ၅ ပွဲ ဆက် အလန်းစား ခြေစွမ်းနဲ့ နိုင်ပွဲ ဆက်နေတာ ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းအရ ပေါ်တိုတို့ အာဆင်နယ်ကို ယှဉ်ဖို့ မဖြစ်နိုင်ပါဘူး။ အာဆင်နယ် ဂိုးပြတ် နိုင်ပွဲ ရသွားဦးမှာပါ။

ခန့်မှန်းရလဒ်

ပေါ်တို ၁-၃ အာဆင်နယ်

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 21-Feb-2024 at 4:03 PM





   Like     
SBOTOP
16-Apr 2024 Tuesday 3:45 PM (762 days ago)            #15
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ပြီးပြည့်စုံတဲ့ ပါးလ်မားရဲ့ ဟက်ထရစ် အပါအဝင် အဲဗာတန်ကို ဂိုးဒါဇင်ဝက် သွင်းပြီး အနိုင်ရခဲ့တဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

ချဲလ်ဆီး ၆-၀ အဲဗာတန်

 မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ အဲဗာတန်တို့ရဲ့ ပွဲစဉ်မှာ‌တော့ ချဲလ်ဆီးက စတန်းဖို့ဒ်ဘရစ်ချ်မှာ အဲဗာတန်ကို ဂိုးဒါဇင်ဝက်သွင်းပြီး အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးရဲ့ ဒီရာသီ အတွက် ဂိုးအပြတ်ဆုံး ပရီးမီးယားလိဂ် နိုင်ပွဲ ဖြစ်ခဲ့ပြီး တောက်လျောက် ခြေစွမ်းပြနေတဲ့ ကိုးလ် ပါးလ်မား ကလည်း ၄ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးဟာ ဒီနေ့ပွဲမှာ ၄-၂-၃-၁ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီးတော့ ပီထရိုဗစ်၊ ဆေးလ်ဗား၊ ချာလို့ဘာ့၊ ဂူစတို၊ ကူကာရယ်လာ၊ ဂယ်လာဟာ၊ ကိုင်စီဒို၊ ပါးလ်မား၊ မာဒူအီကီ၊ မူဒရစ်ခ်၊ ဂျက်ဆန် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ အဲဗာတန် ကတော့ ချဲလ်ဆီးကို ခံစစ် ပိတ်ကစားဖို့သာ စဉ်းစားခဲ့ပြီး ၄-၄-၁-၁ အခင်းအကျင်းနဲ့ ပြန်လည် ရင်ဆိုင်ခဲ့တာပါ။ အဲဗာတန်ရဲ့ ပွဲထွက်လူစာရင်း မှာတော့ ပစ်ခ်ဖို့ဒ်၊ တာကောစကီး၊ ဘရန့်ဝိတ်သ်၊ ကိုးလ်မန်း၊ မိုင်ကိုလန်ကို၊ အိုနာနာ၊ ဂါနာ၊ ယန်း၊ မက်နေးလ်၊ ဒူကိုရေး၊ ဘီတို တို့ ပါဝင်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲဆက် ရှုံးပွဲ မရှိထားတဲ့ ချဲလ်ဆီးက ဒီနေ့ပွဲမှာ သူတို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် တစ်ခုကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရှေ့ပွဲတွေမှာ တန်းဆင်းဇုန်နားက အသင်းတွေကို ခက်ခက်ခဲခဲ ကစားခဲ့ရပေမယ့် ဒီနေ့ပွဲမှာတော့ အဲဗာတန်ကို ဂိုးပြတ် ချေမှုန်းသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ အဲဗာတန်ကို ကစားကွက်ရော၊ တစ်ဦးချင်း ခြေစွမ်းအရပါ အပြတ်အသတ် အသာရခဲ့ပြီး လုပ်တိုင်း ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ပါးလ်မား တစ်ယောက် အဲဗာတန် နောက်တန်းကို မွှေချင်တိုင်း မွှေနှောက်နိုင်ခဲ့ပြီး သူသွင်းယူခဲ့တဲ့ ဂိုးတွေ ကလည်း ကွာလတီ ဖြစ်ခဲ့ပါတယ်။ အဖွင့်ဂိုး ဆိုရင် အဲဗာတန် နောက်ခံလူတွေ လိမ်ခေါက်ပြီး သွင်းယူနိုင်ခဲ့တာ ဖြစ်သလို ဒုတိယဂိုး ဆိုရင်လည်း ပါးနပ်တဲ့ အဆုံးသတ်နဲ့ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ တတိယဂိုး ကလည်း ထိုနည်း လည်းကောင်းပါပဲ။ ပစ်ခ်ဖို့ဒ်ရဲ့ အမှားကနေ ပါးလ်မားက ဘောလုံး ဖြတ်ယူပြီး ဂိုးသမား မရှိတဲ့ ဂိုးပေါက်ထဲကို လှလှပပ ကျော်ကာ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ စတုတ္ထ ဂိုးကိုတော့ နစ်ကလပ်စ် ဂျက်ဆန်က ကူကာရယ်လာရဲ့ ကန်တင်ပေးပို့မှုကို တစ်ချက်ထိန်းကာ လှည့်ကန်သွားခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်း အပြီးမှာ ချဲလ်ဆီးက ၄ ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း ကစားပုံ ပျက်ယွင်းနေတဲ့ အဲဗာတန်ကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။ အဲဗာတန် ဘက်က တောက်လျောက် လူစားလဲမှုတွေ ပြုလုပ်ခဲ့ပေမယ့် မှော်ဝင်သွားတဲ့ ချဲလ်ဆီးကို ထိန်းချုပ်နိုင်ခြင်း မရှိပဲ ၂ ဂိုး ထပ်ပေးလိုက်ရပါတယ်။ ပွဲချိန် ၆၄ မိနစ်မှာ ပင်နယ်တီ ကတဆင့် ချဲလ်ဆီး အတွက် ၅ ဂိုးမြောက် ဂိုးကို ကိုးလ်ပါးလ်မားက ရယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ပင်နယ်တီ မကန်ခင်မှာ ချဲလ်ဆီး ပါးလ်မား ဆီကနေ ဂျက်ဆန်နဲ့ မာဒူအီကီတို့ ပင်နယ်တီ လုကန်ခဲ့ကြပါသေးတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သတ်လို့တော့ နည်းပြ ပိုချက်တီနိုက ရှက်ဖို့ကောင်းတဲ့ ကိစ္စ ဖြစ်ကြောင်း ကိုးလ်ပါးလ်မားသာ ပင်နယ်တီ ကန်သွင်းရမယ့်သူ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နောက်တစ်ခါ အခုလို ဖြစ်ရပ်မျိုး ဖြစ်လာမှာကို လက်မခံဘူး လို့လည်း ပိုချက်တီနိုက ပြတ်ပြတ်သားသား ပြောကြားခဲ့ပါသေးတယ်။

ချဲလ်ဆီး အတွက် ဆဌမမြောက် သွင်းဂိုး ကိုတော့ လူစားဝင် လူငယ် ညာနောက်ခံလူ ဂီးလ် ခရစ္စက သွင်းယူပေးခဲ့ပြီး ဒီဂိုးဟာ သူ့ အတွက် ချဲလ်ဆီး ကစားသမားဘဝ ပထမဦးဆုံး သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။ အသက် ၂၀ အရွယ် ဒီကစားသမားလေးဟာ ချဲလ်ဆီး အကယ်ဒမီထွက် ဖြစ်ပြီး ဒီပွဲမှာ ပွဲပြီးခါနီး ၂ မိနစ် အလိုမှ ဝင်ကစားခဲ့ပေမယ့် သွင်းဂိုး ၁ ဂိုး ရခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ဒီလိုပြီးပြည့်စုံတဲ့ နိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ နေရာအထိလည်း တက်လှမ်းနိုင်ခဲ့ပါတယ်။ အခြား ပြိုင်ဘက်တွေထက် လက်ကျန် ပွဲစဉ် တချို့လည်း ကစားဖို့ ကျန်ရှိနေသေးတာကြောင့် ဥရောပဝင်ခွင့် တစ်နေရာ အတွက်လည်း မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။ အဲဗာတန် ကတော့ ရမှတ် ၂၇ မှတ်နဲ့ အဆင့် ၁၆ နေရမှာ ဆက်ရှိနေခဲ့ပေမယ့် တန်းဆင်းဇုန်နဲ့ ၂ မှတ်သာ ကွာဟပါတော့တယ်။ ချဲလ်ဆီးဟာ လာမယ့် ဧပြီ ၂၀ ရက်နေ့မှာ မန်စီးတီးနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ် ကစားရဖို့ ရှိပြီး အဲ့ဒီ ပွဲအပြီး ၄ ရက်အကြာ မှာတော့ အာဆင်နယ်နဲ့ လက်ကျန် ပွဲစဉ် ဆက်လက် ကစားရဦးမှာ ဖြစ်ပါတယ်။ အဲဗာတန် ကတော့ လာမယ့် ၂၁ ရက်နေ့မှာ နော့တင်ဟမ်ဖောရက်စ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 16-Apr-2024 at 3:45 PM





   Like     
SBOTOP
16-Apr 2024 Tuesday 3:47 PM (762 days ago)            #16
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ဆီမီးဖိုင်နယ် တက်ရေး အလိုင်းရန့်ဇ် အရီနာမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကြရမယ့် ဘေယန်နဲ့ အာဆင်နယ် | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဘေယန်မြူးနစ် – အာဆင်နယ်

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ဒုတိယနေ့ ပွဲစဉ် တစ်ပွဲ အဖြစ် ဘေယန်မြူးနစ်နဲ့ အာဆင်နယ်တို့ အလိုင်းရန့်ဇ် အရီနာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ပထမအကျော့ အမ်းမရိတ်စ်မှာ ၂-၂ သရေ ကစားနိုင်ခဲ့တဲ့ ဘေယန်မြူးနစ် အတွက် အားသာချက်တွေ ရှိနေပေမယ့် အာဆင်နယ် ကရော အားလုံး မထင်မှတ်ထားတာတွေ လုပ်ပြသွားနိုင်မလား ဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပထမအကျော့ ပွဲစဉ် ကတော့ တော်တော်လေး အကြိတ်အနယ် ရှိခဲ့ပြီး သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ် ရောက်ရင် အတွေ့အကြုံပိုင်း လိုအပ်ချက်တွေ သိသာသွားလေ့ ရှိတာကို ဘေယန်တို့ အခွင့်ကောင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘေယန်ဟာ အဲ့ဒီပွဲမှာ တစ်ပွဲလုံးမှ ဂိုးပေါက် တည့်ကန်ချက် ၂ ကြိမ်သာ ရှိခဲ့ပြီး သွင်းဂိုး ၂ ဂိုး ရခဲ့တာလည်း အာဆင်နယ် နောက်တန်းရဲ့ အမှားတွေကြောင့် ဖြစ်ပါတယ်။ ဘေယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုနဲ့လည်း လွဲချော်ခဲ့ပြီ ဖြစ်တာကြောင့် သိက္ခာဆယ်ဖို့ အတွက် ချန်ပီယံလိဂ်ကို အပြည့်အဝ အာရုံစိုက်လာဖို့ ရှိပြီး အာဆင်နယ်ကို အိမ်ကွင်းမှာ အနိုင်ယူ ကျော်ဖြတ်ဖို့ အားခဲထားပါလိမ့်မယ်။ ခြေစွမ်းပိုင်းအရလည်း သောမက်စ် တူချယ်ရဲ့ အသင်းက အာဆင်နယ်ကို အဝေးကွင်းမှာ သရေ ကစားနိုင်ခဲ့ပြီးနောက် အနည်းငယ် ယုံကြည်မှု ပြန်ရသွားပုံပေါ်ပြီး ပြီးခဲ့တဲ့ ပွဲမှာလည်း ကိုလုံးကို အနိုင်ရထားခဲ့ပါတယ်။

အာဆင်နယ် ကတော့ ချန်ပီယံလိဂ်မှာ ဘေယန်နဲ့ သရေကျပြီးနောက် ပြီးခဲ့တဲ့ ပွဲမှာလည်း အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အာဆင်နယ်ဟာ နိုင်ပွဲ ပျောက်ပြီးရင် နောက်ပွဲတွေ ဆက်တိုက် ရလဒ်ဆိုးတတ်တဲ့ အကျင့်ကိုလည်း မဖျောက်နိုင်သေးသလို အရေးကြုံတိုင်း ပျာတတ်တဲ့ အကျင့်လည်း မပျောက်သေးပါဘူး။ နည်းပြ အာတေးတားဟာ အာဆင်နယ်ကို အကောင်းဆုံး ဆွဲတင်ပေးထားပေမယ့် တချို့ အချိန်တွေမှာ ခေါင်းမာနေဆဲ ဖြစ်ပါတယ်။ အာဆင်နယ် အတွက်ရော၊ ဘေယန် အတွက်ပါ နောက်တစ်ဆင့် တက်ဖို့က ၅၀/၅၀ စီ အခွင့်အရေး ရှိသေးပေမယ့် ဘေယန်ရဲ့ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် အာဆင်နယ် အတွက် ကျိန်းသေပေါက် ခက်ခဲဦးမှာပါ။ သေချာတာ ကတော့ ပထမအကျော့ကလို အမှားတွေ ထပ်လုပ်မိရင်တော့ ဂိုးပြတ်ပါ ရှုံးသွားနိုင်ပါတယ်။


 

နှစ်ဖက်အသင်း သတင်းများ

အာဆင်နယ်ဟာ ချန်ပီယံလိဂ် ရောက်ရင် အတွေ့အကြုံပိုင်း လိုအပ်ချက်တွေ သိသာသွားလေ့ ရှိတာကို ဘေယန်တို့ အခွင့်ကောင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ပွဲမှာ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ဂိုးပြတ် ရှုံးခဲ့တဲ့ အာဆင်နယ်

အခုပွဲကိုတော့ ဘေယန်မြူးနစ် ဘက်က အဓိက ကစားသမား တချို့ လွဲချော်ကြဖို့ ရှိပြီး အဲလ်ဖွန်ဆို ဒေးဗီးစ်က ပွဲပယ်ထိထားပါတယ်။ ဒါ့အပြင် ဘွတ်ချ်မန်း၊ ဂနာဘရီ၊ ဘိုရေး၊ ဆာနေး၊ ကိုမန်၊ ဘွန်နာ ဆား တို့ကတော့ ဒဏ်ရာကြောင့် လွဲချော်ကြမယ်လို့ သိရပါတယ်။

အာဆင်နယ် ဘက်မှာတော့ တင်ဘာ ဒဏ်ရာက သက်သာလာပေမယ့် ပါဝင်ကစားနိုင်ဦးမှာ မဟုတ်ပဲ ဗီလာနဲ့ ပွဲမှာ အနည်းငယ် ဒဏ်ရာရခဲ့တဲ့ မာတင် အိုဒီဂတ် ကလည်း ပါဝင်လာဖို့ မသေချာ ဖြစ်နေတယ်လို့ သိရပါတယ်။


 

ဖြစ်နိုင်ဖွယ် လူစာရင်း

ဘေယန်မြူးနစ် – နော်အာ၊ ကင်မစ်ချ်၊ ဒိုင်ယာ၊ ဒီလစ်ဂျ်၊ ဂွာရဲရိုး၊ လိုင်မာ၊ ဂိုရက်ဇ်ကာ၊ မူလာ၊ မူဆီအာလာ၊ ဆာနေး၊ ကိန်း

အာဆင်နယ် – ရာယာ၊ ဝှိုက်၊ ဆလီဘာ၊ ဂါဘရီရယ်၊ တိုမီယာဆု၊ အိုဒီဂတ်၊ ဂျော်ဂျင်ဟို၊ ရိုက်စ်၊ ဆာကာ၊ ဟာဗက်ဇ်၊ မာတင်နယ်လီ


 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ချန်ပီယံလိဂ်မှာ အကြိမ်ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ၂၀၁၃ ခုနှစ် နောက်ပိုင်းမှာ အာဆင်နယ်က ၂ ကြိမ်သာ အနိုင်ရခဲ့ပြီး ၁ ကြိမ် သရေကျကာ ဘေယန်မြူးနစ် ကတော့ ၅ ကြိမ် အထိ အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး တွေ့ဆုံမှု ၃ ကြိမ် မှာဆိုရင် ဘေယန်မြူးနစ်က ၅-၁ ရလဒ်တွေနဲ့ အနိုင်ရထားခဲ့သလို ပြီးခဲ့တဲ့ ပထမအကျော့ မှာလည်း အာဆင်နယ်တို့ ရှုံးကြွေး မဆပ်နိုင်ခဲ့ပါဘူး။ ဒီနှစ်သင်းရဲ့ ပြီးခဲ့တဲ့ ၅ ပွဲ စွမ်းဆောင်ရည်တွေကို ပြန်ကြည့်ရင်တော့ ဘေယန်မြူးနစ် ကတော့ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးခဲ့ပါတယ်။ အာဆင်နယ် ကတော့ ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။


 

လောင်းကစားဆိုင်ရာ အကြံပြုချက်

ဘိုင်ယန်မြူးနစ် VS အာဆင်နယ်

ဧပြီ ၁၈ ရက်၊ ည ၁:၃၀ နာရီ (GMT+ ၆:၃၀)

1X2 ဘေယန်မြူးနစ် @2.33

SBOTOPရဲ့ 1×2 မှာ ဘေယန်မြူးနစ် နိုင်ရင် ၂.၃၃ ဆ၊ အာဆင်နယ် နိုင်ရင် ၂.၆၉ ဆ၊ သရေ ဆိုရင်တော့ ၃.၃၃ ဆ ပေးထားပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဘေယန်မြူးနစ်က သရေ တစ်ဝက်ရှုံး၊ သရေ အရှုံးနဲ့ ဒဲ့ကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပါတယ်။ အာဆင်နယ်ဟာ ခြေစွမ်းပိုင်း တိုးတက်နေတဲ့ အသင်း ဖြစ်သလို ပထမအကျော့ ခြေစွမ်းအရလည်း ဘေယန်ကို အဝေးကွင်းမှာ ခြေရည်တူတော့ လိုက်ကစားနိုင်ဦးမှာပါ။ ဒါပေမယ့် အာဆင်နယ်ကို ယုံကြည်ရခက်နေစေတာက ကစားသမားတွေရဲ့ ပါးနပ်မှု၊ တည်ငြိမ်မှုနဲ့ ရင့်ကျက်မှု အပိုင်းတွေမှာ ဖြစ်ပါတယ်။ ဘေယန် ကတော့ သူ့အိမ်ကွင်းမှာ တောက်လျောက် ဖိအားပေး ကစားဖို့ ရည်ရွယ်ထားမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဖြစ်တာကြောင့် ဘာမဆို ဖြစ်သွားနိုင်ပေမယ့် ဒီပွဲ မှာတော့ ပိုပြီး စိတ်ချရတဲ့ ဘေယန်မြူးနစ် ဘက်မှာပဲ ရပ်တည်ထားချင်ပါတယ်။ ဘေယန်မြူးနစ် ကပ်နိုင်သွားမယ် ထင်ပါတယ်။

ခန့်မှန်းရလဒ် ဘေယန်မြူးနစ် ၂-၁ အာဆင်နယ် (နှစ်ကျော့ပေါင်း ရလဒ် ၄-၃)

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 16-Apr-2024 at 3:47 PM





   Like     
SBOTOP
17-Apr 2024 Wednesday 5:47 PM (761 days ago)            #17
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

တိုက်စစ် ခြေစွမ်းပြပြီး အက်တလက်တီကိုမက်ဒရစ်ကို ဂိုးပြတ်နိုင်ခဲ့တဲ့ ဒေါ့မန် | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဒေါ့မန် – အက်တလက်တီကိုမက်ဒရစ်

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ နောက်ထပ် ပွဲစဉ် တစ်ပွဲမှာတော့ ဒေါ့မန်က အိမ်ကွင်းမှာ တိုက်စစ် အစွမ်းပြပြီး အက်တလက်တီကိုမက်ဒရစ်ကို ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ ပထမအကျော့ စပိန်မြေမှာ ၂-၁ နဲ့ ရှုံးနိမ့်ထားခဲ့တဲ့ ဒေါ့မန်ဟာ သူတို့ အိမ်ကွင်းမှာတော့ တိုက်စစ်ဖွင့် ကစားခဲ့ပြီး ၄-၂ ရလဒ်နဲ့ အနိုင်ရကာ နှစ်ကျော့ပေါင်း ၅-၄နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်ကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ဒေါ့မန်က ၄-၂-၃-၁ အခင်းအကျင်းနဲ့ ပွဲထွက်ခဲ့ပြီး အက်တလက်တီကိုမက်ဒရစ် ကတော့ ခံစစ် ၅ ယောက်တန်း ၅-၃-၂ နဲ့ ပွဲထွက်ခဲ့ပါတယ်။ ဒေါ့မန် ဘက်မှာ ကိုဘယ်၊ ဟမ်းမဲလ်စ်၊ ရှလော့တ်တာဘက်ခ်၊ မတ်ဆန်၊ ရွိုင်ရာဆန်၊ ချန်၊ ဆဘစ်ဇာ၊ ဘရန့်တ်၊ ဆန်ချို၊ အဒီယီမီ၊ ဖူးလ်ခရက်ဂျ်တို့ ပါဝင်ကစားခဲ့ပါတယ်။ အက်တလက်တီကိုမက်ဒရစ် ဘက်မှာတော့ အိုဘလက်ခ်၊ ဟင်မီနက်ဇ်၊ ဝစ်ဆဲလ်၊ ဟာမိုဆို၊ မိုလီနာ၊ အက်ဇ်ပီလီကွယ်တာ၊ ယော်ရန်းတေး၊ ဒီပေါလ်၊ ကိုကီ၊ ဂရစ်ဇ်မန်း၊ မိုရာတာ တို့ ပါဝင်လာခဲ့ပါတယ်။

ဒေါ့မန်ဟာ ပထမအကျော့တုန်းကလိုပဲ ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ အက်တလက်တီကိုမက်ဒရစ်ကို ဖိအားပေးနိုင်ခဲ့ပြီး ဒီယေဂို ဆီမြွန်နီ ကတော့ ခံစစ်ကို လုံအောင် ကစားပြီး လျင်မြန်တဲ့ တန်ပြန် တိုက်စစ်နဲ့ ဂိုးရဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဒေါ့မန်ဟာ ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပြီး ပွဲချိန် ၃၄ မိနစ်နဲ့ ၃၉ မိနစ် တို့မှာ ဘရန့်တ်နဲ့ မတ်ဆန်က ဦးဆောင်ဂိုးတွေ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ တီကိုက ချေပဂိုး နှစ်ဂိုး ပြန်ယူနိုင်ခဲ့လို့ ၂-၂ ဖြစ်သွားခဲ့ပြီး ဒေါ့မန်ရဲ့ မျှော်လင့်ချက်တွေ အနည်းငယ် ဝေဝါးသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲမပြီးသေးသ၍ ကစားအား မလျှော့ခဲ့တဲ့ ဒေါ့မန်တို့ မိနစ် ၇၀ ကျော်မှာ ၃ မိနစ် အတွင်း သွင်းဂိုး ၂ ဂိုး ထပ်ရခဲ့လို့ ပွဲအပြီးမှာ ၄-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒေါ့မန် အတွက် အနိုင်ဂိုး ၂ ဂိုး ကိုတော့ ဖူးလ်ခရက်ချ်နဲ့ ဆဘစ်ဇာ တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အထူးတလည် ချီးကျူးရမှာက ဒေါ့မန် ကွင်းလယ်က ဆဘစ်ဇာ ဖြစ်ပြီး အသင်း အတွက် ဂိုး ၂ ကြိမ် ဖန်တီးပြီး ကိုယ်တိုင်လည်း တစ်ဂိုး သွင်းနိုင်ခဲ့ပါတယ်။ အက်တလက်တီကိုမက်ဒရစ်ရဲ့ အဓိက အမှားက ပထမအကျော့မှာ အနိုင်ရထားတယ် ဆိုပြီး ခံစစ် ပိတ်ဆော့ကာ တန်ပြန် တိုက်စစ်နဲ့ ဂိုးရအောင် ယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ တီကိုရဲ့ ခံစစ်ဟာ အရင်နဲ့ မတူတော့ဘူး ဆိုတာ နည်းပြ ဒီယေဂို ဆီမြွန်နီ မေ့လျော့သွားပုံပါပဲ။

အက်တလက်တီကို မက်ဒရစ်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ဒေါ့မန်ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ အုပ်စုတွင်း ပြိုင်ဘက် ဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ ပြန်လည် ဆုံတွေ့ရတော့မှာ ဖြစ်ပါတယ်။ အက်တလက်တီကိုမက်ဒရစ် ကတော့ စပိန် ပြိုင်ဘက် ဘာစီလိုနာ နည်းတူ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပြီး လာလီဂါ ကိုပဲ အပြည့်အဝ အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။ဒေါ့မန်ဟာ လာမယ့် ဧပြီ ၂၁ ရက်နေ့မှာ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်သွားတဲ့ လေဗာကူဆင်နဲ့ ကစားရဖို့ ရှိပြီး အက်တလက်တီကို မက်ဒရစ် ကတော့ အလာဗက်စ်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 17-Apr-2024 at 5:48 PM





   Like     
SBOTOP
17-Apr 2024 Wednesday 5:49 PM (761 days ago)            #18
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

တစ်ယောက်လျော့ ဘာစီလိုနာကို စပိန်မြေမှာ ဂိုးပြတ် ရှုံးကြွေးဆပ်သွားတဲ့ ပီအက်စ်ဂျီ | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဘာစီလိုနာ – ပီအက်စ်ဂျီ

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီ တို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ် ကတော့ အငြင်းပွားစရာ ဖြစ်ရပ်တွေနဲ့ အတူ အားလုံး မထင်မှတ်ထားတဲ့ ရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ စောစောစီးစီး ဦးဆောင်ဂိုး ရခဲ့ပေမယ့် တစ်ယောက်လျော့နဲ့ ကစားခဲ့ရတဲ့ ဘာစီလိုနာတို့ ပီအက်စ်ဂျီရဲ့ ဖိအားပေးမှုတွေကို မခံနိုင်ခဲ့တာကြောင့် ၁-၄ ရလဒ်နဲ့ ရှုံးနိမ့်ပြီး နှစ်ကျော့ပေါင်း ၄-၆ နဲ့ ပြိုင်ပွဲ ကနေ နှုတ်ဆက် ထွက်ခွာသွားရတာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အိမ်ရှင် ဘာစီလိုနာက ၄-၂-၃-၁ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး တာစတီဂျန်၊ ကူဘာဆီ၊ အာရူဟို၊ ကန်ဆယ်လို၊ ကွန်ဒေး၊ ပက်ဒရီ၊ ဒီယောင်၊ ဂွန်ဒိုအန်၊ ရာဖင်ညာ၊ ရာမယ်၊ လီဝမ်ဒေါစကီးတို့ ပါဝင်ကစားသွားခဲ့ကြပါတယ်။ ပီအက်စ်ဂျီ ကတော့ ၄-၃-၃ အခင်းအကျင်းကိုပဲ အသုံးပြုခဲ့ပြီး ဒွန်နာရူးမား၊ မာကွင်ညော့စ်၊ ဟာနန်ဒက်စ်၊ ဟာကီမီ၊ မန်းဒက်စ်၊ ဗစ်တင်ဟာ၊ ဇိုင်း အမ်မရီ၊ ရူအစ်ဇ်၊ ဒမ်ဘီလီ၊ ဘာကိုလာ၊ အမ်ဘာပေးတို့ ပွဲထွက်ခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ပထမအကျော့တုန်းက အိမ်ကွင်းမှာ အရေးနိမ့်ထားခဲ့လို့ မဖြစ်မနေ ဂိုးသွင်းနိုင်ရေး ကြိုးပမ်းခဲ့ပြီး ပွဲစကတည်းက ဘာစီလိုနာ ဘက်ကို ဖိအားပေးခဲ့ပါတယ်။ ဘာစီလိုနာ ကတော့ သူတို့ရဲ့ ကစားဟန် တစ်ခု ဖြစ်တဲ့ ရာဖင်ညာနဲ့ ရာမယ် တို့ရဲ့ တောင်ပံနှစ်ဖက်က တိုးအားတွေနဲ့ ပီအက်စ်ဂျီ ခံစစ်ကို ကျော်ဖြတ်ခဲ့ပြီး အလုပ်လည်း ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပွဲချိန် ၁၀ မိနစ် ကျော်မှာပဲ လမိုင်း ရာမယ်ရဲ့ ဖန်တီးပေးမှုကို ရာဖင်ညာက အဆုံးသတ်ပြီး ဘာစီလိုနာ အတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။ ဒါ့အပြင် လီဝမ်ဒေါစကီးရဲ့ ကန်ချက် ကောင်းခဲ့ပေမယ့် ဘားတန်းပေါ်ကနေ အနည်းငယ် ကျော်သွားခဲ့လို့ ပီအက်စ်ဂျီတို့ သက်သာရာရခဲ့ပါတယ်။ အဲဒီနောက် ပီအက်စ်ဂျီတို့ ချေပဂိုး ရဖို့ တောက်လျောက် ဖိကစားလာခဲ့ပြီး ပွဲချိန် ၂၉ မိနစ် မှာတော့ ပွဲက အလှည့်အပြောင်း ဖြစ်သွားခဲ့ပါတယ်။ ဘာကိုလာကို ပင်နယ်တီ ဧရိယာနားမှာ အာရူဟို ဆွဲလှဲခဲ့တယ် ဆိုပြီး ကွင်းလယ်ဒိုင်က ဥရုဂွေး နောက်ခံလူကို တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ပြန်ကြည့်ရင် ကွင်းလယ်ဒိုင် အနေနဲ့ အဝါကတ်လောက်ပဲ ပြသသင့်တယ်လို့ ပြောလို့ ရပါတယ်။ တစ်ယောက်လျော့သွားတာကြောင့် ဇာဗီ အနေနဲ့ လမိုင်း ရာမယ်ကို ထုတ်ပြီး ခံစစ်ကို အားဖြည့်တဲ့ အနေနဲ့ အင်နီဂို မာတီနက်ဇ်ကို ထည့်ပြီး ဂိုးရလဒ် အသာရနေသေးမှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် ဒမ်ဘီလီ၊ အမ်ဘာပေး၊ ဘာကိုလာ တို့လို အတိုးအလှုပ် ကောင်းတဲ့ ကစားသမားတွေနဲ့ ပီအက်စ်ဂျီကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။

ဒုတိယပိုင်း ၅၄ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ ပွဲကို ချိန်ခွင်ရှာ ညီသွားစေမယ့် ဂိုး သွင်းနိုင်ခဲ့ပြီး ဗစ်တင်ဟာက ဧရိယာထိပ် ကနေ အမှတ်မထင် ကန်သွင်းသွားခဲ့လို့ တာစတီဂျန်လည်း ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး။ အဲ့နောက် ပွဲက တဖြည်းဖြည်း တင်းမာမှုတွေ ရှိလာခဲ့ပြီး ဒေါသမထိန်းနိုင်ပဲ ဆိုင်းဘုတ်ကို ကန်ခဲ့တဲ့ နည်းပြ ဇာဗီ အနီကတ် ပြခံခဲ့ရသလို သိပ်မကြာခင်မှာလည်း လက်ထောက် နည်းပြလည်း အနီကတ် ပြသခံခဲ့ရပါတယ်။ ဒီကြားထဲမှာ ဂွန်ဒိုအန်ကို ဗစ်တင်ဟာ ဖျက်ထုတ်ပုံ ကြမ်းခဲ့ပေမယ့် ဘာစီလိုနာတို့ ပင်နယ်တီ မရခဲ့သလို လီဝမ်ဒေါစကီးရဲ့ ကန်ချက်တချို့ကိုလည်း ဒွန်နာရူးမား လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ အဝေးကွင်းမှာ ကစားရပေမယ့် အဘက်ဘက်မှာ အသာရသွားတဲ့ ပီအက်စ်ဂျီတို့ သွင်းဂိုးတွေရဖို့ ဆက်လက် အားထုတ်ရင်း ၆၁ မိနစ်မှာ ဘာစီလိုနာတို့ ကန်ဆယ်လိုကြောင့် ပင်နယ်တီ ပေးခဲ့ရပြန်ပါတယ်။ ဒီဂိုး ကိုတော့ အမ်ဘာပေးက အမှားအယွင်း မရှိပဲ ကန်သွင်းနိုင်ခဲ့သလို ပြိုဆင်းသွားခဲ့ ဘာစီလိုနာ ခံစစ်ကို ဖိအားပေးရင်း ပွဲပြီးခါနီးမှာ အမ်ဘာပေးက နောက်တစ်ဆင့် တက်ဖို့ သေချာစေမယ့် ဂိုးကို သွင်းယူသွားခဲ့ပါတယ်။ ဒါကြောင့် ၁-၄ နဲ့ ပွဲပြီးခဲ့ပြီး နှစ်ကျော့ပေါင်း ၂-၄ ရလဒ်နဲ့ ပီအက်စ်ဂျီတို့ ဘာစီလိုနာကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။

ပထမအကျော့ ပြင်သစ်မြေမှာ နိုင်ပွဲ ရှာဖွေထားနိုင်သလို ဦးဆောင်ဂိုးလည်း စောစောရခဲ့လို့ အားလုံးက နောက်တစ်ဆင့် တက်မယ့် အသင်းကို ဘာစီလိုနာ လို့ပဲ ထင်ကြေးပေးခဲ့ကြတာပါ။ ဒါပေမယ့် ကံတရားရဲ့ ဖေးမမှု၊ ကွင်းလယ်ဒိုင်ရဲ့ အငြင်းပွားစရာ ဆုံးဖြတ်ချက် တချို့က ပွဲကို အဖြေထုတ်ပေးသွားခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ဒါကြောင့် ဘာစီလိုနာဟာ လာလီဂါ ကိုပဲ အပြည့်အဝ အာရုံစိုက်ဖို့ ရှိတော့ပြီး လာမယ့် ဧပြီ ၂၂ ရက်နေ့မှာ ရီးရဲလ်မက်ဒရစ်နဲ့ အယ်လ်ကလက်ဆီကို ကစားရမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်သွားတဲ့ ပီအက်စ်ဂျီ ကတော့ တစ်ဖက်မှာ အက်တလက်တီကိုမက်ဒရစ်ကို ကျော်ဖြတ်လာတဲ့ ဒေါ့မန်နဲ့ တွေ့ဆုံနေခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီဟာ အုပ်စုတွင်းမှာ နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့တဲ့ ဒေါ့မန်နဲ့ ပြန်လည် ဆုံတွေ့ရတော့မှာ ဖြစ်ပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 17-Apr-2024 at 5:50 PM





   Like     
SBOTOP
31-May 2024 Friday 3:46 PM (717 days ago)            #19
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

အချိန်ပို သွင်းဂိုးနဲ့ ဖီအိုရင်တီးနားကို အနိုင်ယူပြီး ယူရိုပါကွန့်ဖရင့်လိဂ် ချန်ပီယံ ဖြစ်လာတဲ့ အိုလံပီယာကော့စ် | ယူရိုပါကွန့်ဖရင့်လိဂ် (ပွဲပြီးသုံးသပ်ချက်)

အိုလံပီယာကော့စ် ၁-၀ ဖီအိုရင်တီးနား (အချိန်ပို)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါကွန့်ဖရင့်လိဂ် ဗိုလ်လုပွဲမှာတော့ အိုလံပီယာကော့စ်က ဖီအိုရင်တီးနားကို အချိန်ပိုမှာ အဲလ်ကာဘီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဗိုလ်လုပွဲ ဖြစ်တာနဲ့ အကြိတ်အနယ် ကစားခဲ့ကြပြီး အဆုံးသတ် သေချာတဲ့ အိုလံပီယာကော့စ်တို့ ယူရိုပါကွန့်ဖရင့်လိဂ် ဖလားကို သိမ်းပိုက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အရေးကြီးတဲ့ ပွဲစဉ် ဖြစ်တာနဲ့ အညီ နှစ်သင်းစလုံး အတောင့်တင်းဆုံး အကောင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြတာပါ။ နှစ်သင်းစလုံး ၄-၂-၃-၁ အခင်းအကျင်းတွေနဲ့ ပွဲထွက်ခဲ့ကြပြီး အိုလံပီယာကော့စ် ဘက်မှာ ဇိုလာကစ်၊ ကာမို၊ အော်တီဂါ၊ ရိုဒီနိုင်၊ ရတ်ဆော့စ်၊ အီဘော်ရာ၊ ဟက်ဇီ၊ ချီကွင်ဟို၊ ပိုဒန့်စ်၊ ဖော်ကျူနစ်၊ အဲလ်ကာဘီ တို့ ပါဝင်လာခဲ့ပါတယ်။ ဖီအိုရင်တီးနား မှာတော့ တာရက်စီယာနို၊ ကာတာ၊ မီလန်ကိုဗစ်၊ ဘီရာဂီ၊ ဒိုဒို၊ အာသာ၊ မန်ဒရာဂိုရာ၊ ဘိုနာဗန်တူရာ၊ ဂွန်ဇာလက်ဇ်၊ ကူအာမီ၊ ဘယ်လော့တီ တို့ ပွဲထွက်လာခဲ့ပါတယ်။

လူစာရင်းအရ ဆိုရင် ဖီအိုရင်တီးနားက အနည်းငယ် ပိုတောင့်တင်းခဲ့တာ တွေ့ရပြီး ခြေစွမ်းအရလည်း ပိုကောင်းခဲ့ပါတယ်။ ပွဲစကတည်းက အိုလံပီယာကော့စ် ဘက်ကို ဖီအိုရင်တီးနားတို့ တစ်ဖက်သတ် ဖိကစားနိုင်ခဲ့ပြီး အိမ်ရှင် ဖြစ်တဲ့ ဂရိကလပ် အိုလံပီယာကော့စ် ကိုတော့ ခံစစ်ကို အားပြုပြီး တန်ပြန်တိုက်စစ်နဲ့ ကစားခဲ့ရပါတယ်။ ဒါပေမယ့်လည်း အိုလံပီယာကော့စ်ရဲ့ နောက်တန်းဟာ ကျစ်လျစ်လွန်းနေခဲ့ပြီး ဖီအိုရင်တီးနားတို့ တိုက်စစ် အကူးအပြောင်းတွေ ကောင်းခဲ့ပေမယ့် ဂိုးရဖို့တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

အိုလံပီယာကော့စ် ထက် စာရင် အသင်းကောင်းတွေကို ကျော်ဖြတ်လာခဲ့တဲ့ ဖီအိုရင်တီးနားကို တော်တော်များများက ချန်ပီယံ ဖြစ်မယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့် ဂရိကလပ် ကတော့ မထင်မှတ်တဲ့ ကစားပုံနဲ့ ဖီအိုရင်တီးနားကို ပညာပြသွားခဲ့တာ ဖြစ်ပါတယ်။ ဝါရင့် နည်းပြကြီး ဟိုဆေး လူးဝစ် မန်ဒီလီဘာရဲ့ နည်းစနစ်ပိုင်း ရွေးချယ်မှုက မှန်ကန်ခဲ့ပြီး ဗိုလ်လုပွဲ တစ်ပွဲကို ဘယ်လိုမျိုး ကစားရမလဲ ဆိုတာ သိခဲ့တယ်လို့ပဲ ဆိုရပါမယ်။ အိုလံပီယာကော့စ် အတွက် တစ်လုံးတည်းသော သွင်းဂိုးကို ဟက်ဇီရဲ့ အမှတ်မထင် ဖြတ်တင်ပေးပို့မှု ကနေ ဟတ်ဇီက ခေါင်းတိုက် အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန်ကြာလေ ကစားအားကျဆင်းလာလေ ဖြစ်တဲ့ ဖီအိုရင်တီးနားကို အလစ်အငိုက် ဖမ်းသွားခဲ့တာ ဖြစ်ပါတယ်။

ဂရိရဲ့ အအောင်မြင်ဆုံး ကလပ် ဖြစ်တဲ့ အိုလံပီယာကော့စ်ဟာ ပြည်တွင်းမှာ ၄၇ ကြိမ် အထိ ချန်ပီယံ ဖြစ်ထားပေမယ့် ဒီဖလားဟာ သူတို့ အသင်း အတွက် ပထမဦးဆုံး ဥရောပ အောင်မြင်မှု ဖြစ်ပါတယ်။ စူပါလိဂ်ဝမ်းထက် ယူရိုပါကွန့်ဖရင့်လိဂ် ကို အာရုံစိုက်ခဲ့တဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့တယ်လို့ ပြောလို့ ရပြီး လူအများ မထင်မှတ်ထားတဲ့ ရလဒ်ကို ပါးပါးနပ်နပ် ရယူသွားခဲ့တာ ဖြစ်ပါတယ်။ ဗင်ဆန်ဇို အီတလီယာနိုရဲ့ ဖီအိုရင်တီးနား အတွက် ကတော့ နှမြောစရာ ဖြစ်ပြီး သူတို့ဟာလည်း သမိုင်းတစ်လျှောက် ဥရောပပြိုင်ပွဲတွေမှာ ဒုတိယတွေနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ မှတ်တမ်းဆိုးကို ဆက်လက် ပိုင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ ဖီအိုရင်တီးနားဟာ ၁၉၆၁ ခုနှစ်က နောက်ဆုံး အကြိမ် Club Winners’ Cup ရရှိထားခဲ့ပြီး ၁၉၅၇ ချန်ပီယံလိဂ်၊ ၁၉၉၀ ယူရိုပါလိဂ်နဲ့ အခု ၂၀၂၄ ယူရိုပါကွန့်ဖရင့်လိဂ် တို့မှာ ဒုတိယနဲ့ပဲ ကျေနပ်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုပြီး စိတ်မကောင်းစရာက ဖီအိုရင်တီးနားဟာ ယူရိုပါကွန့်ဖရင့်လိဂ် ဗိုလ်လုပွဲကို နှစ်နှစ်ဆက်တိုက် တက်လှမ်းနိုင်ခဲ့ပေမယ့် ဒုတိယနဲ့ပဲ ထပ်ပြီး ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ စီးရီးအေ ကလပ်ဟာ မနှစ်ကလည်း ဝက်စ်ဟမ်းကို ရှုံးပြီး ဒုတိယပဲ ရခဲ့တာ ဖြစ်ပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 31-May-2024 at 3:46 PM





   Like     
SBOTOP
14-Jun 2024 Friday 7:35 PM (703 days ago)            #20
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

အဖွင့်ပွဲ အိမ်ကွင်း ပရိသတ်ရှေ့မှောက်မှာ အမှားခံမှာ မဟုတ်တဲ့ ဂျာမနီ | ယူရို ၂၀၂၄ (ပွဲကြိုသုံးသပ်ချက်)

ဂျာမနီ – စကော့တလန်

ယူရို ၂၀၂၄ ရဲ့ အဖွင့်ပွဲစဉ် အဖြစ် ဂျာမနီနဲ့ စကော့တလန်တို့ ဇွန်လ ၁၅ ရက် မနက် ၁ နာရီခွဲ ဘေယန်မြူးနစ်ရဲ့ အလိုင်းရန့်ဇ် အရီနာမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ အဖွင့်ပွဲ ဖြစ်တဲ့ အတွက် အိမ်ရှင် ဂျာမနီ အတွက် အရေးကြီးသလို စကော့တလန် ကလည်း ခြေစွမ်းထက်မြတ်နေတဲ့ အသင်း ဖြစ်တာကြောင့် ကြည့်ကောင်းတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာဦးမှာပါ။

ဂျာမနီက နည်းပြသစ် ဂျူလီယန် နေဂဲလ်စ်မန်း လက်ထက်မှာ ၈ ပွဲ ကစားထားပြီး ၄ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲ ရှုံးထားပါတယ်။ ဂျာမနီက ယူရို ၂၀၂၄ မတိုင်ခင် တူရကီနဲ့ ဩစတြီးယား တို့ကို ရှုံးခဲ့ပေမယ့် ပြင်သစ်၊ နယ်သာလန်၊ ဂရိ၊ အမေရိကန် တို့ကို အနိုင်ယူပြီး မက္ကဆီကိုနဲ့ ယူကရိန်း ကိုတော့ သရေကျထားတာ ဖြစ်ပါတယ်။ ကလပ် အသင်း အတွေ့အကြုံသာ ရှိပြီးတော့ နိုင်ငံအသင်း တစ်သင်းကို ပထမဦးဆုံး အကြိမ် ကိုင်တွယ်ခွင့်ရထားတဲ့ နေဂဲလ်စ်မန်းရဲ့ စွမ်းဆောင်ရည်ကို စောင့်ကြည့်ရမယ့် ပြိုင်ပွဲ ဆိုရင်လည်း မမှားပါဘူး။ ဂျာမနီဟာ ကမ္ဘာ့ဖလားမှာ ၂၀၁၄ တုန်းက နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ထားပေမယ့် ယူရို မှာတော့ ၁၉၉၆ ခုနှစ် နောက်ပိုင်း ကတည်းက အောင်မြင်မှုတွေ ဝေးနေတာ ဖြစ်ပါတယ်။ ဂျာမနီဟာ ယူရို မှာ ၂၀၀၄ ခုနှစ် နောက်ပိုင်းက စပြီး ပြိုင်ပွဲ ၄ ကြိမ်စလုံး ရှုံးထွက်အဆင့်ကို တက်ရောက်ထားနိုင်တဲ့ အသင်း ဖြစ်ပါတယ်။

ယူရို ပြိုင်ပွဲကို နှစ်ကြိမ်ဆက် ခြေစစ်ပွဲ အောင်မြင်လာတဲ့ စကော့တလန်တို့ ဘာတွေ လုပ်ပြနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။ စကော့တလန်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ မှာတော့ နိုင်ပွဲ လုံးဝ မရခဲ့ပဲ အုပ်စု အဆင့်နဲ့ပဲ လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။ စကော့တလန်က ဒီနှစ် ယူရို ၂၀၂၄ ကိုတော့ အထင်ကြီးစရာ ခြေစွမ်းတွေနဲ့ ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။ ဒါပေမယ့် ပြိုင်ပွဲ မတိုင်ခင် ကစားခဲ့တဲ့ ခြေစမ်းပွဲတွေ မှာတော့ ဂျီဘရော့တာ တစ်သင်းတည်းကို အနိုင်ရခဲ့တဲ့ အထိ ခြေစွမ်းပိုင်းက ဆိုးရွားနေတာ တွေ့ရပါတယ်။ ပြောရမယ် ဆိုရင် စကော့တလန်ရဲ့ လက်ရှိ ခြေစွ်းက တော်တော်လေး ဆိုးရွားနေတာ ဖြစ်ပါတယ်။


 

နှစ်ဖက်အသင်း သတင်းများ

စကော့တလန်က ဒီနှစ် ယူရို ၂၀၂၄ ကိုတော့ အထင်ကြီးစရာ ခြေစွမ်းတွေနဲ့ ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။

ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့တဲ့ စကော့တလန်

ပွဲဦးထွက်လည်း ဖြစ်တာနဲ့ အညီ ဒီပွဲ ကိုတော့ နှစ်သင်းစလုံး အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာဖို့ ရှိပြီး ဒဏ်ရာပြသနာတွေလည်း ကင်းရှင်းနေမှာပါ။


 

ဖြစ်နိုင်ဖွယ် လူစာရင်း 

ဂျာမနီ – နော်အာ၊ ကင်မစ်ချ်၊ တာ့ရ်၊ ရူဒီဂါ၊ မစ်တဲလ်စတတ်ဒ်၊ ခရူးစ်၊ အန်းဒရစ်ချ်၊ မူဆီအာလာ၊ ဂွန်ဒိုအန်၊ ဝစ်ဇ်၊ ဟာဗတ်ဇ်

စကော့တလန် – ဂန်း၊ ဟန်ဒရီ၊ တီယာနေး၊ ရဲလ်စတန်၊ မက်တော်မီနေး၊ ဂီးလ်မော၊ ရော်ဘတ်ဆန်၊ မက်ဂင်းန်၊ ခရစ္စတီ၊ ရှန့်ခ်လန်း


 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက နှစ်ကြိမ် တွေ့ဆုံထားခဲ့ရာမှာ ဂျာမနီက ၂ ကြိမ်စလုံး အနိုင်ရထားခဲ့ပါတယ်။ ယူရို ၂၀၁၆ ခြေစစ်ပွဲ အုပ်စု အဆင့်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပြီး ပထမအကျော့မှာ ၂-၁၊ ဒုတိယအကျော့ မှာတော့ ၂-၃ ရလဒ်တွေနဲ့ ဂျာမနီက အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ 


 

လောင်းကစားဆိုင်ရာ အကြံပြုချက်

⭐⭐⭐

ဂျာမနီ VS စကော့တလန်

ဇွန် ၁၅ ရက်၊ မနက် ၁:၃၀ နာရီ (GMT+ ၆:၃၀)

အချိန်ပြည့် 1X2 ဂျာမနီ @၁.၂၉ ဆ

SBOTOPရဲ့ 1X2 မှာ ဂျာမနီ နိုင်ရင် ၁.၂၉ ဆ၊ စကော့တလန် နိုင်ရင် ၉ ဆနဲ့ သရေ ဆိုရင်တော့ ၅.၃၀ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဂျာမနီက နှစ်လုံး သရေ၊ နှစ်လုံး တစ်ဝက်စား၊ တစ်လုံး အရှုံး၊ တစ်လုံး တစ်ဝက်ရှုံး ကြေးတွေ ဖွင့်ပေးထားပြီး ဂိုးပေါင်း ကလည်း ကြေးနည်းနည်း ပြင်းပါတယ်။ စကော့တလန်တို့ ယူရို ခြေစစ်ပွဲကို ဘယ်လိုပဲ ဖြတ်သန်းလာပါစေ။ လက်ရှိ ခြေစွမ်းကတော့ တော်တော်လေး စုတ်ပြတ်နေပါတယ်။ တချို့က Dark Horse ဖြစ်လာမလားလို့တောင် ခန့်မှန်းနေကြပေမယ့် စကော့တလန်က ယုံကြည်ရခက်တဲ့ အသင်းပါ။ အဖွင့်ပွဲ ဖြစ်လို့ ဂျာမနီတို့ အိမ်ရှင် ပရိသတ် ရှေ့မှောက်မှာ အမှားခံမယ် မထင်ပါဘူး။ ၂ ဂိုးပြတ်လောက်နဲ့ အနိုင်ရသွားမယ် ထင်ပါတယ်။

ခန့်မှန်းရလဒ်

ဂျာမနီ ၂-၀ စကော့တလန်

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 14-Jun-2024 at 7:36 PM





   Like     
SBOTOP
10-Jul 2025 Thursday 3:45 PM (312 days ago)            #21
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ယာအို ပက်ဒရိုရဲ့ သွင်းဂိုးတွေနဲ့ ဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့တဲ့ ချဲလ်ဆီး | ဖီဖာ ကလပ် ကမ္ဘာ့ဖလား

ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ် မှာတော့ ချဲလ်ဆီးက ဖလူမီးနန့်စ်ကို ယာအို ပက်ဒရိုရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဖလူမီးနန့်စ်ထက် ခြေစွမ်းပိုင်း အနည်းငယ် ပိုသာခဲ့ပြီး သက်တောင့်သက်သာ ကစားရင်း အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

ဖလူမီးနန့်စ်ဟာ ၃ ယောက်တန်း ခံစစ်နဲ့ ပွဲထွက်လာခဲ့ပြီးတော့ ဖေဘီယို၊ အစ်ဂ်နာစီယို၊ ဆေးလ်ဗား၊ ဆန်းတို့စ်၊ ဂူဂါ၊ ဟာကျူလီ၊ ဘာနဲလ်၊ ရီနီ၊ နိုနာတို၊ ကေနို၊ အေရီးရာ့စ် တို့ ပါဝင်ခဲ့ကြပါတယ်။ ချဲလ်ဆီး ကတော ယာအို ပက်ဒရို ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ နီတို၊ ပါးလ်မား၊ အန်ကွန်ကူ၊ အန်ဇို၊ ကိုင်စီဒို၊ ကူကာရယ်လာ၊ တိုဆင်၊ ချာလိုဘာ၊ ဂူစတို၊ ဆန်းချက်ဇ် တို့နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

ပြောရမယ် ဆိုရင် အန်ဇို မာရက်စ်ကာရဲ့ အသင်း အတွက် ဖီဖာ ကလပ် ကမ္ဘာ့ဖလားက လက်တစ်ကမ်း အကွာမှာ ရှိနေပြီ ဖြစ်ပါတယ်။
ဘရာဇီးလ် ကလပ်တွေကို တောက်လျောက် ကျော်ဖြတ်ပြီး ဗိုလ်လုပွဲ တက်လာခဲ့တဲ့ ချဲလ်ဆီး

နှစ်သင်းစလုံး ပွဲစကတည်းက ကြံခိုင်မှု အသားပေးပြီး ခပ်ကြမ်းကြမ်း ကစားခဲ့ကြပါတယ်။ ချဲလ်ဆီးဟာ တစ်သင်းလုံး လုပ်အားနှုန်း ကောင်းကောင်းနဲ့ ကစားသွားခဲ့သလို နီတိုနဲ့ အန်ကွန်ကူ တို့ရဲ့ တောင်ပံ နှစ်ဖက် ကလည်း တော်တော်လေး လှုပ်ခဲ့ပါတယ်။ တိုက်စစ် အကူအပြောင်းတွေ စနစ်တကျ ရှိခဲ့ပြီးတော့ ပထမပိုင်း ၁၈ မိနစ် မှာတင်ပဲ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဒီဂိုး ကိုတော့ အသင်းသစ် ချဲလ်ဆီးရဲ့ တိုက်စစ်မျှားဦးမှာ ပထမဦးဆုံး အကြိမ် ဦးဆောင်ခွင့်ရခဲ့တဲ့ ဖလူမီးနန့်စ် ကစားသမားဟောင်း ယာအို ပက်ဒရိုက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ယာအို ပက်ဒရိုဟာ ၁၈ ကိုက်စည်း အပြင် ကနေ လှလှပပ ကန်သွင်းခဲ့တာ ဖြစ်ပြီး ဂိုးသမား ဖေဘီယို ကာကွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အချည်းအနှီးသာ ဖြစ်ခဲ့ရပါတယ်။ ပွဲချိန် မိနစ် ၄၀ လောက်မှာ ဂိုးဧရိယာ အတွင်း ချဲလ်ဆီး ဘက်က ချာလိုဘာ လက်ထိခဲ့လို့ ဖလူမီးနန့်စ်တို့ ပင်နယ်တီ ရခဲ့ပေမယ့် VAR ပြန်ကြည့်ပြီး ပယ်ဖျက်ခံခဲ့ရလို့ နစ်နာခဲ့ပါတယ်။

အဲဒီနောက် ဒုတိယပိုင်းမှာ ဖလူမီးနန့်စ်တို့ လူစား အပြောင်းအလဲ တချို့ ပြုလုပ်ခဲ့ပြီး ပွဲကို ပြန်လည် ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ချဲလ်ဆီး ကပဲ ဂိုးထပ်ရသွားခဲ့ပါတယ်။ ဒီဂိုး ကိုလည်း ယာအို ပက်ဒရိုက အားပါပါနဲ့ပဲ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ယာအို ပက်ဒရိုက အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ပွဲစဉ်ရဲ့ MOTM ဆုလည်း ရသွားခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ ချဲလ်ဆီးက ပွဲကို ထိန်းသွားခဲ့လို့ ဖလူမီးနန့်စ်တို့ လိုအပ်နေတဲ့ ဂိုးတွေ မရခဲ့ပဲ ၀-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ချဲလ်ဆီး ကတော့ ဒီပြိုင်ပွဲမှာ ကံတရား ဖေးမမှုတွေ ရှိခဲ့သလို ခြေစွမ်းပိုင်း ကလည်း မဆိုးတာကြောင့် ဗိုလ်လုပွဲ အထိ ရောက်လာခဲ့ပါပြီ။ ပြောရမယ် ဆိုရင် အန်ဇို မာရက်စ်ကာရဲ့ အသင်း အတွက် ဖီဖာ ကလပ် ကမ္ဘာ့ဖလားက လက်တစ်ကမ်း အကွာမှာ ရှိနေပြီ ဖြစ်ပါတယ်။ တစ်ဖက်မှာ ဗိုလ်လုပွဲကို တက်လှမ်းလာမယ့် ပြိုင်ဘက်က ချဲလ်ဆီးတို့ ကျော်ဖြတ်လာတဲ့ အသင်းတွေထက် ပိုကောင်းပြီး ပိုတောင့်တင်းနေမှာ မှန်ပေမယ့် လက်ရှိ ခြေစွမ်းအရ ဆိုရင်တော့ အန်ဇို မာရက်စ်ကာ တို့ အုပ်စု အနေနဲ့ ဘာမဆို မျှော်လင့်လို့ ရနေပြီ ဖြစ်ပါတယ်။ ဖလူမီးနန့်စ် ကတော့ ဒီနှစ် ဖီဖာ ကလပ် ကမ္ဘာ့ဖလားကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရတဲ့ ဘရာဇီးလ် ကလပ် ၄ သင်းထဲမှာ အအောင်မြင်ဆုံး ဖြစ်ခဲ့ပေမယ့် Top 4 နဲ့ပဲ ကျေနပ်လိုက်ရတာလည်း ဖြစ်ပါတယ်။ 

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 10-Jul-2025 at 3:45 PM





   Like     
SBOTOP
10-Jul 2025 Thursday 3:47 PM (312 days ago)            #22
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ဂရီးလစ်ရှ်ကို ကမ်းလှမ်းထားတဲ့ ဆော်ဒီပရိုလိဂ် ကလပ် ၃ သင်း

မန်ချက်စတာစီးတီး ကွင်းလယ် တိုက်စစ် ကစားသမား ဂျက် ဂရီးလစ်ရှ် ကိုတော့ ဆော်ဒီပရိုလိဂ် ကလပ် ၃ သင်းက အပြိုင်အဆိုင် ကမ်းလှမ်းထားကြောင်း သိရပါတယ်။ ဂရီးလစ်ရှ် ကတော့ မန်စီးတီးမှာ အနာဂတ် မရှိသလောက် ဖြစ်နေပြီး ပပ် ဂွါဒီယိုလာ ကိုယ်တိုင် ကတောင် အသင်းပြောင်းဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ ဒီနွေရာသီ အပြောင်းအရွှေ့ အစောပိုင်းမှာ ဂရီးလစ်ရှ် အနေနဲ့ ပုံမှန် ပွဲထွက်ခွင့်နဲ့ ပြိုင်ပွဲဝင်လိုစိတ် ပြင်းပြမှုတွေ ပြန်လည် ရရှိဖို့ အသင်း ကနေ ထွက်ခွာသင့်ပြီ ဖြစ်ကြောင်း ပြောကြားထားခဲ့တာလည်း ဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ ဂရီးလစ်ရှ်ကို ဖီဖာ ကလပ် ကမ္ဘာ့ဖလား လူစာရင်း ကနေ ချန်လှပ်ခဲ့ပြီးတော့ အင်္ဂလန်သား အနေနဲ့ အက်စတွန်ဗီလာ မှာတုန်းကလို ဒါမှမဟုတ် ဖလား ၃ လုံး ချန်ပီယံ ဖြစ်ခဲ့စဉ်ကလို ကစားသမားမျိုး ပြန်ဖြစ်လာဖို့ အသင်းသစ် ရှာဖွေစေချင်နေတာ ဖြစ်ပါတယ်။

အသက် ၂၉ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ဂရီးလစ်ရှ်ဟာ တစ်ချိန်က ပေါင် သန်း ၁၀၀ တန် ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဖြစ်ခဲ့သူပါ။ သူဟာ မန်စီးတီးတို့ တစ်ရာသီထဲ ဖလား ၃ လုံး ချန်ပီယံ ဖြစ်ခဲ့တဲ့ ကာလမှာ အကောင်းဆုံး ခြေစွမ်းတွေ ပြသခဲ့ပေမယ့် နောက်ပိုင်း ရာသီတွေ မှာတော့ အရန်ခုံမှာသာ အချိန်ကုန်နေခဲ့ရတာ ဖြစ်ပါတယ်။ ဂရီးလစ်ရှ်ဟာ မန်စီးတီးကို ပြောင်းရွှေ့ခဲ့ပြီးနောက် ၄ ရာသီ အတွင်း ပြိုင်ပွဲစုံ ၁၅၇ ပွဲ ကစားခဲ့ပေမယ့် ပွဲကစားခွင့် မိနစ် ကတော့ နည်းပါးခဲ့ပါတယ်။

သတင်းတွေ အရ ဆိုရင်တော့ ဂရီးလစ်ရှ်ကို ဆော်ဒီပရိုလိဂ် ကလပ်တွေ ဖြစ်တဲ့ အဲလ်အာလီ၊ အဲလ်ဟီလာနဲ့ တန်းတက် ကလပ် နီယွန်မ် အက်စ်စီ တို့က ခေါ်ယူဖို့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။
မန်စီးတီးမှာ အနာဂတ် မရှိတော့တဲ့ ဂျက် ဂရီးလစ်ရှ်

ဒါနဲ့ ပတ်သတ်လို့ ဂွါဒီယိုလာက “အမှန်တရားကတော့ ပြီးခဲ့တဲ့ နှစ်ရာသီမှာ ဂရီးလစ်ရှ်က ပွဲထွက် ကစားချိန် သိပ်မရခဲ့ပါဘူး။ သူဟာ ပွဲထွက် ကစားခွင့် ပြန်ရဖို့ လိုအပ်နေပြီး ၃ ရက် ၁ ပွဲ ကစားရတဲ့ အခါ ခံစားရတဲ့ ရင်ခုန်စိတ် လှုပ်ရှားပြီး ကစားချင်စိတ် ပြင်းပြနေတဲ့ ခံစားချက်မျိုးကို ပြန်ရဖို့ လိုအပ်နေတာပါ။ အဲ့ဒီအခါကျရင် သူ့ရဲ့ အရည်အသွေးတွေကို ပြန်လည် ပြသနိုင်ပါလိမ့်မယ်။” လို့ ပြောကြားခဲ့ဖူးပါတယ်။

လက်ရှိ မှာတော့ ဂျက် ဂရီးလစ်ရှ်ကို ခေါ်ယူဖို ပရီးမီးယားလိဂ် ကလပ်တွေ အပြင် ဥရောပ ကလပ် များစွာ ကလည်း စိတ်ဝင်စားနေကြပါတယ်။ ဒါ့အပြင် ဂရီးလစ်ရှ်ရဲ့ အပြောင်းအရွှေ့ထဲကို လက်တလောမှာ ဆော်ဒီပရိုလိဂ် ကလပ်တွေလည်း ဝင်ရောက်လာပြီးတော့ သူ့ရဲ့ မြင့်မားတဲ့ လုပ်ခလစာ ကိုလည်း ပေးချေဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ ဂရီးလစ်ရှ်ကို ဆော်ဒီပရိုလိဂ် ကလပ်တွေ ဖြစ်တဲ့ အဲလ်အာလီ၊ အဲလ်ဟီလာနဲ့ တန်းတက် ကလပ် နီယွန်မ် အက်စ်စီ တို့က ခေါ်ယူဖို့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကလပ် ၃ သင်းစလုံးက ကစားသမားရဲ့ တစ်ပတ် လုပ်ခ လစာ ပေါင် ၃၀၀၀၀၀ ကိုလည်း ပေးချေဖို အသင့်ရှိနေကြောင်း သိရပါတယ်။

တစ်ဖက်မှာလည်း ပရီးမီးယားလိဂ် ကလပ်တွေက ဂရီးလစ်ရှ်ကို ခေါ်ယူချင်နေပေမယ့် ကစားသမားရဲ့ မြင့်မားတဲ့ လုပ်ခလစာကို ပေးချေလိုခြင်း မရှိကြောင်း ဗြိတိန် မီဒီယာတွေက ဖော်ပြပါတယ်။ ဒါကြောင့် မန်စီးတီးမှာ ရရှိနေတဲ့ လစာ အတိုင်း အလိုရှိနေတဲ့ ဂရီးလစ်ရှ် တစ်ယောက် ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ဖို့ ရာခိုင်နှုန်း များပြားနေကြောင်း သတင်းတွေ ထွက်နေတာလည်း ဖြစ်ပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 10-Jul-2025 at 3:47 PM





   Like     
SBOTOP
12-Jul 2025 Saturday 12:43 PM (310 days ago)            #23
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အပေါ် ယာဂန် ကလော့ပ်ရဲ့ ဝေဖန်မှုကို တုန့်ပြန်လိုက်တဲ့ အာစင်ဝင်းဂါး

အာဆင်နယ် နည်းပြဟောင်းကြီး အာစင်ဝင်းဂါး ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလားနဲ့ ပတ်သတ်ပြီး အများနဲ့ မတူတဲ့ အမြင်တချို့ကို ချပြလာခဲ့ပါတယ်။ ဖီဖာ ကလပ် ကမ္ဘာ့ဖလားကို ယာဂင် ကလော့ပ် အပါအဝင် ဘောလုံးလောက လူတချို့က ဝေဖန် ထောက်ပြနေကြချိန်မှာ ဖီဖာရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲ ဖြစ်တဲ့ ဒီပြိုင်ပွဲဟာ ဘောလုံးလောက အတွက် လိုအပ်တဲ့ ပြိုင်ပွဲ ဖြစ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

ယာဂန် ကလော့ပ်က ဖီဖာ ကလပ် ကမ္ဘာ့ဖလားကို ပြိုင်ပွဲဝင် အသင်း ၃၂ သင်း အဖြစ် တိုးမြှင့်ခဲ့တာဟာ အဆိုးရွားဆုံး စိတ်ကူးစိတ်သန်း ဖြစ်ကြောင်း ဝေဖန် ပြစ်တင်ခဲ့တာ ဖြစ်ပါတယ်။ ကလော့ပ်ဟာ ပြိုင်ပွဲတွေ များနေတဲ့ အစီအစဉ်တွေအကြားမှာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲက ကစားသမားတွေ အတွက် ဝန်ပိုပိသွားစေမှာကို မလိုလားကြောင်း၊ နောက်ရာသီမှာ အရင်က မဖြစ်ဖူးတဲ့ ဒဏ်ရာပြသနာတွေ ကြုံတွေ့ရမှာကို စိုးရိမ်ကြောင်း အဓိကထား ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဒီလို မှတ်ချက်ပေး ဝေဖန်မှုနဲ့ ပတ်သတ်ပြီး ဝင်းဂါးက ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ ပြိုင်ပွဲဝင် အသင်းတိုင်း၊ ကစားသမားတိုင်းနဲ့ နည်းပြတိုင်းရဲ့ ထောက်ခံမှု အပြည့်အဝ ရရှိခဲ့ကြောင်း တုန့်ပြန် ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အာစင်ဝင်းဂါးဟာ ပါဝင်ခဲ့တဲ့ ကလပ် အသင်းတွေ အားလုံး နောက်ထပ် တစ်ကြိမ် ပြန်လည် ယှဉ်ပြိုင်ဖို့ စိတ်အားထက်သန်ကြလိမ့်မယ်လို့လည်း ဝင်းဂါး က ဆိုခဲ့ပါသေးတယ်။ 

“လူတိုင်း ကိုယ်ပိုင် အမြင်နဲ့ မြင်ခွင့် ရှိပါတယ်။ ဒါပေမယ့် ကျွန်တော် ကတော့ ယာဂန် ကလော့ပ်ရဲ့ အမြင်ကို မထောက်ခံပါဘူး။ ကလပ် ကမ္ဘာ့ဖလားက လိုအပ်ပါတယ်။ ဒီမှာ ရှိတဲ့ ကလပ် အသင်း ၁၀၀ ရာခိုင်နှုန်းက ဒါကို ထပ်လုပ်ချင်ကြပါတယ်။ ဒါဟာ အကောင်းဆုံး အဖြေပါပဲ။ ပြီးတော့ အဆုံးအဖြတ် မေးခွန်းက ပရိသတ်တွေ သဘောကျသလား။ မကျဘူးလား ဆိုတာပါပဲ။ စီမံချက်အရ ပရိသတ် ကြည့်ရှုမှုနှုန်း နိမ့်ပါးပေမယ့် လက်တွေ့ အခြေအနေအရတော့ ကြည့်ရှုမှုနှုန်း မြင့်မားတယ်လို့ ယုံကြည်ပါတယ်။ ဒါက အဖြေပါပဲ။” လို့ အာစင်ဝင်းဂါးက ပြောကြားခဲ့သွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကတော့ ဗိုလ်လုပွဲ အဆင့်ကို ရောက်ရှိနေပြီးတော့ ဘယ်အသင်း ချန်ပီယံ ဖြစ်မလဲ ဆိုတာ အဖြေထုတ်ပေးဖို့သာ ကျန်ရှိနေပါတော့တယ်။
ဗိုလ်လုပွဲ အဆင့်ထိ ရောက်ရှိလာတဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ

လက်ရှိမှာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကတော့ ဗိုလ်လုပွဲ အဆင့်ကို ရောက်ရှိနေပြီးတော့ ဘယ်အသင်း ချန်ပီယံ ဖြစ်မလဲ ဆိုတာ အဖြေထုတ်ပေးဖို့သာ ကျန်ရှိနေပါတော့တယ်။ ဒါပေမယ့်လည်း ပြိုင်ပွဲ တစ်လျှောက်မှာ အမေရိကန်ရဲ့ ပူပြင်းတဲ့ ရာသီဥတု၊ ပါဝင် ယှဉ်ပြိုင်တဲ့ အသင်းတွေရဲ့ အဆင့်အတန်း ကွာဟမှုတွေနဲ့ တစ်ခါတစ်ရံမှာ ပရိသတ် တစ်ဝက်တောင် မရှိတဲ့ အခြေအနေတွေကြောင့် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြောင့် ဖီဖာဟာ တချို့ ပွဲစဉ်တွေမှာ ဝင်ခွင့် လက်မှတ်တွေကို သိသိသာသာ ဈေးလျှော့ပေးခဲ့တဲ့ ပါးနပ်တဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ရပါတယ်။ ဒါပေမယ့်လည်း အုပ်စု အဆင့်နဲ့ ၁၆ သင်း အဆင့် ပွဲစဉ်တွေ မှာတော့ ပရိသတ် ဦးရေ တော်တော်လေး နည်းပါးခဲ့တာက ဖီဖာရဲ့ ပွဲစီစဉ်မှု အပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်ခဲ့ရပါတယ်။

စစ်တမ်းတွေအရ ဆိုရင်တော့ ပြိုင်ပွဲရဲ့ အုပ်စု အဆင့်မှာ တစ်ပွဲကို ပရိသတ် ပျမ်းမျှ ၃၅၀၀၀ ဝန်းကျင်လာရောက် ကြည့်ရှုခဲ့တယ်လို့ သိရပြီး ဒါဟာ ရည်မှန်းချက် ကြီးမားစွာနဲ့ ကမ္ဘာ့အဆင့် ကျင်းပတဲ့ ပြိုင်ပွဲ တစ်ခု အတွက်တော့ နည်းပါးတဲ့ ပမာဏလို့ ဆိုရမှာပါ။ ပရိသတ် အများဆုံး လာရောက် ကြည့်ရှုခဲ့တဲ့ ပွဲစဉ် ကတော့ ပီအက်စ်ဂျီက ရီးရဲလ်မက်ဒရစ်ကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲဖြစ်ပြီးတော့ MetLife ကွင်း အတွင်း ပရိသတ် ဦးရေ ၇၇၅၄၂ ဦး ရှိခဲ့ကြောင်း သိရပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 12-Jul-2025 at 12:44 PM





   Like     
SBOTOP
12-Jul 2025 Saturday 12:47 PM (310 days ago)            #24
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

အိဆက်ခ်ကို ခေါ်ယူဖို့ မလွယ်ကူတာကြောင့် အစ်ကီတီကီကို ပြောင်းလဲ ပစ်မှတ်ထားဖွယ် ရှိနေတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ် ကတော့ အလက်ဇန္တား အိဆက်ခ်ကို ခေါ်ယူဖို့ မဖြစ်နိုင်တာကြောင့် ဖရန့်ဖတ် တိုက်စစ်မှူး ဟူဂို အစ်ကီတီကီကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ဒီပြင်သစ် တိုက်စစ်မှူးကို ခေါ်ယူဖို့ အတွက်လည်း နယူးကာဆယ်၊ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက် တို့နဲ့ အပြိုင်အဆိုင် ကြိုးပမ်းရဖွယ် ရှိနေပါတယ်။

အာနေး ဆလော့တ်ရဲ့ လစ်ဗာပူးလ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူမှုတွေ အတွက် ပေါင် ၂၁၅ သန်း ဝန်းကျင် အသုံးပြုထားပြီး ဖြစ်ပါတယ်။ ဒီလို ခေါ်ယူမှုတွေ ပြုလုပ်ထားသည့်တိုင်အောင် လစ်ဗာပူးလ်က အထောင် တိုက်စစ်မှူး တစ်ဦး ထပ်မံ ခေါ်ယူဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပြီး နယူးကာဆယ်က အိဆက်ခ်ကို အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားတာပါ။ ဒါပေမယ့်လည်း အိဆက်ခ်ကို ခေါ်ယူရေးက မရေမရာ ဖြစ်နေချိန်မှာ ပရီးမီးယားလိဂ် ကလပ်ဟာ အသက် ၂၃ နှစ် အရွယ် ပြင်သစ် တိုက်စစ် ကစားသမား အစ်ကီတီကီကို ပြောင်းလဲ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းပြနိုင်ခဲ့တဲ့ ပြင်သစ် လက်ရွေးစင်ကို လက်ရှိမှာ လစ်ဗာပူးလ်က အနီးကပ် စောင့်ကြည့်လျက် ရှိပြီး ဘွန်ဒက်စ်လီဂါ ကလပ် ဘက်တော့ ယူရို သန်း ၁ဝဝ (ပေါင် ၈၆ သန်း)အထိ တောင်းဆိုထားကြောင်း သိရပါတယ်။ ဖရန့်ဖတ်ဟာ အစ်ကီတီကီကို ပြီးခဲ့တဲ့ နွေရာသီကမှ ပီအက်စ်ဂျီ ကနေ ပြောင်းရွှေ့ကြေး ယူရို ၁၆.၅ သန်း (ပေါင် ၁၄.၁ သန်း) နဲ့သာ ခေါ်ယူထားခဲ့တာ ဖြစ်ပြီး ၂၀၂၉ ခုနှစ် အထိ ကာလရှည် စာချုပ်ချုပ်ဆိုထားပါတယ်။

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ရဲ့ အစ်ကီတီကီကို ခေါ်ယူရေး အတွက် ကြိုးပမ်းမှုဟာ နယူးကာဆယ်နဲ့ အိဆက်ခ်ရဲ့ အနာဂတ် အပေါ် မူတည်နေနိုင်ပါတယ်။ တခြားသော ပရီးမီးယားလိဂ် ကလပ်တွေနဲ့ အပြိုင် အစ်ကီတီကီကို ကြိုးပမ်းရဖွယ် ရှိနေတဲ့ လစ်ဗာပူးလ် ပြင်သစ် ကလပ် ရိုင်းမ်မှာ ကစားသမားဘဝ စတင်ခဲ့တဲ့ အစ်ကီတီကီက ပီအက်စ်ဂျီကို ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်း နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်တုန်းက ပီအက်စ်ဂျီမှာ ကီလီယန် အမ်ဘာပေးက ခြေစွမ်းပြနေတာကြောင့် စုစုပေါင်း ၃၃ ပွဲ သာ ပွဲထွက်ခွင့် ရခဲ့ပြီး ၂၀၂၃-၂၄ ဘောလုံး ရသီမှာတော့ ဖရန့်ဖတ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဖရန့်ဖတ်ဟာ ပြင်သစ်သားကို ကနဦး အငှားနဲ့ အရင်ဆုံး ခေါ်ယူခဲ့ပြီးမှ ခြေစွမ်း အပေါ် မူတည်ပြီး အပြီးသတ် စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အစ်ကီတီကီဟာ ပြီးခဲ့တဲ့ ရာသီက ဖရန့်ဖတ် အတွက် ၄၈ ပွဲ ကစားရာမှာ ၂၂ ဂိုး သွင်းကာ ၁၂ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ရဲ့ အစ်ကီတီကီကို ခေါ်ယူရေး အတွက် ကြိုးပမ်းမှုဟာ နယူးကာဆယ်နဲ့ အိဆက်ခ်ရဲ့ အနာဂတ် အပေါ် မူတည်နေနိုင်ပါတယ်။ ဒါပေမယ့်လည်း နယူးကာဆယ်ဟာ အိဆက်ခ်ရဲ့ တန်ကြေးကို ပေါင် သန်း ၁၂ဝ သတ်မှတ်ထားတာကြောင့် ဒီအခြေအနေက လစ်ဗာပူးလ် အတွက် အဟန့်အတား တစ်ခု ဖြစ်နေပါတယ်။ လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ်ဟာ အစ်ကီတီကီရဲ့ နည်းစနစ်ပိုင်းနဲ့ အရည်အသွေးကို သဘောကျလျက် ရှိပြီး သူ့ လက်အောက်မှာ ထိပ်တန်း တိုက်စစ်မှူး အဖြစ် တိုးတက်လာနိုင်မယ်လို့ ယုံကြည်နေပါတယ်။

လက်တလော လစ်ဗာပူးလ်မှာ ဒါဝင် နူညက်ဇ်နဲ့ လူးဝစ္စ ဒီးယက်ဇ် တို့ရဲ့ အနာဂတ် မသေချာတော့ပါဘူး။ ဒါကြောင့် ဒီကစားသမား နှစ်ဦးသာ ထွက်ခွာခဲ့ရင် ရရှိလာတဲ့ ပြောင်းရွှေ့ကြေးကို အိဆက်ခ် သို့မဟုတ် အစ်ကီတီကီကို ခေါ်ယူရာမှာ လစ်ဗာပူးလ်တို့ ပြန်လည် အသုံးချနိုင်ဖွယ် ရှိနေပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 12-Jul-2025 at 12:47 PM





   Like     
SBOTOP
15-Jul 2025 Tuesday 4:07 PM (307 days ago)            #25
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ဆုဖလားတွေ ဆွတ်ခူးဖို့ ချဲလ်ဆီးကို ရောက်ရှိလာတာပါလို့ ကြုံးဝါးလိုက်တဲ့ ယာအို ပက်ဒရို | ပရီးမီးယားလိဂ်

ယာအို ပက်ဒရို ကတော့ ဒီနွေရာသီ အပြောင်းအရွှေေ့မှာ ဘရိုက်တန် ကနေ ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီး အသင်းထံ ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဘရာဇီးလ် တိုက်စစ်မှူးက ချဲလ်ဆီးကို ရောက်ရှိလာပြီး နှစ်ပတ်တာ ကာလ အတွင်းမှာပဲ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့သလို အသင်းနဲ့ အတူ ချန်ပီယံဆုကို ဆွတ်ခူး နိုင်ခဲ့ပါတယ်။ ဒါကြောင့် အခုလို အခြေအနေကို ဂျာအို ပက်ဒရို တစ်ယောက် ကျေနပ် ပျော်ရွှင်လျက် ရှိကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

DAZN သတင်းဌာနနဲ့ အင်တာဗျူးမှာ ယာအို ပက်ဒရိုက “ဒါက ချဲလ်ဆီးပဲ။ ကျွန်တော် ဘာပြောနိုင်မှာလဲ။ ဘာပြောရမလဲ။ ဒါက ချဲလ်ဆီးပဲလေ။ ဒါကြောင့် ကျွန်တော် ဒီကို ရောက်လာတာ ဆုဖလားတွေ ရဖို့ အတွက်ပဲ။ ကျွန်တော် အရင်ကတည်းက ပြောခဲ့သလိုပါပဲ။ ဒီအောင်မြင်မှုကို ကျွန်တော် ပျော်ရွှင်ခံစားရမယ်။ ကျွန်တော် ဒီကို ရောက်လာပြီလေ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်က ကစားခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ချဲလ်ဆီးက ဥရောပ ချန်ပီယံ ပီအက်စ်ဂျီကို အနိုင်ယူပြီး ချန်ပီယံ ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့တာပါ။ ဒီပွဲမှာ ကိုးလ် ပါးလ်မားက ချဲလ်ဆီး အတွက် ၂ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ကာ ပွဲစဉ်ရဲ့ အကောင်းဆုံးနဲ့ ပြိုင်ပွဲ တစ်လျှောက် အကောင်းဆုံး ကစားသမားဆုတွေ ရရှိခဲ့ပါတယ်။ ယာအို ပက်ဒရို ကတော့ ချဲလ်ဆီးကို မပြောင်းရွှေ့ခင် အားလပ်ရက် အဖြစ် ခရီးထွက်နေခဲ့တာ ဖြစ်ပြီး လန်ဒန် ကလပ်နဲ့ ခပ်မြန်မြန် ပူးပေါင်းခဲ့ရကာ ကမ္ဘာ့ချန်ပီယံ ဖြစ်လာဖို့ နှစ်ပတ်သာ ကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီသစ်ရဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ စတင် ကစားရမှာပါ။
ချဲလ်ဆီးနဲ့ အတူ ၂ ပွဲ ကစားပြီး ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့တဲ့ ယာအို ပက်ဒရို

ယာအို ပက်ဒရိုဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကမှ ဘရိုက်တန် ကနေ ချဲလ်ဆီးကို ပေါင်သန်း ၆၀ နဲ့ တရားဝင် ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ် အရွယ် တိုက်စစ် ကစားသမားဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ ချဲလ်ဆီး ကစားသမားဘဝကို စတင်ခဲ့ပြီး သူ့ရဲ့ ပွဲဦးထွက်မှာပဲ ဖလူမီးနန့်စ် ဘက်ကို ၂ ဂိုး သွင်းကာ အနိုင်ရအောင် ကူညီပေးခဲ့ပါတယ်။ ပက်ဒရိုက ပီအက်စ်ဂျီကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ဗိုလ်လုပွဲ မှာလည်း အသင်း အတွက် ၁ ဂိုး သွင်းယူပေးနိုင်ခဲ့ပြန်ပါတယ်။ ဒါကြောင့် ယာအို ပက်ဒရို အနေနဲ့ ချဲလ်ဆီး အတွက် ပွဲစဉ် ၂ ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး ၃ ဂိုး အထိ ရရှိခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ချဲလ်ဆီး ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဒုတိယအကြိမ်မြောက် ချန်ပီယံ ဖြစ်ခဲ့တာပါ။ ချဲလ်ဆီးဟာ ယခင် ပုံစံဟောင်းနဲ့ ကျင်းပခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ချန်ပီယံ တစ်ကြိမ် ဖြစ်ခဲ့ဖူးပြီး မတူညီတဲ့ ပြိုင်ပွဲ ကျင်းပပုံ နှစ်ခုမှာ ဗိုလ်စွဲတဲ့ ပထမဦးဆုံး အသင်းလည်း ဖြစ်လာခဲ့ပါတယ်။ ပြိုင်ပွဲ တစ်လျှောက်လုံး အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ ကိုးလ် ပါးလ်မားက ရွှေဘောလုံးဆု ရရှိခဲ့ပြီး ဗိုလ်လုပွဲမှာ လက်စွမ်းပြခဲ့တဲ့ ဂိုးသမား ရောဘတ် ဆန်းချက်ဇ် ကတော့ ရွှေလက်အိတ်ဆု ဆွတ်ခူးခဲ့ကြပါတယ်။ ဒါ့အပြင် ချဲလ်ဆီးဟာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတိုင်းမှာ ချန်ပီယံဆု ရရှိဖူးတဲ့ အသင်း အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး ဆုဖလား အားလုံး မြင်ဖူးချင်ရင်တော့ စတန်းဖို့ဒ်ဘရစ်ချ်ဆီ သွားရတော့မှာပါ။

လက်ရှိ မှာတော့ အန်ဇို မာရက်စကာရဲ့ အသင်းက လာမယ့် ရာသီ ပရီးမီးယားလိဂ် ပြန်လည် မစတင်ခင်မှာ လုံလောက်တဲ့ အနားယူခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။ နားရက်တွေ ပြီးရင်တော့ ချဲလ်ဆီးက လေဗာကူဆင်၊ အေစီမီလန် တို့နဲ့ ခြေစမ်းပွဲ ၂ ပွဲ ကစားမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီသစ်ရဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ စတင် ကစားရမှာပါ။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com

This message was edited by SBOTOP on 15-Jul-2025 at 4:10 PM





   Like     
SBOTOP
15-Jul 2025 Tuesday 4:10 PM (307 days ago)            #26
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ရော်နယ်ဒိုကြောင့် အဲလ်နာဆာ နည်းပြ ရာထူးကို လက်ခံခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟလာတဲ့ ဂျော့ဂျ် ဂျီးဆပ်စ် | ဆော်ဒီပရိုလိဂ်

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ ကတော့ စတက်ဖ်နို ပီအိုလီနဲ့ လမ်းခွဲခဲ့ပြီးနောက် ဂျော့ဂျ် ဂျီးဆပ်စ်ကို နည်းပြ အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ ဂျော့ဂျ် ဂျီးဆပ်စ် ကတော့ တခြားသူ မဟုတ်ပဲ အဲလ်နာဆာရဲ့ မဟာ ပြိုင်ဘက် အဲလ်ဟီလာနဲ့ အတူ အဓိက ဆုဖလား ၅ လုံး ရယူနိုင်ခဲ့တဲ့ နည်းပြ တစ်ဦးလည်း ဖြစ်ပါတယ်။

လက်ရှိမှာ အဲလ်နာဆာရဲ့ နည်းပြသစ် ဖြစ်လာခဲ့တဲ့ ဂျော့ဂျ် ဂျီးဆပ်စ်က သူ့အနေနဲ့ ဒီအလုပ်ကို လက်ခံခဲ့ခြင်း အကြောင်းရင်းနဲ့ ပတ်သတ်လို့ ဖွင့်ဟ ပြောကြားလာခဲ့ပြီး အဓိက ကတော့ ခရစ္စတီယာနို ရော်နယ်ဒိုကြောင့် ဖြစ်ကြောင်း ပြောဆိုလာခဲ့တာပါ။ “ကျွန်တော် ဆော်ဒီအာရေဗျကို ကြိုက်ပါတယ်။ ဒီနိုင်ငံဟာ ဘောလုံး အတွက် သာမက အနာဂတ် အတွက်ပါ အရေးပါပါတယ်။ ပြန်လာရတာ အရမ်းပဲ ပျော်ရွှင်မိပါတယ်။” လို့ ဂျော့ဂျ် ဂျီးဆပ်စ်က အဲလ်နာဆာနဲ့ ပထမဦးဆုံး အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဂျီးဆပ်စ်က ရော်နယ်ဒိုရဲ့ ကမ်းလှမ်းမှုကို ငြင်းဆိုဖို့ မဖြစ်နိုင်ကြောင်း ပြောကြားသွားခဲ့ပါသေးတယ်။ “ခရစ္စတီယာနို ရော်နယ်ဒို မရှိရင် ကျွန်တော် ဒီကို ရောက်မလာဘူး ဆိုတာ သေချာပါတယ်။ ဒီစေ့ဆော်မှုက မြင့်မားပါတယ်။ အဲလ်နာဆာ အသင်းက ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ လိုအပ်နေပါသေးတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုလိုပေါ့။ သူကစားတဲ့ ကလပ် အသင်းတွေမှာ အရာရာ အောင်မြင်ခဲ့သူပါ။ ဒီမှာတော့ သူ ဘာကိုမှ လက်တွေ့ကျကျ မလုပ်ဆောင်ပြရသေးပါဘူး။ ဒါကြောင့် ကျွန်တော် သူ့ကို ကူညီနိုင်ပါလိမ့်မယ်။ ကျွန်တော် တို့က ဘာသာစကားလည်း တူတယ်။ ဒါက လွယ်ကူစေပြီး ကျွန်တော် တို့က ပေါ်တူဂီသားတွေပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

အဲလ်နာဆာက ဂျော့ဂျ် ဂျီးဆပ်စ်ကို ပြီးခဲ့တဲ့ တနင်္လာနေ့က နည်းပြ အဖြစ် တရားဝင် ခန့်အပ်ပြီး အတည်ပြု ကြေညာခဲ့တာ ဖြစ်ပါတယ်။ အသက် ၇၀ အရွယ် ရှိပြီ ဖြစ်တဲ့ ပေါ်တူဂီသား နည်းပြဟာ အဲလ်နာဆာနဲ့ ၁ နှစ်စာ ချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပြီး အောင်မြင်မှု ရယူပေးနိုင်တဲ့ အပေါ် မူတည်ပြီး စာချုပ်သက်တမ်း တိုးသွားဖွယ်တော့ ရှိပါတယ်။

ဂျော့ဂျ် ဂျီးဆပ်စ်ဟာ ဆော်ဒီပရိုလိဂ်မှာ နည်းပြ အဖြစ် တတိယအကြိမ်မြောက် လုပ်ကိုင်မှာ ဖြစ်ပြီး ယခင် နှစ်ကြိမ် ကတော့ အဲလ်ဟီလာကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီ လူမျိုး နည်းပြဟာ အဲလ်ဟီလာ အတွက် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီက ဆော်ဒီပရိုလိဂ် ဖလား တစ်ကြိမ် ရယူပေးနိုင်ခဲ့ပြီးတော့ ပြီးခဲ့တဲ့ ရာသီ ကတော့ ဒုတိယပဲ ရရှိခဲ့ပါတယ်။ တခြားသော အောင်မြင်မှုတွေ အဖြစ် အဲလ်ဟီလာနဲ့ အတူ ဆော်ဒီဘုရင်ဖလား ၁ ကြိမ်နဲ့ ဆော်ဒီစူပါဖလား ၃ ကြိမ် ရရှိခဲ့ဖူးပါတယ်။

ဂျော့ဂျ် ဂျီးဆပ်စ်ဟာ ယခင်က ပေါ်တူဂီ ထိပ်တန်း ကလပ် ၃ သင်း ဖြစ်တဲ့ ဘရာဂါ၊ ဘင်ဖီကာ၊ စပို့တင်းလစ္စဘွန်းနဲ့ ဘရာဇီးလ် ထိပ်သီး ဖလာမင်ဂို တို့ကို ကိုင်တွယ်ခဲ့ဖူးပြီး ထိုက်သင့်တဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ဂျီးဆပ်စ်ဟာ ဘင်ဖီကာနဲ့ ဖလာမင်ဂို တို့မှာတော့ သူ့ရဲ့ နည်းပြ ဘဝ အမြင့်ဆုံး အောင်မြင်မှုတွေ ပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။ အဲလ်နာဆာ ကတော့ ပြီးခဲ့တဲ့ ရာသီတွေမှာ နည်းပြတွေ အကြိမ်ကြိမ် အပြောင်းအလဲ ပြုလုပ်ခဲ့ပေမယ့် နောက်ဆုံး ၅ နှစ် အတွင်း ဆော်ဒီ စူပါဖလား တစ်ကြိမ်နဲ့ အာရပ်ကလပ်ချန်ပီယံဖလား တစ်ကြိမ်သာ ရရှိထားခဲ့ပါတယ်။ ဒါကြောင့် နည်းပြသစ် ဂျော့ဂျ် ဂျီးဆပ်စ် အနေနဲ့ ဆော်ဒီပရိုလိဂ်ရဲ့ အစဉ်အလာ ကြီးမားတဲ့ ကလပ်တွေထဲက တစ်ခု ဖြစ်တဲ့ အဲလ်နာဆာကို ဝေးကွာနေတဲ့ အောင်မြင်မှုတွေ ပြန်လည် ရယူပေးနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 15-Jul-2025 at 4:10 PM





   Like     
SBOTOP
16-Jul 2025 Wednesday 12:35 PM (306 days ago)            #27
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

စိတ်ဝင်စားဖို့ ကောင်းလာတဲ့ လစ်ဗာပူးလ်၊ နယူးကာဆယ်၊ အိဆက်ခ်၊ အစ်ကီတီကီ တို့ရဲ့ ၄ ပွင့်ဆိုင် အပြောင်းအရွှေ့ ဇာတ်လမ်း | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ် ကတော့ နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ချဉ်းကပ်နေပြီလို့ သိရပါတယ်။ ဖလော်ရီယန် ဝစ်ဇ် အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး သုံးစွဲထားပြီး ဖြစ်တဲ့ လစ်ဗာပူးလ်ဟာ ဒီနွေရာသီမှာပဲ အိဆက်ခ်ကို ခေါ်ယူလိုကြောင်း နယူးကာဆယ်ထံ တရားဝင် ဆက်သွယ်ထားခဲ့တာလည်း ဖြစ်ပါတယ်။ 

လစ်ဗာပူးလ်ဟာ တရားဝင် ကမ်းလှမ်းထားခြင်း မရှိသေးပေမယ့် အိဆက်ခ် အတွက် ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် သန်း ၁၃၀ အထိ ပေးချေဖို့ အဆင်သင့် ရှိနေကြောင်းလည်း သိရပါတယ်။ ဒါပေမယ့်လည်း နယူးကာဆယ် ကတော့ အသင်းနဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေတဲ့ အဓိက တိုက်စစ်မှူး အိဆက်ခ်ကို ရောင်းချလိုခြင်း မရှိကြောင်း အစောပိုင်း ကတည်းက ပြောကြားထားပါတယ်။ 

အိဆက်ခ်ဟာ ၂၀၂၂ ခုနှစ် နွေရာသီမှာ ရီးရဲလ် ဆိုစီဒက် ကနေ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်ကို ပေါင် ၆၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီက နယူးကာဆယ် အတွက် ပြိုင်ပွဲစုံ ၄၂ ပွဲ ကစားပြီး ၂၇ ဂိုး သွင်းယူခဲ့သူ ဖြစ်ပါတယ်။ လစ်ဗာပူးလ် ကတော့ ဒီနွေရာသီမှာ အသင်း ကနေ ထွက်ခွာဖွယ် ရှိနေတဲ့ လူးဝစ္စ ဒီးယက်ဇ်နဲ့ ဒါဝင် နူညက်ဇ် တိုရဲ့ နေရာမှာ အိဆက်ခ်နဲ့ အစားထိုးချင်နေတာ ဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ အဆင်မပြေခဲ့ရင်တော့ ဖရန့်ဖတ် တိုက်စစ်မှူး ဟူဂို အစ်ကီတီကီကို ပြောင်းလဲ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။

တစ်ခုရှိတာက ဖရန့်ဖတ် တိုက်စစ်မှူးကို နယူးကာဆယ် ကလည်း ခေါ်ယူချင်နေတာ ဖြစ်လို့ အိဆက်ခ်၊ အစ်ကီတီကီ၊ နယူးကာဆယ်နဲ့ လစ်ဗာပူးလ်တို့ အကြားမှာ ဒီအပြောင်းအရွှေ့က ဆက်စပ်မှုတွေ ရှိနေပါတယ်။ အကယ်၍ နယူးကာဆယ်သာ အစ်ကီတီကီကို ခေါ်ယူနိုင်ခဲ့မယ် ဆိုရင်တော့ အိဆက်ခ် အတွက် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ လစ်ဗာပူးလ် အနေနဲ့ ကလည်း ပေါင်သန်း ၁၀၀ ဝန်းကျင် ထပ်မံ သုံးစွဲဦးမယ် ဆိုရင်တော့ အိဆက်ခ် သို့မဟုတ် အစ်ကီတီကီ နှစ်ဦးထဲက တစ်ဦးကို ကျိန်းသေပေါက် ခေါ်ယူနိုင်တဲ့ အလားအလာ ရှိနေပါတယ်။

သေချာတာ ကတော့ နယူးကာဆယ် အနေနဲ့ အိဆက်ခ်ကို လက်မလွှတ်ပဲ အစ်ကီတီကီကို ခေါ်ယူမယ် ဆိုရင်တော့ ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနဲ့ ရေရှည် တည်တံ့မှုဆိုင်ရာ စည်းမျဉ်းတွေ (PSR) နဲ့ ညိစွန်းမှာ ဖြစ်ပါတယ်။
အစ်ကီတီကီကို ခေါ်ယူမယ် ဆိုရင် အိဆက်ခ်ကို မဖြစ်မနေ ရောင်းထုတ်ရဖွယ် ရှိနေတဲ့ နယူးကာဆယ်

အီကီတီကီ ကတော့ ပြီးခဲ့တဲ့ ရာသီက ဖရန့်ဖတ် အတွက် ပြိုင်ပွဲစုံ ၄၈ ပွဲ ကစားပြီး ၂၂ ဂိုး သွင်းကာ ၁၂ ဂိုး ဖန်တီးပေးခဲ့သလို အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် ကူညီပေးခဲ့ပါတယ်။ သူ့ကိုတော့ ဒီနွေရာသီမှာ လစ်ဗာပူးလ်၊ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် အပါအဝင် ကလပ် အသင်း များစွာက စိတ်ဝင်စားခဲ့ကြပေမယ့် နယူးကာဆယ် ကတော့ သူ့ကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပါတယ်။ နယူးကာဆယ်ဟာ ကော်လမ် ဝီလ်ဆင်နဲ့ လမ်းခွဲအပြီးမှာ တိုက်စစ်ပိုင်း အတွက် ကစားသမား တစ်ဦး ပြန်လည် ဖြည့်တင်းဖို့ လိုအပ်နေတာပါ။ ငှက်ကြားတို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ နော့တင်ဟမ်ဖောရက်စ် တောင်ပံ ကစားသမား အန်တိုနီ အီလန်ဂါကို ပေါင် ၅၅ သန်းနဲ့ ခေါ်ယူထားခဲ့ပြီးတော့ လက်ရှိမှာ အစ်ကီတီကီကို ထပ်မံ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

Sky Sports ရဲ့ ဖော်ပြချက်အရ နယူးကာဆယ်ဟာ ပြီးခဲ့တဲ့ တစ်ပတ်က ဂျာမနီမှာ အစ်ကီတီကီ အတွက် ဖရန့်ဖတ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး လက်ရှိမှာလည်း နောက်ထပ် ဆွေးနွေးမှုတွေနဲ့ အတူ အပြောင်းအရွှေ့ကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။ အသက် ၂၃ နှစ် အရွယ် အစ်ကီတီကီ ကတော့ ဖရန့်ဖတ်နဲ့ ယူရို သန်း ၁၀၀ တန် စာချုပ်ဖျက်သိမ်းကြေး ရှိနေပြီးတော့ ၂၀၂၉ ဇွန်လ အထိ စာချုပ် သက်တမ်း ကျန်ရှိနေပါတယ်။ 

ဒီလို အခြေအနေတွေကြောင့် နယူးကာဆယ်တို့ ဖရန့်ဖတ်နဲ့ ညှိနှိုင်းရာမှာ အနည်းငယ် အခက်အခဲ ရှိနိုင်ပြီးတော့ ဘယ်လိုမျိုး သဘောတူညီချက် ရရှိအောင် ကြိုးပမ်းမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သေချာတာ ကတော့ နယူးကာဆယ် အနေနဲ့ အိဆက်ခ်ကို လက်မလွှတ်ပဲ အစ်ကီတီကီကို ခေါ်ယူမယ် ဆိုရင်တော့ ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနဲ့ ရေရှည် တည်တံ့မှုဆိုင်ရာ စည်းမျဉ်းတွေ (PSR) နဲ့ ညိစွန်းမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဖြစ်သူ အက်ဒီ ဟောင်းဝ် ကတော့ တိုက်စစ်မှူး နှစ်ဦးစလုံးကို အသင်းမှာ တွဲဖက် ကစားစေချင်နေတယ်လို့ သိရပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 16-Jul-2025 at 12:35 PM





   Like     
SBOTOP
16-Jul 2025 Wednesday 12:37 PM (306 days ago)            #28
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

လာမယ့်ရာသီမှာ ဆုဖလားတွေကို စိန်ခေါ်နိုင်မယ်လို့ ယုံကြည်ထားတဲ့ ကိုးလ်ဝဲလ် | ပရီးမီးယားလိဂ်

ချဲလ်ဆီး နောက်ခံလူ လီဗီ ကိုးလ်ဝဲလ် ကတော့ အနာဂတ်မှာ ဖီဖာ ကလပ် ကမ္ဘာ့ဖလားဟာ ချန်ပီယံလိဂ်ထက် ပိုပြီး ဂုဏ်သိက္ခာ ကြီးမားလာလိမ့်မယ့်လို့ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ ဒါ့အပြင် ကိုးလ်ဝဲလ်က လာမယ့် ရာသီမှာ ချဲလ်ဆီးက ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားတွေကို စိန်ခေါ်နိုင်လိမ့်မယ် လို့လည်း ယုံကြည်ကြောင်း ပြောကြားခဲ့ပါသေးတယ်။

ချဲလ်ဆီး က‌တော့ ပြီးခဲ့တဲ့ ရက်က ကျင်းပ ပြီးစီးခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဥရောပ ချန်ပီယံ ပီအက်စ်ဂျီကို ၃-၀ ရလဒ်နဲ့ အနိုင်ယူခဲ့ပြီးတော့ ကမ္ဘာ့ ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းပါ။ ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်ပြီးနောက် ကိုးလ်ဝဲလ်ဟာ လာမယ့် ၂ဝ၂၅-၂၀၂၆ ဘောလုံးရာသီမှာ လန်ဒန် ကလပ်နဲ့ အတူ နောက်ထပ် ဆုဖလားတွေ ဆွတ်ခူးနိုင်လိမ့်မယ်လို့ ယုံကြည်နေသလို ဖီဖာ ကလပ် ကမ္ဘာ့ဖလားဟာ ချန်ပီယံလိဂ်ထက် ပိုပြီး အရေးပါလာလိမ့်မယ်လို့ သူ့ရဲ့ အမြင်ကို ထုတ်ဖော် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အင်တာဗျူး တစ်ခုမှာ ကိုးလ် ဝဲလ်က “ဒီပြိုင်ပွဲ မစခင်ကတည်းက ကျွန်တော် တို့ရဲ့ အစီအစဉ်က ဒါကို (ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ) အနိုင်ရဖို့ပဲလို့ ပြောခဲ့တော့ လူတွေက ကျွန်တော့်ကို ရူးနေသလို ကြည့်ကြပါတယ်။ ဒါကြောင့် အခု ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကို ဦးတည်သွားတော့လည်း အဲဒီအတိုင်းပဲ ကျွန်တော် ပြောပါမယ်။ ဒါက ကျွန်တော် ရဖူးသမျှ အကြီးဆုံး ဆုဖလားပါပဲ။ ကလပ် ကမ္ဘာ့ဖလားက ချန်ပီယံလိဂ်ထက် ပိုကြီးကျယ်လာလိမ့်မယ်လို ကျွန်တော် ထင်ပြီး ကျွန်တော် တို့က ပထမဆုံး အသင်း အနေနဲ့ အနိုင်ရခဲ့တာပါ။ ဒါက ပြောင်မြောက်တဲ့ နိုင်ပွဲ ဖြစ်ခဲ့ပြီး အနာဂတ်မှာ ဆုဖလားတွေ ဆက်ရနိုင်ရင် ကျွန်တော်တို့ ထိုက်တန်တဲ့ ချစ်ခြင်း မေတ္တာတွေကို လူတိုင်းက ပေးလိမ့်မယ်။ ဒါပေမဲ့ အဲဒါကို အနာဂတ်မှာပဲ ကျွန်တော်တို့ သိရပါလိမ့်မယ်။ ကျွန်တော်တို အသင့်ဖြစ်နေပြီလို ထင်ပါတယ်၊ လာမယ့် ရာသီမှာ ကြည့်ကြတာပေါ့။” လို့ ပြောသွားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရာသီက နည်းပြသစ်နဲ့ အတူ ရုန်းကန်ရနိုင်တယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့် ပရီးမီးယားလိဂ်မှာ Top 4 ဝင်ခဲ့သလို ယူရိုပါကွန့်ဖရင့်လိဂ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား တို့မှာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ Top 4 ဝင်ခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရာသီက နည်းပြသစ်နဲ့ အတူ ရုန်းကန်ရနိုင်တယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့် ပရီးမီးယားလိဂ်မှာ Top 4 ဝင်ခဲ့သလို ယူရိုပါကွန့်ဖရင့်လိဂ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား တို့မှာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ အနောက် လန်ဒန် ကလပ်ဟာ အန်ဇို မာရက်စ်ကာ လက်အောက်မှာ တစ်ပွဲထက် တစ်ပွဲ ခြေစွမ်းပိုင်း တည်ငြိမ်လာပြီးတော့ အခုဆိုရင်တော့ နောက်ရာသီ အတွက် ပြိုင်ဘက်တွေ သတိထားရမယ့် အသင်းလည်း ဖြစ်လာခဲ့ပါပြီ။

ဆက်လက်ပြီး ကိုးလ်ဝဲလ်က လာမယ့် ရာသီ ချဲလ်ဆီးရဲ့ အဓိက ဆုဖလားတွေ ပစ်မှတ်ထားမှု အပေါ် မေးမြန်းခဲ့ရာမှာတော့ “ကျွန်တော် တို့ဟာ အသင်း တစ်သင်း ဖြစ်ပြီးတော့ ဒါက ချဲလ်ဆီးရဲ့ အမှတ်အသားပါပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အတူတကွ ရပ်တည်တယ်။ ဂျွန် တယ်ရီ၊ ဖရန့်ခ် လမ်းပတ်၊ ဒီဒီယာ ဒရော့ဘာ တို့လို ကစားသမားတွေက ဒါကို စတင်ခဲ့ပြီး ဒါကို ကျွန်တော်တို့ ဆက်လက် ထိန်းသိမ်းထားပါတယ်။ သူတို့ အားလုံးက မယုံနိုင်စရာ ကစားသမားတွေ ဖြစ်ပြီး ဆုဖလား များစွာ ရခဲ့တဲ့ အကောင်းဆုံး ကစားသမားတွေပါ။ ဒါပေမယ့် ကျွန်တော်တို့ အသင်း မှာလည်း အကောင်းဆုံး ကစားသမားတွေ ရှိနေပြီး ချဲလ်ဆီး အတွက် အကြီးမားဆုံး ဆုဖလားတွေ ရယူပေးဖို့က ကျွန်တော် တို့ရဲ့ အစီအစဉ်ပါပဲ။ ကျွန်တော်တို့ သေချာပေါက် လုပ်နိုင်စွမ်း ရှိပါတယ်။ ဒါကို ကျွန်တော်တို့ ပြသခဲ့ပြီးပြီလို့ ထင်ပါတယ်။ ပီအက်စ်ဂျီက ကမ္ဘာ့အကောင်းဆုံး အသင်းပဲလို့ လူတိုင်းက ပြောခဲ့ကြပေမယ့် ကျွန်တော်တို့ ၃-၀ နဲ့ အနိုင်ရခဲ့တယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။အန်ဇို မာရက်စ်ကာရဲ့ အသင်း ကတော့ ရာသီသစ် မတိုင်ခင် လေဗာကူဆင်၊ အေစီမီလန် တို့နဲ့ ရာသီကြို ခြေစမ်းပွဲ တချို့ ကစားဖို့ စီစဉ်ထားပါတယ်။ အဲဒီနောက် ချဲလ်ဆီးက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ်ကို ဩဂုတ်လ ၁၇ ရက်နေ့မှာ လန်ဒန် မြိုခံပြိုင်ဘက် ခရစ္စတယ်လ်ပဲလေ့စ်နဲ့ စဖွင့်ရမှာလည်း ဖြစ်ပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 16-Jul-2025 at 12:37 PM





   Like     
SBOTOP
18-Jul 2025 Friday 5:02 PM (304 days ago)            #29
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

အေစီမီလန်က သာမန် အဆင့်နဲ့ ကျေနပ်ရမယ့် အသင်း မဟုတ်ဘူး ဆိုတဲ့ လူကာ မိုဒရစ် | စီးရီးအေ

အေစီမီလန် ကွင်းလယ် ကစားသမားသစ် လူကာ မိုဒရစ် ကတော့ သူ့အနေနဲ့ အသက်အရွယ်ကြီးနေပေမယ့် ဘောလုံး ကစားခြင်း ကနေ အနားမယူသေးတဲ့ အကြောင်းရင်းကို ဖွင့်ဟလာခဲ့ပါတယ်။ လူကာ မိုဒရစ်ဟာ ဒီနွေရာသီမှာ ကာလရှည်ကြာ ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲခဲ့ပြီး စီးရီးအေ ကလပ် အေစီမီလန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၉ နှစ် ကျော်ပြီ ဖြစ်တဲ့ ခရိုအေးရှား ဝါရင့်ကွင်းလယ် ကစားသမားက သူ့အနေနဲ့ ဘောလုံး ဆက်ကစားနေခြင်းဟာ ဘောလုံး အပေါ်မှာ ချစ်မြတ်နိုးမှုကြောင့် ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မိုဒရစ်ဟာ စီးရီးအေ ကလပ်နဲ့ တစ်နှစ် စာချုပ် ချုပ်ဆိုခဲ့ပြီးတော့ နောက်ထပ် တစ်နှစ် သက်တမ်း ထပ်တိုးနိုင်မယ့် သဘောတူညီချက်လည်း စာချုပ်ထဲမှာ ပါဝင်ကြောင်း သိရပါတယ်။

ဘယ်လွန်ဒေါဆုရှင်ဟောင်းဟာ ရီးရဲလ်မက်ဒရစ်မှာ ၁၃ ရာသီကြာ ကစားခဲ့ပြီးနောက် လာလီဂါ ကလပ်နဲ့ အတူ အမြင့်ဆုံး ဆုဖလား အောင်မြင်မှု များစွာ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အေစီမီလန် ကတော့ ပြီးခဲ့တဲ့ ရာသီက အဆင့် ၈ နေရာနဲ့သာ ရာသီသိမ်းနိုင်ခဲ့တာကြောင့် မိုဒရစ် အနေနဲ့ သူ့ရဲ့ အသင်းသစ်နဲ့ အတူ ဥရောပပြိုင်ပွဲ ကစားခွင့်ရမှာတော့ မဟုတ်ပါဘူး။ ဒါဟာ မိုဒရစ် အတွက် နှစ်ပေါင်း များစွာ အကြာမှ ပထမဦးဆုံး အကြိမ် အဖြစ် ဥရောပ ထိပ်တန်း ပြိုင်ပွဲတွေနဲ့ လွဲချော်ရတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မိုဒရစ် ကတော့ သူ့ အနေနဲ့ ဘာကြောင့် ဘောလုံး ဆက်လက် ကစားနေသလဲ ဆိုတာနဲ့ ပတ်သတ်လို့ မီလန် တီဗီကို အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “ကျွန်တော့် အတွက် အရေးကြီးဆုံးအရာက ချစ်မြတ်နိုးမှုပါပဲ။ ဘောလုံးနဲ့ ကစားပွဲ အပေါ် ကျွန်တော့်ရဲ့ ချစ်မြတ်နိုးမှုကြောင့် ဒီအသက်အရွယ် အထိ ဆက်ကစားနေတာပါ။ အဲဒီ ချစ်မြတ်နိုးမှုက ကျွန်တော့်ကို အလုပ်ကြိုးစားအောင်၊ အကောင်းဆုံး ပြင်ဆင်နိုင်အောင် တွန်းအားပေးနေတာပါ။ ကျွန်တော့် အနေနဲ့ ဒီအသက်အရွယ် အထိ ဘောလုံးကစားနိုင်တာ ဘောလုံးအပေါ် ချစ်မြတ်နိုးမှုကြောင့်ပဲ ဖြစ်ပါတယ်။” လို့ မိုဒရစ်က ပြောကြားသွားပါတယ်။

မိုဒရစ်ဟာ စီးရီးအေ ကလပ်နဲ့ တစ်နှစ် စာချုပ် ချုပ်ဆိုခဲ့ပြီးတော့ နောက်ထပ် တစ်နှစ် သက်တမ်း ထပ်တိုးနိုင်မယ့် သဘောတူညီချက်လည်း စာချုပ်ထဲမှာ ပါဝင်ကြောင်း သိရပါတယ်။
အေစီမီလန်ကို ငယ်ငယ်ကတည်းက အားပေးခဲ့တယ် ဆိုတဲ့ လူကာမိုဒရစ်

မိုဒရစ်ဟာ အေစီမီလန်မှာ ကျောနံပါတ် ၁၄ ကို ဝတ်ဆင်သွားမှာ ဖြစ်ပြီး အသင်းနဲ့ အတူ အောင်မြင်မှုတွေ ရယူနိုင်ဖို မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။ “မီလန်က သာမန် အဆင့်နဲ့ ကျေနပ်နေရမယ့် အသင်း မဟုတ်ပါဘူး။ ကမ္ဘာ့အကောင်းဆုံး အသင်းတွေနဲ့ ယှဉ်ပြိုင်ဖို့ အကြီးမားဆုံး ပန်းတိုင်တွေ ရှိဖို့ လိုပါတယ်။ ဒါကြောင့် ကျွန်တော် ဒီကို ရောက်လာတာပါ။ ကျွန်တော် ကြီးပြင်းလာချိန်မှာတော့ ကျွန်တော်ဟာ အီတလီလိဂ် ပြိုင်ပွဲတွေ အများကြီးကို ကြည့်ရှုခဲ့ဖူးပြီး မီလန် ကတော့ ကျွန်တော့်ရဲ့ အကြိုက်ဆုံး အသင်းပါ။ ခရိုအေးရှားမှာတုန်းက ကျွန်တော်တို့ မီလန်ကို အရမ်း အားပေးခဲ့ပါတယ်။ ဒီကလပ်က ကမ္ဘာပေါ်က ရေပန်းအစားဆုံး အသင်းတွေထဲက တစ်သင်းပါ။ နောက်ပြီး ကျွန်တော့်ရဲ့ idol ဖြစ်တဲ့ ဇီဗိုနီမီယာ ဘိုဘန်လည်း ကစားခဲ့လို့ပါ။”

“ကျွန်တော် ဥရောပမှာ ဆက်နေချင်တယ်၊ ပြိုင်ဆိုင်မှု ရှိတဲ့ ဘောလုံးကို ဆက်ကစားချင်တယ်။ ကျွန်တော် တခြား ကမ်းလှမ်းမှုတွေ ရရှိခဲ့ပေမယ့် မီလန်က ကျွန်တော့် အတွက် ပထမဦးဆုံး အခိုက်အတန့် ကနေ ရှင်းရှင်းလင်းလင်း ပေါ်လာခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

အေစီမီလန် ကတော့ ပြီးခဲ့တဲ့ရာသီက ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြ ဆာဂျီယို ကွန်စီကာအိုရဲ့ နေရာမှာ မက် အယ်လီဂရီနဲ့ ပြန်လည် ခန့်အပ်ခဲ့ပြီး လာမယ့် ရာသီမှာ အကောင်းဆုံး ပြန်လာနိုင်ဖို့ မျှော်လင့်နေတာပါ။ အယ်လီဂရီဟာ ၂၀၁၁ ခုနှစ်မှာ အေစီမီလန်နဲ့ အတူ စီးရီးအေ ချန်ပီယံဆုကို ရယူပေးခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် အီတလီသား ဂျူဗင်တပ်စ် ကို ၂၀၁၅ ကနေ ၂၀၁၉ ခုနှစ် အထိ ၅ ကြိမ် ဆက်တိုက် ချန်ပီယံဆု ရယူပေးခဲ့တဲ့ နည်းပြ တစ်ဦးလည်း ဖြစ်ပါတယ်။

နောက်ဆုံး မှာတော့ မိုဒရစ်က “ကျွန်တော် ယူဆောင်လာချင်တာက နိုင်ပွဲတွေပါ။ အသင်းဖော်တွေကို ကဏ္ဍပေါင်းစုံမှာ ကူညီပေးဖို့၊ အလုပ်ကြိုးစားဖို့နဲ့ အသင်းမှာ နေရာ ရရှိဖို့ပါပဲ။ ခင်ဗျားရဲ့ ဘဝမှာ ဘယ်အရာမှ လွယ်လွယ်နဲ့ မရဘူး။ အလုပ် လုပ်ရမယ်။ တိုက်ပွဲဝင်ရမယ်။” လို့လည်း ပြောကြားသွားခဲ့ပါသေးတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 18-Jul-2025 at 5:02 PM





   Like     
SBOTOP
18-Jul 2025 Friday 5:03 PM (304 days ago)            #30
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ဖီးလစ် ပြန်လာခြင်းက ပရိသတ်တွေ အတွက် ကောင်းမွန်တဲ့ အရာ ဖြစ်လိမ့်မယ် ဆိုတဲ့ ရူအီ ကော်စတာ | ပရီးမီးယားလိဂ်

ဘင်ဖီကာ ဥက္ကဋ္ဌ ရူအီ ကော်စတာ ကတော့ အသင်းရဲ့ တိုက်စစ် ကစားသမားဟောင်း ယာအို ဖီးလစ်ကို ပြန်လည် ခေါ်ယူလိုကြောင်း ပြောကြားလိုက်ပါတယ်။ ယာအို ဖီးလစ် ကတော့ လက်ရှိ ပရီးမီးယားလိဂ် ကလပ်မှာ ရုန်းကန်နေရပြီးတော့ အသင်းပြောင်းဖို့ စီစဉ်နေသူလည်း ဖြစ်ပါတယ်။

ဘင်ဖီကာ ဥက္ကဋ္ဌ ရူအီ ကော်စတာက “ယာအို ဖေးလစ်လို အရည်အချင်းရှိပြီး ကျော်ကြားတဲ့ ကျွန်တော် တို့ရဲ့ အကယ်ဒမီထွက် ကစားသမားကို ပြန်လည် ခေါ်ယူခွင့် ရမယ် ဆိုရင် ကျွန်တော်တို့ ပြန်ခေါ်ချင်ပါတယ်။ ဘင်ဖီကာ ပရိသတ်တွေ အားလုံး ကလည်း ယာအို ဖီးလစ် ပြန်လာမှာကို သဘောကျကြမှာပါ။ ဒါပေမယ့် ပြောင်းရွှေ့ကြေးနဲ့ လစာနှုန်းထား ကတော့ မြင့်မားနေပါတယ်။ ဒါကို ကျွန်တော်တို့ အလေးထား လုပ်ဆောင်ရမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၅ နှစ် အရွယ် ပေါ်တူဂီ တိုက်စစ် ကစားသမားဟာ ဘင်ဖီကာ အကယ်ဒမီထွက် အရည်အသွေးမြင့် ကစားသမား ဖြစ်ပါတယ်။ သူဟာ ၂၀၁၉ ခုနှစ် နွေရာသီမှာ အက်တလက်တီကိုမက်ဒရစ်ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၁၂၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူပါ။ ဒါပေမယ့်လည်း ဖီးလစ်က အက်တလက်တီကိုမက်ဒရစ်မှာ ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိပဲ ပြီးခဲ့တဲ့ ၂၀၂၄ နွေရာသီက အပိုဆုကြေးတွေ အပါအဝင် ပေါင် ၅၆.၃ သန်းနဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့ပါတယ်။

အဲဒီနောက် ယာအို ဖီးလစ်က ပရီးမီးယားလိဂ် ကလပ် မှာလည်း ခြေစွမ်းပြနိုင်ခြင်း မရှိတာကြောင့် ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အေစီမီလန်ကို ရာသီဝက် အငှားနဲ့ ထွက်ကစားခဲ့ရပါတယ်။ အေစီမီလန်က ရာသီအကုန်မှာ ဖီးလစ်ကို အပြီးသတ် ခေါ်ယူခွင့် ရှိပေမယ့် ငြင်းဆန်ခဲ့တာကြောင့် ကစားသမားက ပရီးမီးယားလိဂ်ကို ပြန်လာခဲ့ရတာ ဖြစ်ပါတယ်။ ချဲလ်ဆီး ကတော့ အသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ ယာအို ဖီးလစ်ကို အမြန် ရောင်းထုတ်ချင်နေပြီး လက်ရှိမှာ ဘင်ဖီကာနဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးနေကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် မှာပဲ ဆက်ကစားမလား၊ ဘင်ဖီကာ ပြန်မလား ဆိုတဲ့ ရွေးချယ်စရာ နှစ်ခု ရှိနေပါတယ်။” လို့ ပြောကြားခဲ့ပါသေးတယ်။
ယာအို ဖီးလစ်ကို ပြန်လည် ခေါ်ယူချင်ကြောင်း ဖွင့်ဟလာတဲ့ ဘင်ဖီကာ ဥက္ကဌ

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ယာအို ဖီးလစ်ဟာ သူ့အနေနဲ့ ချဲလ်ဆီးမှာ ဆက်နေမလား ဒါမှမဟုတ် ဘင်ဖီကာ မှာပဲ ပြန်ကစားမလား ဆိုတာ ရွေးချယ်သွားမှာ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါသေးတယ်။ ဖီးလစ်က ဘင်ဖီကာဟာ သူသဘောကျတဲ့ အသင်း ဆိုတာ တစ်ကမ္ဘာလုံးက သိကြောင်း အဲဒါက သူ့ရဲ့ အိမ်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့တာပါ။ ဒါ့အပြင် ဖီးလစ်က “ကျွန်တော် တစ်နေ့ ပြန်မှာပါ။ အခုလား နှစ်အနည်းငယ်ကြာမှလားတော့ မပြောတတ်ပါဘူး။ အခု ပြန်ရမယ် ဆိုရင်လည်း အရမ်းပဲ ပျော်ရွှင်မိမှာပါ။ ပရီးမီးယားလိဂ် မှာပဲ ဆက်ကစားမလား၊ ဘင်ဖီကာ ပြန်မလား ဆိုတဲ့ ရွေးချယ်စရာ နှစ်ခု ရှိနေပါတယ်။”လို့ ပြောကြားခဲ့ပါသေးတယ်။ ယာအို ဖီးလစ်ဟာ လစ္စဘွန်း အခြေစိုက် ကလပ် ဘင်ဖီကာ လူငယ် အကယ်ဒမီထွက် ဖြစ်ပြီး စီနီယာ အသင်းကြီး အတွက် စုစုပေါင်း ၄၂ ပွဲသာ ကစားခဲ့ရသူ ဖြစ်ပါတယ်။

သူဟာ ပေါ်တူဂီ ကလပ် အတွက် ကစားပေးခဲ့ချိန်မှာ ဂိုး ၂၀ သွင်းယူခဲ့ပြီး ၈ ဂိုး ဖန်တီးနိုင်ခဲ့တာကြောင့် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ မျက်စိကျခြင်း ခံခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက အက်တလက်တီကိုမက်ဒရစ်က ယာအို ဖီးလစ်ကို လက်ဦးမှု ရယူကာ ခေါ်ယူခဲ့ပြီး ၄ ရာသီ အတွင်း ၁၃၁ ပွဲ ကစားကာ ၃၄ ဂိုး သွင်း၊ ၁၆ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ ဖီးလစ်က နောက်ပိုင်းမှာတော့ တောက်လျောက် ခြေစွမ်းကျဆင်းသွားပြီး ဥရောပထိပ်တန်း ကလပ်တွေမှာ နေရာမရတဲ့ အထိ အခြေအနေ ဆိုးရွားသွားခဲ့တာ ဖြစ်ပါတယ်။

#BBD0E0 »

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 18-Jul-2025 at 5:04 PM





   Like     
SBOTOP
22-Jul 2025 Tuesday 3:55 PM (300 days ago)            #31
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ဂါနာချို အတွက် ဈေးလျှော့ပေးလိုက်တဲ့ မန်ချက်စတာယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အလက်ဟန်ဒရို ဂါနာချို အတွက် သူတို့ လိုချင်တဲ့ ပြောင်းရွှေ့ကြေးကို သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ လက်ရှိမှာ ကလပ် ၃ သင်းရဲ့ အပြိုင် စိတ်ဝင်စားခြင်း ခံနေရတဲ့ အာဂျင်တီးနား တောင်ပံ ကစားသမား အတွက် ယူနိုက်တက်က သူတို့ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၂၀ စျေးလျှော့ပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဂါနာချို ကတော့ ဒီနွေရာသီမှာ ယူနိုက်တက်နဲ့ လမ်းခွဲဖို့ သေချာနေတဲ့ ကစားသမားတွေထဲက တစ်ဦးပါ။ အသက် ၂၁ နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၅၈ ပွဲ ကစားရာမှာ ၁၀ ဂိုး သွင်းပြီး ၁၀ ဂိုး ဖန်တီးနိုင်ခဲ့ပေမယ့် နည်းပြ ရူဘင် အမော်ရင်ရဲ့ မျက်နှာသာပေးခြင်းတော့ မခံခဲ့ရပါဘူး။ ဂါနာချိုက ယူရိုပါလိဂ် ဗိုလ်လုပွဲ အပြီးမှာ သူ့ရဲ့ မကျေနပ်ချက်တွေကို ဖွင့်ဟခဲ့ရာ မှာတော့ နည်းပြ အမော်ရင်နဲ့ ကြားက ဆက်ဆံရေးတွေ ပိုမို တင်းမားခဲ့ရပါတယ်။ အဲဒီနောက် အမော်ရင်က ဂါနာချိုကို အသင်းမှာ အနာဂတ် မရှိတော့ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီး အသင်းသစ် ရှာဖွေဖို့ပါ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အစောပိုင်းက ဂါနာချိုရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၆၀ နဲ့ ပေါင်သန်း ၇၀ ကြား လိုချင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီကို ဆိုးရွားတဲ့ အခြေအနေတွေနဲ့ သိမ်းခဲ့ရပြီးနောက် ဂါနာချိုရဲ့ တန်ဖိုး ကလည်း ကျဆင်းသွားတာ ဖြစ်ပါတယ်။ The Telegraph ရဲ့ ဖော်ပြချက်အရ သရဲနီတွေဟာ အာဂျင်တီးနား လက်ရွေးစင် အတွက် ပေါင် သန်း ၄၀ ရရှိရင် ရောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

အခု လက်ရှိမှာတော့ ဂါနာချိုကို ပရီးမီးယားလိဂ် ကလပ် ၃ သင်း ဖြစ်တဲ့ အက်စတွန်ဗီလာ၊ ချဲလ်ဆီးနှင့် တော့တင်ဟမ်ဟော့စပါး တို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
တစ်နှစ် အတွင်းမှာ တန်ကြေး သိသိသာသာ ကျဆင်းသွားတဲ့ ဂါနာချို

အခု လက်ရှိမှာတော့ ဂါနာချိုကို ပရီးမီးယားလိဂ် ကလပ် ၃ သင်း ဖြစ်တဲ့ အက်စတွန်ဗီလာ၊ ချဲလ်ဆီးနှင့် တော့တင်ဟမ်ဟော့စပါး တို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ချဲလ်ဆီး ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဂါနာချိုကို စိတ်ဝင်စားကြောင်း ပြသခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ဂျေမီ ဂစ်တန်စ်၊ ယာအို ပက်ဒရို၊ အီစတီဗာအို ဝီလျံနဲ့ ကန်ဒရီ ပေ့ဇ် တို့ကို ခေါ်ယူလိုက်တာကြောင့် ဂါနာချို အတွက် အနည်းငယ် နောက်ဆုတ်သွားတဲ့ သဘောမျိုး မြင်တွေ့နေရပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးဟာ ဂါနာချိုရဲ့ အပြောင်းအရွှေ့ထဲကနေ ထွက်ခွာသွားခြင်း မရှိသေးပဲ အက်စတွန်ဗီလာ သို့မဟုတ် စပါး တို့နဲ့ အပြိုင် ကြိုးပမ်းဖွယ်လည်း ရှိနေပါသေးတယ်။ လောလောဆယ်တော့ ချဲလ်ဆီးက လိုက်ပ်ဇစ်က ဇာဗီ ဆိုင်မွန်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်နေပါတယ်။

ဒါ့အပြင် ဂါနာချိုကို စီးရီးအေ ချန်ပီယံ နာပိုလီ အပါအဝင် တခြားသော ပြည်ပ ကလပ် အများစုက ချိတ်ဆက်မှုတွေ ပြုလုပ်ထားပါသေးတယ်။ ဒါပေမယ့်လည်း ကစားသမား ကိုယ်တိုင် ကတော့ လာမယ့် ရာသီ ပရီးမီးယားလိဂ် မှာပဲ ဆက်လက် ကစားလိုတာကြောင့် ဖြစ်နိုင်ခြေ နည်းတဲ့ အပြောင်းအရွှေ့ လမ်းကြောင်းတွေ အဖြစ် သတ်မှတ်လို့ ရပါတယ်။ မန်ချက်စတာယူနိုက်တက် ကတော့ ဂါနာချို အတွက် ကမ်းလှမ်းမှုတွေကို ချိန်ဆနေပြီး ကစားသမားဟာ လိဒ်စ်ယူနိုက်တက်နဲ့ ပထမဆုံး ရာသီကြို ခြေစမ်းပွဲမှာလည်း ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် ဂါနာချိုနဲ့ အတူ ဘာစီလိုနာနဲ့ Here We Go ထားတဲ့ ရက်ရှ်ဖို့ဒ်၊ ဂျေဒန် ဆန်ချို၊ အန်တိုနီနဲ့ တိုရဲလ် မလာစီယာ တို့လည်း ယူနိုက်တက်ရဲ့ ရာသီကြို ခြေစမ်းပွဲတွေကို လွဲချော်ထားပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 22-Jul-2025 at 3:55 PM





   Like     
SBOTOP
22-Jul 2025 Tuesday 3:57 PM (300 days ago)            #32
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ယူနိုက်တက် ဂျာဆီကို ဝတ်ဆင်ရင်း ကြီးပြင်းလာတာပါ ဆိုတဲ့ ဘရိုင်ယန် အမ်ဘူမို | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် ကတော့ ဘရိုင်ယန် အမ်ဘူမိုကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ဒီကနေ့ မနက်အစောပိုင်းမှာပဲ အတည်ပြု ကြေညာသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ကင်မရွန်း တောင်ပံကစားသမားကို ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်း+ အပိုဆုကြေး ပေါင် ၆ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ၂၀၃၀ ခုနှစ် အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒါ့အပြင် စာချုပ်ထဲမှာ နောက်ထပ် တစ်နှစ် သက်တမ်းတိုးနိုင်မယ့် သဘောတူညီမှုလည်း ပါဝင်တယ်လို သိရပါတယ်။

ယူနိုက်တက် ကစားသမားသစ် ဖြစ်လာခဲ့တဲ့ ဘရိုင်ယန် အမ်ဘူမို ကတော့ သူ့ရဲ့ အိပ်မက် အသင်းကို ပြောင်းရွှေ့လာနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ “မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့နိုင်တဲ့ အခွင့်အရေး ရလာချင်းပဲ ကျွန်တော်ရဲ့ အိပ်မက် ကလပ် အတွက် လက်မှတ်ထိုးခွင့် ရမယ့် အခွင့်အရေးကို အရယူနိုင်ခဲ့ပါတယ်။ ကျွန်တော်က ဒီအသင်း ဂျာစီကို ဝတ်ဆင်ရင်း ကြီးပြင်းလာတာပါ။” လို့ အမ်ဘူမိုက ပြောခဲ့ပါတယ်။

အမ်ဘူမို ကတော့ မားသီးယက်စ် ကူညာနဲ့ ဒီယေဂို လီယွန်တို့ ရောက်ရှိလာပြီးနောက် ဒီနွေရာသီမှာ နည်းပြ ရူဘင် အမော်ရင်ရဲ့ တတိယမြောက် ခေါ်ယူမှုလည်း ဖြစ်ပါတယ်။ ကင်မရွန်း လက်ရွေးစင် အတွက် ယူနိုက်တက်က ပထမဦးဆုံး ကမ်းလှမ်းမှု အပြီး ၇ ပတ် အကြာမှာ အပြောင်းအရွှေ့ကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်ဟာ ကနဦး ပေါင် ၆၅ သန်း+ အပိုဆုကြေး ပေါင် ၆ သန်းနဲ့ ယူနိုက်တက်ရဲ့ တတိယအကြိမ်မြောက် ကမ်းလှမ်းမှုကို ပြီးခဲ့တဲ့ တစ်ပတ်က လက်ခံခဲ့တာ ဖြစ်ပါတယ်။ 

“ပရီးမီးယားလိဂ်မှာ ဘရိုင်ယန်ရဲ့ သွင်းဂိုးနဲ့ ဖန်တီးမှု မှတ်တမ်းက ထူးခြားပါတယ်။
အမ်ဘူမိုကို ၃ ကြိမ်မြောက် ကမ်းလှမ်းပြီးမှ ခေါ်ယူနိုင်ခဲ့တဲ့ ယူနိုက်တက်

ဆက်လက်ပြီး အမ်ဘူမိုက “ကျွန်တော့်ရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာက အမြဲတမ်း မနေ့ကထက် ပိုကောင်းနေဖို့ပါပဲ။ ကျွန်တော်က ဒီနေရာမှာ နောက်တစ်ဆင့်ကို တက်လှမ်းဖို့ စိတ်ဓာတ် ခွန်အားနဲ့ စရိုက် လက္ခဏာတွေ ရှိနေသူပါ။ ရူဘင် အမော်ရင် ဆီကနေ သင်ယူပြီး ကမ္ဘာ့အဆင့်မီ ကစားသမားတွေနဲ့ တွဲကစားရမယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒီမှာ ဖန်တီးနေတဲ့ ပတ်ဝန်းကျင် အကြောင်းနဲ့ အနာဂတ် အတွက် ဘယ်လောက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အစီအစဉ်တွေ ရှိတယ် ဆိုတာ လူတိုင်းက ကျွန်တော့်ကို ပြောပြကြတယ်။ ဒါက မယုံနိုင်စရာ အားကစားကွင်းကြီးနဲ့ အံ့သြစရာကောင်းတဲ့ ပရိသတ်တွေနဲ့ ကြီးမားတဲ့ ကလပ်အသင်းပါ။ အကြီးမားဆုံး ဆုဖလားတွေကို စိန်ခေါ်ဖို့ တကယ်ကို စိတ်ပိုင်းဖြတ်ထားပါတယ်။”

အမ်ဘူမိုက ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်မှာ ၄၂ ပွဲ ကစားပြီး ဂိုး ၂၀ သွင်းကာ ၈ ဂိုးဖန်တီးပြီး ခြေစွမ်းပြခဲ့ပါတယ်။ ဒါကြောင့်ပဲ ယူနိုက်တက်၊ စပါးနဲ့ တခြားသော ထိပ်တန်း ကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပြီး အမ်ဘူမို ကိုယ်တိုင်က ယူနိုက်တက် ကိုပဲ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အမ်ဘူမိုကို ခေါ်ယူနိုင်ခဲ့ခြင်းနဲ့ ပတ်သတ်လို့ ယူနိုက်တက်ရဲ့ ဘောလုံး ဒါရိုက်တန် ဂျေဆန် ဝီလ်ကော့စ်က အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ပရီးမီးယားလိဂ်မှာ ဘရိုင်ယန်ရဲ့ သွင်းဂိုးနဲ့ ဖန်တီးမှု မှတ်တမ်းက ထူးခြားပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ လိုက်လျောညီထွေရှိမှုက သူ့ကို အင်္ဂလန်မှာ နောက်ဆုံး (၃) ရာသီအတွင်း အအောင်မြင်ဆုံး ကစားသမားတွေထဲ ရောက်သွားစေခဲ့ပါတယ်။ ကျွန်တော် တို့ရဲ့ ပရောဂျက်နဲ့ ကလပ်မှာ ပါဝင်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ ဘရိုင်ယန်ရဲ့ ယုံကြည်ချက်က သူဟာ မန်ချက်စတာယူနိုက်တက် အတွက် ပြီးပြည့်စုံတဲ့ အံဝင်ခွင်ကျမှု ဖြစ်တယ် ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။” လို့ ဂျေဆန် ဝီလ်ကော့စ်က ပြောပါတယ်။

တစ်ဖက်မှာလည်း အမ်ဘူမိုရဲ့ အပြောင်းအရွှေ့ ကနေ ရတဲ့ ငွေကြေးဟာ ဘရန့်ဖို့ဒ် အသင်း သမိုင်းတစ်လျှောက် အမြင့်ဆုံးလည်း ဖြစ်ခဲ့ပါတယ်။ အမ်ဘူမို မတိုင်ခင် မှာတော့ ဘရန့်ဖို့ဒ်ဟာ အိုင်ဗန် တိုနေးကို အဲလ်အာလီဆီ ရောင်းချပြီး ပေါင် သန်း ၄၀ အဖြစ် အမြင့်ဆုံး ရရှိထားခဲ့တာ ဖြစ်ပါတယ်။ 

အမ်ဘူမိုဟာ မန်ချက်စတာယူနိုက်တက်မှာ ကျောနံပါတ် ၁၉ ကို ဝတ်ဆင် ကစားမှာ ဖြစ်ပြီး ယူနိုက်တက်ရဲ့ ရာသီကြို ခြေစမ်း ခရီးစဉ် အတွက် သရဲနီတွေရဲ့ လူစာရင်းမှာ ပါဝင်လာဖို့ ရှိနေပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com

This message was edited by SBOTOP on 22-Jul-2025 at 4:22 PM





   Like     
SBOTOP
24-Jul 2025 Thursday 1:33 PM (298 days ago)            #33
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ဆက်စ်ကို ကို ခေါ်ယူဖို့ ကြိုးပမ်းမယ့် မန်ချက်စတာယူနိုက်တက်၊ ခီယေဇာကို ချဉ်းကပ်လာတဲ့ နာပိုလီ | ပရီးမီးယားလိဂ်

ဇူလိုင်လ ၂၃ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း Football Insider က ဖော်ပြခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ ကစားသမားရဲ့ စာချုပ်လျော်ကြေး ပေါင် သန်း ၇၀ ကို ပေးချေဖို့ မကြာခင် ကမ်းလှမ်းမှု ပြုလုပ်သွားမယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း ရက်စ်မက်စ် ဟွိုက်ဂျ်လန်း ထွက်ခွာသွားခြင်း အားဖြင့် ယူနိုက်တက် အနေနဲ့ အသင်း အတွက် နေရာလွတ်ကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ Corriere dello Sport ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ ဒိန်းမတ် တိုက်စစ်မှူးကို ကနဦး အငှား+အပြီးသတ် ဝယ်ယူခွင့်နဲ့ လက်လွှတ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဟွိုက်ဂျ်လန်း ကိုတော့ အတ္တလန္တာနဲ့ လာဇီယို တို့က စိတ်ဝင်စားနေပါတယ်။

ဘေယန်မြူးနစ် ကတော့ ချဲလ်ဆီး တိုက်စစ်မှူး ခရစ်စတိုဖာ အန်ကွန်ကူကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း TEAMtalk က ဖော်ပြခဲ့သည်။ မန်ချက်စတာယူနိုက်တက် ကတော့ အန်ကွန်ကူကို အလက်ဟန်ဒရို ဂါနာချိုနဲ့ အလဲအလှယ် လုပ်ဖို့ စိတ်ဝင်စားနေပြီးတော့ ချဲလ်ဆီး ကတော့ တိုက်ရိုက် ရောင်းချနိုင်မယ့် အသင်း ကိုသာ ရှာဖွေနေပါတယ်။

အလက်ဇန္တား အိဆက်ခ် ကတော့ ဒီနွေရာသီမှာ စာချုပ်သစ်ချုပ်မယ် ဆိုရင် စံချိန်တင် လုပ်ခလစာ ပေါင် ၃၀၀၀၀၀ ပေးချေဖို့ နယူးကာဆယ်ကို တောင်းဆိုလိုက်ကြောင်း TalkSPORT ရဲ့ ဖော်ပြချက်အရ သိရသည်။ လက်ရှိမှာ အဲလ်ဟီလာနဲ့ လစ်ဗာပူးလ် တို့က ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူးကို စိတ်ဝင်စားနေကြပါတယ်။

တစ်ဖက် မှာလည်း ပရီးမီးယားလိဂ် ကလပ် မန်စီးတီး တောင်ပံကစားသမား ဂျက် ဂရီးလစ်ရှ်က စီးရီးအေ ကလပ် အတွက် ပစ်မှတ်လည်း ဖြစ်နေပါတယ်။
ခီယေဇာနဲ့ ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ နာပိုလီ

နာပိုလီ အနေနဲ့ ဒါဝင် နူနက်ဇ် ကို စိတ်ဝင်စားမှု အဆုံးသတ်ပြီးနောက် လစ်ဗာပူးလ် ကစားသမားပဲ ဖြစ်တဲ့ ဖက်ဒရစ်ကို ခီယေဇာကို ခေါ်ယူဖို့ စဉ်းစားလာကြောင်း La Gazzetta dello Sport က ဖော်ပြပါတယ်။ တစ်ဖက် မှာလည်း ပရီးမီးယားလိဂ် ကလပ် မန်စီးတီး တောင်ပံကစားသမား ဂျက် ဂရီးလစ်ရှ်က စီးရီးအေ ကလပ် အတွက် ပစ်မှတ်လည်း ဖြစ်နေပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ ဘုန်းမောက် ဗဟိုနောက်ခံလူ အီလီယာ ဇဘာညီကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း Football Insider က ဖော်ပြပါတယ်။ အကယ်၍ စပါးသာ ဒီကစားသမားကို ခေါ်ယူချင်ရင်တော့ ပေါင် သန်း ၆၀ ဝန်းကျင်နဲ့ ကမ်းလှမ်းဖို့တော့ လိုအပ်ပါတယ်။

ချဲလ်ဆီး ကတော့ အက်စတွန်ဗီလာ ကွင်းလယ် ကစားသမား မော်ဂန် ရော်ဂျာစ်ကို အလဲထပ်နဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း CaughtOffside က ဖော်ပြပါတယ်။ ချဲလ်ဆီးက အင်္ဂလန် ကြယ်ပွင့်ကို ခေါ်ယူဖို့ ဘာဒီယာရှီးလ်၊ ထရီဗော့ ချာလိုဘာ၊ တိုဆင် အဒါရာဘိုင်အိုယို တို့ထဲက တစ်ဦးဦးကို အလိုက်ပေးဖို့ ရှိနေတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ အသက် ၁၈ နှစ် အရွယ် မော်တာ လက်ဘလင် ဗဟိုခံစစ် ကစားသမား ဘရိုက် အက်ဒီကို ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ အပြိုင် အပြောင်းအရွှေ့ထဲကို ရောက်ရှိလာပြီ ဖြစ်ကြောင်း onet က ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီး ကတော့ ဒီကစားသမားလေးရဲ့ အပြောင်းအရွှေ့ကို ဦးဆောင်နေပြီး ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်မီ ကတည်းက သဘောတူညီမှု ရရှိဖို့ နီးစပ်နေခဲ့တာ ဖြစ်ပါတယ်။

ကလပ် ဘရုဂေး ကွင်းလယ် ကစားသမား ရာဖေးလ် အွန်ရီဒီကာ ကတော့ ဝက်စ်ဟမ်းရဲ့ ချဉ်းကပ်မှုကို အလျင်စလို လက်ခံသွားမှာ မဟုတ်ကြောင်း Africafoot က ဖော်ပြပါတယ်။ အသက် ၂၄ နှစ် အရွယ် ကစားသမား ကတော့ ဒီနွေရာသီမှာ ကလပ် ဘရုဂေးနဲ့ စာချုပ်သစ်ချုပ်ဆိုဖွယ် ရှိနေပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 24-Jul-2025 at 1:33 PM





   Like     
SBOTOP
24-Jul 2025 Thursday 1:34 PM (298 days ago)            #34
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတဲ့ ဇာဗီ ဆိုင်မွန်စ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ ဒီနွေရာသီမှာ အားရစရာ ကောင်းတဲ့ အင်အားဖြည့်တင်းမှုတွေ ပြလုပ်ထားတဲ့ အသင်းပါ။ ဒါပေမယ့်လည်း ကမ္ဘာ့ချန်ပီယံတွေ ကတော့ အပြောင်းအရွှေ့ ဈေးကွက်ထဲ ကနေ မထွက်ခွာသေးပဲ အခုလည်း လိုက်ပ်ဇစ်က နယ်သာလန် ကြယ်ပွင့် ဇာဗီ ဆိုင်မွန်စ်ကို ခေါ်ယူဖို့ ကြိုးစားနေခဲ့ပြန်ပါတယ်။

ဒါ့အပြင် ကစားသမား ကိုယ်တိုင် ကလည်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ ကစားဖို့ စိတ်အားထက်သန်နေသလို ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့လည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဒါကြောင့် ချဲလ်ဆီး အနေနဲ့ ဇာဗီ ဆိုင်မွန်စ်ကို ခေါ်ယူဖို့ တခြားသော ပြိုင်ဘက် ကလပ်တွေထက် အခြေအနေကောင်းနေပြီး မကြာခင်မှာ တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်လာဖို့လည်း ရှိနေပါတယ်။

ချဲလ်ဆီးဟာ ဒီနွေရာသီမှာ လီယမ် ဒီလက်ပ်၊ ဂျာအို ပက်ဒရို၊ အက်စတီဗာအိုနဲ့ ဂျေမီ ဂစ်တန်စ် တို့ကို ခေါ်ယူထားနိုင်တဲ့ ချဲလ်ဆီးဟာ ဒီလူစာရင်း အရ ဆိုရင်တော့ တော်တော်လေး တောင့်တင်းနေပြီလို့ ပြောလို့ ရပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ အာဆင်နယ်၊ လစ်ဗာပူးလ်၊ မန်စီးတီး တို့နဲ့ အပြိုင် အသင်းကို တည်ဆောက်နေပြီး လာမယ့် ရာသီ အောင်မြင်မှုတွေ ရရှိဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။ အကယ်၍ အန်ဇို မာရက်စ်ကာရဲ့ အသင်းသာ နယ်သာလန် ကြယ်ပွင့် ဇာဗီ ဆိုင်မွန်စ်ကို ခေါ်ယူနိုင်ခဲ့မယ် ဆိုရင်တော့ ပြိုင်ဘက်တွေထက် ခေါင်းတစ်လုံး အနည်းငယ် သာသွားနိုင်မှာလည်း ဖြစ်ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်မှာ အာဆင်နယ်၊ လစ်ဗာပူးလ်၊ မန်စီးတီး တို့နဲ့ အပြိုင် အသင်းကို တည်ဆောက်နေပြီး လာမယ့် ရာသီ အောင်မြင်မှုတွေ ရရှိဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။
ဒီနွေရာသီမှာ လုံလောက်တဲ့ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်ထားပြီး ဖြစ်တဲ့ ချဲလ်ဆီး

ဒါ့အပြင် ချဲလ်ဆီးက မန်ချက်စတာယူနိုက်တက်က အလက်ဟန်ဒရို ဂါနာချိုနဲ့ အက်စတွန်ဗီလာက မော်ဂန် ရော်ဂျာစ် တို့ကိုလည်း ခေါ်ယူချင်နေသေးကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း အသက် ၂၂ နှစ် အရွယ် နယ်သာလန် ကွင်းလယ် တိုက်စစ်နဲ့ တောင်ပံ ကစားသမား ဇာဗီ ဆိုင်မွန်စ်က အဓိက ပစ်မှတ် ဖြစ်နေပါတယ်။ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက် အရတော့ ချဲလ်ဆီးက ဇာဗီ ဆိုင်မွန်စ်နဲ့ ပုဂိုလ်ရေးအရ သဘောတူညီချက် ရရှိရေး ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်နေပြီး ကစားသမား ကိုယ်တိုင် ကလည်း ဒီအပြောင်းအရွှေ့ အပေါ် အပြည့်အဝ စိတ်အားထက်သန်လျက် ရှိနေကြောင်း သိရပါတယ်။ ချဲလ်ဆီး အနေနဲ့ ကစားသမားနဲ့ သဘောတူညီမှု ရရှိတာနဲ့ ကလပ် နှစ်ခု အကြား သဘောတူညီမှု ရအောင် ခပ်မြန်မြန် လှုပ်ရှားသွားဖို့ ရှိနေပါတယ်။

တစ်ဖက်မှာလည်း လိုက်ပ်ဇစ်ဟာ လာမယ့်ရာသီ ဥရောပ ပြိုင်ပွဲ ဝင်ခွင့် မရရှိထားတာကြောင့် အသင်းရဲ့ အဓိက ကစားသမားတွေကို လက်လွှတ်ရဖို့ ရှိနေတာပါ။ ဂျာမန် ကလပ်ဟာ တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုကို ရောင်းထုတ်ဖို့ စီစဉ်ထားသလို အကယ်၍ ဇာဗီ ဆိုင်မွန်စ် အတွက် သူတို့ လိုချင်တဲ့ ပြောင်းရွှေ့ကြေး ရရှိရင် ချက်ချင်း ရောင်းထုတ်ဖို့ ရှိနေပါတယ်။ ဒါ့အပြင် ချဲလ်ဆီးက ကစားသမားကို သူတို့ လိုချင်ပြီ ဆိုရင် အသေးအဖွဲ ညှိနှိုင်းမှုတွေကို သိပ်ပြီး မကြည့်တတ်တာကြောင့် ဆိုင်မွန်စ်ရဲ့ အပြောင်းအရွှေ့က မြန်ဆန်ဦးမှာပါ။ ဇာဗီ ဆိုင်မွန်စ် ကတော့ ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီးတော့ ပီအက်စ်ဗွီနဲ့ ပီအက်စ်ဂျီ တို့မှာ ကစားခဲ့ဖူးသလို လိုက်ပ်ဇစ် အရေးပါတဲ့ အဓိက ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ဇာဗီ ဆိုင်မွန်စ် ကတော့ လိုက်ပ်ဇစ် အတွက် ၇၆ ပွဲ ကစားပြီး ၂၁ ဂိုး သွင်းယူထားပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 24-Jul-2025 at 1:35 PM





   Like     
SBOTOP
25-Jul 2025 Friday 3:31 PM (297 days ago)            #35
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ဘေယန်မြူးနစ် ကွင်းလယ်လူ ပါလ်ဟင်ဟာကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ တော့တင်ဟမ်ဟော့စပါး | ပရီးမီးယားလိဂ်

တော့တင်ဟမ်ဟော့စပါး ကတော့ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ အတွက် ဘေယန်မြူးနစ်က ယာအို ပါလ်ဟင်ဟာကို ခေါ်ယူဖို့ စီစဥ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ပရီးမီးယားလိဂ် ကလပ် စပါးဟာ ဒီနွေရာသီမှာ ကစားသမား တစ်ဦးသာ ခေါ်ယူထားရသေးပြီး အပြောင်းအရွှေ့ လုပ်ဆောင်မှုတွေမှာ အနည်းငယ် လက်နှေးနေတဲ့ အသင်း ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ ပြီးခဲ့တဲ့ ရာသီက တန်းဆင်းဇုန်ရဲ့ အထက် အဆင့် ၁၇ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ တော်တော်လေး အခြေအနေ ဆိုးရွားခဲ့တာပါ။ ဒါပေမယ့်လည်း ယူရိုပါလိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ စပါးက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိပြီး အသင်းကို ရာသီသစ် အတွက် မဖြစ်မနေ ပြင်ဆင် အားဖြည့်မှုတွေ ပြုလုပ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ သောမက်စ် ဖရန့်ခ်ရဲ့ အသင်းက ဒီလ အစောပိုင်းမှာ ဝက်စ်ဟမ်းက မိုဟာမက် ကူဒု့စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းနဲ့ တရားဝင် ခေါ်ယူခဲ့ပြီး ၆ နှစ် သက်တမ်း ရှိတဲ့ နှစ်ရှည် စာချုပ်ချုပ်ဆိုထားပါတယ်။

ဒါကြောင့် ပါလ်ဟင်ဟာက ဒီနွေရာသီမှာ အသင်း ကနေ ထွက်ခွာဖို့ စီစဥ်နေပြီးတော့ ပရီးမီးယားလိဂ် ထိပ်သီး စပါး ကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ဘေယန်မြူးနစ်မှာ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ ပါလ်ဟင်ဟာ

အဲဒီနောက် စပါးက နော့တင်ဟမ်ဖောရက်စ် ကွင်းလယ် တိုက်စစ် ကစားသမား မော်ဂန် ဂစ်ဘ်-ဝှိုက် ကိုပါ သတ်မှတ်ထားတဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၆၀ နဲ့ ခေါ်ယူဖို့ ထပ်မံ သဘောတူညီမှု ရရှိခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရက်ပိုင်း အကြာမှာတော့ ဂစ်ဘ်ဝှိုက်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဖောရက်စ်နဲ့ စပါးကို တရားစွဲဆိုဖို့ စဉ်းစားခဲ့ပါတယ်။

အကြောင်းရင်း ကတော့ နော့တင်ဟမ်ဖောရက်စ်က စပါးရဲ့ ဂစ်ဘ်-ဝှိုက်ကို စာချုပ်လျော်ကြေး ပေါင် သန်း ၆၀ ပေးပြီး ခေါ်ယူတာဟာ စည်းမျဉ်း ချိုးဖောက်တာပဲလို ယုံကြည်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ဂစ်ဘ်-ဝှိုက်ဟာ စပါးနဲ့ ဆေးစစ်မှု ခံယူခဲ့ကြောင်းလည်း ဗြိတိန် သတင်းတွေက ဖော်ပြခဲ့ပါသေးတယ်။ စပါးဟာ ဖောရက်စ်ရဲ့ ခွင့်ပြုချက်မပါပဲ ဂစ်ဘ်-ဝှိုက်နဲ့ ဆွေးနွေးခဲ့တယ်လို သိရပါတယ်။ ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းအရ ဆိုရင် စာချုပ်သက်တမ်း ရှိနေတဲ့ ကစားသမား တစ်ဦးဟာ မိခင် ကလပ်ရဲ့ ခွင့်ပြုချက် မပါပဲ တခြား အသင်းနဲ့ ဆွေးနွေးခွင့် မရှိကြောင်း သိရပါတယ်။

လက်ရှိမှာတော့ စပါးက ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိတဲ့ အသက် ၃၀ အရွယ် ပေါ်တူဂီ ကွင်းလယ် ကစားသမား ယာအို ပါလ်ဟင်ဟာကို ခေါ်ယူဖို့ စဉ်းစားလာခဲ့ပြီ ဖြစ်ပါတယ်။ ပါလ်ဟင်ဟာ က‌တော့ ဘေယန်မြူးနစ်မှာ ပုံမှန် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး ပြိုင်ပွဲစုံမှာ ၂၅ ပွဲသာ ကစားခွင့်ရထားခဲ့ပါတယ်။ ဒါကြောင့် ပါလ်ဟင်ဟာက ဒီနွေရာသီမှာ အသင်း ကနေ ထွက်ခွာဖို့ စီစဥ်နေပြီးတော့ ပရီးမီးယားလိဂ် ထိပ်သီး စပါး ကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ပါလ်ဟင်ဟာ ကတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နွေရာသီကမှ ဖူလ်ဟမ် ကနေ ဘေယန်မြူးနစ်ကို ယူရို သန်း ၅၀ နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ဘေယန်မြူးနစ်က ပါလ်ဟင်ဟာကို အသင်းမှာ နေရာ မပေးနိုင်တာကြောင့် ဒီနွေရာသီမှာပဲ ယူရို သန်း ၃၀ နဲ့ ပြန်လည် ရောင်းထုတ်ဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။ စပါး ကတော့ ပါလ်ဟင်ဟာကို ခေါ်ယူဖို့ အတွက် ကစားသမားရဲ့ အေးဂျင့်နဲ့ ဆွေးနွေးနေပြီး လာမယ့် ရက်ပိုင်း အတွင်း တရားဝင် ကမ်းလှမ်းဖွယ် ရှိနေကြောင်း သိရပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 25-Jul-2025 at 3:31 PM





   Like     
SBOTOP
25-Jul 2025 Friday 3:32 PM (297 days ago)            #36
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

မော့စ်ကီရာနဲ့ ခံစစ် အင်အားကို မြှင့်တင်နိုင်ခဲ့တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် ကတော့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ မတိုင်ခင် ခံစစ်ပိုင်း အတွက် ခရစ္စသီယန် မော့စ်ကီရာကို ခေါ်ယူပြီး အင်အား ဖြည့်တင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကစားသမား အတွက် အာဆင်နယ်က ဗလင်စီယာကို ပြောင်းရွှေ့ကြေး ပေါင် ၁၃ သန်း (ယူရို ၁၅ သန်း) သာ ပေးချေခဲ့ရပြီးတော့ မြောက်လန်ဒန် ကလပ်နဲ့ ၁၂ လ သက်တမ်းတိုးခွင့်ပါရှိတဲ့ ၅ နှစ် စာချုပ်ချုပ်ခဲ့ကြောင်း သိရပါတယ်။

အသက် ၂၁ နှစ် အရွယ် စပိန် ကစားသမားဟာ မာတင် ဇူဘီမန်ဒီ၊ ကီပါ အရစ်ဇာဘာလာဂါ၊ ခရစ်ရှန် နောဂတ်နဲ့ နိုနီ မာဒူခေး တို့ပြီးရင် ဒီရာသီ အာဆင်နယ်ရဲ့ ပဥ္စမမြောက် ခေါ်ယူမှုလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်က တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ပေါင် ၆၃.၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။

မော့စ်ကီရာ ကတော့ မီခဲလ် အာတေးတားရဲ့ အသင်း အတွက် ခံစစ် နေရာစုံမှာ ကစားပေးနိုင်သူ ဖြစ်ပြီးတော့ ညာအစွန် ခံစစ် သို့မဟုတ် ဗဟိုခံစစ်မှာ အဓိက ကစားရဖို့ ရှိနေပါတယ်။ ဒါ့အပြင် မော့စ်ကီရာ ရောက်ရှိလာမှုက အသင်း ကနေ ထွက်ခွာသွားတဲ့ တာကာဟဲရိုး တိုမီယာဆု နေရာမှာ အစားထိုးဖို့ ဖြစ်နိုင်သလို ဝီလီယမ် ဆလီဘာရဲ့ အရန် အဖြစ် အသုံးတော်ခံဖို့လည်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။ 

စပိန်သားဟာ ပြီးခဲ့တဲ့ ရာသီက ဗလင်စီယာ အတွက် တခြားသော ကစားသမားတွေထက် ဘောလုံး ပေးပို့မှု ၁၈၂၂ ကြိမ် အောင်မြင်ခဲ့ပြီးတော့ aerial duels won ၃၂ ကြိမ် အထိ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဖြတ်ထုတ်မှု အပိုင်း မှာလည်း မော့စ်ကီရာက ဂျိုဆေး ဂါရာ (အကြိမ် ၄၀) ၊ ဆီဇာ တာရက်ဂါ (၃၇ ကြိမ်) တို့ပြီးရင် ၃၆ ကြိမ်နဲ့ အများဆုံး စွမ်းဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ မော့စ်ကီရာဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ဗလင်စီယာ အတွက် သူစတင် ပွဲထွက်ကစားခွင့်ရချိန်က စပြီး ပြိုင်ပွဲစုံ အရပ်ရပ်မှာ ပွဲပေါင်း ၉၀ ကစားထားခဲ့ပါတယ်။

ဒီလို ကစားသမားကို ခေါ်ယူနိုင်ခဲ့ခြင်း အပေါ် အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားက အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ခရစ္စသီယန်ကို အာဆင်နယ် ကနေ ကြိုဆိုခွင့်ရလို့ ဝမ်းသာပါတယ်။ အသက် ၂၁ နှစ် အရွယ် နောက်ခံလူ ခရစ္စသီယန်ဟာ လာလီဂါမှာ ထူးခြားတဲ့ အတွေ့အကြုံတွေနဲ့ တသမတ်တည်း ကောင်းကောင်း စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။” လို့ အာတေးတးက ဆိုပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်က တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ပေါင် ၆၃.၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။
ကစားသမား ၅ ဦး အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၂၀ ဝန်းကျင် အသုံးပြုထားတဲ့ အာဆင်နယ်

ဆက်လက်ပြီး “သူဟာ ဥာဏ်ရည် ထက်မြက်တဲ့ ကစားသမား ဖြစ်ပြီး ဗဟိုခံစစ်နဲ့ အစွန်ခံစစ် နှစ်ဖက်စလုံးမှာ ကစားနိုင်သူပါ။ သူဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အရည်အချင်း ရှိပြီး ကြီးမားတဲ့ အလားအလာတွေ ရှိတဲ့ လူငယ်ကစားသမား ဖြစ်ပါတယ်။ နောက်ရာသီ အတွက် ပြင်ဆင်မှုတွေ ဆက်လက် လုပ်ဆောင်နေချိန်မှာ သူက ကျွန်တော်တို့ အသင်း အတွက် ကောင်းကောင်း အံဝင်ခွင်ကျဖြစ်သွားမှာပါ။ ခရစ္စသီယန်က ကျွန်တော်တို့ အသင်းမှာ အရည်အသွေးကောင်းတွေ ဖြည့်ပေးနိုင်ပြီး သူ့အနေနဲ့ အိမ်လိုမျိုး ခံစားရစေမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အားလုံး ခရစ္စသီယန်နဲ့ သူ့ရဲ့ မိသားစုကို ကလပ် ကနေ ကြိုဆိုပါတယ်။” လို့ အာတေးတားက ပြောကြားသွားခဲ့ပါတယ်။

ဂန်းနား ကစားသမားသစ် မော့စ်ကီရာဟာ ကျောနံပါတ် ၃ ကို ဝတ်ဆင် ကစားမှာ ဖြစ်ပြီး အာဆင်နယ်နဲ့ ပထမဦးဆုံး အင်တာဗျူး မှာတော့ အခုလိုပဲ ဖြေကြားခဲ့ပါတယ်။ “ကျွန်တော်က စွမ်းအင်တွေ အများကြီးနဲ့ ကစားသမား တစ်ယောက်ပါ။ ငယ်ရွယ်ပါတယ်။ ဒါကြောင့်မလို့ ပေးစွမ်းနိုင်တာတွေ အများကြီး ရှိနေပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရ တက်ကြွ‌ပြီး ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။ ဒါတွေ အားလုံးရဲ့ အထက် မှာတော့ ကျွန်တော် တိုးတက်ချင်ပါတယ်။ ဒီအရာကပဲ အသင်းရဲ့ လူစာရင်း အတွက် ယှဉ်ပြိုင်မှုကောင်း‌တွေကို ပေးစွမ်းနိုင်မှာပါ။ ကျွန်တော် တကယ်ကို ပျော်ရွှင်ရပါတယ်။” လို့ မော့စ်ကီရာက ပြောကြားခဲ့ပါတယ်။

နောက်ဆုံး မှာတော့ စပိန်သားက “ဗလင်စီယာ မှာတုန်းက ဂန်းနားဟောင်းတွေ ဖြစ်ကြတဲ့ ပေါ်လစ္စတာ၊ ယူဆက်ဖ် မူဆာချီ တို့နဲ့ ကျွန်တော့် အကြားမှာ ထူးခြားတဲ့ ဆက်ဆံရေးမျိုး ရှိခဲ့ပါတယ်။ အာဆင်နယ်က ခြားနားတဲ့ အဆင့်အတန်း တစ်ခုမှာ ရှိနေပြီး မှော်ဆန်တဲ့ အကြောင်းကို ဂါဘရီရယ် ပေါ်လစ္စတာက အမြဲပြောလေ့ရှိသလို မူဆာချီက ကလည်း ဒီအသင်းရဲ့ ခမ်းနားကြီးကျယ်မှု အကြောင်းတွေကို ပြောပြခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့ပါသေးတယ်။

အာဆင်နယ် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား ၅ ဦး အထိ ခေါ်ယူထားနိုင်ပြီး ပြောင်းရွှေ့ကြေး အနေနဲ့တော့ ပေါင် သန်း ၁၂၀ ကျော် သုံးစွဲထားပြီး ဖြစ်ပါတယ်။ ဗစ်တာ ယိုကီးရက်စ်ကို ခေါ်ယူပြီးချိန်မှာတော့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့ အသုံးစရိတ်က ပေါင် သန်း ၁၈၀ ဝန်းကျင်အထိ ရှိလာတော့မှာ ဖြစ်ပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 25-Jul-2025 at 3:33 PM





   Like     
SBOTOP
30-Jul 2025 Wednesday 4:49 PM (292 days ago)            #37
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ရှုံးပွဲဆက်ဖို့ များနေတဲ့ အဲဗာတန်၊ ဘုန်းမောက်ကို အသာရဖို့ မလွယ်တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ် နွေရာသီ စီးရီး

မနက်ဖြန် မနက် အစောပိုင်းမှာတော့ ပရီးမီးယားလိဂ် နွေရာသီ စီးရီး ပွဲစဉ်တွေ အဖြစ် ဝက်စ်ဟမ်းနဲ့ အဲဗာတန်၊ မန်ချက်စတာယူနိုက်တက်နဲ့ ဘုန်းမောက်တို့ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ အချင်းချင်း ကစားမယ့် ပွဲစဉ်တွေကို ထပ်မံ ရှုစားရဦးမှာ ဖြစ်ပြီး ဘောလုံးပွဲတွေ ငတ်နေတဲ့ ပရိသတ်တွေ အတွက် ကတော့ အတိုင်းအတာ တစ်ခု အထိ စိတ်ကျေနပ်မှုပေးနိုင်ဖို့တော့ ရှိနေပါလိမ့်မယ်။

ဝက်စ်ဟမ်း – အဲဗာတန်

ဝက်စ်ဟမ်းက ဒီပွဲ မတိုင်ခင် ဒီနွေရာသီမှာ ခြေစမ်းပွဲ ၂ ပွဲ ကစားထားပြီးတော့ ဆွစ်ဇာလန် ကလပ် ဂရက်စ်ဟော့ပါးကို ၁-၃ နဲ့ နိုင်ပြီး ယူနိုက်တက် ကိုတော့ ၂-၁ နဲ့ ရှုံးထားပါတယ်။ လန်ဒန် ကလပ်ဟာ ပရီးမီးယားလိဂ် နွေရာသီ စီးရီး ပွဲစဉ်မှာပဲ ယူနိုက်တက်ကို ရှုံးခဲ့တယ် ဆိုပေမယ့် ခြေစွမ်းအရတော့ သိပ်ပြီး မနိမ့်ပါးနေခဲ့တာ တွေ့ရပါတယ်။ တိုဒီဘို၊ ဒီယော့ဖ်၊ ဝေါလ်ကာ ပီတာစ်၊ ကမ်းမင်း တို့ကို ခေါ်ယူ အားဖြည့်ထားနိုင်တဲ့ ဝက်စ်ဟမ်းက လူစာရင်း စုဖွဲ့မှု အရလည်း မဆိုးလှတဲ့ အခြေအနေမျိုး ရှိနေပါတယ်။

အဲဗာတန် ကတော့ ဒီနွေမှာ ကစားသမား ၃ ဦးသာ ခေါ်ထားရပါသေးတယ်။ အဲလ်ကာရက်ဇ်ကို အပြီးသတ် ခေါ်ယူကာ၊ ဘယ်ရီနဲ့ ထရေဗားစ် တို့ကို ခေါ်ယူ အားဖြည့်ထားတာ ဖြစ်ပါတယ်။ ခြေစမ်းပွဲ အနေနဲ့ ကတော့ ဒေးဗစ် မွိုက်စ်ရဲ့ အသင်းက ၃ ပွဲ ကစားထားပြီး အက်ကရင်တန်နဲ့ သရေ၊ ဘလက်ဘန်းနဲ့ ဘုန်းမောက်ကို ရှုံးပြီး ရလဒ်တွေ ဆိုးရွားနေပါတယ်။ ဒါ့အပြင် အဲဗာတန်က နောက်ဆုံး ၂ ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

ဒီပွဲမှာတော့ လူစာရင်း စုဖွဲ့မှုနဲ့ ခြေစွမ်းပိုင်း အနည်းငယ် ပိုသာနေတဲ့ ဝက်စ်ဟမ်း ကိုပဲ ရွေးချယ်ထားချင်ပါတယ်။ အပြန်အလှန် သွင်းဂိုး တချို့လည်း မြင်တွေ့ရဦးမှာပါ။

ခန့်မှန်းရလဒ် : ဝက်စ်ဟမ်း ၂-၁ အဲဗာတန်

မန်ချက်စတာယူနိုက်တက် – ဘုန်းမောက်

ပရီးမီးယားလိဂ် နွေရာသီ စီးရီး ပွဲစဉ်တွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံး တွေ့ဆုံမှုလို့ပဲ ဆိုရပါမယ်။
ဘုန်းမောက်နဲ့ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ အသာမရခဲ့တဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ် နွေရာသီ စီးရီး ပွဲစဉ်တွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံး တွေ့ဆုံမှုလို့ပဲ ဆိုရပါမယ်။ မန်ချက်စတာယူနိုက်တက်ဟာ ဒီနွေရာသီမှာ ခြေစမ်းပွဲ ၄ ပွဲ အထိ ကစားထားပြီး နားရက် မတိုင်ခင်မှာ အာဆီယံ All Star၊ ဟောင်ကောင်၊ နားရက် အပြီး မှာတော့ လိဒ်စ်၊ ဝက်စ်ဟမ်း တို့နဲ့ ကစားထားခဲ့တာ ဖြစ်ပါတယ်။ မောင်မောင်လွင်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အာဆီယံ All Star နဲ့ ပွဲမှာတော့ ယူနိုက်တက်ရဲ့ ခြေစွမ်းက တော်တော်လေး စုတ်ပြတ်သတ်နေခဲ့ပြီး ဟောင်ကောင်းနဲ့ ပွဲမှာလည်း အနိုင်ရခဲ့တယ် ဆိုပေမယ့် ခြေစွမ်းက စိတ်ပျက်စရာပါ။ အဲဒီနောက် လိဒ်စ်နဲ့ သရေကျခဲ့တဲ့ ပွဲ၊ ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ ပွဲတွေ မှာလည်း ယူနိုက်တက်ရဲ့ ခြေစွမ်းက မေးခွန်းထုတ်စရာ ရှိခဲ့ပါတယ်။ ရှေ့ပွဲတွေမှာ ကစားသမားသစ် ကူညာကို မြင်တွေ့ခဲ့ရပြီးတော့ အခု ပွဲမှာတော့ ဘရိုင်ယန် အမ်ဘူမို ပါဝင်လာဖွယ် ရှိနေပါတယ်။ မတည်ငြိမ်သေးတဲ့ စုဖွဲ့မှု၊ ခြေစွမ်းတွေနဲ့ ယူနိုက်တက်တို့ ဘုန်းမောက်ကို အသာရအောင် ကစားနိုင်ပါ့မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဘုန်းမောက် ကတော့ ဒီနွေရာသီမှာ ထရူဖက်နဲ့ ပီထရိုဗစ် တို့ နှစ်ဦးသာ ခေါ်ယူ အားဖြည့်ထားပြီး ဟောက်ဆန်၊ ကာကက်ဇ် အပါအဝင် ကစားသမား တော်တော်များများကို လက်လွှတ်ထားရပါတယ်။ ဘုန်းမောက်ဟာ ဒီပွဲမတိုင်ခင် ခြေစမ်းပွဲ ၃ ပွဲ ကစားထားပြီး ဟစ်ဘာနီရန်၊ ဘရစ္စတိုးလ်နဲ့ အဲဗာတန် တို့ကို အနိုင်ရထားပါတယ်။

ယူနိုက်တက် အတွက် ကတော့ နောက်ထပ် မလွယ်ကူတဲ့ ခြေစမ်းပွဲလို့ပဲ ဆိုရမှာပါ။ ဒီပွဲမှာလည်း အပြန်အလှန် သွင်းဂိုးတွေကို မျှော်လင့်ထားချင်ပြီး ဘုန်းမောက် အနိုင်ရသွားမယ်လို့ ထင်ပါတယ်။ ခန့်မှန်းရလဒ် : မန်ချက်စတာယူနိုက်တက် ၂-၁ ဘုန်းမောက်

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 30-Jul-2025 at 4:49 PM





   Like     
SBOTOP
30-Jul 2025 Wednesday 4:51 PM (292 days ago)            #38
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

အင်္ဂလန်မှာ ဆက်နေချင်တဲ့ ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ ကြိုးပမ်းမယ့် အဲဗာတန် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အဲဗာတန် ကတော့ မန်ချက်စတာစီးတီး တောင်ပံကစားသမား ဂျက် ဂရီးလစ်ရှ်ကို ခေါ်ယူချင်နေတာကြောင့် အာရုံစိုက် ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။ Sky Sports ရဲ့ ဖော်ပြချက်အရ ဆိုရင် မာဆေးလ်ဆိုက်ဒ် ကလပ်က ကစားသမားရဲ့ မိသားစုနဲ့ အတူ အင်္ဂလန်မှာ ဆက်နေချင်တဲ့ ဆန္ဒကို အသုံးချကာ အပြောင်းအရွှေ့ ဖြစ်မြောက်အောင် ကြိုးပမ်းသွားမယ်လို့လည်း သိရပါတယ်။

အသက် ၂၉ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကစားသမားက မန်စီးတီးမှာ အနာဂတ် မရှိသလောက် ဖြစ်နေပြီး နည်းပြ ဖြစ်သူ ပပ် ဂွါဒီယိုလာ ကိုယ်တိုင် ကတောင် အသင်းပြောင်းဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ ဂရီးလစ်ရှ်ကို ပြီးခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား လူစာရင်း ကနေ ချန်လှပ်ခဲ့ပြီးတော့ အသင်း ကလည်း သူ့ကို အသင်းသစ် ရှာဖွေခွင့်ပြုထားပါတယ်။

အသက် ၂၉ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ဂရီးလစ်ရှ်ဟာ တစ်ချိန်က ပေါင် သန်း ၁၀၀ တန် ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဖြစ်ခဲ့သူပါ။ သူဟာ မန်စီးတီးတို့ တစ်ရာသီထဲ ဖလား ၃ လုံး ချန်ပီယံ ဖြစ်ခဲ့တဲ့ ကာလမှာ အကောင်းဆုံး ခြေစွမ်းတွေ ပြသခဲ့ပေမယ့် နောက်ပိုင်း ရာသီတွေ မှာတော့ အရန်ခုံမှာသာ အချိန်ကုန်နေခဲ့ရတာပါ။ ဂရီးလစ်ရှ်က ပြီးခဲ့တဲ့ နှစ်ရာသီစလုံးမှာ ပရီးမီးယားလိဂ် ပွဲ ၂၀ သာ ကစားခဲ့ရသူလည်း ဖြစ်ပါတယ်။

အဲဗာတန်ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။
အသင်းကို အင်အားဖြည့်တင်း ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ အဲဗာတန်

လက်တလောမှာ စီးရီးအေ ချန်ပီယံ နာပိုလီ ကလည်း ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ သတင်းတွေ ထွက်နေပြီး အကယ်၍ အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ရင်တော့ မန်စီးတီး အသင်းဖော်ဟောင်း ကီဗင် ဒီဘရွန်းနားနဲ့ ပြန်လည် တွဲဖက် ကစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဗြိတိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဂရီးလစ်ရှ်ဟာ ပရီးမီးယားလိဂ် ပြင်ပကလပ်တွေဆီ ပြောင်းရွှေ့ချင်စိတ် မရှိဘူးလို့ သိရပါတယ်။ ဂရီးလစ်ရှ်ဟာ အင်္ဂလန် မြောက်ပိုင်း ချက်ရှိုင်းယားမြို့က နေအိမ်မှာသာ ချစ်သူ ဆာရှာ အတ်ဝုဒ်နဲ့ သမီးငယ်လေးနဲ့ အတူ ဆက်လက် နေထိုင်လိုနေတာ ဖြစ်ပါတယ်။ ချက်ရှိုင်းယားမြို့ ကတော့ မန်ချက်စတာနဲ့ မာဆေးလ်ဆိုဒ် ကလပ်တွေရဲ့ လေ့ကျင့်ရေးကွင်းတွေဆီ အလွယ်တကူ သွားလာနိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒီအချက် ကလည်း အဲဗာတန်တို့ ဂရီးလစ်ရှ်ကို ခေါ်ယူနိုင်ဖို့ အဓိက အားသာချက် တစ်ခု ဖြစ်လာနိုင်ပါတယ်။

တစ်ခုရှိတာက ပပ် ဂွါဒီယိုလာက ဂရီးလစ်ရှ်ကို ပွဲထွက် ကစားခွင့် ပြန်ရဖို့ လိုအပ်ကြောင်း ၃ ရက် ၁ ပွဲ ကစားရတဲ့ အခါ ခံစားရတဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုနဲ့ ကစားချင်စိတ် ပြင်းပြနေတဲ့ ခံစားချက်မျိုးကို ပြန်ရဖို့ လိုအပ်ကြောင်း အဲ့ဒီအခါကျရင် သူ့ရဲ့ အရည်အသွေးတွေကို ပြန်လည် ပြသနိုင်မှာ ဖြစ်ကြောင်း ပြောကြားထားခဲ့တာပါ။ ဒီပြောစကားအရ ဆိုရင် ဂရီးလစ်ရှ်ကို အငှားနဲ့ ထွက်ခွာခွင့်ပြုပြီး ပုံမှန် ခြေစွမ်းပြန်ရလာချိန်မှာ အသင်းဆီ ပြန်လည် ခေါ်ယူသွားဖွယ် ရှိနေတဲ့ သဘောမျိုးလည်း သက်ရောက်နေပါတယ်။ ဒါပေမယ့်လည်း မန်စီးတီး တာဝန် ရှိသူတွေ ကတော့ ဂရီးလစ်ရှ်ကို အပြီးတိုင် ရောင်းထုတ်ဖို့သာ ဆုံးဖြတ်ထားကြတာ ဖြစ်ပါတယ်။

ဂရီးလစ်ရှ် ကတော့ တည်ငြိမ်တဲ့ မိသားစု ဘဝကို ဆက်လက် တည်ဆောက်ဖို့ အဲဗာတန်ဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ ကစားဖို့ စဉ်းစားဖွယ် ရှိနေပါတယ်။ ဒေးဗစ် မွိုက်စ်ရဲ့ အဲဗာတန် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကားလို့စ် အဲလ်ကာရက်ဇ်ကို ဖလာမင်ဂို ကနေ အပြီးသတ် ခေါ်ယူခဲ့ပြီးတော့ ဗီလာရီးရဲလ် ကနေ သီယာနို ဘယ်ရီ၊ ဘုန်းမောက်က မက် ထရေဗားစ် တို့ကို ခေါ်ယူထားပါတယ်။ အကယ်၍ အဲဗာတန် အနေနဲ့ ဂရီးလစ်ရှ်နဲ့ တခြားသော ကစားသမား တချို့ကို ဆက်လက် ခေါ်ယူနိုင်မယ် ဆိုရင်တော့ အတိုင်းအတာ တစ်ခု အထိ အင်အား တောင့်တင်းသွားမှာ ဖြစ်ပါတယ်။ အဲဗာတန်ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 30-Jul-2025 at 4:51 PM





   Like     
SBOTOP
20-Aug 2025 Wednesday 4:29 PM (271 days ago)            #39
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ဘောလုံးကစားတာ ပျော်ရွှင်ဖို့ လိုအပ်တာကြောင့် ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တဲ့ ရက်ရှ်ဖို့ဒ် | လာလီဂါ

ဘာစီလိုနာ ကစားသမားသစ် မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ သူ့ အနေနဲ့ မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရခြင်း အကြောင်းရင်းကို ဖွင့်ဟလာခဲ့ပါပြီ။ အင်္ဂလန် တောင်ပံ တိုက်စစ် ကစားသမားက ယူနိုက်တက်မှာ ခက်ခဲတဲ့ ကာလတွေကို ဖြတ်သန်းခဲ့ရပြီးနောက် လာလီဂါ ထိပ်သီး တို့ထံ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

နည်းပြ ရူဘင် အမော်ရင်ရဲ့ လက်အောက်မှာ ပွဲထွက်ခွင့်မရခဲ့တဲ့ ရက်ရှ်ဖို့ဒ်က ပြီးခဲ့တဲ့ ရာသီဝက်မှာ အက်စတွန်ဗီလာကို အငှားနဲ့ သွားရောက် ကစားခဲ့ရပါတယ်။ ရက်ရှ်ဖို့ဒ်က ဗီလာ မှာတော့ ခြေစွမ်းကောင်းတွေ ပြန်လည် ရရှိခဲ့ပေမယ့် အပြီးသတ် ပြောင်းရွှေ့ခဲ့ခြင်း မရှိပဲ ဒီနွေရာသီမှာ သူ့ရဲ့ အိမ်မက် ကလပ် ဖြစ်တဲ့ ဘာစီလိုနာ ကိုပဲ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရက်ရှ်ဖို့ဒ်က ဘာစီလိုနာ အတွက် ခြေစမ်းပွဲတွေမှာ ပါဝင်ကစားခွင့် ရထားသလို မာယော့ကာနဲ့ လာလီဂါ အဖွင့် ပွဲစဉ်မှာလည်း ၂၂ မိနစ် ပါဝင်ခွင့် ရရှိထားခဲ့ပါတယ်။ သူ့ အနေနဲ့ လာမယ့် ပွဲစဉ်တွေမှာတော့ အခုထက် ပိုပြီး ပွဲထွက် ကစားခွင့် ရရှိဖွယ်တော့ ရှိနေပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ကာတာလိုနီးယားမှာ သူ့ရဲ့ ကစားသမားဘဝကို ပြန်လည် တောက်ပလာနိုင်ဖို့ မျှော်လင့်ထားပြီး ဘာစီလိုနာ ကလည်း ရာသီကုန်ရင် သူ့ရဲ့ ခြေစွမ်းအပေါ် မူတည်ပြီး အပြီးသတ် ဝယ်ယူခွင့် ရှိနေပါတယ်။

တစ်ခုရှိတာက လက်တလော ဘာစီလိုနာရဲ့ တိုက်စစ်ပိုင်းမှာ ရောဘတ် လီဝမ်ဒေါစကီး၊ လာမင်း ယာမယ်၊ ရာဖင်ညာနဲ့ ဖာရန်း တောရက်စ် တို့လို ကစားသမားကောင်းတွေ ရှိနေတာကြောင့် ရက်ရှ်ဖို့ဒ် အနေနဲ့ ပုံမှန် ပွဲထွက်ခွင့် ရဖို့တော့ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် ရှက်ရှီက ဒီအခြေအနေကြောင့်တော့ လက်လျှော့မှာ မဟုတ်ပဲ သူဟာ ပျော်ရွှင်မှုကို ရှာဖွေဖို့ အသင်းပြောင်းခဲ့တာ ဖြစ်ပြီး ဘာစီလိုနာဟာ ဘောလုံး ကစားဖို့ ကမ္ဘာပေါ်က အကောင်းဆုံး နေရာ တစ်ခု ဖြစ်ကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ အကောင်းဆုံး ခြေစွမ်း ပြသနိုင်ဖို့ ပျော်ရွှင်နေဖို့ လိုအပ်ပါတယ်။ ဘောလုံးက ကျွန်တော့် ဘဝပါ။ ငယ်ငယ်လေး ကတည်းက ဒါကိုပဲ စိတ်ထဲမှာ စွဲနေခဲ့တာပါ။ ဒါကြောင့်လည်း ဘောလုံး ကစားတဲ့ အခါမှာ ပျော်ရွှင်နေဖို့က အရမ်းအရေးကြီးပါတယ်။ အစကတည်းက ဒီအကြောင်းပြချက်ကြောင့်ပဲ ကျွန်တော် ဘောလုံးသမား ဖြစ်လာခဲ့တာပါ။ အစကတည်းက ကျွန်တော် ဒီမှာ သက်တောင့်သက်သာ ရှိတယ်လို ခံစားမိပါတယ်။ ပွဲတွေ ပိုကစားလာရတာနဲ့ အမျှ ပိုပြီး သင်ယူနိုင်မှာပါ။ ဘာဆာက ဘောလုံးပညာကို သင်ယူဖို့နဲ့ ပျော်ရွှင်ဖို့ အကောင်းဆုံး နေရာပါပဲ။” လို့ ရက်ရှ်ဖို့ဒ်က စပိန် သတင်းဌာန Sportကို ပြောကြားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ ဘာစီလိုနာ ကတော့ လာလီဂါ ပွဲစဉ် ၁ အပြီး ရဂိုး ၃ ဂိုး၊ ပေးဂိုး မရှိ၊ ရမှတ် ၃ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။
ရက်ရှ်ဖို့ဒ်ကို ရာသီအကုန်မှာ အပြီးသတ် ခေါ်ယူခွင့် ရှိနေတဲ့ ဘာစီလိုနာ

ဆက်လက်ပြီး ရက်ရှ်ဖို့ဒ်က အသင်းဖော်သစ် ဖြစ်တဲ့ လူငယ် ကြယ်ပွင့်လေး လာမင်း ယာမယ်နဲ့ အတူ တွဲဖက် ကစားရတဲ့ ခံစားချက်တွေကို ဖွင့်ဟခဲ့ပါသလို ယာမယ်က ဘယ်လွန်ဒေါဆုကို သေချာပေါက် ဆွတ်ခူးနိုင်လိမ့်မယ်လို့လည်း ဟောကိန်းထုတ်ခဲ့ပါသေးတယ်။ ရက်ရှ်ဖို့ဒ်က “ဟုတ်ကဲ့။ သေချာပေါက်ပါပဲ။ ဒီနှစ် မရရင်တောင် အနာဂတ်မှာ ရပါလိမ့်မယ်။ လာမင်းက အရမ်းလည်း ငယ်နေသေးတော့ သူသေချာပေါက်ရမှာပါ။ သူက ထိပ်တန်း အဆင့် ခြေစွမ်း ရှိတဲ့ ကစားသမား တစ်ဦးပါ။ အံ့အားသင့်စရာ အကောင်းဆုံးက သူ့အသက်အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်နေတာပါပဲ။ သူ့ရဲ့ တွေးခေါ်ပုံနဲ့ ကစားပုံက သူ့ အသက်ထက် အများကြီး ကျော်လွန်နေပါတယ်။”

“သူနဲ့ အတူတူ တွဲဖက် ကစားရတာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ကျွန်တော်က ပတ်ဝန်းကျင် အသစ် စည်းမျဉ်းအသစ်နဲ့ ဘောလုံးပုံစံ အသစ်ကို အသားကျအောင် ကြိုးစားနေပါတယ်။ အဲ့ဒီလို လုပ်နိုင်ဖို့ အကောင်းဆုံး နေရာက ကစားကွင်းထဲမှာပါပဲ။ ကျွန်တော် အမှားတွေ လုပ်မိမှာ ဖြစ်ပေမယ့် အများကြီး သင်ယူပြီး တိုးတက်လာမှာပါ။ ကစားသမားတွေရဲ့ အရည်အသွေးက အများကြီး အထောက်အကူပြုပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ ဘာစီလိုနာ ကတော့ လာလီဂါ ပွဲစဉ် ၁ အပြီး ရဂိုး ၃ ဂိုး၊ ပေးဂိုး မရှိ၊ ရမှတ် ၃ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။ ဘာစီလိုနာဟာ မာယော့ကာကို မိနစ် ၆၀ နီးပါး နှစ်ယောက်အသာနဲ့ ကစားခဲ့ရပေမယ့် ၃ ဂိုးထဲနဲ့သာ အနိုင်ရခဲ့တာ ဖြစ်လို့ နည်းပြ ဖြစ်သူ ဟန်ဆီ ဖလစ်ခ် ကတော့ အသင်းရဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းကို မကျေမနပ် ဖြစ်နေကြောင်း သိရပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 20-Aug-2025 at 4:30 PM





   Like     
SBOTOP
20-Aug 2025 Wednesday 4:31 PM (271 days ago)            #40
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

လက်ရှိမှာ မန်ယူနိုက်တက်က လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ဆိုလိုက်တဲ့ ကက်စ်မဲရိုး | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက်ရဲ့ ဘရာဇီးလ် ဝါရင့် ကွင်းလယ်လူ ကက်စ်မဲရိုး ကတော့ အသင်းဟာ အောင်မြင်မှု အတွက် လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ကြုံးဝါး ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်က အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အပြီးမှာ ဘရာဇီးလ်သားက အခုလိုပဲ ယုံကြည်မှု အပြည့်နဲ့ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ကို မရောက်ခင် အောင်မြင်မှု များစွာ ရရှိခဲ့တဲ့ ဘရာဇီးလ် လက်ရွေးစင်က ပရီးမီးယားလိဂ် အရောက် မှာတော့ ရုန်းကန်နေရသူ ဖြစ်ပါတယ်။ သူ့ရဲ့ တသမတ်တည်း မရှိတော့တဲ့ ခြေစွမ်းကြောင့် ပရိသတ် တချို့ရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းကိုတောင် ခံခဲ့ရသူပါ။ ကက်စ်မဲရိုးဟာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် ရာသီ အဖွင့်ပွဲမှာ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ထက် ခြေစွမ်းပိုပြနိုင်ခဲ့ပေမယ့် သူ့ရဲ့ အသင်း ကတော့ ပြိုင်ဘက်ကို တစ်ဂိုးတည်းနဲ့ ကပ်ရှုံးခဲ့ရပါတယ်။ ဒါကြောင့် ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီကထက် ခြေစွမ်းပိုင်း တိုးတက်လာပေမယ့် ရလဒ်ပိုင်းတော့ တိုးတက်လာခြင်း မရှိသေးပဲ လက်ရှိမှာလည်း အဆင့် ၁၅ နေရာမှာပဲ ရပ်တည်နေရဆဲ ဖြစ်ပါတယ်။

နည်းပြ ရူဘင် အမော်ရင် ကတော့ ကက်စ်မဲရိုးရဲ့ အရည်အသွေးနဲ့ အတွေ့အကြုံတွေကို ချီးကျူးထားပြီး လာမယ့် ပွဲစဉ်တွေ မှာလည်း ဘရူနိုနဲ့ တွဲဖက်ပြီး ကွင်းလယ်မှာ ပုံသေ ပွဲထုတ်သွားဖို့ ရှိနေပါတယ်။ တစ်ဖက် မှာလည်း ကစားသမားက နွေရာသီတလျှောက်လုံး အိုးထရက်ဖို့ဒ် ကနေ ထွက်ခွာနိုင်ခြေ ရှိတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နောက်ဆုံး မှာတော့ ယူနိုက်တက်မှာသာ ဆက်ရှိနေခဲ့ပြီး အသင်းကို ပြန်လည် ဆွဲတင်ဖို့သာ စိတ်အားထက်သန်နေသူ ဖြစ်ပါတယ်။

အာဆင်နယ်ကို ရှုံးနိမ့်အပြီး သတင်းစာရှင်းလင်းပွဲမှာ ကက်စ်မဲရိုးက “မန်ချက်စတာယူနိုက်တက် ဆိုတာ အမြဲတမ်း အနိုင်ရဖို့ကိုပဲ စဉ်းစားရမှာပါ။ ရှုံးနိမ့်တာက ကိစ္စမရှိဘူးလို့ ကျွန်တော် ပြောမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ကို နိုင်ရပါမယ်။ မန်ချက်စတာယူနိုက်တက်က အမြဲတမ်း နိုင်ရပါမယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ပြသနိုင်ခဲ့တယ်။ ပိုကောင်းအောင် ကစားနိုင်ခဲ့တယ်လို့လည်း ထင်ပါတယ်။ ဒါပေမယ့် အနိုင်ရလဒ် ကိုတော့ ကျွန်တော်တို့ ရှာဖွေရဦးပါမယ်။ အခု ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပါပြီ။”လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ ကက်စ်မဲရိုးက ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၂၆ ပွဲ ကစားပေးထားပါတယ်။
ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၁၂၆ ပွဲ ကစားပေးထားတဲ့ ကက်စ်မဲရိုး

အဲဒီနောက် သတင်းထောက်တွေက သူ့ကို ယူနိုက်တက်မှာ ဘာတွေလိုအပ်နေသလဲ ဆိုပြီး မေးမြန်းရာမှာတော့ “ဒါက ပြောရခက်ပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင်အမြင် ကိုယ်စီ ရှိနိုင်ကြပါတယ်။ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ ကျွန်တော်တို့ ယူရိုပါလိဂ်မှာ ဗိုလ်လုပွဲတွေ တက်ရောက်နိုင်ခဲ့ပါတယ်။ လိုနေတာက အဲ့ဒီဖလားတွေကို ကိုင်မြှောက်နိုင်ဖို့ပါပဲ။ ဒီလို ဖလားတွေကို အနိုင်ရခဲ့တဲ့ ကလပ်တွေက နည်းပါတယ်။ ကျွန်တော်တို ဒီလို ဖလားတွေ ရဖို့ ဆက်လက် ကြိုးစားပြီး တိုးတက်အောင် လုပ်ဆောင်သွားရပါမယ်။” လို့ ဖြေကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ကက်စ်မဲရိုးက သူ့ အနေနဲ့ အိုးထရက်ဖိုဒ်မှာ ပျော်ရွှင်နေကြောင်း အပြင်က ပြောဆိုမှုတွေ အတွက် အချိန်ပေးနေမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ဒီမှာ အရမ်းပဲ ပျော်ရွှင်နေပါတယ်။ ကျွန်တော့်ရဲ့ မိသားစုလည်း ပျော်ရွှင်နေတယ်။ ကာရင်တန် မှာရော၊ အိုးထရက်ဖိုဒ် မှာပါ နေ့ရက်တိုင်းက ပျော်ရွှင်စရာပါ။ အပြင်ကလူတွေ ပြောချင်တာ ပြောပါစေ။ ဒါတွေက ကျွန်တော့် အတွက် ခေါင်းထဲ မရှိပါဘူး။ ကျွန်တော်က အနိုင်ရဖို့ အတွက်ပဲ အာရုံစိုက်ချင်ပါတယ်။” လို့ ပြတ်ပြတ်သားသား ပြောဆိုသွားခဲ့ပါတယ်။

၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ ကက်စ်မဲရိုးက ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၂၆ ပွဲ ကစားပေးထားပါတယ်။ ကက်စ်မဲရိုးဟာ လက်ရှိမှာ အသက်အရွယ် အားဖြင့် ၃၃ နှစ် ရှိနေပြီ ဖြစ်ပေမယ့် ယူနိုက်တက်ရဲ့ အရေးပါတဲ့ ကွင်းလယ် ထောက်တိုင် အဖြစ် သတ်မှတ်လို့ ရနေဆဲ ဖြစ်ပါတယ်။ ကက်စ်မဲရိုးဟာ မန်ချက်စတာယူနိုက်တက်နဲ့ ၂၀၂၆ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး သက်တမ်း ကုန်ဆုံးချိန်အထိ အပြည့်အဝ ပေးဆပ် ကစားပေးဖို့ ရှိနေကြောင်းလည်း ပြောကြားထားခဲ့ပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 20-Aug-2025 at 4:31 PM





   Like     
SBOTOP
22-Aug 2025 Friday 1:58 PM (269 days ago)            #41
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

မနှစ်က အက်တီဟတ် ဂိုးပြတ် အရှုံးကို လက်စားချေရမယ့် မန်စီးတီး | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာစီးတီး – တော့တင်ဟမ်ဟော့စပါး

ဒီပွဲ ကတော့ အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂ ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ထိပ်တိုက် တွေ့ဆုံမှု ဖြစ်ပါတယ်။ အဖွင့်ပွဲမှာ ဂိုးပြတ် နိုင်ပွဲ ကိုယ်စီနဲ့ ရာသီ အဖွင့်လှပခဲ့တဲ့ ဒီနှစ်သင်းမှာ ဘယ်အသင်းက ရလဒ်ကောင်း တစ်ခု ဆက်လက် ရှာဖွေသွားနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီး ကတော့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ ဝုဗ်ကို မိုလီနက်စ်မှာ ၀-၄ ဆိုတဲ့ အားရစရာ ရလဒ်နဲ့ အနိုင်ရထားပါတယ်။ ရလဒ်ပိုင်းပဲ အားရစရာ ကောင်းခဲ့တာ မဟုတ်ပါဘူး။ ခြေစွမ်းပိုင်း ကလည်း အားရစရာ ကောင်းလွန်းခဲ့ပါတယ်။ ဟာလန်း ၂ ဂိုး ရသလို၊ ရီအင်ဒါနဲ့ ချာကီ တို့လို ကစားသမားသစ်တွေရဲ့ ကစားပုံက သိပ်ပြီး အရသာရှိခဲ့သလို ဂိုးတွေလည်း ကိုယ်စီ ရရှိခဲ့လို့ ပပ် ဂွါဒီယိုလာ အနေနဲ့ တော်တော်လေး ကျေနပ်နေပါလိမ့်မယ်။ မနှစ်က မထင်မှတ်ပဲ ယိုင်နဲ့ခဲ့ရတဲ့ မန်စီးတီးတို့ ဒီရာသီမှာတော့ ချန်ပီယံဆု အတွက် ပြန်လာပြီလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။ မန်စီးတီးကို ရာသီသစ် အတွက် သူတို့ရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး ဘာမှပြောစရာ မရှိပါဘူး။ မနှစ်က အက်တီဟတ် အရှက်တကွဲ ရှုံးကြွေးကို မန်စီးတီးတို့ ပြန်ဆပ်ဖို့ ကြိုးစားပါလိမ့်မယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ နည်းပြ သောမက်စ် ဖရန့်ခ် လက်အောက်မှာ ပါးပါးနပ်နပ် ကစားနိုင်လာတာ တွေ့ရပါတယ်။ ဘန်လေကို ၃ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ပရီးမီးယားလိဂ် အဖွင့်လှခဲ့တဲ့ စပါးတို့ အခုပွဲမှာလည်း အက်တီဟတ်မှာ အနိမ့်ဆုံး သရေ ၁ မှတ်နဲ့ အိမ်ပြန်ဖို့ ကြိုးစားပါလိမ့်မယ်။ စပါးရဲ့ တိုက်စစ်က ရစ်ချာလီဆင် ဂိုးမြူးနေပြီး မိုဟာမက် ကူဒု့စ် ကလည်း တောင်ပံမှာ တော်တော်လေး အလုပ်လုပ်နေပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ ရစ်ချာလီဆင် သွင်းဂိုး ၂ ဂိုး ရခဲ့သလို ကူဒု့စ် ကလည်း ဘရာဇီးလ်သား အတွက် သွင်းဂိုး ၂ ဂိုးစလုံးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီး အနေနဲ့ စပါးရဲ့ တိုက်စစ် အတွဲအဖက် ကိုတော့ သတိထားဖို့ လိုအပ်ပါတယ်။

နှစ်ဖက်အသင်း သတင်းများ

အခုပွဲ ကိုတော့ နှစ်ဖက်အသင်း ကစားသမား တော်တော်များများ လွဲချော်ဖို့ ရှိနေပါတယ်။ မန်စီးတီး ဘက်မှာတော့ အက်ချီဗာရီ၊ အီဒါဆင်၊ ဂဗာဒီယိုလ်၊ ဘက်တင်နယ်လီ၊ ဖီးလ် ဖိုဒန်၊ ရိုဒရီ၊ ဆာဗင်ဟို တို့ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။

စပါး မှာတော့ ဘရိုင်ယန် ဂီးလ်၊ ကူလူဆက်ဗ်စကီး၊ ဂျိမ်းစ် မက်ဒီဆင်၊ တာကာအီ၊ ဆော်လမွန်၊ ဒရာဂူဆင်တို့ လွဲချော်မှာ ဖြစ်ပြီး အူဒိုဂီနဲ့ ဘစ်ဆူးမား တို့ကတော့ ပါဝင်ကစားဖို့ မသေချာ ဖြစ်နေပါတယ်။

ဖြစ်နိုင်ဖွယ် လူစာရင်း

ဘန်လေကို ၃ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ပရီးမီးယားလိဂ် အဖွင့်လှခဲ့တဲ့ စပါးတို့ အခုပွဲမှာလည်း အက်တီဟတ်မှာ အနိမ့်ဆုံး သရေ ၁ မှတ်နဲ့ အိမ်ပြန်ဖို့ ကြိုးစားပါလိမ့်မယ်။
သောမက်စ် ဖရန့်ခ် လက်ထက်မှာ ခြေစွမ်းပိုင်း တိုးတက်လာတဲ့ စပါး

မန်ချက်စတာစီးတီး – ထရက်ဖို့ဒ်၊ အစ်နျူရီ၊ ဒီးရာ့စ်၊ စတုန်းစ်၊ လီဝစ်၊ ဘာနာဒို၊ ဂွန်ဇာလက်ဇ်၊ ရီအင်ဒါ၊ ဒိုကု၊ ချာကီ၊ ဟာလန်း

တော့တင်ဟမ်ဟော့စပါး – ဗစ်ကာရီယို၊ စပန့်စ်၊ ဗန်ဒီဗန်၊ ရိုမီယို၊ ပေါ်ရို၊ ဆား၊ ပါလ်ဟင်ဟာ၊ ဘက်ဂျ်ဗဲလ်၊ ဂျွန်ဆင်၊ ကူဒု့စ်၊ ရစ်ချာလီဆင်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၃၆ ကြိမ် တွေ့ဆုံခဲ့ရာမှာ မန်စီးတီးက အကြိမ် ၂၀၊ စပါးက ၁၂ ကြိမ် အနိုင်ရထားပြီး ၄ ကြိမ်သာ သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာတော့ ၂ ကြိမ်စီ အနိုင်ရထားပြီး ၁ ကြိမ် သရေကျထားပါတယ်။ မန်စီးတီး အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲလည်း ၂ ကြိမ်စီ အနိုင်ရထားပြီး ၁ ကြိမ် သရေကျထားပါတယ်။

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ မန်စီးတီး နိုင်ရင် ၁.၄၅ ဆ၊ တော့တင်ဟမ်ဟော့စပါး နိုင်ရင် ၅.၄၀ ဆနဲ့ သရေ ဆိုရင်တော့ ၄.၃၈ ဆ ပေးထားပါတယ်။ ဟန်းဒီးကပ် ကြေးဖွင့်မှု မှာတော့ မန်စီးတီးက တစ်လုံး အရှုံးလောက်ထိ ပေးထားပြီး ဂိုးပေါင်း ကြေးကလည်း ပြင်းနေတာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရရော၊ အစဉ်အလာအရပါ စပါးက မန်စီးတီးကို ဒုက္ခပေးနိုင်စွမ်း ရှိနေပေမယ့် ဒီလို ကြေးမျိုး ပေးထားတာက နည်းနည်းတော့ အန္တရာယ်များတယ်လို့ ထင်မိပါတယ်။ ကျွန်တော် ကတော့ မန်စီးတီး ဘက်မှာပဲ ရပ်တည်ထားချင်ပြီး အပြန်အလှန် သွင်းဂိုးတွေ မျှော်လင့်ထားချင်ပါတယ်။

ခန့်မှန်းရလဒ်

မန်ချက်စတာစီးတီး ၃-၂ တော့တင်ဟမ်ဟော့စပါး

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 22-Aug-2025 at 1:59 PM





   Like     
SBOTOP
22-Aug 2025 Friday 2:01 PM (269 days ago)            #42
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ဒီနွေရာသီ အတွက် ၇ ဦးမြောက် ကစားသမား ခေါ်ယူမှု အဖြစ် အက်ဒ်လီကို ခေါ်ယူနိုင်ခဲ့တဲ့ ဘုန်းမောက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ဘုန်းမောက် ကတော့ လေဗာကူဆင် ကွင်းလယ်လူ အာမိုင်း အက်ဒ်လီကို ပြောင်းရွှေ့ကြေး ပေါင် ၂၅.၅ သန်းနဲ့ ခေါ်ယူလိုက်ပြီလည်း ဖြစ်ပါတယ်။ ဒီနွေရာသီမှာ အဓိက ကစားသမား အများအပြား လက်လွှတ်ထားရတဲ့ ဘုန်းမောက်က တစ်ဖက် မှာလည်း ကစားသမားတွေ ဆက်တိုက် ပြန်လည် ခေါ်ယူနေတာ ဖြစ်ပါတယ်။

မော်ရိုကို ကွင်းလယ် တိုက်စစ် ကစားသမား အာမိုင်း အက်ဒ်လီဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ဘုန်းမောက်က ခေါ်ယူခဲ့တဲ့ ၇ ဦးမြောက် ကစားသမား ဖြစ်ပြီး ၅ နှစ် စာချုပ်ချုပ်ဆိုမယ်လို့လည်း သိရပါတယ်။ မော်ရိုကို လက်ရွေးစင်ဟာ နံပါတ် ၁၀ Role မှာ အများဆုံး ကစားသူ ဖြစ်ပြီး လိုအပ်ရင်တော့ ဘယ်/ညာ တောင်ပံ နှစ်ဘက်နဲ့ အထောင် တိုက်စစ် မှာလည်း ကစားနိုင်သူ ဖြစ်ပါတယ်။

အက်ဒ်လီဟာ တူးလော့စ်နဲ့ ပြင်သစ်မှာ စတင် ခြေစွမ်းပြခဲ့နိုင်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် မှာတော့ လေဗာကူဆင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ သူက ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ဇာဘီ အလွန်ဆို လက်ထက်မှာ လေဗာကူဆင်နဲ့ အတူ ရှုံးပွဲ မရှိ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ အက်ဒ်လီက အဲဒီ ရာသီမှာ လေဗာကူဆင် အတွက် ၄၂ ပွဲ ကစားပြီး ၁၀ ဂိုးသွင်းကာ ၉ ဂိုး ဖန်တီးပြီး ဂျာမန် ကလပ် အတွက် ခြေစွမ်းအပြနိုင်ဆုံး ရာသီ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာတော့ အက်ဒ်လီက ပွဲချိန် အကန့်အသတ်နဲ့ ကစားခဲ့ရာက စုစုပေါင်း ၂၈ ပွဲမှာ ၂ ဂိုးသွင်းပြီး ၁ ဂိုးသာ ဖန်တီးနိုင်ခဲ့ပါတယ်။

ဒီလို လေဗာကူဆင်မှာ နေရာ မရဖြစ်နေတဲ့ အက်ဒ်လီကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ဈေးကွက်တွေမှာ ဝုဗ်နဲ့ ဝက်စ်ဟမ်း တို့က ချိတ်ဆက်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘုန်းမောက်က အသက် ၂၅ နှစ် အရွယ် ကစားသမားရဲ့ အပြောင်းအရွှေ့ အတွက် ကြိုးပမ်းမှုမှာ အနိုင်ရခဲ့ပြီး လာမယ့် စနေနေ့ ဝုဗ်နဲ့ ပွဲမှာ ပါဝင် ကစားနိုင်ဖို့ ရှိနေပါတယ်။

ဘုန်းမောက် ကတော့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် အဖြစ် လစ်ဗာပူးလ်နဲ့ ကစားထားရာ မှာတော့ ၄-၂ ရလဒ်နဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။
လေဗာကူဆင် ကနေ ဒီနွေရာသီမှာ နောက်ဆုံး ထွက်ခွာခဲ့တဲ့ အက်ဒ်လီ

ပရီးမီးယားလိဂ် ကလပ် ဘုန်းမောက် ကစားသမားသစ် ဖြစ်လာခဲ့တဲ့ အက်ဒ်လီက ကလပ်ရဲ့ ဝက်ဘ်ဆိုက်ဒ်ကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။ အက်ဒ်လီက “ဘုန်းမောက်လို ကလပ်မှာ ကစားခွင့်ရလို့ အရမ်းပဲ ဂုဏ်ယူမိပါတယ်။ ကျွန်တော့်ရဲ့ နောက်ထပ် အပြောင်းအရွှေ့ အတွက် ဘုန်းမောက်က ပြီးပြည့်စုံတဲ့ နေရာလို့ ခံစားမိပါတယ်။”

“ပတ်ဝန်းကျင်က လူတွေက ကျွန်တော့်ကို ဒီမှာ ယုံကြည်မှုတွေ အများကြီး ပေးပြီး အဆောက်အဦးတွေကို အရမ်း သဘောကျပါတယ်။ ကလပ်မှာ ရှိတဲ့ လူတွေက ချစ်ခြင်း မေတ္တာတွေ အပြည့်နဲ့မို့လို့ ဘုန်းမောက် အတွက် ကစားရတာ အရမ်း ပျော်ပြီး ကောင်းမွန်တဲ့ အရာတွေကို ရရှိမယ်လို့ မျှော်လင့်မိပါတယ်။” လို့ ပြောကြားခဲ့ပတယ်။

ဘုန်းမောက်ဟာ ယခု သီတင်းပတ် အစောပိုင်းမှာ လစ်ဗာပူးလ် တောင်ပံ ကစားသမား ဘန် ဒိုအက်ခ်ကို ခေါ်ယူခဲ့ပြီးနောက် အက်ဒရီယန် ထရူးဖတ်၊ ပီထရိုဗစ်နဲ့ ဘာဖိုဒီ ဒီယာခိတ် တို့ကိုလည်း ခေါ်ယူထားပါသေးတယ်။

ဘုန်းမောက်ဟာ ကီပါ အရစ်ဇာဘာလာဂါ၊ မီလော့စ် ကာကက်ဇ်၊ ဒင်း ဟောက်ဆန်၊ အီလီယာ ဇာဘာညီနဲ့ ဒန်ဂို အော့တာရာ တိုကို တို့ကို ရောင်းထုတ်ပြီးနောက် ကစားသမား အသစ်တွေကို ပြန်လည် ခေါ်ယူနေတာလည်း ဖြစ်ပါတယ်။ အက်ဒ်လီ ကလည်း ဖလော်ရီယန် ဝစ်ဇ်၊ ဂျရယ်မီ ဖရင်မ်ပေါင်၊ ဂရန်းနစ် ချာကာ၊ ဂျွန်နသန် တာ့ရ်နဲ့ လူးကပ်စ် ဟွာဒက်ကီတို့ ပြီးနောက် လေဗာကူဆင် ကနေ ဒီနွေရာသီ မကုန်ခင် ထွက်ခွာခဲ့တဲ့ နောက်ဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

ဘုန်းမောက် ကတော့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် အဖြစ် လစ်ဗာပူးလ်နဲ့ ကစားထားရာ မှာတော့ ၄-၂ ရလဒ်နဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 22-Aug-2025 at 2:01 PM





   Like     
SBOTOP
26-Aug 2025 Tuesday 12:48 PM (265 days ago)            #43
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ဆာဗင်ဟိုကို ပြောင်းရွှေ့ကြေး တိုးမြှင့် ကမ်းလှမ်းမယ့် တော့တင်ဟမ်ဟော့စပါး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် တော့တင်ဟမ်ဟော့စပါး ကတော့ အီဘာရီချီ အီးဇီးကို ပရီးမီးယားလိဂ် မြို့ခံ ပြိုင်ဘက် အာဆင်နယ်ထံ လက်လွှတ်ခဲ့ရပြီးနောက် ထိပ်တန်း အဆင့် တောင်ပံ ကစားသမား တစ်ဦး ခေါ်ယူဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။ မြောက်လန်ဒန် ကလပ်က သူတို့ရဲ့ ဒီနောက်ပိုင်းမှာ အဓိက ပစ်မှတ် ဖြစ်တဲ့ မန်ချက်စတာစီးတီး တောင်ပံကစားသမား ဆာဗင်ဟိုကို လက်မလျှော့သေးပဲ နောက်ထပ် တစ်ကြိမ် ကမ်းလှမ်းမှု အသစ် ပြုလုပ်ဖို ပြင်ဆင်နေပြီလည်း ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါး အခုတစ်ပတ် မန်စီးတီးနဲ့ အီတီဟတ်ကွင်းမှာ ယှဉ်ပြိုင်ကစားပြီးနောက် မန်စီးတီး တောင်ပံ ကစားသမား ဆာဗင်ဟို အတွက် ယူရို သန်း ၇၀ ကျော် တန်ဖိုး ရှိတဲ့ ကမ်းလှမ်းမှု အသစ်ကို တင်သွင်းခဲ့ကြောင်း သိရပါတယ်။ နာမည်ကျော် အားကစား သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ တော့တင်ဟမ်ဟော့စပါးက ဒီတစ်ပတ် အကုန်မှာ ဆာဗင်ဟို အတွက် ကမ်းလှမ်းမှုကို တိုးမြှင့်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ မန်စီးတီး ကတော့ ပြီးခဲ့တဲ့ ၁၀ ရက်တာ ကာလ အတွင်း စပါးရဲ့ ချဉ်းကပ်မှု မှန်သမျှကို ပိတ်ဆိုထားခဲ့ပြီး သူတို့ ဘရာဇီးလ် ကစားသမားကို ရောင်းချဖို့ ဆန္ဒမရှိကြောင်း ပြသထားပါတယ်။

တော့တင်ဟမ်ဟော့စပါး နည်းပြ သောမက်စ် ဖရန့်ခ်ဟာ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဂျိမ်းစ် မက်ဒီဆင်နဲ့ ဒီဂျန် ကူလူဆက်ဗ်စကီးတို့ ဒဏ်ရာရနေတာကြောင့် တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ စိတ်အားထက်သန်နေပါတယ်။ အထူးသဖြင့် ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ် ဆီကို ပေါင် ၆၇.၅ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ အီးဇီးကို လက်လွှတ်ခဲ့ရပြီးနောက် ဆာဗင်ဟိုက သူတို့ အသင်း အတွက် အဓိက ပစ်မှတ် ဖြစ်လာခဲ့တာပါ။

သတင်းတွေအရ ဆိုရင်တော့ စပါး အပါအဝင် ပရီးမီးယားလိဂ် ကလပ် ၃ သင်းက ရီးရဲလ်မက်ဒရစ်က ရိုဒရီဂိုကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ဆာဗင်ဟို အပြင် တခြား တောင်ပံကစားသမားတွေကိုလည်း ပစ်မှတ်ထားနေတဲ့ စပါး အသက် ၂၁ နှစ် အရွယ် ဆာဗင်ဟိုရဲ့ အရှိန်အဟုန်မြင့် ကစားဟန်နဲ့ ဖန်တီးနိုင်စွမ်းတွေက နည်းပြ သောမက်စ် ဖရန့်ခ်ရဲ့ ကစားဟန် အတွက် အကောင်းဆုံး ကိုက်ညီမှု ရှိကြောင်း စပါး ဘက်က ယုံကြည်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာစီးတီး ကတော့ ပြီးခဲ့တဲ့ ရာသီက ဂီရိုနာမှာ အငှားနဲ့ ခြေစွမ်းပြပြီး ဥရောပရဲ့ လူကြိုက်အများဆုံး လူငယ် တောင်ပံ ကစားသမား တစ်ဦး ဖြစ်လာခဲ့တဲ့ ဆာဗင်ဟိုကို အနာဂတ်အတွက် အဓိက ကစားသမားအဖြစ် သတ်မှတ်ထားတာကြောင့် လုံးဝ လက်လွှတ်လိုခြင်းတော့ မရှိပါဘူး။

မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကလည်း ဆာဗင်ဟိုဟာ ကြံ့ခိုင်မှု အနည်းငယ် ပြဿနာရှိတာကြောင့် စပါးကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ထည့်သွင်းခဲ့ခြင်းတော့ မရှိပါဘူး။ ဒါကြောင့် စပါးဟာ မန်စီးတီးတဲ့ ပွဲအပြီးမှာ ယူရို သန်း ၇ဝ ကျော် တန်ဖိုးရှိတဲ့ ကမ်းလှမ်းမှုသစ်ကို တင်သွင်းပြီး မန်စီးတီး အသင်းရဲ့ သဘောထားကို ပြောင်းလဲလာအောင် ဖိအားပေးဖို့ ရှိနေတာ ဖြစ်ပါတယ်။ အကယ်၍ ကစားသမား ကိုယ်တိုင်က အပြောင်းအရွှေ့ အတွက် တွန်းအားပေးလာခဲ့မယ် ဆိုရင်တော့ မန်စီးတီးက ရောင်းထုတ်ဖို့ စဉ်းစားလာနိုင်ပါတယ်။ လက်ရှိမှာတော့ စပါးက အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင်မှာ နာမည်ကြီး ကစားသမား တစ်ဦးကို ခေါ်ယူနိုင်ဖို့ ဇွဲမလျှော့ဘဲ ဆက်လက် ကြိုးပမ်းနေပါတယ်။ သတင်းတွေအရ ဆိုရင်တော့ စပါး အပါအဝင် ပရီးမီးယားလိဂ် ကလပ် ၃ သင်းက ရီးရဲလ်မက်ဒရစ်က ရိုဒရီဂိုကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 26-Aug-2025 at 12:49 PM





   Like     
SBOTOP
26-Aug 2025 Tuesday 12:54 PM (265 days ago)            #44
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

မန်ချက်စတာယူနိုက်တက် ကတော့ အများကြီး ရင့်ကျက်ဖို့ လိုအပ်နေသေးကြောင်း ဝန်ခံခဲ့တဲ့ ရူဘင် အမော်ရင် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြ ရူဘင် အမော်ရင် ကတော့ အသင်း အနေနဲ့ တိုးတက်မှု ရှိဖို့ လိုအပ်နေကြောင်း ဖူလ်ဟမ်နဲ့ သရေကျတဲ့ ပွဲအပြီးမှာ ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်က ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ပွဲစဉ် ၂ မှာတော့ ဖူလ်ဟမ်နဲ့ သရေကျခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် နည်းပြ အမော်ရင် အနေနဲ့ မန်ချက်စတာယူနိုက်တက်ကို ကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ် ၂၉ ပွဲမှာ ၂၈ မှတ်သာ ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ရာသီသစ် ပွဲစဉ် ၂ ပွဲ ကစားပြီးချိန် အထိ နိုင်ပွဲ မရသေးပဲ ရမှတ် ၁ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီက သူတို့ နှစ်ကျော့စလုံး အနိုင်ရခဲ့တဲ့ ဖူလ်ဟမ်ကို ဒီနှစ် မှာတော့ အနိုင်ယူနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ပွဲမှာ တိုးတက်လာတဲ့ ကစားဟန်နဲ့ မြင်တွေ့ခဲ့ရပေမယ့် ဒီပွဲ မှာတော့ ခြေစွမ်းပိုင်းက စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။

အသင်းရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သတ်လို့ အမော်ရင် “ကျွန်တော်တို့ ဂိုးသွင်းပြီးတဲ့နောက်မှာ ဘယ်လို ကစားနေသလဲ ဆိုတာ မေ့သွားတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကွင်းထဲမှာ ရှိတဲ့ လူတိုင်းက အခွင့်အရေးကို ဆုပ်ကိုင်ပြီး အနိုင်ရလဒ်ကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော့် အမြင် ကတော့ အဲဒီ အခိုက်အတန့်မှာ သက်သောင့် သက်သာနဲ့ ပြိုင်ဘက်ကို ဖိအားပေး ကစားရမှာပါ။ ကျွန်တော် တို့က ပြင်းပြင်းထန်ထန် ဖိကစားဖို့ ကြိုးစားခဲ့လို့ နေရာလွတ်တွေ အများကြီး ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ တိုးတက်မှု ရှိဖို့ အများကြီး လိုအပ်နေပါတယ်။” လို့ BBC Radio 5 Live ကို ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ရာသီသစ် ပွဲစဉ် ၂ ပွဲ ကစားပြီးချိန် အထိ နိုင်ပွဲ မရသေးပဲ ရမှတ် ၁ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
ပွဲစဉ် ၂ အပြီးမှာ အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်

ဆက်လက်ပြီး အမော်ရင်က “ကျွန်တော်တို့ ဂိုးတွေ သွင်းရမယ့် ကစားပုံကို မေ့သွားတယ် ထင်ပါတယ်။ ကျွန်တော် တို့က ပြင်းပြင်းထန်ထန် အနိုင်ယူချင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးတွေ သွင်းလိုက်နိုင်ရင် ကောင်းတဲ့ ခံစားချက် ဖြစ်လာမှာပါ။ အသင်း တစ်သင်း အနေနဲ့ အများကြီး တိုးတက်ဖို့ လိုပါတယ်။ ကျွန်တော့် အတွက် အရေးကြီးဆုံး အရာ ကတော့ တစ်ပတ် အတွင်းမှာ သူတို့ တကယ်ကို ကြိုးကြိုးစားစား လုပ်ခဲ့တယ် ဆိုတာပါ။ လေ့ကျင့်ရေး မှာတင် မဟုတ်ပါဘူး။ ကစားပွဲ မှာလည်း အနိုင်ရဖို့ လိုအပ်ပါတယ်။ ပြင်းထန်တဲ့ ကစားပုံနဲ့ မဟုတ်ဘဲ ကျွန်တော် တို့ရဲ့ စိတ်တင်းကြပ်မှုကို အနည်းငယ် ဖြေလျှော့ပေးဖို့ လိုအပ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ သြဂုတ်လ ၂၇ ရက်နေ့မှာ ဂရင်းမ်စ်ဘီတောင်းနဲ့ ခရာဘောင်ဖလား ဒုတိယအဆင့် ပွဲစဉ် ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၃ မှာတော့ ဘန်လေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ ယူနိုက်တက် အနေနဲ့ ရလဒ်ကောင်း ရရှိဖို့ လိုအပ်နေပြီး အကယ်၍သာ နိုင်ပွဲ မရခဲ့ရင်တော့ အမော်ရင်ရဲ့ နည်းပြ ရာထူး ကတော့ တဖြည်းဖြည်း လှုပ်ခတ်လာဖို့ ရှိနေပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 26-Aug-2025 at 12:55 PM





   Like     
SBOTOP
17-Sep 2025 Wednesday 1:46 PM (243 days ago)            #45
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

အန်ဖီးလ်ရဲ့ အရှိန်အဝါကို ဖောက်ထွက်ဖို့ ခက်ခဲလိမ့်ဦးမယ့် အက်တလက်တီကိုမက်ဒရစ် | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

လစ်ဗာပူးလ် – အက်တလက်တီကိုမက်ဒရစ်

လစ်ဗာပူးလ် ကတော့ ချန်ပီယံလိဂ် လိဂ်အဆင့် အဖွင့် ပွဲစဉ် အဖြစ် လာလီဂါ ထိပ်သီး ကလပ် အက်တလက်တီကိုမက်ဒရစ်ကို အန်ဖီးလ်မှာ ဧည့်ခံရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီရာသီမှာ ရှုံးပွဲ မရှိသေးတဲ့ လစ်ဗာပူးလ်တို့ ချန်ပီယံလိဂ် ကိုရော ရလဒ်ကောင်း တစ်ခုနဲ့ စတင်ဖွင့်လှစ်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အာနေး ဆလော့တ်ရဲ့ လစ်ဗာပူးလ် ကတော့ ဒီနွေရာသီမှာ အားရစရာ အင်အားဖြည့်တင်းမှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး ရှုံးပွဲလည်း မရှိသေးပါဘူး။ လစ်ဗာပူးလ်က ဒီရာသီ ရည်မှန်းချက်က ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ဆက်လက် ထိန်းသိမ်းဖို့ ဖြစ်ပြီး ချန်ပီယံလိဂ် မှာလည်း ၇ ကြိမ်မြောက် ဗိုလ်စွဲဖို့ ဖြစ်ပါတယ်။ ခန့်မှန်း တွက်ချက်မှုတွေ အရလည်း လစ်ဗာပူးလ်က ဒီနှစ် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ လက်ရှိ ခြေစွမ်းအရ ဆိုရင် လစ်ဗာပူးလ်က အကောင်းဆုံး ပုံစံမှာ ရှိမနေသေးပဲ ခေါ်ယူထားတဲ့ ကစားသမားတွေ ကလည်း အသင်းနဲ့ အသားကျဖို့ အချိန်ယူရဦးမယ့် ပုံပါပဲ။ ပြီးခဲ့တဲ့ ဘန်လေနဲ့ ပွဲမှာ ဆိုရင် လစ်ဗာပူးလ်ရဲ့ တိုက်စစ်က ဂိုးရဖို့ ခက်ခဲခဲ့ပြီး ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကြောင့်သာ အဖိုးတန် နိုင်ပွဲ ရခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ အက်တလက်တီကိုမက်ဒရစ်လို ကျစ်ကျစ်လျစ်လျစ် မာမာထန်ထန် ကစားတဲ့ အသင်းနဲ့ အတွေ့မှာ လစ်ဗာပူးလ်တို့ သွင်းဂိုးတွေ ဘယ်လိုမျိုး ရှာဖွေမလဲ ဆိုတာက အာနေး ဆလော့တ် ဖြေရှင်းရမယ့် အဓိက ပြသနာ တစ်ခု ဖြစ်နေပါလိမ့်မယ်။

ဒီယေဂို ဆီမြွန်နီရဲ့ အသင်း ကတော့ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေပြီး ၄ ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ ၁ ပွဲသာ ရထားပါသေးတယ်။ ဒါက နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ဗီလာရီးရဲလ်ကို ၂-၀ နဲ့ အနိုင်ရထားတာ ဖြစ်ပါတယ်။ ဘာပဲပြောပြော ရာသီသစ်မှာ နိုင်ပွဲ စတင်တွေ့ရှိသွားတာကြောင့်တော့ တီကိုတို့ ယုံကြည်မှု အနည်းငယ် ပြန်ရသွားမှာ သေချာပါတယ်။ တစ်ခု ရှိတာက တီကိုက ဒီရာသီမှာ တိုက်စစ်က တစ်ပွဲ ၁ ဂိုးနှုန်းလောက်သာ ရထားသလို ခံစစ် ကလည်း ၁ ပွဲ ၁ ဂိုးနှုန်းလောက် ပြန်ပေးထားရတာ ဖြစ်ပါတယ်။ ပြီးတော့ နောက်ဆုံး ၅ ပွဲမှာ ပေးဂိုး မရှိတဲ့ ပွဲက ၁ ပွဲသာ ရှိထားပါတယ်။

နှစ်ဖက်အသင်း သတင်းများ

လစ်ဗာပူးလ် ဘက်မှာ ပုဂ္ဂိုလ်ရေး အကြောင်းပြချက်နဲ့ အလက်ဇန္တား အိဆက်ခ် ပါဝင်ကစားဖို့ မသေချာသေးသလို မာ့ခ် အယ်လစ္စတာ၊ ကာတစ် ဂျုံးစ်၊ ဘက်ဂျ်စီတစ် တို့လည်း လွဲချော်ဖွယ် ရှိနေပါတယ်။ အက်တလက်တီကိုမက်ဒရစ် ဘက်မှာတော့ အဲလက်စ် ဘေနာ၊ ကာဒိုဆို၊ ဟင်မီနက်ဇ်၊ ဟူလီယန် အဲလ်ဗာရက်ဇ်၊ အဲလ်မာဒါ တို့လို အဓိက ကစားသမား တော်တော်များများ လွဲချော်မှာ ဖြစ်ပါတယ်။

ဖြစ်နိုင်ဖွယ် လူစာရင်း 

၀၂၁ ခုနှစ် ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ နောက်ဆုံး တွေ့ဆုံထားပြီး နှစ်ကျော့စလုံးမှာ လစ်ဗာပူးလ်ပဲ အနိုင်ရထားပါတယ်။
လစ်ဗာပူးလ်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၂ ပွဲဆက် အရေးနိမ့်ထားတဲ့ အက်တလက်တီကိုမက်ဒရစ်

လစ်ဗာပူးလ် – အလီဆွန်၊ ဖရင်မ်ပေါင်၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ရော်ဘတ်ဆန်၊ ဂရာဗန်ဘက်ဂျ်၊ ဆိုဘို့ဇ်လိုင်း၊ ဆာလာ၊ ဝစ်ဇ်၊ ဂက်ခ်ပို၊ အစ်ကီတီကီ

အက်တလက်တီကိုမက်ဒရစ် – အိုဘလက်ခ်၊ လီနော်မက်ဒ်၊ လန်းဂ်လတ်၊ ရူဂါရီ၊ ဆီမြွန်နီ၊ ဘာရီရို့စ်၊ ကိုကီ၊ ဂယ်လာဟာ၊ ဂရစ်ဇ်မန်း၊ ဆောလော့သ်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၅ ကြိမ် တွေ့ဆုံခဲ့ရာမှာ ၂ ကြိမ်စီ အနိုင်ရထားပြီး ၁ ကြိမ် သရေကျထားပါတယ်။ ချန်ပီယံလိဂ် မှာတော့ ၄ ကြိမ် တွေ့ဆုံထားပြီး ၂ ကြိမ်စီ အနိုင်ရထားလို့ ထိပ်တိုက်တွေ့ဆုံမှုအရ ကွာဟချက် သိပ်မရှိတာ တွေ့ရပါတယ်။ ၂၀၂၁ ခုနှစ် ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ နောက်ဆုံး တွေ့ဆုံထားပြီး နှစ်ကျော့စလုံးမှာ လစ်ဗာပူးလ်ပဲ အနိုင်ရထားပါတယ်။

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ လစ်ဗာပူးလ် နိုင်ရင် ၁.၄၆ ဆ ရမှာ ဖြစ်ပြီး အက်တလက်တီကိုမက်ဒရစ် နိုင်ရင်တော့ ၅.၆၀ ဆ နဲ့ သရေ ဆိုရင်တာ့ ၄.၁၅ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း လစ်ဗာပူးလ်က တစ်လုံး သွင်းရင်တောင် တစ်ဝက်ရှုံးမယ့် ကြေးမျိုး ပေါက်နေပြီး ဘွတ်ကီတွေ အနေနဲ့ လစ်ဗာပူးလ် ကျိန်းသေ အနိုင်လို့ တွက်ဆထားပုံပါပဲ။ တီကိုဟာ အရင်လို ခံစစ်က မတောင့်တင်းတော့သလို အခုပွဲကို အဓိက ကစားသမား တော်တော်များများ လွဲချော်ဖို့ ရှိနေတာ ကလည်း အားနည်းချက် ဖြစ်နေပါတယ်။ အန်ဖီးလ်ရဲ့ အရှိန်အဝါကလည်း ရှိနေသေးတော့ တီကို အတွက် ဘယ်လိုမှ မလွယ်ကူနိုင်တဲ့ ပွဲပါ။ လစ်ဗာပူးလ် အနိုင်သေချာပါတယ်။ ဂိုးပြတ် မပြတ်ပဲ စောင့်ကြည့်ရပါမယ်။

ခန့်မှန်းရလဒ်

လစ်ဗာပူးလ် ၁-၀ အက်တလက်တီကိုမက်ဒရစ်

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 17-Sep-2025 at 1:46 PM





   Like     
SBOTOP
17-Sep 2025 Wednesday 1:48 PM (243 days ago)            #46
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

အလိုင်းရန့်ဇ် အရီနာမှာ ရုန်းကန်ရမယ့် ချဲလ်ဆီး | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဘေယန်မြူးနစ် – ချဲလ်ဆီး

၂၀၂၄-၂၀၂၅ ချန်ပီယံလိဂ်ရဲ့ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ အဖွင့်ပွဲစဉ် အဖြစ် ဘေယန်မြူးနစ်နဲ့ ချဲလ်ဆီးတို့ အလိုင်းရန့်ဇ် အရီနာမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်နဲ့ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ အသာမရခဲ့တဲ့ ချဲလ်ဆီး ကပဲ မှတ်တမ်းဆိုးတွေကို ချေဖျက်သွားနိုင်မလား ဒါမှမဟုတ် ဘေယန်မြူးနစ် ကပဲ ရလဒ်ကောင်း တစ်ခုကို ဆက်ထိန်းသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီရာသီ အစကတည်းက တောက်လျောက် နိုင်ပွဲတွေ ဆက်နေတဲ့ ဘေယန်မြူးနစ်က အကောင်းဆုံး ပုံစံ ရနေတယ် ဆိုတာ ငြင်းလို့ မရပါဘူး။ ဘေယန်မြူးနစ်ဟာ လက်ရှိ အချိန်ထိ ၅ ပွဲ ကစားထားရာမှာ ရာနှုန်းပြည့် နိုင်ပွဲ ရထားပြီး လူးဝစ္စ ဒီးယက်ဇ်၊ ဟယ်ရီကိန်း၊ ဂနာဘရီ၊ အိုလစ်ဆီ တို့ရဲ့ တိုက်စစ် အစုအဖွဲ ကလည်း ၁၉ ဂိုး အထိ သွင်းကာ ဂိုးမြူးနေပါတယ်။ ဗင်းန်ဆင့် ကွန်ပနီရဲ့ အသင်း အနေနဲ့ ဒီနွေရာသီမှာ တောင်ပံ အတွက် လူးဝစ္စ ဒီးယက်ဇ်နဲ့ ခံစစ် အတွက် တာ့ရ် တို့ကို အရ ခေါ်ယူနိုင်ခဲ့တာက တော်တော်လေး အကျိုးရှိခဲ့တယ်လို့ ဆိုရပါမယ်။ ဒီပွဲမှာလည်း ဘေယန်မြူးနစ်ရဲ့ ပုံစံကောင်း တစ်ခုကို ဆက်လက် မြင်တွေ့ရဖို့ ရှိပါတယ်။ ဒါပေမယ့် ပြိုင်ဘက်ကောင်းနဲ့ တွေ့ဆုံရတာ ဖြစ်နေလို့တော့ အလွယ်တကူ အနိုင်ရဖို့ မဖြစ်နိုင်ပါဘူး။

ဘေယန်မြူးနစ် ကတော့ ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်မှာ နောက်ဆုံး တွေ့ဆုံမှု ၄ ကြိမ်မှာ ၃ ကြိမ် အနိုင်ရခဲ့ပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ ၁၁ ပွဲဆက် မရှုံးသေးတဲ့ ချဲလ်ဆီး

ချန်ပီယံလိဂ်မှာ ၂ ကြိမ် ဗိုလ်စွဲခဲ့ဖူးတဲ့ ချဲလ်ဆီး ကတော့ ပြိုင်ပွဲနဲ့ ၂ ရာသီ ဆက်တိုက် ဝေးကွာခဲ့ပြီးနောက် ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လိဂ်အဆင့် အဖွင့်ပွဲမှာတင် ဘေယန်မြူးနစ်ကို ဂျာမန်မြေမှာ သွားရောက် ရင်ဆိုင်ရတာ ဖြစ်လို့ အန်ဇို မာရက်စ်ကာရဲ့ အသင်း အတွက် ခက်ခဲဦးမှာပါ။ ချဲလ်ဆီးက ဥရောပဖလား သို့မဟုတ် ချန်ပီယံလိဂ်မှာ ဘေယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ ပွဲတွေရဲ့ ၆၀ ရာခိုင်နှုန်းကို ရှုံးနိမ့်ထားပါတယ်။ (၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၃ ပွဲ ရှုံး) နောက်ပြီး ချဲလ်ဆီးက ဒီရာသီမှာ ရှုံးပွဲ မရှိသေးပေမယ့် တချို့ပွဲတွေမှာ မလိုအပ်ပဲ ဂိုး‌တွေ ပြန်ပေးနေရတဲ့ ခံစစ်ကြောင့် ရမှတ်တွေ ဆုံးရှုံးနေရပါတယ်။

နှစ်ဖက်အသင်း သတင်းများ

ဒီပွဲကိုတော့ ဘေယန်မြူးနစ် ဘက်က အဲလ်ဖွန်ဆို ဒေးဗီးစ်၊ အီတို၊ မူဆီလာအာနဲ့ ဂွာရဲရိုး တို့ လွဲချော်မှာ ဖြစ်ပါတယ်။ ချဲလ်ဆီး ဘက်မှာတော့ ဘာဒီယာရှီးလ်၊ အက်ဆူဂို၊ ကိုးလ်ဝဲလ်၊ လီယမ် ဒီလက်ပ်၊ လာဗီယာတို့ လွဲချော်မှာ ဖြစ်ပေမယ့် အတောင့်တင်းဆုံး လူစာရင်းနဲ့တော့ ပွဲထွက်လာနိုင်ဖို့ ရှိနေပါတယ်။

ဖြစ်နိုင်ဖွယ် လူစာရင်း

ဘေယန်မြူးနစ် – နော်အာ၊ လိုင်မာ၊ အူပါမီကာနို၊ တာ့ရ်၊ ဆတန်နီဆစ်၊ ကင်မစ်ချ်၊ ပက်ဗ်လိုဗစ်၊ အိုလစ်ဆီ၊ ဒီးယက်ဇ်၊ ကိန်း

ချဲလ်ဆီး – ဆန်းချက်ဇ်၊ ဂျိမ်းစ်၊ ဖိုဖာနာ၊ ချာလိုဘာ့၊ ကူကာရယ်လာ၊ ဖာနန်ဒက်ဇ်၊ ကိုင်စီဒို၊ နီတို၊ ပါးလ်မား၊ ဂါနာချို၊ ပက်ဒရို

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဘေယန်မြူးနစ် ကတော့ ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်မှာ နောက်ဆုံး တွေ့ဆုံမှု ၄ ကြိမ်မှာ ၃ ကြိမ် အနိုင်ရခဲ့ပါတယ်။ ကျန် တစ်ပွဲ ကတော့ ၂၀၁၂ ဗိုလ်လုပွဲမှာ ပင်နယ်တီနဲ့ ရှုံးခဲ့တာ ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ၁၆ သင်း အဆင့် မှာတော့ နှစ်ကျော့စလုံး အနိုင်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပွဲ ဆက်တိုက်လည်း ဘေယန်မြူးနစ်က (အိမ်ကွင်းမှာ ၃-၀၊ အိမ်ကွင်းမှာ ၄-၁) ချဲလ်ဆီးကို အနိုင်ရထားပါတယ်။

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဘေယန်မြူးနစ် နိုင်ရင် ၁.၆၅ ဆ ရမှာ ဖြစ်ပြီး ချဲလ်ဆီး နိုင်ရင်တော့ ၄.၂၁ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၈၅ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း အိမ်ရှင် ဘေယန် ဘက်ကပဲ တစ်လုံး သရေလောက်ပေါက်နေပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပါတယ်။ ဘေယန်က ချဲလ်ဆီးကို နောက်ပိုင်း တွေ့ဆုံမှုတွေမှာ အပြတ်အသတ် အသာရခဲ့သလို လက်ရှိ ခြေစွမ်းနဲ့ စုဖွဲ့မှုအရလည်း မနိုင်ရင်တောင် မရှုံးတဲ့ အခြေအနေပါ။ အလိုင်းရန့်ဇ် အရီနာမှာ ချဲလ်ဆီးတို့ သရေ တစ်မှတ်တောင် မျှော်လင့်လို့ ရနိုင်မယ် မထင်ပါဘူး။ အပြန်အလှန် သွင်းဂိုးတွေလည်း မြင်တွေ့ရနိုင်ခြေ များပါတယ်။

ခန့်မှန်းရလဒ်

ဘေယန်မြူးနစ် ၃-၂ ချဲလ်ဆီး

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 17-Sep-2025 at 1:48 PM





   Like     
SBOTOP
17-Oct 2025 Friday 3:39 PM (213 days ago)            #47
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ချဲလ်ဆီးတို့ စီးတီးဂရောင်းမှာ သက်တောင့်သက်သာ နိုင်ပွဲရသွားနိုင်မလား | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

နော့တင်ဟမ်ဖောရက်စ် – ချဲလ်ဆီး

ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြန်လည် စတင်ဖို့ ရှိပြီး ပွဲစဉ် ၈ ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် နော့တင်ဟမ်ဖောရက်စ်က ချဲလ်ဆီးကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ နည်းပြ အန်ဂျီ ပိုစတီကိုဂလူး လက်ထက်မှာ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေတဲ့ နော့တင်ဟမ်ဖောရက်စ်ကို ချဲလ်ဆီးတို့ သက်တောင့်သက်သာ အသာရသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

နော့တင်ဟမ်ဖောရက်စ်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေပြီးတော့ ပရီးမီးယားလိဂ် မှာတော့ နိုင်ပွဲ ၁ ပွဲသာ ရထားပါသေးတယ်။ လက်ရှိအချိန် ရမှတ် ၅ မှတ်သာ ရရှိထားပြီး တန်းဆင်းဇုန်ရဲ့ အထက်မှာ ရပ်တည်နေတဲ့ အထိ တော်တော်လေး အခြေအနေ ဆိုးရွားနေတာပါ။ တကယ်တော့ ဖောရက်စ်မှာ ကစားသမားကောင်းတွေ အများကြီးပါပဲ။ အသင်းတွင်း ပြဿနာတွေနဲ့ နည်းပြ အပြောင်းအလဲတွေကြောင့် ဆရာများ သားသေ ဖြစ်နေပုံပါပဲ။ ပိုစတီကိုဂလူး အနေနဲ့လည်း ဒီပွဲမှာသာ ရလဒ်မကောင်းခဲ့ရင် ကျိန်းသေပေါက် ဂျောင်းရတော့မယ့် အခြေအနေ ဖြစ်တာကြောင့် အသေအချာ ပြင်ဆင်လာမယ့် သဘော ရှိပါတယ်။ 

အန်ဇို မာရက်စ်ကာရဲ့ ချဲလ်ဆီး ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လစ်ဗာပူးလ်ကို ထိုက်တန်စွာ အနိုင်ယူထားပါတယ်။ ဒါပေမယ့်လည်း ရှေ့ပွဲတွေမှာ ရလဒ်မကောင်းခဲ့တာကြောင့် အဆင့် ၇ နေရာ အထိသာ တက်လှမ်းနိုင်ခဲ့ပြီး ဇယား ထိပ်က အသင်းတွေနဲ့ ရမှတ်တွေ ကွာဟနေဆဲ ဖြစ်ပါတယ်။ ချဲလ်ဆီးရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်တွေကို ပြန်ကြည့်ရင်တော့ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲ ရှုံးထားပြီး သိပ်ပြီး အားရစရာ ကောင်းမနေပါဘူး။ လက်ရှိမှာ ချဲလ်ဆီး ကွင်းလယ်က အန်ဇို ဖာနန်ဒက်ဇ်နဲ့ မွိုက်စ် ကိုင်စီဒိုတို့ တော်တော်လေး ခြေစွမ်းပြနေပြီး ဂါနာချို၊ နီတို၊ ယာအို ပက်ဒရို တို့ကလည်း သက်ရောက်မှု ကြီးမားနေပါတယ်။ ဒီပွဲမှာ ရလဒ်ကောင်း တစ်ခု အတွက် ဒီကစားသမားတွေကို ချဲလ်ဆီးတို့ ကျိန်းသေပေါက် အားကိုးရဦးမှာ ဖြစ်ပါတယ်။ 

နှစ်ဖက်အသင်း သတင်းများ

နော့တင်ဟမ်ဖောရက်စ်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေပြီးတော့ ပရီးမီးယားလိဂ် မှာတော့ နိုင်ပွဲ ၁ ပွဲသာ ရထားပါသေးတယ်။
ပရီးမီးယားလိဂ် တန်းဆင်းဇုန်ရဲ့ အထက်မှာ ရပ်တည်နေတဲ့ နော့တင်ဟမ်ဖောရက်စ်

အခုပွဲကိုတော့ နော့တင်ဟမ်ဖောရက်စ် ဘက်က အိုင်နာ လွဲချော်မှာ ဖြစ်ပြီး ဇင်ချန်ကိုနဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ် ကလည်း ပါဝင်ကစားဖို့ မသေချာသေးပါဘူး။

ချဲလ်ဆီး မှာတော့ နည်းပြ အန်ဇို မာရက်စ်ကာ (အနီကတ်)၊ လီဗီ ကိုးလ်ဝဲလ်၊ အန်ဒရေ ဆန်းတို့စ်၊ ကိုးလ်ပါးလ်မား၊ အက်ဆူဂို၊ ဒီလက်ပ် တို့ ကျိန်းသေပေါက် လွဲချော်မှာပါ။ ဒါ့အပြင် တိုဆင်၊ ဖိုဖာနာ၊ ဘာဒီယာရှီးလ်၊ အန်ဇို ဖာနန်ဒက်ဇ်၊ အာချင်မ်ပေါင်၊ ရိစ် ဂျိမ်းစ် တို့ကတော့ ပါဝင်ကစားဖို့ မသေချာ ဖြစ်နေပါတယ်။

ဖြစ်နိုင်ဖွယ် လူစာရင်း 

နော့တင်ဟမ်ဖောရက်စ် – ဆဲလ်စ်၊ မီလန်ကိုဗစ်၊ မိုရာတို၊ ကူညာ၊ ဝီလီယမ်စ်၊ အန်ဒါဆန်၊ ရိတ်စ်၊ ဆာဗိုနာ၊ အန်ဒိုရီ၊ ဂစ်ဘ်ဝှိုက်၊ ဝုဒ်

ချဲလ်ဆီး – ဆန်းချက်ဇ်၊ ရိစ် ဂျိမ်းစ်၊ အာချင်မ်ပေါင်၊ ဘာဒီယာရှီးလ်၊ ကူကာရယ်လာ၊ ဂူစတို၊ ကိုင်စီဒို၊ နီတို၊ အန်ဇို ဖာနန်ဒက်ဇ်၊ ဂါနာချို၊ ယာအို ပက်ဒရို

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၉ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဖောရက်စ်က ၁ ကြိမ်နိုင်၊ ၃ ကြိမ် သရေကျပြီး ချဲလ်ဆီးက ၅ ကြိမ် အနိုင်ရထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ ချဲလ်ဆီးက ၂ ကြိမ်နိုင်၊ ၂ ကြိမ် သရေကျပြီး ၁ ကြိမ် ရှုံးထားပါတယ်။ စီးတီးဂရောင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ကြိမ် မှာတော့ ချဲလ်ဆီးက ၂ ကြိမ်နိုင်၊ ၁ ကြိမ် သရေကျခဲ့ပါတယ်။

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ နော့တင်ဟမ်ဖောရက်စ် နိုင်ရင် ၃.၄၈ ဆ နီးပါး ရမှာ ဖြစ်ပြီး ချဲလ်ဆီး နိုင်ရင်တော့ ၁.၉၂ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၄၁ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း ချဲလ်ဆီးက သရေ တစ်ဝက်ရှုံး၊ သရေရှုံး၊ တစ်လုံး တစ်ဝက်စားကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ထုံးစံအတိုင်း ၃ လုံး သွင်းရင် ဂိုးပေါ်သမားတွေ စိတ်ချရပါပြီ။ လက်ရှိ ဖောရက်စ်ရဲ့ တပ်ပျက်နေတဲ့ အခြေအနေအရ ချဲလ်ဆီးတို့ အဝေးကွင်းမှာ အနိုင် ၃ မှတ်ကို သက်တောင့်သက်သာ ရယူနိုင်ဖို့ ရှိနေပါတယ်။ ဂိုးပြတ်ဖို့တော့ မရှိပါဘူး။

ခန့်မှန်းရလဒ်

နော့တင်ဟမ်ဖောရက်စ် ၁-၂ ချဲလ်ဆီး

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
Youtube: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 17-Oct-2025 at 3:39 PM





   Like     
SBOTOP
31-Oct 2025 Friday 12:37 PM (199 days ago)            #48
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ဖီအိုရင်တီးနားကို အနိုင်ယူပြီးနောက် ချီဗူးရဲ့ အကျိုးသက်ရောက်မှုကို ချလနောဂလူ ချီးကျူး | စီးရီးအေ

ဗုဒ္ဓဟူးနေ့က ဖီအိုရင်တီးနားကို ၃-၀ နဲ့ အနိုင်ရပြီးနောက် အင်တာမီလန်ရဲ့ စိတ်ဓာတ်ရေးရာ အပေါ် သက်ရောက်မှုရှိခဲ့တဲ့ နည်းပြ ခရစ္စတီယန် ချီဗူးကို ဟာကန် ချလနောဂလူက ချီးကျူးခဲ့ပါတယ်။ တူရကီ ကွင်းလယ်လူဟာ အဲဒီ ပွဲစဉ်မှာ အသင်း အတွက် ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး အင်တာမီလန်က စီးရီးအေ အမှတ်ပေးဇယား အဆင့် ၃ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

အင်တာမီလန်ဟာ တနင်္ဂနွေနေ့က လက်ရှိချန်ပီယံနဲ့ လိဂ်ကို ဦးဆောင်နေသူ နာပိုလီကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အရေးပါတဲ့ နိုင်ပွဲကို ပြန်လည် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ချလနောဂလူဟာ အဲဒီပွဲမှာလည်း အင်တာမီလန် အတွက် ၁ ဂိုး သွင်းပေးခဲ့ပါတယ်။ သူဟာ ဒီရာသီ စီးရီးအေ ပွဲစဉ် ၇ ပွဲမှာ ၅ ဂိုး သွင်းယူထားပြီး ပြီးခဲ့တဲ့ရာသီက ၂၉ ပွဲ ကစားပြီးချိန်မှာ သူသွင်းယူနိုင်ခဲ့တဲ့ ဂိုးအရေအတွက်နဲ့ တူညီခဲ့ပါတယ်။ ချလနောဂလူက စီးရီးအေ ချန်ပီယံဆု အတွက် ပြိုင်ဘက်တွေကို ရှုံးနိမ့်ပြီးနောက် ချီဗူးဟာ သူတို့ကို ပြန်လည် ကောင်းမွန်လာစေဖို့ အရေးပါတဲ့ သက်ရောက်မှုရှိခဲ့တယ်လို့ အခုလိုပဲ ပြောကြားခဲ့တာပါ။ 

ချလနောဂလူက “ကျွန်တော်တို့ ချက်ချင်းပြောင်းလဲခဲ့ပါတယ်။ ကျွန်တော်တို့ ဒါကို ဘေးဖယ်ထားခဲ့ပြီး ဒီနေ့မှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။” လို့ DAZN ကို ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး စိတ်ပိုင်းဆိုင်ရာ ရှုထောင့်ကနေရော၊ ပွဲစဉ်ကို အနိုင်ရဖို့ ဆာလောင်နေတဲ့ ရှုထောင့် ကနေပါ တစ်ခုခု ပေးစွမ်းနိုင်တဲ့ နည်းပြကို ကျေးဇူးတင်ပါတယ်။ အင်တာ အတွက် ကစားရင် အမြင့်ဆုံး ရည်မှန်းချက်တွေကို ရည်မှန်းရမယ် ဆိုတာ လူတိုင်း သိပါတယ်။ အသင်းက အဲဒါနဲ့ ထိုက်တန်ပါတယ်။ ကလပ် ကမ္ဘာ့ဖလားမှာ ခက်ခဲခဲ့ပေမယ့် နည်းပြက ကျွန်တော် တို့ကို စိတ်ပိုင်းဆိုင်ရာအရ တကယ်ကို အကူအညီပေးခဲ့ပါတယ်။ ဒါကြောင့် အရေးကြီးတာက စိတ်အားထက်သန်မှုထက် စည်းကမ်းရှိမှုပါ။”

အင်တာမီလန် ကတော့ ဒီရာသီ စီးရီးအေမှာ ၉ ပွဲ ကစားပြီးချိန် အထိ ၆ ပွဲ အနိုင်ရကာ ၃ ပွဲ ရှုံးနိမ့်ထားပါတယ်။
ချီဗူး လက်ထက်မှာ ရှုံးပွဲ ၄ ပွဲ ရှိထားတဲ့ အင်တာမီလန်

အသက် ၂၂ နှစ် အရွယ် ဆူဆစ် ကတော့ ဒီနွေရာသီမှာ ဒိုင်နမို ဇာဂရက်ဘ် ကနေ ပြောင်းရွှေ့လာပြီးနောက် အင်တာမီလန် အတွက် သူ့ရဲ့ ပထမဦးဆုံး သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ဆူဆစ်က “ကျွန်တော့်ရဲ့ ပထမဆုံးဂိုးကို သွင်းယူနိုင်တာ ကောင်းပါတယ်။ ကျွန်တော် တကယ်ပျော်ပါတယ်။ ကျွန်တော် အရမ်းကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အရေးကြီးဆုံး ကတော့ ကျွန်တော်တို့ ကောင်းမွန်တဲ့ ပွဲတစ်ပွဲ ကစားပြီး အနိုင်ရခဲ့တာပါ။ ဂိုးအတွက် ကျွန်တော် ပျော်ပါတယ်။ ဒါပေမယ့် ရလဒ်က အရေးကြီးဆုံးပါပဲ။

“ အင်တာက အသင်းကြီး တစ်သင်း ဖြစ်ပြီး ကောင်းမွန်တဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ ကျွန်တော် ကစားရတဲ့အခါ ပျော်ရွှင်ပါတယ်။ မကစားရတဲ့အခါ ကျွန်တော် ကြိုးစားလေ့ကျင့်ပါတယ်။ ဒါဟာ မှန်ကန်တဲ့ နည်းလမ်းလို့ ကျွန်တော် ထင်ပါတယ်။ စွမ်းဆောင်ရည် အပေါ် ကျွန်တော် ကျေနပ်မိပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

အင်တာမီလန် ကတော့ ဒီရာသီ စီးရီးအေမှာ ၉ ပွဲ ကစားပြီးချိန် အထိ ၆ ပွဲ အနိုင်ရကာ ၃ ပွဲ ရှုံးနိမ့်ထားပါတယ်။ ချန်ပီယံလိဂ် မှာတော့ ရာနှုန်းပြည့် နိုင်ပွဲရထားတဲ့ အင်တာက နည်းပြ ချီဗူး လက်အောက်မှာ ၁၆ ပွဲ ကစားရာမှာ ၁၁ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၄ ပွဲ ရှုံးထားပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 31-Oct-2025 at 12:37 PM





   Like     
SBOTOP
31-Oct 2025 Friday 12:40 PM (199 days ago)            #49
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ချေ ရှိတယ် ဆိုတာ ယုံကြည်ထားဖို့ အသင်း ပရိသတ်တွေကို တိုက်တွန်းလိုက်တဲ့ အာတေးတား

အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား ကတော့ အသင်းရဲ့ ပရိသတ်တွေ အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ချန်ပီယံ ဖြစ်နိုင်ခြေ ရှိတယ် ဆိုတာ ယုံကြည်ထားကြဖို့ ပြောဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၉ အပြီးမှာ အာဆင်နယ်က အဓိက ပြိုင်ဘက် မန်စီးတီးကို ၆ မှတ်၊ လက်ရှိ ချန်ပီယံ လစ်ဗာပူးလ်ကို ၇ မှတ် ဖြတ်ထားပြီးတော့ အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။ 

ယူနိုက်တက် ဂန္ထဝင် နောက်ခံလူ ဂယ်ရီ နဗီးလ် ကလည်း ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ် ဗိုလ်စွဲဖို့ သေချာသလောက် ရှိသွားပြီ ဖြစ်ကြောင်း Sky Sports နဲ့အင်တာဗျူးမှာ သုံးသပ်ခဲ့ပါတယ်။ ဒါ့အပြင် စူပါကွန်ပြူတာရဲ့ တွက်ချက်မှုမှာလည်း ပွဲစဉ် တစ်ပွဲ ပြီးဆုံးချိန်တိုင်း အာဆင်နယ်က ချန်ပီယံ ဖြစ်နိုင်ခြေ ရာခိုင်နှုန်းတွေ ဆက်တိုက် တိုးလာနေပါတယ်။ 

အာဆင်နယ်ဟာ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီက ရှုံးပွဲ မရှိစံချိန်နဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ပြီး နောက်ပိုင်းကတည်းက ဆုဖလားနဲ့ ဝေးကွာနေတာ နှစ်ပေါင်း ၂၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် မီခဲလ် အာတေးတား လက်ထက်မှာ အာဆင်နယ်က အဓိက ဆုဖလား မရရှိတာ ၅ ရာသီ ရှိလာခဲ့ပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ ၃ ရာသီ ဆက်တိုက်လည်း ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ 

အာဆင်နယ်ဟာ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီက ရှုံးပွဲ မရှိစံချိန်နဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ပြီး နောက်ပိုင်းကတည်းက ဆုဖလားနဲ့ ဝေးကွာနေတာ နှစ်ပေါင်း ၂၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ဝေးကွာနေတာ နှစ်ပေါင်း ၂၀ ကျော် ရှိနေပြီ ဖြစ်တဲ့ အာဆင်နယ်

ဒီရာသီ မှာတော့ အာဆင်နယ်က ခံစစ်ပိုင်း ကျစ်လျစ်မှုနဲ့ Set Pieces စွမ်းဆောင်ရည်ကောင်းတွေကြောင့် ပရီးမီးယားလိဂ်မှာ တစ်ကျော့ပြန် ဗိုလ်စွဲဖို့ မျှော်လင့်ချက် အပြည့် ရှိနေပြီ ဖြစ်ပါတယ်။ လက်တလော မှာတော့ အာဆင်နယ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာက ဘုန်းမောက်ကို ၄ မှတ် ဖြတ်လိုက်ပြီးတော့ အဓိက ပြိုင်ဘက် မန်စီးတီးကို ၆ မှတ်၊ လစ်ဗာပူးလ်ကို ၇ မှတ် အထိ ဖြတ်ထားနိုင်ပြီ ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းအရ ဆိုရင် အာဆင်နယ် အတွက် လာမယ့် ပွဲစဉ်တွေက မခက်ခဲနိုင်တာကြောင့် အဓိက ပြိုင်ဘက်တွေ ပွဲကြပ်နေချိန် ရမှတ်တွေ ဆက်လက် ဖြတ်တောက်နိုင်ဖို့တော့ ရှိနေပါတယ်။ 

ဘရိုက်တန်နဲ့ ကစားမယ့် လိဂ်ဖလား ပွဲစဉ် မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာတုန်းက အာတေးတားက “ကျွန်တော်တို့ အသင်းဟာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်တာကြောင့် ပရိသတ်တွေ ကလည်း ကျေနပ် အားရနေကြပြီး အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ဖလား ရယူနိုင်မယ် ဆိုတာ ခိုင်လုံတဲ့ အကြောင်းတရားတွေ ရှိနေပါပြီ။ အားလုံး ကတော့ ကြီးမားတဲ့ ဆုဖလား အောင်မြင်မှုတွေ ရယူချင်ကြတာပါပဲ။ အခုလောလောဆယ် ကျွန်တော်တို့ အသင်းဟာ ထိပ်ဆုံး နေရာ ရောက်နေပေမဲ့ အခုမှ ရာသီအစပဲ ရှိသေးပြီး နောက်ထပ် ခက်ခဲမယ့်ပွဲတွေနဲ့ ရင်ဆိုင်ရမယ် ဆိုတာ ကျွန်တော်တို့ သိပြီးသား ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

နောက်တစ်ချက်က အာဆင်နယ်က အရင်က ဆိုရင် ခရာဘောင်ဖလားလို ပြိုင်ပွဲငယ်တွေကို သိပ်ပြီး အာရုံစိုက်လေ့ မရှိပေမယ့် ဒီရာသီ မှာတော့ ပြိုင်ပွဲတိုင်းကို ဂရုတစိုက် ကစားနေတာ တွေ့ရပါတယ်။ အာဆင်နယ်ဟာ ညက ကစားခဲ့တဲ့ ခရာဘောင်ဖလား စတုတ္ထအဆင့် ပွဲစဉ်မှာလည်း ကစားရခက်တဲ့ ဘရိုက်တန်ကို ပေးဂိုး မရှိ အနိုင်ရရှိခဲ့ပြန်ပြီး သူတို့ရဲ့ အကောင်းမွန်ဆုံးသော ခံစစ် စွမ်းဆောင်ရည်ကို ဆက်ထိန်းပြထားပါတယ်။ လက်ရှိ မှာတော့ အာဆင်နယ်က ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲဆက် အနိုင်ရရှိထားပြီ ဖြစ်သလို ပေးဂိုး မရှိ နိုင်ပွဲ ကလည်း ၆ ပွဲဆက်နေပြီ ဖြစ်ပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 31-Oct-2025 at 12:41 PM





   Like     
SBOTOP
13-Dec 2025 Saturday 3:48 PM (156 days ago)            #50
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

မန်စီးတီးထက် လစ်ဗာပူးလ် ကိုသာ ပြောင်းချင်နေတဲ့ ဆီမီညို၊ ဝှာတန် အတွက် ယူရို သန်း ၁၀၀ သုံးဖို့ အသင့်ရှိနေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၁၁ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ အန်တိုနီယို ဆီမီညိုရဲ့ ပေါင် ၆၅ သန်း (ဒေါ်လာ ၈၆.၅ သန်း) တန် အပြောင်းအရွှေ့ အတွက် ဘုန်းမောက်နဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ်ဟာ ပြောင်းရွှေ့ကြေးနဲ့ စာချုပ်ပါ သဘောတူညီချက်ကို ညှိနှိုင်းခဲ့ပြီး ကစားသမားရဲ့ ကိုယ်ပိုင် ရွေးချယ်မှု အပေါ် စောင့်ဆိုင်းနေကြောင်း CaughtOffside က ဖော်ပြပါတယ်။ ဆီမီညို ကတော့ ပရီးမီးယားလိဂ် ကလပ် နှစ်ခု အကြားမှာ လစ်ဗာပူးလ် ကိုသာ သူနှစ်သက်တဲ့ အသင်း အဖြစ် ရွေးချယ်ထားတယ်လို့ သိရပါတယ်။

ရယ်မောစေနိုင်တဲ့ ဓာတ်ငွေ့တွေ ရှူရှိုက်မိတယ် ဆိုတဲ့ အငြင်းပွားမှု တစ်ခု ထပ်မံ ဖြစ်ပွားပြီးနောက် တော့တင်ဟမ်ဟော့စပါးက ယွစ်ဗ်စ် ဘစ်ဆူးမားကို အလျင်အမြန် ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဂါလာတာဆာရေး ကတော့ ဘစ်ဆူးမားကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။

လစ်ဗာပူးလ် ကတော့ အေစီမီလန် ဂိုးသမား မိုက်ခ် မိုက်ဂ်နွန်ကို ခေါ်ယူချက်နေပြီး အလီဆွန်ကို လက်လွှတ်သွားဖွယ် ရှိနေပါတယ်။

နီယွမ်အက်ဖ်စီနဲ့ အဲလ်ကတ်ဒ်ဆီယာ၊ အဲလ်ဟီလာနဲ့ အဲလ် အစ်တီဟတ် တို့ကတော့ လစ်ဗာပူးလ် ကနေ ထွက်ခွာလိုနေတဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဘင် ဂျက်ကော့ဘ်က ပြောကြားလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်က အဲလ်ချီက ဩစတြီးယား ဗဟိုနောက်ခံလူ ဒေးဗစ် အက်ဖန်ဂရူဘာကို အပြောင်းအရွှေ့ ပစ်မှတ် စာရင်းထဲမှာ ထည့်သွင်းခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ်လည်း ယူနိုက်တက်ရဲ့ ဦးစားပေးမှာ ကွင်းလယ် ကစားသမားသစ် တစ်ဦး ခေါ်ယူဖို့ ဖြစ်ကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ ခရစ္စတယ်ပဲလေ့စ် ကစားသမား အတွက် ယူရို ၁၀၀ သန်း (ပေါင် ၈၇.၄ သန်း၊ ဒေါ်လာ ၁၁၆.၃ သန်း) နဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။
ဝှာတန်ကို နံပါတ် ၁ ကွင်းလယ် ပစ်မှတ် အဖြစ် သတ်မှတ်ထားတဲ့ ယူနိုက်တက်

ယူနိုက်တက်ဟာ အဒမ် ဝှာတန်ကို ဇန်နဝါရီလ အပြောင်းအရွှေ့ကာလ အတွက် သူတို့ရဲ့ ဦးစားပေး ကွင်းလယ် ပစ်မှတ် အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ ခရစ္စတယ်ပဲလေ့စ် ကစားသမား အတွက် ယူရို ၁၀၀ သန်း (ပေါင် ၈၇.၄ သန်း၊ ဒေါ်လာ ၁၁၆.၃ သန်း) နဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။

ချဲလ်ဆီး ကတော့ ယူ ၁၇ ကမ္ဘာ့ဖလား ကြယ်ပွင့် မူဟာမက်ဒ် ဇွန်ဂိုကို တခြားသော ပြိုင်ဘက်တွေနဲ့ အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ အသက် ၁၆ နှစ်အရွယ် ကွင်းလယ် ကစားသမားဟာ ချဲလ်ဆီးရဲ့ ညီအစ်မ ကလပ် စထရာဘိုးကို ပြောင်းရွှေ့ဖွယ် ရှိနေကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြပါတယ်။

လိုက်ပ်ဇစ်က ကြယ်ပွင့် ယန် ဒီယိုမန်ဒီ ကိုတော့ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်များစွာက ခေါ်ယူချင်နေပေမယ့် မန်ချက်စတာစီးတီး ကတော့ အိုင်ဗရီကို့စ် တိုက်စစ်မှူးကို “ အထူး” အာရုံစိုက်နေကြောင်း သိရပါတယ်။

ထရက်ဇွန်စပေါရဲ့ အိုင်ဗရီကို့စ် ကွင်းလယ်လူ ခရစ္စ အီနာအို အူလာကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေတဲ့ ကလပ်တွေထဲမှာ မန်ချက်စတာစီးတီးက အားသာချက် ရှိနေပါတယ်။ အသက် ၁၉ နှစ် အရွယ် ပါရမီရှင် ကစားသမား ကတော့ သူတို့ရဲ့ ဂန္တဝင် ယာယာ တိုရေးနဲ့ နှိုင်းယှဉ်ခံထားရပါတယ်။

နယူးကာဆယ် ကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် ဝက်စ်ဟမ်းရဲ့ အသင်းခေါင်းဆောင် ဂျရော့ဒ် ဘိုဝင် အတွက် စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။

ခရီမိုနိစ်မှာ ပြောင်းရွှေ့ ကစားနေတဲ့ ဂျေမီ ဗာဒီ တစ်ယောက် စီးရီးအေရဲ့ နိုဝင်ဘာလ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဗာဒီဟာ ၂၀၁၉ နောက်ပိုင်း ပထမဆုံးအကြိမ် အဆိုပါ ဆုကို ရတဲ့ အင်္ဂလန် ကစားသမား အဖြစ် စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာ ကြယ်ပွင့် ဖာရန်း ဂါစီယာ ကတော့ လက်ရှိ အသင်းနဲ့ပဲ ကစားသမား ဘဝ ကုန်ဆုံးချင်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

ဘေယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်း တစ်ယောက် လာမယ့် နွေရာသီမှာ အသင်းသစ် တစ်သင်းထံ ထပ်မံပြောင်းရွှေ့ကစားဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 13-Dec-2025 at 3:49 PM





   Like     
SBOTOP
09-Jan 2026 Friday 4:26 PM (129 days ago)            #51
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

အိမ်ကွင်း နိုင်ပွဲနဲ့ အတူ နောက်တစ်ဆင့် တက်မယ့် ဖူလ်ဟမ် | အက်ဖ်အေဖလား (ပွဲကြိုသုံးသပ်ချက်)

ဖူလ်ဟမ် – မစ်ဒယ်ဘရော့

အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ် မှာတော့ ဖူလ်ဟမ်က ချန်ပီယံရှစ် ကလပ် မစ်ဒယ်ဘရော့ကို ခရေဗင်ကော့တေ့ဂျ်မှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲ မရှိထားတဲ့ ဖူလ်ဟမ်တို့ လျှော့တွက်လို့ မရတဲ့ ချန်ပီယံရှစ်က မစ်ဒယ်ဘရော့ကို ကျော်ဖြတ်သွားနိုင်မလား။ ဒါမှမဟုတ် မထင်မှတ်တဲ့ ရလဒ်တွေပဲ ထွက်ပေါ်လာမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မာကို ဆေးလ်ဗားရဲ့ ဖူလ်ဟမ်က နောက်ပိုင်း ပွဲတွေမှာ ခြေစွမ်းပိုင်း တော်တော်လေး တည်ငြိမ်လာပြီး ရလဒ်တွေလည်း ကောင်းနေပါတယ်။ ဖူလ်ဟမ်ဟာ ပြီးခဲ့တဲ့ ၅ ပွဲမှာ ဖောရက်စ်၊ ဝက်စ်ဟမ်း၊ ချဲလ်ဆီး တို့ကို အနိုင်၊ လစ်ဗာပူးလ်နဲ့ ပဲလေ့စ်ကို သရေ ကစားခဲ့တာက အားရစရာပါ။ ဖူလ်ဟမ်လို အသင်း အတွက် အက်ဖ်အေဖလားက ဆုဖလား အိမ်မက် အတွက် မျှော်လင့်ချက် တစ်ခု ဖြစ်တာကြောင့် ကျိန်းသေပေါက် အားစိုက်လာမှာ သေချာပါတယ်။ ဒီနေ့ပွဲမှာလည်း ဟယ်ရီ ဝီလ်ဆင်ကို စောင့်ကြည့်ရဦးမှာ ဖြစ်ပြီး ဝေလသားက ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးပါဝင် ပတ်သတ်မှု ၁၁ ကြိမ် (၇ ဂိုး သွင်း၊ ၄ ဂိုး ဖန်တီး) ရှိလာခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ တစ်ရာသီ အတွင်း အမြင့်ဆုံး စွမ်းဆောင်ရည်ကို ရနေခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဆီ တက်လှမ်းဖို့ တာဆူနေတဲ့ မစ်ဒယ်ဘရော့က နိုင်ပွဲ ပွဲတွေမှာ အယိုအဖိတ် များလာတာ တွေ့ရပါတယ်။ အက်ဖ်အေဖလားမှာ ဆိုရင် အသင်းငယ်တွေက မထင်မှတ်တာတွေ လုပ်ပြတတ်လို့ မစ်ဒယ်ဘရော့တို့ ဖူလ်ဟမ်ကို ဘယ်လောက်အထိ ဒုက္ခပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။ ပြီးခဲ့တဲ့ပွဲမှာ ဆိုရင် မစ်ဒယ်ဘရော့က ဆောက်သမ်တန်ကို ၄-၀ နဲ့ အနိုင်ရထားပြီး ဒီနိုင်ပွဲက အခုပွဲ အတွက် အင်အားတစ်ခု ဖြစ်နေစေမှာ သေချာပါတယ်။

နှစ်ဖက်အသင်း သတင်းများ

အခုပွဲ ကိုတော့ ဖူလ်ဟမ် ဘက်က တီတီ၊ ဂျော်ရွှာကင်း၊ ရိုဒရီဂို မူနစ်ဇ် တို့ လွဲချော်မှာ ဖြစ်ပြီး မစ်ဒယ်ဘရော့ ဘက်မှာတော့ လွဲချော်မယ့် ကစားသမား တော်တော်လေး များနေပါတယ်။ ဒီပွဲ ကိုတော့ မစ်ဒယ်ဘရော့က အဲလက်စ် ဘန်ဂူရာ၊ ဂျူန်းစ်၊ ဘရစ်တိန်၊ လီနီဟန်၊ စတရီလက်၊ အက်ဒ်မန်ဆန်၊ ဆီနီ၊ မက်ဂရီး၊ ဒီယန်တို့ လွဲချော်မှာ ဖြစ်ပါတယ်။

ဖြစ်နိုင်ဖွယ် လူစာရင်း

အက်ဖ်အေဖလားမှာ ဆိုရင် အသင်းငယ်တွေက မထင်မှတ်တာတွေ လုပ်ပြတတ်လို့ မစ်ဒယ်ဘရော့တို့ ဖူလ်ဟမ်ကို ဘယ်လောက်အထိ ဒုက္ခပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။
နောက်ဆုံး တွေ့ဆုံမှု ၇ ကြိမ်စလုံး မစ်ဒယ်ဘရော့ကို မရှုံးထားတဲ့ ဖူလ်ဟမ်

ဖူလ်ဟမ် – လန်နို၊ ကူအန်ကာ၊ အန်ဒါဆန်၊ ဒီယော့ပ်၊ ရော်ဘင်ဆင်၊ ကိုင်ယာနေး၊ ဘာ့ဂျ်၊ ကတ်စတန်ဂ်ညီ၊ ဝီလ်ဆင်၊ စမစ် ရိုးဝ်၊ ဟင်မီနက်ဇ်

မစ်ဒယ်ဘရော့ – ဘရိုင်ယန်၊ အေးလင်း၊ မာလန်ဒါ၊ တားဂတ်၊ ဘန်ဂူရာ၊ ဟက်နေး၊ မောရစ်၊ ဆေးလ်ဗာရာ၊ ဝှစ်တိတ်ကာ၊ ဘာ့ဂျ်ဇော့ဂ်၊ ကွန်ဝေး

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၁၁ ကြိမ်မှာ ဖူလ်ဟမ်က ၅ ကြိမ်နိုင်၊ မစ်ဒယ်ဘရော့က ၂ ကြိမ်နိုင်ပြီး ၄ ကြိမ် သရေကျခဲ့ပါတယ်။ ဖူလ်ဟမ် အိမ်ကွင်း မှာတော့ ၆ ပွဲ ကစားထားပြီး ဖူလ်ဟမ်က ၃ ကြိမ်နိုင်၊ ၂ ကြိမ် သရေကျကာ မစ်ဒယ်ဘရော့က ၁ ကြိမ် အနိုင်ရထားပါတယ်။ ဒါပေမယ့်လည်း ၂၀၁၆ ခုနှစ်က နောက်ဆုံး အကြိမ် ဖြစ်ပြီး အဲဒီနောက်ပိုင်း တွေ့ဆုံမှု ၄ ကြိမ်မှာ ဖူလ်ဟမ်က ၂ ကြိမ်နိုင်ကာ၊ ၂ ကြိမ် သရေကျခဲ့ပါတယ်။

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဖူလ်ဟမ် နိုင်ရင် ၁.၅၄ ဆ၊ မစ်ဒယ်ဘရော့ နိုင်ရင် ၄.၆၃ ဆ၊ သရေ ဆိုရင်တော့ ၃.၆၃ ဆ ရမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ဖူလ်ဟမ်က ၁ လုံး သရေကြေးပေါက်နေပြီး ဂိုးပေါင်းကြေး ကတော့ ၂.၅၀ က စဖွင့်ထားပါတယ်။ ဖူလ်ဟမ်က လက်ရှိမှာ ပုံစံကောင်း ရနေပြီး ဘယ်အသင်းလာလာ ကျော်ဖြတ်ဖို့ အဆင်သင့် ရှိနေပါတယ်။ လွယ်ကူတဲ့ ပွဲတစ်ပွဲ မဖြစ်နိုင်ပေမယ့် သာမန် ပွဲချိန်အတွင်းမှာပဲ ဖူလ်ဟမ်တို့ အနိုင်ရပြီး နောက်တစ်ဆင့် တက်ရောက်သွားဖို့ သေချာသလောက် ရှိနေပါတယ်။

ခန့်မှန်းရလဒ်

ဖူလ်ဟမ် ၂-၁ မစ်ဒယ်ဘရော့

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 09-Jan-2026 at 4:26 PM





   Like     
SBOTOP
16-Jan 2026 Friday 2:17 PM (122 days ago)            #52
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

လာမယ့် နွေရာသီမှာ ယူရို သန်း ၃၀၀ သုံးစွဲမယ့် ချဲလ်ဆီး၊ ဂီမာရေးစ်ကို စာချုပ်သက်တမ်းတိုးသွားမယ့် နယူးကာဆယ် | ပရီးမီးယားလိဂ်

ဇန်နဝါရီ ၁၄ ရက်နေ့ ညနေပိုင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးဟာ နွေရာသီ အပြောင်းအရွှေ့ကာလ အတွင်း ယူရို သန်း ၃၀၀ (ပေါင် ၂၆၀.၁ သန်း၊ ဒေါ်လာ ၃၅၀.၂ သန်း) သုံးစွဲဖို့ အသင့်ရှိနေပါတယ်။ ချဲလ်ဆီးဟာ ဒီငွေ ပမာဏနဲ့ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်နဲ့ ဘာစီလိုနာ ကွင်းလယ်လူ ဖာမင်း လိုပက်ဇ် တို့ကို ခေါ်ယူဖို့ မျက်စိကျနေကြောင်း သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယာယီ နည်းပြ မိုက်ကယ် ကာရစ် ရောက်ရှိလာပြီးနောက် ဒီလမှာ အသင်းကို အင်အား ဖြည့်တင်းဖို့ ရန်ပုံငွေတွေ ထုတ်ပေးဖို့ ရှိကြောင်း သိရပါတယ်။ အဲလ်ဟီလာ ကွင်းလယ်လူ ရူဘင် နီးဗက်စ်ဟာ ယူနိုက်တက်ရဲ့ ပစ်မှတ် တစ်ခု ဖြစ်ပြီး ပေါင် ၂၀ သန်း နဲ့ ခေါ်ယူဖို့ စီစဉ်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ စိတ်ဝင်စားမှု ခံရတဲ့ နောက်ထပ် ကစားသမား တစ်ဦး ဖြစ်တဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်က ယာအို ဂိုးမက်စ်ဟာ နာပိုလီနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီချက် ရရှိခဲ့ကြောင်း သိရပါတယ်။

ဘန် ဝှိုက် ကတော့ အာဆင်နယ်မှာ အချိန် အကန့်အသတ်နဲ့ ကစားနေရတာကြောင့် စိတ်ပျက်နေပေမယ့် ကလပ် ကနေ ထွက်ခွာလိုခြင်းတော့ မရှိကြောင်း သိရပါတယ်။ လက်ရှိမှာ အင်္ဂလန်သားကို အဲဗာတန်နဲ့ မန်ချက်စတာစီးတီးတို့က စိတ်ဝင်စားနေပေမယ့် ဂန်းနားတွေက ဒီဆောင်းရာသီမှာ ဘယ်လို သဘောတူညီချက်နဲ့မှ လက်လွှတ်သွားဖို့ မရှိကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးဟာ နွေရာသီ အပြောင်းအရွှေ့ကာလ အတွင်း ယူရို သန်း ၃၀၀ (ပေါင် ၂၆၀.၁ သန်း၊ ဒေါ်လာ ၃၅၀.၂ သန်း) သုံးစွဲဖို့ အသင့်ရှိနေပါတယ်။
ယူရို သန်း ၃၀၀ သုံးစွဲပြီး အဲလ်ဗာရက်ဇ်နဲ့ ဖာမင်း လိုပက်ဇ်ကို ခေါ်ယူမယ့် ချဲလ်ဆီး

ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ကတော့ မန်ချက်စတာစီးတီး၊ ရီးယဲလ်မက်ဒရစ်နဲ့ ဘေယန်မြူးနစ် တို့ရဲ့ စိတ်ဝင်စားမှုကို ရှောင်ရှားဖို့ ကွင်းလယ်လူ ဘရူနို ဂီမာရေးစ်ကို စာချုပ်သစ်နဲ့ ကမ်းလှမ်းဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ချဲလ်ဆီး ကတော့ ဝက်စ်ဟမ်းယူနိုက်တက် ကွင်းလယ်လူ လူးကပ်စ် ပက်ကေးတားကို ကမ်းလှမ်းဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဘရာဇီးလ် လက်ရွေးစင် ကတော့ သူ့ရဲ့ ဇာတိမြေကို ပြန်ချင်ပေမယ့်လည်း တစ်ဖက် မှာလည်း ဥရောပမှာ ဆက်ရှိနေဖို့ လိုလားနေကြောင်း သိရပါတယ်။

လက်ရှိမှာ ခရစ္စတယ်ပဲလေ့စ် ဗဟို နောက်ခံလူ မာ့ခ် ဂူဟီ ကတော့ ဘယ်အသင်းကို ပြောင်းရွှေ့မလဲ ဆိုတာ အခုချိန်ထိ အတည်တကျ မဆုံးဖြတ်ရသေးကြောင်း သိရပါတယ်။ မန်စီးတီး ကတော့ အင်္ဂလန်သားကို ချက်ချင်း ခေါ်ယူလိုနေပေမယ့်လည်း အာဆင်နယ်၊ လစ်ဗာပူးလ်နဲ့ ဘေယန်မြူးနစ် တို့ကတော့ နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စီစဉ်နေပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ မန်နေဂျာ သောမက်စ် ဖရန့်ခ်ကို ဆက်လက် ထောက်ခံနေဆဲ ဖြစ်ပြီး လိုက်ပ်ဇစ် တောင်ပံကစားသမား ယန် ဒီယိုမန်ဒီကို ခေါ်ယူပေးဖို့ စီစဉ်နေပါတယ်။ ဒီအပြောင်းအရွှေ့ အတွက် စပါး အနေနဲ့ လစ်ဗာပူးလ်ကို အနိုင်ယူဖို့က အရေးကြီးနေကြောင်းလည်း သတင်းတွေက ဖော်ပြပါတယ်။

မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗာ ကိုတော့ ကိုမိုက လာမယ့် နွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။

အာဆင်နယ် ကတော့ အသက် ၂၀ အရွယ် ကိုရင်သီယန် ကွင်းလယ်လူ ဘရီနို ဘီဒွန် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဘုန်းမော်၊ လိဒ်စ်ယူနိုက်တက်၊ ဝက်စ်ဟမ်း တို့ကတော့ လိုက်ပ်ဇစ် ဗဟိုနောက်ခံလူ အဲလ်ချာဒေလီ ဘစ်ရှီယာဗူကို မန်ချက်စတာယူနိုက်တက်နဲ့ အပြိုင် ကမ်းလှမ်းဖို့ စီစဉ်နေကြပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 16-Jan-2026 at 2:17 PM





   Like     
SBOTOP
16-Jan 2026 Friday 2:27 PM (122 days ago)            #53
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

လီဝမ်ဒေါစကီးကို ဆက်ထိန်းထားမယ့် ဘာစီလိုနာ၊ ဂယ်လာဟာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ အက်တလက်တီကိုမက်ဒရစ် | လာလီဂါ

ဇန်နဝါရီ ၁၄ ရက်နေ့ ညနေခင်းအချိန်ထိ ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးချင်ပါတယ်။

လာလီဂါ ကလပ် ဘာစီလိုနာ အသင်းဟာ နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးကို ဆက်ထိန်းထားဖို့ အဆင်သင့် ဖြစ်နေပါတယ်။ ပိုလန် လက်ရွေးစင် တိုက်စစ်မှူးကြီးဟာ သူ့ရဲ့ အနာဂတ် အတွက် ဆုံးဖြတ်ချက် မချရသေးဘဲ ဆွေးနွေးမှုတွေကို လာမယ့် ရက်ပိုင်း အတွင်း ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့ မန်နေဂျာသစ် အဲလ်ဗာရို အာဘီလိုအာက တိုက်စစ်မှူး အန်ဒရစ်ခ်ရဲ့ လိုင်ယွန်နဲ့ အငှားစာချုပ်မှာ စာချုပ်ဖျက်သိမ်းကြေးကို ထည့်သွင်းချုပ်ဆိုပေးဖို့ ကလပ်ကို တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

ဟန်ဆီ ဖလစ်ခ် ကတော့ ဘာစီလိုနာဟာ ယာအို ကန်ဆယ်လိုကို ခေါ်ယူပြီးရင်တောင် နောက်ထပ် ခံစစ် ကစားသမား တစ်ဦး လိုအပ်တယ်လို့ ယုံကြည်နေပါတယ်။ ဖလစ်ခ်က အက်စတွန်ဗီလာ ဗဟိုနောက်ခံလူ ပါအူ တောရက်စ်ကို ခေါ်ယူဖို့ ဘုတ်အဖွဲ့ကို တိုက်တွန်းထားပြီး ဘာစီလိုနာ ကတော့ ယူရို သန်း ၃၀ (ပေါင် ၂၆ သန်း) ပေးချေဖို့ အဆင်သင့် ဖြစ်နေပါတယ်။

ရိုဒရီရဲ့ မန်ချက်စတာစီးတီးနဲ့ အနာဂတ်က မန်နေဂျာ ပက် ဂွါဒီယိုလာရဲ့ အနာဂတ်နဲ့ ဆက်နွယ်နေပါတယ်။ အကယ်၍ ဂွါဒီယိုလာ အနေနဲ့ နည်းပြ ရာထူး ကနေ နှုတ်ထွက်ခဲ့မယ် ဆိုရင်တော့ ရိုဒရီ ကလည်း ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်ချုပ်ဆိုဖို့ ဆန္ဒ ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ် ကွင်းလယ် ကစားသမား အာဒါ ဂူလာ ကတော့ ပြီးခဲ့တဲ့လက အာဆင်နယ်ရဲ့ ချဉ်းကပ်မှု အသစ် တစ်ခုကို ရရှိခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် တို့ကလည်း ပြီးခဲ့သည့် ၁၂ လ အတွင်း စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ဂူလာ ကတော့ စိတ်မဝင်စားဘဲ ဘာနေဗျူးမှာ စာချုပ်သစ် ချုပ်ဆိုလိုနေကြောင်း သိရပါတယ်။

အသက် ၁၇ နှစ် အရွယ် LDU Quito ကွင်းလယ် ကစားသမား အီဒါဆန် ကာစတီလိုကို ဘာစီလိုနာက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မန်ချက်စတာယူနိုက်တက်နဲ့ အပြိုင် ကမ်းလှမ်းရဖို့ ရှိနေပါတယ်။

လာလီဂါ ကလပ် ဘာစီလိုနာ အသင်းဟာ နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးကို ဆက်ထိန်းထားဖို့ အဆင်သင့် ဖြစ်နေပါတယ်။
လီဝမ်ဒေါစကီးကို ဆက်ထိန်းထားချင်နေတဲ့ ဘာစီလိုနာ

ရီးရဲလ်မက်ဒရစ် ဥက္ကဌဟောင်း ကဲလ်ဒါရွန် ကတော့ အလွန်ဆို နေရာ အစားထိုး ဝင်လာတဲ့ အာဘီအိုလာ တစ်ယောက် များပြားလှတဲ့ အခက်အခဲတွေ ကြုံတွေ့လာရနိုင်ကြောင်း ကြိုတင် ဟောကိန်းထုတ်သွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဘာစီလိုနာကို ရှုံးခဲ့ပြီးနောက် အလွန်ဆိုကို ရာထူး ကနေ ထုတ်ပယ်ခဲ့ပြီး ချက်ချင်းဆိုသလို အသင်းရဲ့ ကစားဟောင်း လူငယ် အကယ်ဒမီ နည်းပြ အာဘီအိုလာကို ခေါ်ယူ ခန့်အပ်လိုက်ပါတယ်။ အလွန်ဆိုဟာ ရီးရဲလ်ကို ၃၄ ပွဲသာ ကိုင်တွယ်လိုက်ရပြီး ၎င်းလက်ထက်မှာ နိုင်ပွဲ ၂၄ ပွဲ အထိ ရယူပေးခဲ့ကာ ၄ ပွဲ သရေ ၆ ပွဲ ရှုံးဆိုတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။

စပါး ကတော့ လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ် ကွင်းလယ်လူ ကော်နာ ဂယ်လာဟာကို ပေါင် ၃၄.၇ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဂယ်လဟာနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရဖို့ လိုအပ်နေသေးပေမယ့်လည်း အသက် ၂၅ နှစ်အရွယ် ချဲလ်ဆီး ကစားသမားဟောင်းကို ပရီးမီးယားလိဂ်ဆီ ပြန်လည် ခေါ်ယူဖို့ စပါးက ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေပါတယ်။

ဂယ်လာဟာရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီပို့တီဗိုနဲ့ ကစားမယ့် စပိန်ဘုရင့်ဖလား ပွဲစဉ် မတိုင်ခင် အပြောင်းအရွှေ့ကိစ္စ အပြီးသတ် ဆောင်ရွက်နိုင်ဖို့ ဆန္ဒပြင်းပြနေပါတယ်။ အက်စတွန်ဗီလာဟာ ဂယ်လာဟာကို အငှားနဲ့ ခေါ်ပြီးမှ အပြီးသတ် စာချုပ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် စပါးရဲ့ ကမ်းလှမ်းမှုက အက်တလက်တီကိုမက်ဒရစ်ရဲ့ တောင်းဆိုချက်နဲ့ ကိုက်ညီခဲ့တာ ဖြစ်ပါတယ်။ စပါးဟာ အဓိက ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ ဘန်တန်ကာ တံကောက်ကြော ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမှာ ဖြစ်လို့ ကွင်းလယ်လူ တစ်ဦး ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
Twitter: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 16-Jan-2026 at 2:29 PM





   Like     
SBOTOP
24-Jan 2026 Saturday 2:46 PM (114 days ago)            #54
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ဘရိုက်တန်ရဲ့ ဖိအားပေး ကစားပုံနဲ့ ဖူလ်ဟမ်ရဲ့ တန်ပြန် တိုက်စစ် အားပြိုင်ပွဲမှာ ဘယ်အသင်း အသာရသွားမလဲ | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဖူလ်ဟမ် – ဘရိုက်တန်

ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ မှာတော့ ဖူလ်ဟမ်က ဘရိုက်တန်ကို ခရေဗင်ကော့တေ့ဂျ်မှာ ဧည့်ခံရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာ အကြိတ်အနယ် ကစားရလေ့ရှိတဲ့ ဒီနှစ်သင်းရဲ့ အားပြိုင်မှုမှာ ဘယ်အသင်းက ရလဒ်ကောင်းတစ်ခု ရှာဖွေသွားနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မာကို ဆေးလ်ဗားရဲ့ အသင်း ကတော့ တောက်လျောက် ရလဒ်တွေ ကောင်းနေခဲ့ပေမယ့် ပြီးခဲ့တဲ့ ပွဲမှာ လိဒ်စ်ယူနိုက်တက်ကို ရှုံးပြီး ရှုံးပွဲမရှိမှု ရပ်တန့်ခဲ့ရပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရှိနေတဲ့ ဖူလ်ဟမ်က အဆင့် ၆ နေရာက ချဲလ်ဆီးနဲ့ ၃ မှတ်သာ ကွာဟနေလို့ ဥရောပဝင်ခွင့် မျှော်လင့်လို့ ရနေတဲ့ အသင်း ဖြစ်ပါတယ်။ ကော့တေဂျာ တို့ဟာ ဒီရာသီ အိမ်ကွင်းမှာ ဆိုရင် တိုက်စစ်ပိုင်း အားကောင်းတာ တွေ့ရပြီး ကွင်းလယ်မှာ ဘောလုံးကို တည်ငြိမ်စွာ ထိန်းချုပ်ကစားနိုင်တာလည်း တွေ့ရပါတယ်။ တိုက်စစ်က တစ်ခါတစ်ရံ မှာတော့ အဆုံးသတ်ပိုင်း အားနည်းပြီး နောက်တန်း ကတော့ လျင်မြန်တဲ့ တိုက်စစ်တွေနဲ့ တွေ့ဆုံချိန်မှာတော့ အားနည်းချက် ရှိနေပါတယ်။

ဖေဘီယန် ဟက်ဇီလာရဲ့ ဘရိုက်တန် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၉ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားပြီးတော့ နောက်ဆုံး ၂ ပွဲဆက် သရေကျထားပါတယ်။ မန်စီးတီးနဲ့ ဘုန်းမောက် တို့ကို ၁-၁ စီနဲ့ သရေကျထားခဲ့တာ ဖြစ်လို့ ဘရိုက်တန်ရဲ့ ခြေစွမ်းက လျှော့တွက်လို့တော့ မရပါဘူး။ ဘရိုက်တန်ဟာ ဘောလုံးထိန်းချုပ်မှုနဲ့ အသင်းလိုက် ကစားပုံ ကောင်းမွန်တဲ့ အသင်း ဖြစ်ပါတယ်။ ကွင်းလယ် တောင့်တင်းပြီး ဖိအားပေး ကစားပုံနဲ့ အရွေ့တွေမှာ အားကောင်းတာ တွေ့ရပါတယ်။ အဝေးကွင်း ပွဲစဉ်တွေ မှာလည်း Pressing ကောင်းကောင်းနဲ့ ကစားနိုင်ပေမယ့် နောက်တန်း ကတော့ မကြာခဏ အမှားတွေ လုပ်တတ်တဲ့ ပြဿနာတော့ ရှိနေဆဲပါ။ ဒါကြောင့်လည်း Clean Sheet ရယူဖို့ အမြဲတမ်း ခက်ခဲနေတာ တွေ့ရပါတယ်။

နှစ်ဖက်အသင်း သတင်းများ

ဖေဘီယန် ဟက်ဇီလာရဲ့ ဘရိုက်တန် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၉ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားပြီးတော့ နောက်ဆုံး ၂ ပွဲဆက် သရေကျထားပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ အဝေးကွင်း ရှုံးပွဲ ၅ ပွဲ အထိ ရှိထားတဲ့ ဘရိုက်တန်

ဖူလ်ဟမ်မှာ လက်တလော တီတီနဲ့ ရိုဒရီဂို မူနစ်ဇ်တို့ ဒဏ်ရာရနေပြီး ကျန်အဓိက ကစားသမား အားလုံး ပြန်လည် ကစားနိုင်ဖို့ ရှိနေပါတယ်။ ဘရိုက်တန် မှာတော့ အဒမ် ဝက်ဘ်စတား၊ ဝိုင်ဖာ၊ မာ့ချ်နဲ့ ဇီမက်စ်တို့ အခု ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။

ဖြစ်နိုင်ဖွယ် လူစာရင်း 

ဖူလ်ဟမ် – လန်နို၊ ကတ်စတန်ဂ်ညီ၊ အန်ဒါဆန်၊ ဘက်ဆေး၊ ရော်ဘင်ဆင်၊ ဘာ့ဂျ်၊ အီဝိုဘီ၊ ချုကွီဇီ၊ ဝီလ်ဆင်၊ ကီဗစ် ဟင်မီနက်ဇ်

ဘရိုက်တန် – ဗာဘရက်ဂျန်၊ ဗဲလ်မန်း၊ ဗန်ဟက်ကီ၊ ဒန့်ခ်၊ ကာဒီယိုဂလူ၊ အယာရီ၊ ဂရော့စ်၊ မင်တာ့ရ်၊ ရက်တာ၊ မီတိုမာ၊ ဝဲလ်ဘက်ခ်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

နောက်ဆုံး တွေ့ဆုံမှု ၁၉ ကြိမ် မှာတော့ ဖူလ်ဟမ်က ၈ ကြိမ်နိုင်၊ ဘရိုက်တန်က ၆ ကြိမ်နိုင်ပြီး ၅ ကြိမ် သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ဖူလ်ဟမ်က ၂ ကြိမ်နိုင်၊ ဘရိုက်တန်က ၁ ကြိမ်နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။ ဖူလ်ဟမ်ဟာ ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ်ဆက် မရှုံးထားပဲ ၄ ကြိမ်နိုင်ပြီး ၁ ကြိမ် သရေကစားထားပါတယ်။

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဖူလ်ဟမ် နိုင်ရင် ၂.၄၄ ဆ၊ ဘရိုက်တန် နိုင်ရင် ၂.၆၀ ဆ၊ သရေ ဆိုရင်တော့ ၃.၂၄ ဆ ရမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးလောက်ပဲ ပေါက်နေတာ‌ တွေ့ရပါတယ်။ ဘရိုက်တန်က possession control နဲ့ build-up play ကောင်းသလို ဖူလ်ဟမ်က တန်ပြန် တိုက်စစ်ကို အားပြုကစားတဲ့ အသင်း ဖြစ်ပါတယ်။ ဒါကြောင့် ပွဲက အကြိတ်အနယ် ရှိနိုင်ပြီး အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရနိုင်ပါတယ်။ တိုက်စစ်ပိုင်း မှာတော့ ဘရိုက်တန်က ပိုပြီး ထိထိရောက်ရောက် ရှိတာကို သတိပြုရပါမယ်။ ဒီပွဲ ကိုတော့ သရေ၊ BTTS နဲ့ Correct Score ၁-၁၊ ၂-၂ တို့ အကြိုက်တွေ့နေမိသလို ဂိုးပေါ် ၂.၅၀ ကလည်း မျှော်လင့်ထားချင်စရာပါ။

ခန့်မှန်းရလဒ်

ဖူလ်ဟမ် ၂-၂ ဘရိုက်တန်

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
X: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 24-Jan-2026 at 2:46 PM





   Like     
SBOTOP
24-Jan 2026 Saturday 2:47 PM (114 days ago)            #55
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ဘုန်းမောက်နဲ့ တွေ့ဆုံချိန်တိုင်း အသာရတတ်တဲ့ လစ်ဗာပူးလ် ဘက်မှာပဲ ရပ်တည်ထားရမယ့်ပွဲပါ | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဘုန်းမောက် – လစ်ဗာပူးလ်

ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ ရဲ့ နောက်ထပ် ပွဲကောင်း တစ်ပွဲ အဖြစ် ဘုန်းမောက်နဲ့ လစ်ဗာပူးလ်တို့ Vitality ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ နောက်ဆုံး ၄ ပွဲဆက် သရေကျထားတဲ့ လစ်ဗာပူးလ်တို့ အိမ်ကွင်းမှာ ဆိုရင် အသင်းကြီးတွေကို ဒုက္ခပေးတတ်တဲ့ ဘုန်းမောက်နဲ့ အတွေ့မှာ ရလဒ်ကောင်း တစ်ခု ပြန်လည် ရှာဖွေနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အန်ဒိုနီ အိုင်ရာအိုလာရဲ့ ဘုန်းမောက်က ဒီရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်ပိုင်း ယိမ်းယိုင်နေပြီး အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားတဲ့ ဘုန်းမောက်က ပြီးခဲ့တဲ့ ပွဲမှာတော့ ဘရိုက်တန်နဲ့ ၁ ဂိုးစီ သရေကျထားပါတယ်။ ဘုန်းမောက်က ဒီရာသီ အိမ်ကွင်းမှာ ဆိုရင် အင်တိုက်အားတိုက် ကစားနိုင်ပြီး High Pressing ကစားကို အားပြုတဲ့ အသင်း ဖြစ်ပါတယ်။ အသင်းလိုက် ကစားပုံလည်း ကောင်းပြီး လျင်မြန်တဲ့ Transition တွေနဲ့ တန်ပြန် တိုက်စစ် ကလည်း ထက်မြတ်ပါတယ်။ ဒါပေမယ့် အင်အားကြီး အသင်းတွေနဲ့ ရင်ဆိုင်ရချိန်မှာ နောက်တန်း အားနည်းချက် ပေါ်လွင်တတ်ပါတယ်။ 

လစ်ဗာပူးလ် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် သရေကျခဲ့ပေမယ့် လက်ရှိ အမှတ်ပေးဇယား ၄ နေရာမှာ ရပ်တည်နေဆဲ ဖြစ်ပါတယ်။ အာနေး ဆလော့တ်ရဲ့ အသင်းက ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ မဖြစ်နိုင်တော့တာကြောင့် Top 4 ဝင်ဖို့ပဲ အားစိုက်ရတော့မှာပါ။ လစ်ဗာပူးလ် မြန်နှုန်းမြင့် တိုက်စစ်ကို အားပြုပြီး အဝေးကွင်း ပွဲစဉ်တွေမှာ ဆိုရင် အတွေ့အကြုံနဲ့ အရည်အသွေး ထိန်းညှိ ကစားတတ်ပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ်က ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ်တွေမှာ ၄ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၄ ပွဲ ရှုံးထားပါတယ်။ လစ်ဗာပူးလ်ရဲ့ နောက်ထပ် အားနည်းချက် ကတော့ တချို့ပွဲတွေမှာ လစ်ဗာပူးလ် နောက်တန်းက အာရုံစူးစိုက်မှု လျော့ကျတတ်ပြီး ဂိုးတွေ ပေးရလေ့ ရှိပါတယ်။ 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ဘုန်းမောက်က ဘရွတ်ခ်၊ ဆိုလာ၊ ဒန်းနစ်၊ အကီနမ်ဘိုနီ၊ ဂျက်စတင် ကလွိုင်ဗက်၊ အဒမ်စ်၊ ဒိုအက်ခ်၊ အူနဲလ် တို့ လွဲချော်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လစ်ဗာပူးလ်က ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ်တွေမှာ ၄ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၄ ပွဲ ရှုံးထားပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ အဝေးကွင်း ရှုံးပွဲ ၄ ပွဲ ရှိထားတဲ့ လစ်ဗာပူးလ်

လစ်ဗာပူးလ် ဘက်မှာတော့ ကိုနာတေး၊ ဘရက်ဒ်လီ၊ လီယွန်နီ၊ ဘက်ဂျ်စီတစ်၊ အိဆက်ခ် တို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။

ဖြစ်နိုင်ဖွယ် လူစာရင်း 

ဘုန်းမောက် – ပီထရိုဗစ်၊ စမစ်၊ ဟေးလ်၊ ဆီနက်ဆီ၊ ထရူးဖက်၊ စကော့တ်၊ ကွတ်ခ်၊ ဟင်မီနက်ဇ်၊ ခရက်ပီ၊ အက်ဒ်လီ၊ အီဗန်နီလ်ဆင်

လစ်ဗာပူးလ် – အလီဆွန်၊ ဖရင်မ်ပေါင်၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ကာကက်ဇ်၊ ဂရာဗန်ဘက်ချ်၊ ဂျုန်းစ်၊ ဆာလာ၊ ဆဘို့ဇ်လိုင်း၊ ဗစ်ဇ်၊ အစ်ကီတီကေး

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

နောက်ဆုံး တွေ့ဆုံမှု ၂၁ ကြိမ် မှာတော့ လစ်ဗာပူးလ်က ၁၈ ကြိမ်အထိ အနိုင်ရခဲ့ပြီး ဘုန်းမောက်က ၂ ကြိမ်သာ အနိုင်ရခဲ့ပါတယ်။ ထူးခြားချက်က ဒီနှစ်သင်း တွေ့ဆုံချိန်မှာ အနိုင်အရှုံး အဖြေပေါ်လေ့ ရှိပြီး သရေ ၁ ကြိမ်သာ ရှိထားပါတယ်။ ပရီးမီးယားလိဂ် တွေ့ဆုံမှု နောက်ဆုံး ၅ ကြိမ် မှာတော့ လစ်ဗာပူးလ်က ၅ ကြိမ်စလုံး အနိုင်ရထားပါတယ်။ ဘုန်းမောက် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာလည်း လစ်ဗာပူးလ်က ၄ ကြိမ် နိုင်ပြီး ဘုန်းမောက် ၁ ကြိမ် အနိုင်ရထားပါတယ်။  

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဘုန်းမောက် နိုင်ရင် ၃.၃၇ ဆ၊ လစ်ဗာပူးလ် နိုင်ရင် ၁.၉၃ ဆနဲ့ သရေ ဆိုရင်တော့ ၃.၅၀ ဆ ရမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ လစ်ဗာပူးလ် ဘက်က ခပ်ပါးပါး ကြေးပေါက်နေပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုနဲ့ လက်ရှိ ခြေစွမ်းပိုင်းအရတော့ လစ်ဗာပူးလ်က အပြည့်အဝ အသာစီးရနေပါတယ်။ ဘုန်းမောက် အနေနဲ့ စိတ်ဓာတ်နဲ့ တန်ပြန် တိုက်စစ်ကို အားပြုပြီး လစ်ဗာပူးလ်ကို တုန့်ပြန်ဖို့ ကြိုးစားလာနိုင်ပေမယ့် မိနစ် ၉၀ ပြည့်တော့ တောင့်ခံနိုင်မယ် မထင်ပါဘူး။ လစ်ဗာပူးလ် အနိုင်သေချာတဲ ပွဲပါပဲ။

ခန့်မှန်းရလဒ်

ဘုန်းမောက် ၁-၂ လစ်ဗာပူးလ်

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
X: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 24-Jan-2026 at 2:50 PM





   Like     
SBOTOP
29-Jan 2026 Thursday 1:15 PM (109 days ago)            #56
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

လိဂ်အဆင့် ရာနှုန်းပြည့် နိုင်ပွဲနဲ့ ရှုံးထွက်တက်သွားတဲ့ အာဆင်နယ် | ချန်ပီယံလိဂ်

အာဆင်နယ် ကတော့ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် လိဂ်အဆင့် အုပ်စု နောက်ဆုံးပွဲမှာ ကိုင်ရတ် အဲလ်မာတီကို ၃-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း ပထမဆုံးအကြိမ် အာဆင်နယ် အတွက် ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ကိုင် ဟာဗက်ဇ်ဟာ သွင်းဂိုး ၃ ဂိုးစလုံးမှာ ပါဝင် ပတ်သက်ခဲ့ပြီး ဂန်းနားတွေကို ချန်ပီယံလိဂ် လိဂ်အဆင့် ရာနှုန်းပြည့် နိုင်ပွဲ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ပွဲစဉ်အကျဉ်း

ဒဏ်ရာပြဿနာတွေကြောင့် ကာလရှည်ကြာ အနားယူခဲ့ရတဲ့ ကိုင်ဟာဗက်ဇ်ဟာ တစ်နှစ်နီးပါး အကြာမှ ပထမဆုံးအကြိမ် ပွဲထွက်လာပြီး အကောင်းဆုံး ခြေစွမ်းပြခဲ့တာပါ။ အာဆင်နယ်ဟာ ဒီပွဲကို အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ် အုပ်စု အဆင့် ၈ ပွဲ ကစား၊ ၈ ပွဲ စလုံး အနိုင်ရတဲ့ စံချိန်ကောင်းနဲ့ အတူ ဇယား ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

အာဆင်နယ် အတွက် ဂိုးတွေ ကိုတော့ ပွဲစပြီး ၃၆ မိနစ် အတွင်း မှာတင် ဗစ်တာ ယောကရက်စ်၊ ကိုင် ဟာဗက်ဇ်နဲ့ ဂါဘရီရယ် မာတင်နယ်လီ တို့က သွင်းယူပေးခဲ့တာပါ။ နည်းပြ မီခဲလ် အာတေးတားဟာ နောက်တစ်ဆင့် တက်ဖို့ သေချာနေပြီ ဖြစ်သလို ကိုင်ရတ် အဲလ်မာတီလို အသင်းငယ် တစ်သင်းနဲ့ ကစားရတာ ဖြစ်တဲ့ အတွက် မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲက လူစာရင်းကို ၁၁ ယောက်စလုံး အပြောင်းအလဲ လုပ်ပြီး ပွဲထုတ်ခဲ့ပါတယ်။

ပွဲစဉ်အခြေအနေ

ဒါကြောင့် အာဆင်နယ် အနေနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ဖို့လည်း အခြေအနေကောင်းနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
ပွဲစဉ် တစ်ပွဲအတွင်း သွင်းဂိုးရော၊ ဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့တဲ့ ကိုင်ဟာဗက်ဇ်

ပွဲချိန် ၂ မိနစ်မှာ ကိုင် ဟာဗက်ဇ်ရဲ့ ဖန်တီးပေးမှုက တစ်ဆင့် ဗစ်တာ ယောကရက်စ်က ဦးဆောင်ဂိုး စတင် သွင်းယူခဲ့ပါတယ်။ အဲဒီနောက် ပွဲချိန် ၇ မိနစ် မှာတော့ ဧည့်သည် ကိုင်ရတ်တို့ ချေပဂိုး ပြန်ရခဲ့ပါတယ်။ အာဆင်နယ် နောက်ခံလူ ရီကာဒို ကာလဖီအိုရီ ပြစ်ဒဏ်ကျူးလွန်ရာ ကနေ ဂျော်ဂျင်ညိုက ပင်နယ်တီ ကန်သွင်းခဲ့တာပါ။ ပွဲချိန် ၁၅ မိနစ် မှာတော့ ကိုင် ဟာဗက်ဇ်က ညာခြမ်းကနေ ဧရိယာထဲ ဆွဲဝင်ပြီး ဘယ်ခြေနဲ့ ကန်သွင်းကာ အာဆင်နယ်အတွက် ဒုတိယ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ၃၆ မိနစ် အရောက် ကိုင် ဟာဗက်ဇ်ရဲ့ ဖြတ်တင်ဘောက တစ်ဆင့် မာတင်နယ်လီက အပိုင် ပိတ်သွင်းပြီး တတိယဂိုး သွင်းယူခဲ့လို့ ပထမပိုင်း အပြီး မှာတင်ပဲ ၃-၁ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဟာဗက်ဇ်နဲ့ ကာလာဖီအိုရီ တို့ကို အနားပေးခဲ့ပြီး ပွဲပြီးခါနီး အချိန်ပိုမှာ ကိုင်ရတ် အတွက် ဒုတိယ ချေပဂိုးကို ရီကာဒင်ညိုက ခေါင်းတိုက်ကာ သွင်းယူပေးခဲ့လို့ ၃-၂ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ပွဲပြီးအချက်အလက်များ

အာဆင်နယ်ဟာ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် အုပ်စုအဆင့် (လိဂ်အဆင့်) မှာ ရမှတ် အပြည့်နဲ့ နိုင်ပွဲ အားလုံးရတဲ့ ပထမဦးဆုံး အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ယောကရက်စ်ရဲ့ ၁ မိနစ် ၄၂ စက္ကန့် သွင်းဂိုးဟာ ၂၀၁၄ ခုနှစ်က ဆာနိုဂို သွင်းယူခဲ့တဲ့ ဂိုးပြီးရင် အာဆင်နယ် အတွက် အစောဆုံး သွင်းဂိုး ဖြစ်လာပါတယ်။

ဂါဘရီရယ် မာတင်နယ်လီ ကတော့ ဒီရာသီ ချန်ပီယံလိဂ်မှာ ၆ ဂိုး သွင်းထားပြီး အာဆင်နယ် ဂန္ထဝင် သီဟာရီ အွန်နရီ (တစ်ရာသီ ၇ ဂိုး) ရဲ့ စံချိန်ကို လိုက်မီဖို့ ၁ ဂိုးသာ လိုပါတော့တယ်။

ကိုင်ဟာဗက်ဇ် ကတော့ ပွဲကစားချိန် တစ်ဝက်ပဲ ကစားခဲ့ပေမယ့် အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ ၂၀၂၃ မှာ အာဆင်နယ်ကို ရောက်လာကတည်းက ၈ ပွဲမြောက် အဖြစ် သွင်းဂိုးရော၊ ဂိုးဖန်တီးမှုပါ တစ်ပွဲတည်းမှာ လုပ်ဆောင်နိုင်ခဲ့တာပါ။ (ဆာကာက ၉ ပွဲနဲ့ အများဆုံး ဖြစ်ပါတယ်။)

ရှုံးထွက်အဆင့် ဖြစ်နိုင်ခြေ ရှိတဲ့ တွေ့ဆုံမှုများ

ဒီလိုမျိုး အကောင်းဆုံး ရလဒ်တွေနဲ့ နောက်တဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ခဲ့တဲ့ အာဆင်နယ်က ၁၆ သင်း အဆင့် မှာတော့ အတ္တလန္တာ၊ လေဗာကူဆင်၊ ဒေါ့မန်၊ အိုလံပီယာကော့စ် တို့ထဲက တသင်းသင်းနဲ့ တွေ့ဆုံရဖို့ များနေပါတယ်။ ဒါကြောင့် အာဆင်နယ် အနေနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ဖို့လည်း အခြေအနေကောင်းနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
X: @sbotop_mmr
 www.mysbotop.com

This message was edited by SBOTOP on 29-Jan-2026 at 1:17 PM





   Like     
SBOTOP
29-Jan 2026 Thursday 1:17 PM (109 days ago)            #57
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

မန်စီးတီး ပြီးနောက် တီကို ကိုပါ ထပ်မံ အနိုင်ယူပြီး ပလေးအော့ဖ် တက်သွားတဲ့ နော်ဝေ ကလပ် ဘိုဒို/ဂလင့်မ် | ချန်ပီယံလိဂ်

နော်ဝေ ကလပ် ဘိုဒို/ဂလင့်မ် ကတော့ စပိန် ထိပ်သီး အက်တလက်တီကိုမက်ဒရစ်ကို အဝေးကွင်းမှာ အနိုင်ယူပြီး ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့ဖ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီချန်ပီယံလိဂ် နိုင်ပွဲဟာ သူတို့ အသင်းရဲ့ သမိုင်းတလျှောက် မမေ့နိုင်စရာ နိုင်ပွဲ တစ်ခု ဖြစ်လာခဲ့ပြီလို့ပဲ ဆိုရပါမယ်။

ပွဲစဉ်အကျဉ်း

အစဉ်အလာကြီးမားတဲ့ မက်ထရိုပိုလီတာနိုကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ဖရက်ဒရစ် ရှိုဗိုးလ်နဲ့ ကက်စပါ ဟော့ချ် တို့ရဲ့ သွင်းဂိုးတွေကြောင့် ဘိုဒို/ဂလင့်မ်တို့ ၂-၁ ရလဒ်နဲ့ အနိုင်ရခဲ့တာပါ။ ပွဲအစ ၁၅ မိနစ် မှာတင် အက်တလက်တီကိုမက်ဒရစ် အတွက် အဖွင့်ဂိုးကို နော်ဝေ တိုက်စစ်မှူး အလက်ဇန္ဒား ဆောလော့သ်က သူ့နဲ့ နိုင်ငံတူ ကလပ် ဖြစ်တဲ့ ဘိုဒို/ဂလင့်မ် ဘက်ကို ခေါင်းတိုက်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်း မပြီးခင်မှာပဲ ဘိုဒို/ဂလင့်မ် နောက်ခံလူ ရှိုဗိုးလ်က အက်တလက်တီကိုမက်ဒရစ် ဂိုးသမား ယန် အော်ဘလက်ခ်ကို ကျော်ဖြတ်ကာ ချေပဂိုး သွင်းယူခဲ့လို့ ၁-၁ ဖြစ်သွားခဲ့ပါတယ်။ ဧည့်သည် အသင်း အတွက် အနိုင်ဂိုး ကိုတော့ ပွဲချိန် မိနစ် ၆၀ ဝန်းကျင်မှာ ဟော့ချ်က ပြိုင်ဘက် ဂိုးဧရိယာ အတွင်း ရှုပ်ရှက်ခတ်နေတာကို အခွင့်ကောင်းယူကာ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် ဘိုဒို/ဂလင့်မ်ဟာ အဆင့် ၂၃ နေရာ ကနေ ချန်ပီယံလိဂ် ပလေးအော့ဖ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ် (သို့မဟုတ်) အင်တာမီလန်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ အက်တလက်တီကိုမက်ဒရစ် ကတော့ ရှုံးနိမ့်ခဲ့ပေမယ့် အဆင့် ၁၄ နေရာမှာ ရှိနေတာကြောင့် ပလေးအော့ဖ် အဆင့်ကို တက်ရောက်ပြီးသား ဖြစ်ပါတယ်။ ဆီမြွန်နီရဲ့ အသင်းက ချန်ပီယံလိဂ် ပလေးအော့ဖ် မှာတော့ ကလပ် ဘရုဂေး (သို့မဟုတ်) ဂါလာတာဆာရေး တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။

ပွဲပြီးအချက်အလက်များ 

ဘိုဒို/ဂလင့်မ် နည်းပြ ကတ်ဂျေးတေးလ် နူဆင်ဟာ ပြီးခဲ့တဲ့ တပတ်က မန်စီးတီးကို အနိုင်ရခဲ့သလို အခု အက်တလက်တီကိုမက်ဒရစ် ကိုပါ ထပ်မံ အနိုင်ယူနိုင်ခဲ့တာပါ။ ဒါကြောင့် သူဟာ ကမ္ဘာ့ထိပ်တန်း နည်းပြတွေ ဖြစ်တဲ့ ပပ် ဂွါဒီယိုလာနဲ့ ဒီယေဂို ဆီမြွန်နီတို့ နှစ်ဦးလုံးကို တစ်ရာသီတည်းမှာ အနိုင်ယူဖူးတဲ့ ၆ ယောက်မြောက် နည်းပြအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ နူဆင် မတိုင်ခင် ဒီမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တဲ့ နည်းပြ ၅ ဦး ကတော့ ယာဂန် ကလော့ပ်၊ ကာလို အန်ဆယ်လော့တီ၊ လူးဝစ္စ အန်နရီကေး၊ သောမက်စ် တူချယ် နဲ့ ဘရူနို ဂျနီစီယို တို့ပဲ ဖြစ်ပါတယ်။

ဆီမြွန်နီရဲ့ အသင်းက ချန်ပီယံလိဂ် ပလေးအော့ဖ် မှာတော့ ကလပ် ဘရုဂေး (သို့မဟုတ်) ဂါလာတာဆာရေး တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ပလေးအော့ဖ်မှာ ကလပ် ဘရုဂေး (သို့) ဂါလာတာဆာရေးနဲ့ တွေ့ဆုံရမယ့် အက်တလက်တီကိုမက်ဒရစ်

ဘိုဒို/ဂလင့်မ်ဟာ ၁၉၉၆-၁၉၉၇ ဘောလုံးရာသီက ရိုဆင်ဘော့ဂ် အသင်း နောက်ပိုင်း ချန်ပီယံလိဂ်ရဲ့ အုပ်စုအဆင့် (သို့မဟုတ်) လိဂ်အဆင့်ကို ကျော်ဖြတ်နိုင်တဲ့ ပထမဆုံး နော်ဝေ ကလပ် ဖြစ်လာခဲ့ပါတယ်။ ဟော့ချ်ဟာ ဒီရာသီ ချန်ပီယံလိဂ် အစပိုင်းမှာ ဂိုးပေါက် ကန်ချက် ၁၆ ကြိမ်စလုံး ဂိုးမရခဲ့ပေမယ့် နောက်ဆုံး ကန်သွင်းတဲ့ ဂိုးပေါက်တည့်မှု ၆ ကြိမ် မှာတော့ ၃ ဂိုး (မန်စီးတီးကို ၂ ဂိုး၊ အက်တလက်တီကိုမက်ဒရစ်ကို ၁ ဂိုး) အထိ သွင်းယူနိုင်ခဲ့ပါတယ်။

အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး အလက်ဇန္တား ဆောလော့သ်ဟာ ချန်ပီယံလိဂ် သမိုင်းမှာ နော်ဝေ ကလပ် ဘက်ကို ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး နော်ဝေ ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဝါရင့် ကွင်းလယ် ကစားသမားကြီး ကိုကီ ကတော့ နည်းပြ ဒီယေဂို ဆီမြွန်နီ လက်အောက်မှာ အက်တလက်တီကိုမက်ဒရစ် အတွက် ချန်ပီယံလိဂ် ပွဲပေါင်း ၁၁၀ ပြည့်မြောက်ခဲ့ပါတယ်။ ဒါဟာ နည်းပြ တစ်ဦးတည်း အောက်မှာ ပွဲအများဆုံး ကစားပေးတဲ့ မှတ်တမ်းမှာ ဂစ်စ် (၁၃၄ ပွဲ) နဲ့ စခိုးလ် (၁၂၄ ပွဲ) တို့ရဲ့ နောက် တတိယ အများဆုံး ဖြစ်လာခဲ့ပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
X: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 29-Jan-2026 at 1:17 PM





   Like     
SBOTOP
30-Jan 2026 Friday 5:15 PM (108 days ago)            #58
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

Comeback ရလဒ်နဲ့ ဆဲလ်ဘတ်ကို အနိုင်ရရှိခဲ့တဲ့ အက်စတွန်ဗီလာ | ယူရိုပါလိဂ်

ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ အက်စတွန်ဗီလာက ရက်ဘူးလ် ဆဲလ်ဘတ်ကို ၂ ဂိုး – ဂိုးမရှိနဲ့ ရှုံးနိမ့်နေရာ ကနေ ၃-၂ ရလဒ်နဲ့ အံ့အားသင့်ဖွယ် ပြန်လည် အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့် ဗီလာက ယူရိုပါလိဂ် လိဂ်အဆင့် အမှတ်ပေးဇယားမှာ လိုင်ယွန်ရဲ့ နောက် ဒုတိယနေရာ ကနေ ရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ခဲ့ပါတယ်။ 

ပွဲစဉ်အကျဉ်း

ပွဲအစ ပထမပိုင်းမှာ ဗီလာရဲ့ အဓိက တိုက်စစ်မှူး အိုလီ ဝက်ကင်းန် ဒဏ်ရာကြောင့် လူစားလဲခဲ့ရသလို၊ နောက်ခံလူ တိုင်ရုန် မင်းဂ်ရဲ့ အမှားကနေ တစ်ဆင့် ဆဲလ်ဘတ်တို့ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ၃၃ မိနစ်မှာ မင်းဂ်ရဲ့ ဂိုးသမားထံ ပေးပို့မှု အားနည်းချက်ကို အခွင့်ကောင်းယူပြီး ဘိုင်ဒူးက ကာရင်မ် ကိုနာတေးထံ ဖန်တီးပေးခဲ့ရာ ကနေ ဆဲလ်ဘတ်တို့ ဦးဆောင်နိုင်ခဲ့တာပါ။ ဒုတိယပိုင်း ပွဲပြန်စပြီး ၄ မိနစ် အကြာမှာလည်း မူဆာယိုက ဒုတိယဂိုး ထပ်မံ သွင်းယူခဲ့တာကြောင့် ဗီလာတို့ ၂ ဂိုးပြတ်နဲ့ ရုန်းကန်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း ပွဲချိန် ၆၅ မိနစ်မှာ ဝက်ကင်န် အစား ဝင်ကစားခဲ့တဲ့ မော်ဂန် ရော်ဂျာစ်က ဗီလာ အတွက် ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူပေးခဲ့ပါတယ်။ ၇၆ မိနစ် မှာတော့ အမှားလုပ်ခဲ့တဲ့ တိုင်ရုန်း မင်းဂ် ကပဲ မက်တီ ကက်ရှ်ရဲ့ ဖန်တီးပေးမှု ကနေ ခေါင်းတိုက်ကာ ချေပဂိုး သွင်းယူပေးခဲ့တာကြောင့် ၂ ဂိုးစီ သရေ ဖြစ်သွားခဲ့ပါတယ်။ မိနစ် ၉၀ ပြည့်ဖို့ ၃ မိနစ်သာ လိုတော့ချိန် မှာတော့ အသက် ၁၉ နှစ် အရွယ် လူငယ် ကစားသမား ဂျာမဲလ်ဒင်း ဂျီမို အလိုဘာက အဆုံးအဖြတ် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါဟာ သူ့အတွက် ဗီလာ စီနီယာ အသင်းမှာ ပထမဦးဆုံး သွင်းယူနိုင်ခဲ့တဲ့ ဂိုးလည်း ဖြစ်ပါတယ်။

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

အက်စတွန်ဗီလာဟာ ဥရောပ အဆင့် ပြိုင်ပွဲတွေမှာ အိမ်ကွင်း ၇ ပွဲ ဆက်တိုက် အနိုင်ရရှိတဲ့ စံချိန်သစ်ကို သူတို့ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တင်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ နှစ်သင်းစလုံး ဂိုးပေါက် ခြိမ်းခြောက်မှု ၁၄ ကြိမ်စီ တူညီခဲ့ပေမယ့် ဗီလာက ဂိုးပေါက်တည့်မှု ၉ ကြိမ်နဲ့ ပိုမိုထိရောက်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ဗီလာတို့ အုပ်စု ဒုတိယနေရာကို ခိုင်မာစေခဲ့ပြီး ရှုံးထွက်အဆင့်တွေမှာ အိမ်ကွင်း အားသာချက် (ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားရမယ့် အခွင့်အရေး) ရရှိသွားခဲ့ပါတယ်။ ဆဲလ်ဘတ် ကတော့ ယူရိုပါလိဂ် ပြိုင်ပွဲ ကနေ စောစောစီးစီးပဲ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

ဗီလာဟာ ယူရိုပါလိဂ် လိဂ်အဆင့်မှာ လိုင်ယွန်နဲ့ ဂိုးကွာခြားချက်သာ ရှိပြီး ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါဟာ ဗီလာ အတွက် ဥရောပပြိုင်ပွဲကြီးတွေမှာ ၂ ဂိုးပြတ် ရှုံးနိမ့်နေရာကနေ ပြန်လည် အနိုင်ရရှိခဲ့တဲ့ တတိယမြောက် မှတ်တမ်းလည်း ဖြစ်ပါတယ်။ (၁၉၉၈ ခုနှစ်က စထရွမ်ဂေါ့ဆက်၊ ၂၀၂၅ ခုနှစ် ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီကို အနိုင်ရခဲ့ဖူးတဲ့ မှတ်တမ်းတွေ ရှိခဲ့)

နည်းပြ အူနိုင်း အမ်မရီ ကတော့ ယူရိုပါလိဂ်ဖလားကို ၄ ကြိမ် အထိ ဆွတ်ခူးထားပြီး တခြားသေည နည်းပြတွေထက် ပိုမို အောင်မြင်ထားသူ ဖြစ်ပါတယ်။
ယူရိုပါလိဂ်မှာ ပွဲပေါင်း ၁၀၁ ပွဲ အထိ ကိုင်တွယ်ခဲ့တဲ့ အူနိုင်းအမ်မရီ

ဒါ့အပြင် ဗီလာက ၂၀၂၃-၂၄ ဘောလုံးရာသီက စပြီး ဥရောပ ပြိုင်ပွဲကြီးတွေမှာ အိမ်ကွင်း ၁၆ ပွဲ ကစားရာမှာ ၁၄ ပွဲ အထိ အနိုင်ရရှိထားပြီး တခြား ဘယ်အသင်းထက်မဆို အိမ်ကွင်း နိုင်ပွဲ ပိုမိုရရှိထားပါတယ်။ ၁၆ သင်း အဆင့် မှာတော့ ဗီလာက ရက်ဒ်စတား ဘဲလ်ဂရိတ်၊ ဆဲလ်တာဗီဂို၊ PAOK သို့မဟုတ် လိုင်လီ တို့ထဲက တစ်သင်းသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

နည်းပြ အူနိုင်း အမ်မရီ ကတော့ ယူရိုပါလိဂ်ဖလားကို ၄ ကြိမ် အထိ ဆွတ်ခူးထားပြီး တခြားသေည နည်းပြတွေထက် ပိုမို အောင်မြင်ထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဒီပြိုင်ပွဲမှာ ပွဲပေါင်း ၁၀၁ ပွဲ အထိ ကိုင်တွယ်ခဲ့ပြီး စံချိန်တင်ထားသူလည်း ဖြစ်ပါတယ်။

ဒီပွဲမှာ အနိုင်ဂိုး သွင်းယူခဲ့တဲ့ ဂျီမို အလိုဘာ ကတော့ အသက် ၁၉ နှစ်နဲ့ ၁၁၉ ရက်မှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဗီလာရဲ့ သမိုင်းတလျှောက် ဥရောပရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းသူ စာရင်းမှာ နံပါတ် (၄) နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ပွဲပြီးပြောစကားများ

ပွဲအပြီးမှာတော့ ဗီလာ အတွက် အရေးပါတဲ့ ပထမ ချေပဂိုးကို သွင်းယူပေးခဲ့သူ မော်ဂန် ရော်ဂျာစ်က နည်းပြ အူနိုင်း အမ်မရီကို ချီးကျူးစကားတွေ ပြောခဲ့ပါတယ်။ အက်စတွန်ဗီလာဟာ နည်းပြ အူနိုင်း အမ်မရီရဲ့ ယူရိုပါလိဂ် ပြိုင်ပွဲ အတွေ့အကြုံတွေကြောင့် တခြား ပြိုင်ဘက်တွေထက် ထူးခြားတဲ့ အားသာချက် တစ်ခု ရှိနေကြောင်း ရော်ဂျာစ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“သူဟာ ပြိုင်ပွဲတစ်ခု (အထူးသဖြင့် ယူရိုပါလိဂ်) ကို ဘယ်လို ဖြတ်ကျော်ရမလဲ ဆိုတာ ကောင်းကောင်း သိသူပါ။ သူ့လိုလူမျိုးက ကျွန်တော်တို့ကို လမ်းညွှန်ပေးနေတာဟာ အသင်း အတွက် အင်မတန် အားကိုးရာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံး မှာတော့ ကျွန်တော်တို့ ကိုယ်တိုင် ဘယ်လောက် ကြိုးစားအားထုတ်မလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။” လို့ TNT Sports ကို ပြောကြားခဲ့ပါတယ်။

ဝါရင့်နောက်ခံလူ တိုင်ရုန်း မင်းဂ် ကတော့ ဂျီမို အလိုဘာနဲ့ ပတ်သက်ပြီး အခုလို ချီးကျူးခဲ့ပါတယ်။ “ဒါဟာ ဂျီမို အတွက် အရမ်းလှပတဲ့ အခိုက်အတန့်ပါ။ သူ နေ့တိုင်း ကြိုးစား အားထုတ်နေတာတွေကို ကျွန်တော်တို့ မြင်ပါတယ်။ နည်းပြရော၊ ကျွန်တော်တို့ ကစားသမားတွေပါ သူ့ကို ပြင်းပြင်းထန်ထန် တွန်းအားပေးကြတယ်၊ ဘာလို့လဲ ဆိုတော့ သူ့မှာ ရှိတဲ့ အရည်အချင်းကို ကျွန်တော်တို့ သိနေလို့ပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
X: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 30-Jan-2026 at 5:15 PM





   Like     
SBOTOP
30-Jan 2026 Friday 5:16 PM (108 days ago)            #59
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

စီးတီးဂရောင်းမှာ အီဂေါ ဂျေဇုစ် နှစ်ဂိုး သွင်းပြီး ဖယ်ရင်ဗာရို့စ် ဂိုးပြတ် အနိုင်ရခဲ့တဲ့ ဖောရက်စ် | ယူရိုပါလိဂ်

ယူရိုပါလိဂ် အုပ်စု အဆင့် နောက်ဆုံး ပွဲစဉ် တစ်ပွဲ မှာတော့ နော့တင်ဟမ်ဖောရက်စ်က ရော်ဘီကိန်း ကိုင်တွယ်နေတဲ့ ဖယ်ရင်ဗာရို့စ်ကို ၄-၀ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် နှစ်သင်းစလုံး လိဂ်အဆင့် အမှတ်ပေးဇယား အဆင့် ၁၂နဲ့ ၁၃ နေရာတွေမှာ အသီးသီး ရပ်တည်ကာ ပလေးအော့ဖ် အဆင့်ကို ဖြတ်သန်းကြရတော့မှာ ဖြစ်ပါတယ်။ 

ပွဲစဉ်အကျဉ်း

နည်းပြ ရှောင်ဒိုက်ချ်ရဲ့ ဖောရက်စ်ဟာ အဆင့် ၈ အတွင်း ဝင်ပြီး ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ဖို့ မျှော်လင့်ချက် နည်းပါးနေတာကို သိရှိထားပေမယ့် အိမ်ကွင်း ပရိသတ်ရှေ့မှောက်မှာ အကောင်းဆုံး ပုံစံနဲ့ အနိုင်ကစားသွားခဲ့ပါတယ်။ ပထမပိုင်း ပွဲချိန် ၁၇ မိနစ်မှာ ဖယ်ရင်ဗာရို့စ် ကစားသမား အော့တ်ဗော့စ်က ကိုယ့်ဂိုးကိုယ် သွင်းယူမိတာကြောင့် ဖောရက်စ်တို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ၂၁ မိနစ် မှာတော့ အီဂေါ ဂျေဇုစ်က တစ်ကိုယ်တော် စွမ်းဆောင်ရည်နဲ့ ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်း ၅၅ မိနစ်မှာလည်း အီဂေါ ဂျေဇုစ် ကပဲ အီဗရာဟင် ဆန်ဂါရေးရဲ့ ပေးပို့မှု ကနေ တစ်ဆင့် သူ့ရဲ့ ဒုတိယမြောက်ဂိုးကို အားပါ ပြင်းထန်တဲ့ ကန်ချက်နဲ့ သွင်းယူခဲ့ပါတယ်။ ပွဲပြီးခါနီး မိနစ် ၉၀ မှာတော့ ရရှိလာတဲ့ ပင်နယ်တီကို ဂျိမ်းစ် မက်အတီးက အမှားအယွင်း မရှိ ကန်သွင်းပြီး ၄ ဂိုးပြတ် နိုင်ပွဲကို ဖော်ဆောင်သွားခဲ့ပါတယ်။

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

အီဂေါ ဂျေဇုစ်ဟာ အင်္ဂလန် ကလပ် အသင်း တစ်သင်း အတွက် ဥရောပ ပြိုင်ပွဲ တစ်ရာသီ အတွင်း တစ်ပွဲ နှစ်ဂိုးကို နှစ်ကြိမ်တိုင်တိုင် သွင်းယူနိုင်တဲ့ တတိယမြောက် ဘရာဇီးလ် ကစားသမား ဖြစ်လာပါတယ်။ (ယခင်က လစ်ဗာပူးလ်က ရော်ဘတ်တို ဖေမီနိုနဲ့ တော့တင်ဟမ်ဟော့စပါးက ကားလို့စ် ဗင်နီးစီးယပ်စ် တို့သာ ဒီမှတ်တမ်းကို ရရှိထားဖူး။) ဂျေဇုစ်ဟာ ဖောရက်စ် အသင်းသမိုင်းမှာ ၁၉၇၈-၇၉ ခုနှစ်က ဂယ်ရီ ဘတ်တယ်လ်စ် နောက်ပိုင်း ဥရောပ ပြိုင်ပွဲ တစ်ခုတည်းမှာ ၅ ဂိုးနဲ့အထက် (ယခု ၆ ဂိုး) သွင်းယူနိုင်တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာပါတယ်။

ယူရိုပါလိဂ်ဖလား ရယူနိုင်တယ်လို့ ယုံကြည်နေတဲ့ နော့တင်ဟမ်ဖောရက်စ် အသင်းခေါင်းဆောင် ရိုင်ယန် ယေးတက်စ်
ဥရောပ အိမ်ကွင်း နောက်ဆုံး ၁၄ ပွဲမှာ ၁၂ ပွဲအထိ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဖောရက်စ်

ဒီနိုင်ပွဲကြောင့် ဖောရက်စ်ဟာ အုပ်စုအဆင့်မှာ အဆင့် (၁၃) နဲ့ ရပ်တည်နိုင်ခဲ့ပြီး သူတို့ထက် တစ်ဆင့် မြင့်တဲ့ အဆင့် (၁၂) မှာ ရှိနေတဲ့ ရော်ဘီကိန်းရဲ့ ဖယ်ရင်ဗာရို့စ်ကို ကွင်းအတွင်း ကိန်းဂဏန်း အချက်အလက်ပိုင်းမှာပါ အပြတ်အသတ် အသာစီးရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဥရောပ ပြိုင်ပွဲကြီးတွေမှာ ဖောရက်စ်ဟာ သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် အဖြစ် အိမ်ကွင်း ၃ ပွဲ ဆက်တိုက် ဂိုးမပေးရဘဲ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သစ်တောတွေက ဥရောပ အိမ်ကွင်း နောက်ဆုံး ၁၄ ပွဲမှာ ၁၂ ပွဲအထိ ဂိုးမပေးရအောင် (Clean Sheet) စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဥရောပ ပြိုင်ပွဲ တစ်ခုမှာ ၄ ဂိုး သွင်းယူနိုင်တာဟာ အသင်း သမိုင်းမှာ ၄ ကြိမ်မြောက်သာ ရှိသေးပြီး၊ ၁၉၇၉ ခုနှစ် (ဥရောပဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့နှစ်) နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ပလေးအော့ဖ်မှာ ရင်ဆိုင်ရမယ့် ပြိုင်ဘက်များ

ဖောရက်စ်ဟာ အဆင့် (၁၃) ရရှိခဲ့တာကြောင့် ယူရိုပါလိဂ် ပလေးအော့ဖ်မှာ ဖီနာဘာချီ ဒါမှမဟုတ် ပန်နာသီနိုင်းကို့စ် တို့နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဒါပေမယ့်လည်း အခုပြသခဲ့တဲ့ ခြေစွမ်းအရ ဖောရက်စ် တို့ဟာ ဘယ်အသင်းနဲ့ တွေ့တွေ့ ယုံကြည်မှု အပြည့် ရှိနေတယ် ဆိုတာ ကတော့ ငြင်းလို့ မရပါဘူး။ 

ပွဲပြီးပြောစကားများ

ပွဲအပြီးမှာ ဖောရက်စ် အသင်းခေါင်းဆောင် ရိုင်ယန် ယေးတက်စ်က သူတို့ အသင်း အနေနဲ့ ယူရိုပါလိဂ် ဖလားကို ရယူနိုင်စွမ်းရှိတယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ နည်းပြ ရှောင်ဒိုက်ချ် ကတော့ တစ်ဖက်က ပရီးမီးယားလိဂ်မှာ အဆင့် (၁၇) နေရာကို ရောက်နေတဲ့ ဖောရက်စ် အတွက် အခုလို ဥရောပ အောင်မြင်မှုဟာ အသင်းကို ပြန်လည် တည်ဆောက်ဖို့ အခြေခံကောင်း တစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။“ပွဲစဉ်ဇယားတွေ၊ ခရီးသွားရတာတွေကြောင့် မလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် ဒီနေ့မှာ ပရိသတ်တွေ အတွက် ပျော်ရွှင်စရာ ရလဒ်ကို ပေးနိုင်ခဲ့လို့ ဝမ်းသာပါတယ်။ ကျွန်တော် ကစားသမားတွေကို ပြောထားတာက ကျွန်တော့်ရဲ့ လူရွေးချယ်မှု အပေါ် အမြဲတမ်း သံသယဝင်နေရလောက်အောင် (ဘယ်သူ့ကို ရွေးရမလဲ ခေါင်းခဲရလောက်အောင်) ခြေစွမ်းပြကြဖို့ပါပဲ။” လို့ ရှောင်ဒိုက်ချ်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူက လူငယ်ကစားသမား ဂျိမ်းစ် မက်အတီး ကိုလည်း အထူးတလည် ချီးကျူးခဲ့ပါသေးတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
X: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 30-Jan-2026 at 5:17 PM





   Like     
SBOTOP
04-Feb 2026 Wednesday 7:31 PM (103 days ago)            #60
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ထိပ်သီး ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်လာတဲ့ လန်နတ် ကားလ်၊ မက် အယ်လစ္စတာ အတွက် ရီးရဲလ်ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချမယ့် လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ ဇန်နဝါရီ အပြောင်းအရွှေ့ နောက်ဆုံးရက် ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းထူးတွေကို SBOTOP ပရိသတ်တွေ အတွက် ပြည့်ပြည့်စုံစုံ စုစည်း ဖော်ပြပေးလိုက်ပါတယ်။

ဘေယန်မြူးနစ်ရဲ့ အသက် ၁၇ နှစ်အရွယ် ကွင်းလယ်လူ လန်နတ် ကားလ်ကို ပရီးမီးယားလိဂ် ကလပ် ၃ သင်းက ကင်းထောက်တွေ စေလွှတ်ပြီး စောင့်ကြည့်နေကြပါတယ်။ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ မန်စီးတီး တို့က စိတ်ဝင်စားနေပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ ရီးရဲလ်မက်ဒရစ် ကိုပဲ ပြောင်းရွှေ့ဖို့ ပိုမို ဆန္ဒရှိနေပါတယ်။ 

အာဆင်နယ် အသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ နယူးကာဆယ် ကွင်းလယ်လူ ဆန်ဒရို တိုနာလီကို ခေါ်ယူဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ နယူးကာဆယ် ဘက်ကတော့ ဒီကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့တောင် လုံးဝလက်မခံဘဲ ပယ်ချခဲ့ပါတယ်။ 

မိုနာကို တိုက်စစ် ကစားသမား မဂ်နက်စ် အာကလီယူးရှ်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပေမယ့် တော့တင်ဟမ်ဟော့စပါးဟာ ဇန်နဝါရီမှာ သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းမှာ မဟုတ်ပါဘူး။ နွေရာသီတုန်း ကတော့ ဇာဗီ ဆီမွန်စ်ရဲ့ အစားထိုး ပစ်မှတ် အဖြစ် စဉ်းစားခဲ့ဖူးပေမယ့် အခုတော့ သူ့ကို ခေါ်ယူမယ့် စာရင်းထဲ ကနေ ဖယ်ထုတ်ထားလိုက်ပြီ ဖြစ်ပါတယ်။ 

ယူနိုက်တက် ဘယ်နောက်ခံလူ တိုင်ရဲလ် မာလာစီယာ ကတော့ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ တူရကီကို သွားရောက်ဖို့ အသင်း ကနေထွက်ခွာခွင့် ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အသင်းဖော် ပတ်ထရစ် ဒေါဂူရဲ့ ဒဏ်ရာပြဿနာကြောင့် ယူနိုက်တက်က နောက်ဆုံးမိနစ်မှာ အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ ဒီအခြေအနေကြောင့် မာလာစီယာဟာ အလွန်အမင်း စိတ်ပျက်ခဲ့ရတယ်လို့ သိရပါတယ်။ 

လစ်ဗာပူးလ်ဟာ အေဂျက်စ် အသင်းရဲ့ အသက် ၂၂ နှစ်အရွယ် ဗဟိုနောက်ခံလူ ယူရီ ဘတ်စ် နဲ့ ပီအက်စ်ဗွီ အင်ဟိုဗင်ရဲ့ အသက် ၂၃ နှစ်အရွယ် ရိုင်ယန် ဖလာမင်ဂို တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ 

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လစ်ဗာပူးလ်က ကတော့ အလက်ဆစ် မက် အယ်လစ္စတာကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုကို လုံးဝ လက်မခံဘဲ ပယ်ချဖို့ ဆုံးဖြတ်ထားပါတယ်။
မက် အယ်လစ္စတာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ်

လူငယ် နောက်ခံလူ ဂျော့ရှ် အာချမ်ပွန်ကို ခရစ္စတယ်ပဲလေ့စ်က ရာသီဝက် အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ချဲလ်ဆီး ဘက်ကတော့ ချက်ချင်းပဲ ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။ 

နန့်စ် အသင်းရဲ့ အသက် ၁၈ နှစ် အရွယ် နောက်ခံလူ တိုင်ရယ် တာတီကို ခေါ်ယူဖို့ ချဲလ်ဆီးက အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ကစားသမား ကတော့ တန်းဆင်းဇုန်နဲ့ ရုန်းကန်နေရတဲ့ သူ့ရဲ့ အသင်းမှာပဲ ဆက်နေချင်နေပြီး ချဲလ်ဆီးရဲ့ စထရာဘိုးသို့ အငှားချမယ့် အစီအစဉ် ကိုလည်း စိတ်မဝင်စားခဲ့ပါဘူး။ 

မန်ချက်စတာစီးတီး တာဝန်ရှိသူတွေဟာ စထရာဘိုး တိုက်စစ်မှူး ယိုအာကင် ပါနီချယ်လီကို အာလင်း ဟာလန်းရဲ့ အရန် တိုက်စစ်မှူး အဖြစ် ရေရှည် အတွက် ပစ်မှတ်ထား စောင့်ကြည့်နေပါတယ်။ 

ဝက်စ်ဟမ်း အသင်းရဲ့ ထိပ်တန်း တာဝန်ရှိသူ တစ်ဦးက ဂျက်စီ လင်ဂတ် ဒါမှမဟုတ် ကတ် ဇူးမား တို့ကို ပြန်လည်ခေါ်ယူဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေကို ရယ်စရာ အဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒါ့အပြင် ညာနောက်ခံလူ ဝမ်-ဘစ်ဆာခါ အနေနဲ့ လစ်ဗာပူးလ်ကို ပြောင်းရွှေ့မယ် ဆိုတဲ့ သတင်းတွေ ကလည်း လုံးဝ အခြေအမြစ်မရှိဘူးလို့ ဆိုပါတယ်။

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လစ်ဗာပူးလ်က ကတော့ အလက်ဆစ် မက် အယ်လစ္စတာကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုကို လုံးဝ လက်မခံဘဲ ပယ်ချဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် မက် အယ်လစ္စတာ ကိုယ်တိုင်က ရီးရဲလ်မက်ဒရစ်မှာ ကစားဖို့ လမ်းဖွင့်ပေးထားတဲ့ သဘောထားကြောင့် စပိန်ကလပ် ဘက်ကတော့ ဒီအပြောင်းအရွှေ့ ဖြစ်မြောက်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က ရီးရဲလ်မက်ဒရစ် အသင်းဆီ သွားရောက် ကစားဖို့ ကမ်းလှမ်းခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဒါဟာ မဟုတ်မှန်ကြောင်း သိရပါတယ်။ ပေါ်တူဂီ လက်ရွေးစင် ကစားသမားဟာ အခုလက်ရှိမှာ ဘယ်အသင်းရဲ့ ကမ်းလှမ်းမှု ကိုမှ နားမထောင်ဘဲ ဒီရာသီကုန်ဆုံးချိန် အထိ ယူနိုက်တက် အတွက်ပဲ အပြည့်အဝ အာရုံစိုက်သွားမှာ ဖြစ်ပါတယ်။ 

ကလပ် ဘရုဂေး အသင်းရဲ့ အသက် ၂၀ အရွယ် ကွင်းလယ်လူ အလက်ဇန္တား စတန်ကိုဗစ် ကို မန်ချက်စတာ ယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး အသင်း တို့က ကင်းထောက်တွေ စေလွှတ်ပြီး စောင့်ကြည့်နေကြပါတယ်။ သူဟာ ယူနိုက်တက်ရဲ့ အသစ် ခေါ်ယူမယ့် ကစားသမား စာရင်းထဲမှာ ရေပန်းစားနေသူ တစ်ဦး ဖြစ်ပါတယ်။ 

ချဲလ်ဆီးဟာ နန့်စ်ရဲ့ အသက် ၁၈ နှစ်အရွယ် ဗဟိုနောက်ခံလူ တိုင်လယ် တာတီ အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ (ပေါင် ၂၆ သန်းခန့်)နဲ့ နှုတ်ကတိနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပြင်သစ် ကလပ် ဘက်က ငြင်းဆန် ပယ်ချခဲ့ပါတယ်။

မန်ချက်စတာစီးတီးဟာ ဘာစီလိုနာရဲ့ ပါရမီရှင် ကွင်းလယ်လူ ပက်ဒရီကို ခေါ်ယူဖို့ အတွက် ယူရို သန်း ၂၀၀ (ပေါင် ၁၇၃ သန်းကျော်) အထိ ရှိမယ့် မြင့်မားတဲ့ ပြောင်းရွှေ့နဲ့ ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာ ဘက်ကတော့ ပက်ဒရီဟာ သူတို့ အသင်း အတွက် လုံးဝ မရောင်းချနိုင်တဲ့ “ ထိလို့မရတဲ့ ကစားသမား” အဖြစ် သတ်မှတ်ထားပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
X: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 04-Feb-2026 at 7:32 PM





   Like     
SBOTOP
04-Feb 2026 Wednesday 7:35 PM (103 days ago)            #61
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

လူတွေက ကျွန်တော် တို့ကို ချန်ပီယံ မဖြစ်စေချင်ကြဘူး။” – ရိုဒရီ | ပရီးမီးယားလိဂ်

မန်စီးတီး ကတော့ တော့တင်ဟမ်ဟော့စပါးနဲ့ ၂-၂ ဂိုးစီ သရေကျပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အာဆင်နယ်ရဲ့ နောက် ၆ မှတ် အကွာအထိ ရောက်ရှိသွားခဲ့ပါတယ်။ ဒီပွဲအပြီး မှာတော့ မန်စီးတီးကွင်းလယ်လူ ရိုဒရီက ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေ အပေါ် အလွန်အမင်း ဒေါသထွက်နေပြီး “လူတွေက ကျွန်တော် တို့ကို ချန်ပီယံ မဖြစ်စေချင်ကြဘူး။” ဆိုပြီးတော့ပါ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်ပါတယ်။

ပေါက်ကွဲနေတဲ့ ရိုဒရီ

တနင်္ဂနွေနေ့က စပါးနဲ့ ပွဲမှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေဟာ မန်စီးတီး အပေါ် မမျှတဘူးလို့ ယူဆနေတဲ့ ရိုဒရီက ဒိုင်လူကြီးတွေ အနေနဲ့ “ ဘက်မလိုက်ဖို့” တောင်းဆိုခဲ့သလို၊ လူအများစုက မန်စီးတီးကို ဆက်ပြီး အောင်မြင်တာမျိုး မမြင်ချင်ကြတဲ့ အတွက် အခုလို မတရားမှုတွေကို ဝမ်းသာအားရ ကြိုဆိုနေကြတာ ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

ဒီဒေါသတွေရဲ့ အဓိက အချက် ကတော့ စပါး တိုက်စစ်မှူး ဒေါမနစ် ဆိုလန်ကီ သွင်းယူခဲ့တဲ့ ပထမဂိုး ကနေ မြစ်ဖျားခံခဲ့တာပါ။ ဆိုလန်ကီက မန်စီးတီး နောက်ခံလူ မာ့ခ် ဂူဟီရဲ့ ခြေထောက်ကို ကန်ပြီးမှ ဘောလုံးကို ရယူသွားခဲ့တာ ဖြစ်လို့ ဒါဟာ သိသာတဲ့ ပြစ်ဒဏ်ဘော ဖြစ်တယ်လို့ ရိုဒရီက ဆိုပါတယ်။

ဒါနဲ့ ပတ်သတ်လို့ ရိုဒရီက “အမှန်အတိုင်း ပြောရရင် ဘယ်လိုခံစားရမလဲတောင် မသိတော့ဘူး။ အခု ဗီဒီယို ပြန်ကြည့်လိုက်တော့ ဒါဟာ လုံးဝကို ပြစ်ဒဏ်ဘောပါ။ VAR ဆိုတာ အကြောင်းရှိလို့ ထားတာလေ။ ဒီလို အသေးစိတ်အချက်လေးတွေက အစ ရလဒ်ကို ပြောင်းလဲသွားစေနိုင်ပါတယ်။ သူတို့ ပထမဂိုး မရခဲ့ရင် ကျွန်တော်တို့ ဒီပွဲကို နိုင်မှာပါ။” လို့ ရိုဒရီက ညည်းတွားခဲ့ပါတယ်။

ဆက်လက်ပြီး စပိန်သားက “ကျွန်တော်တို့ အောင်မြင်မှုတွေ အများကြီး ရထားတာကြောင့် လူတွေက ကျွန်တော် တို့ကို မနိုင်စေချင်ကြဘူး ဆိုတာ သိပါတယ်။ ဒါပေမယ့် ဒိုင်လူကြီးတွေ ကတော့ ဘက်မလိုက်ရဘူးလေ။ ဒါဟာ မမျှတပါဘူး။” လို့လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ပပ် ဂွါဒီယိုလာရဲ့ တုံ့ပြန်မှု

မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကလည်း ဒိုင်လူကြီးကိစ္စကို တိုက်ရိုက် ပြောဆိုဖို့ ရှောင်လွှဲခဲ့ပေမယ့် သတင်းထောက် တစ်ဦးရဲ့ မေးမြန်းမှု ကိုတော့ “တကယ်လို့ ဒါဟာ နောက်ခံလူက တိုက်စစ်မှူးကို လုပ်တာ ဆိုရင် ပင်နယ်တီပေးမှာ မဟုတ်လား။ ခင်ဗျားတို့ ကိုယ်တိုင်လည်း မြင်သားပဲ။” လို့ သွယ်ဝိုက်တဲ့ နည်းနဲ့ ခနဲ့တဲ့တဲ့ တုံ့ပြန်ခဲ့ပါတယ်။

ဒါကြောင့် မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ လမ်းကြောင်း အတွက် ကြီးမားတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံ လမ်းကြောင်း အတွက် ကြီးမားတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ မန်စီးတီး

ထူးခြားတာ ကတော့ စပါး နည်းပြ သောမတ်စ် ဖရန့်ခ် ကိုယ်တိုင်ကတောင် ဆိုလန်ကီနဲ့ ဂူဟီတို့ အကြားမှာ ထိတွေ့မှု ရှိခဲ့ကြောင်း ဝန်ခံထားပြီး ဒါဟာ ဝေခွဲရခက်တဲ့ အနေအထားမျိုး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဲဒီပွဲမှာ ရိုဒရီက ဒါဟာ တစ်ပွဲတည်းတင် မဟုတ်ဘဲ ၂ ပွဲ၊ ၃ ပွဲ ဆက်တိုက် ဖြစ်နေတာလို့လည်း ဆိုပါတယ်။ မန်စီးတီး ဘက်က ထောက်ပြခဲ့တဲ့ အခြေအနေ တချို့ ကတော့ နယူးကာဆယ်နဲ့ ခရာဘောင်ဖလား ပွဲမှာ အန်တိုနီယို ဆီမီညိုရဲ့ ဂိုးကို လူကျွံဘော အဖြစ် သတ်မှတ်ခဲ့ခြင်း၊ မန်ချက်စတာဒါဘီပွဲမှာ ဒီယိုဂို ဒါးလော့တ်ကို အနီကတ် မပြခဲ့ခြင်း၊ ဝုဗ်နဲ့ ပွဲမှာ ဖီးလ် ဖိုဒန်ကို ပင်နယ်တီ မပေးခဲ့ခြင်း၊ ပြီးခဲ့တဲ့ တပတ်က ဒိုင်လူကြီး ဖာရိုင်း ဟော်လန်က VAR အကြံပြုချက်ကို ငြင်းပယ်ပြီး မန်စီးတီးကို ပင်နယ်တီ မပေးခဲ့ခြင်း တို့ပဲ ဖြစ်ပါတယ်။လက်ရှိ မှာတော့ မန်စီးတီးဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်နဲ့ ၆ မှတ် အကွာကို ရောက်ရှိနေပါတယ်။ ဒါကြောင့် မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ လမ်းကြောင်း အတွက် ကြီးမားတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
X: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 04-Feb-2026 at 7:35 PM





   Like     
SBOTOP
17-Mar 2026 Tuesday 8:35 PM (62 days ago)            #62
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ဘရန့်ဖို့ဒ်ကို သရေကစားခဲ့တဲ့ ဝုဗ်ရဲ့ စိတ်ဓာတ်နဲ့ သတ္တိကို ချီးကျူးလိုက်တဲ့ ရော့ဘ် အက်ဒ်ဝပ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ဆုံးက ဝုဗ် ကတော့ အခုတပတ် ပွဲစဉ်မှာ ဘရန့်ဖို့ဒ်နဲ့ ၂-၂ သရေကျပြီး တစ်မှတ်စီ ခွဲယူနိုင်ခဲ့ပါတယ်။ ဝုဗ်ဟာ ဘရန့်ဖို့ဒ်ကို နှစ်ဂိုးပြတ် ရှုံးနိမ့်နေရာ ကနေ အကြိတ်အနယ် ကစားပြီး သရေတစ်မှတ် ခွဲယူနိုင်ခဲ့တာ ဖြစ်လို့ အသင်းရဲ့ စိတ်ဓာတ်နဲ့ သတ္တိကို နည်းပြ ဖြစ်သူ ရော့ဘ် အက်ဒ်ဝပ်က ချီးကျူးစကားဆိုလိုက်ပါတယ်။

တနင်္လာနေ့က ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ ဝုဗ်ဟာ နှစ်ဂိုးပြတ် အရေးနိမ့်နေခဲ့ပေမယ် အားမာန် အပြည့်နဲ့ ပြန်လည် တိုက်စစ်ဆင်ခဲ့ပြီးနောက် ရလဒ်ကောင်း တစ်ခုကို ဖော်ဆောင်နိုင်ခဲ့တာကြောင့် အခုဆိုရင်တော့ ၃ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိ စံချိန်ကို မြှင့်တင်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ပွဲအစ ပထမပိုင်းမှာတင် ဘရန့်ဖို့ဒ် အတွက် မိုက်ကယ် ကာယိုဒီနဲ့ အီဂေါ သီယာဂို တို့က ဂိုးတွေ သွင်းယူပေးခဲ့တာကြောင့် ဝုဗ်တို့ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ရဲ့ ဇယား အောက်ခြေမှာ ရုန်းကန်နေရတဲ့ ဝုဗ် တို့ဟာ အရှုံးမပေးဘဲ ပြန်လည် တိုက်စစ်ဆင်ခဲ့ပါတယ်။ ပထမပိုင်း မပြီးခင်မှာ အဒမ် အမ်းစထရောင်းက ဂိုးသမား ကယ်လာဟာကို ကျော်ဖြတ်ပြီး ပထမ ချေပဂိုးကို သွင်းယူခဲ့ပါတယ်။

အဲဒီနောက် ဒုတိယ ချေပဂိုး ကိုတော့ လူစားဝင် ကစားသမား တိုလူ အရိုကိုဒါရေးက ကွင်းထဲ ရောက်လာပြီး ၃ မိနစ် အကြာမှာပဲ ခေါင်းတိုက်ဂိုးနဲ့ အသင်းအတွက် အရေးပါတဲ့ သရေ တစ်မှတ်ကို ရယူပေးနိုင်ခဲ့ပါတယ်။ ဝုဗ်ဟာ ယခင်က ၂ ဂိုး သို့မဟုတ် ၂ ဂိုးထက် ပိုပြီး အရေးနိမ့်နေရင် ၂၂ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ဖူးတဲ့ မှတ်တမ်းဆိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း မှာတော့ (ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အာဆင်နယ်နဲ့ ပွဲ အပါအဝင်) ၂ ဂိုးပြတ် ရှုံးနေတဲ့ အခြေအနေ ကနေ ၂ ပွဲ ဆက်တိုက် သရေရအောင် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဝုဗ်က ရမှတ် ၁၇ မှတ် ရထားပြီး ပရီးမီးယားလိဂ် တန်းဆင်းဇုန် အထက်က ဖောရက်စ်နဲ့ ၁၂ မှတ် ကွာဟနေသလို တစ်ပွဲပိုလည်း ကစားထားပါတယ်။
ခက်ခဲတဲ့ ပရီးမီးယားလိဂ် လက်ကျန် ပွဲတွေ ကစားရဦးမယ့် ဝုဗ်

Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ ဝုဗ်ဟာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီကုန်မှာ တန်းဆင်းရဖို့ သေချာသလောက် ရှိနေတယ်လို့ ဆိုထားပေမယ့် နည်းပြ ရော့ဘ် အက်ဒ်ဝပ် ကတော့ သူ့ရဲ့ ကစားသမားတွေရဲ့ ကြိုးစားမှုကို အခုလိုပဲ ချီးကျူးခဲ့ပါတယ်။ “ကွင်းထဲက ခံစားချက်နဲ့ အားမာန်တွေက ကျွန်တော်တို့ အသင်း အသာစီးရနေသလိုပါပဲ။ တိုင်ထိတာ၊ ဘားထိတာတွေလည်း ရှိခဲ့သလို အသင်းရဲ့ စွမ်းဆောင်ရည်က တကယ်ကို ကောင်းမွန်ခဲ့ပါတယ်။”

“၂ ဂိုးပြတ် ကနေ လိုက်ကစားခဲ့ရပေမယ့် ကျွန်တော်တို့ အနိုင်ရသင့်တဲ့ ပွဲလို့ ခံစားရပါတယ်။ အဝေးကွင်းမှာ ဒီလို အသင်းမျိုးကို ပြန်လည် တိုက်စစ်ဆင်နိုင်တာ တကယ်ကို ဂုဏ်ယူစရာပါ။ ဒါဟာ ကျွန်တော်တို့ အသင်းရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်၊ သတ္တိနဲ့ စည်းလုံးမှုကို ပြသနေတာ ဖြစ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

လူစားဝင်လာပြီး ဂိုးသွင်းပေးခဲ့တဲ့ အရိုကိုဒါရေးနဲ့ ပတ်သက်လို့လည်း နည်းပြက ကျေနပ် အားရလျက် ရှိနေပါတယ်။ အရိုကိုဒါရေးဟာ ဒီရာသီမှာ သွင်းဂိုး ၃ ဂိုး ရှိလာပြီ ဖြစ်ပြီး အားလုံးက လန်ဒန် ကလပ်တွေနဲ့ ပွဲစဉ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဝုဗ်ဟာ ပရီးမီးယားလိဂ် တန်းဆင်းဇုန် ကနေ လွတ်မြောက်ဖို့ အတွက် အရေးပါတဲ့ ပွဲစဉ်တွေနဲ့ ရင်ဆိုင်ရဦးမှာပါ။ သူတို့ရဲ့ နောက်ထပ် ပြိုင်ဘက်တွေ ကတော့ ဝက်စ်ဟမ်း၊ လိဒ်စ်ယူနိုက်တက်နဲ့ စပါးတို့ ဖြစ်ပြီး ထူးခြားချက် အနေနဲ့ ဝုဗ်ဟာ ဧပြီလ ၁၀ ရက်နေ့ အထိ အနားရနေမှာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သတ်လို့ “ကျွန်တော်တို့မှာ ၂၅ ရက်လောက် အားလပ်ရက် ရပါမယ်။ ဒါဟာ ကျွန်တော်တို့ အတွက် အသစ်အဆန်း ဖြစ်ပေမယ့် ဒီကာလအတွင်းမှာ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် ဆင်းပြီး ခြေစမ်းပွဲ တစ်ပွဲလည်း ကစားဖို့ ပြင်ဆင်ထားပါတယ်။” လို့ အက်ဒ်ဝပ်က အားလပ်ရက် အစီအစဉ်ကို ပြောကြားသွားခဲ့ပါတယ်။

စပါးနဲ့ ကစားပြီးရင်တော့ ဝုဗ်ဟာ ဆန်းဒါးလန်း၊ ဘရိုက်တန်၊ ဖူလ်ဟမ်၊ ဘန်လေ တို့နဲ့ ဆက်လက် ကစားရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဝုဗ်က ရမှတ် ၁၇ မှတ် ရထားပြီး ပရီးမီးယားလိဂ် တန်းဆင်းဇုန် အထက်က ဖောရက်စ်နဲ့ ၁၂ မှတ် ကွာဟနေသလို တစ်ပွဲပိုလည်း ကစားထားပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
X: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 17-Mar-2026 at 8:35 PM





   Like     
SBOTOP
17-Mar 2026 Tuesday 8:36 PM (62 days ago)            #63
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

အာဆင်နယ်ကို အနိုင်ယူ ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်နေတဲ့ လေဗာကူဆင် နည်းပြ | ချန်ပီယံလိဂ်

လေဗာကူဆင် ကတော့ အာဆင်နယ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ်ကို ရလဒ်တူ အခြေအနေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ ကက်စ်ပါ ဟူးလ်မန်း ကတော့ သူ့အသင်းရဲ့ အခွင့်အရေး အပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေပါတယ်။ 

ပထမအကျော့ ပွဲစဉ်မှာ လေဗာကူဆင် အတွက် ရောဘတ် အန်းဒရစ်ချ်က ခေါင်းတိုက်ဂိုး သွင်းယူပေးခဲ့ပေမယ့် ၈၉ မိနစ်မှာ ကိုင် ဟာဗက်ဇ်က ပင်နယ်တီ ကနေ ချေပဂိုး ပြန်သွင်းခဲ့လို့ ၁-၁ ရလဒ်နဲ့ သရေကျထားတာ ဖြစ်ပါတယ်။ လေဗာကူဆင်ဟာ ပြီးခဲ့တဲ့ စနေနေ့က ဘွန်ဒက်စ်လီဂါ ဇယားထိပ်က ဘေယန်မြူးနစ် ကိုလည်း သရေ ကစားထားနိုင်ခဲ့လို့ ယုံကြည်မှု အပြည့် ရှိနေပါတယ်။ ဒါပေမယ့် သူတို့ အတွက် အာဆင်နယ်လို အသင်းမျိုးကို အမ်းမရိတ်စ်မှာ ရင်ဆိုင်ဖို့က စိန်ခေါ်မှုတွေ ကြီးမားလွန်းနေပါတယ်။

မှတ်တမ်းတွေ အရ ဆိုရင် လေဗာကူဆင်ဟာ ချန်ပီယံလိဂ်မှာ အင်္ဂလန် ကလပ်တွေနဲ့ အဝေးကွင်း ၁၁ ကြိမ် တွေ့ဆုံရာမှာ ၈ ကြိမ် အထိ ရှုံးနိမ့်ထားခဲ့ပါတယ်။ Opta ရဲ့ စူပါကွန်ပျူတာ တွက်ချက်မှု အရလည်း လေဗာကူဆင် နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးဟာ ၂၁ ရာခိုင်နှုန်းသာ ရှိနေပြီး ဒါဟာ ကျန်ရှိနေတဲ့ ၁၆ သင်းထဲမှာ ဆဋ္ဌမမြောက် အခွင့်အရေး အနည်းဆုံးလည်း ဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြ ကတ်စ်ပါ ဟူးလ်မန်း ကတော့ “ပထမအကျော့မှာ သူတို့ကို အခွင့်အရေး သိပ်မပေးခဲ့ပါဘူး။ ဒုတိယအကျော့ မှာလည်း အဲ့ဒီ အတိုင်းပဲ ပွဲကို ထိန်းချုပ်ကစားဖို့ ကြိုးစားသွားမှာပါ။ အာဆင်နယ်ဟာ အသင်းကောင်း တစ်သင်း ဖြစ်ပေမယ့် ကျွန်တော်တို့ ဒီမှာ အနိုင်ရပြီး နောက်တစ်ဆင့် တက်နိုင်မယ်လို့ ယုံကြည်ပါတယ်။” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

လေဗာကူဆင်ဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ မန်စီးတီးနဲ့ ဘင်ဖီကာ တို့ကို အဝေးကွင်းမှာ အနိုင်ယူထားနိုင်တဲ့ မှတ်တမ်းကောင်းတွေလည်း ရှိထားပါတယ်။ လေဗာကူဆင်ဟာ ပထမအကျော့တုန်းက အာဆင်နယ် အားသာတဲ့ Set Piece တွေ ကနေ အခွင့်အရေး မပေးရအောင် ကစားပြနိုင်ခဲ့ပြီး ဂန်းနားတွေကို လုပ်ကိုင်ရခက်စေခဲ့ပါတယ်။ အခု ဒုတိယအကျော့ မှာလည်း ဟူးလ်မန်းရဲ့ အသင်းက အာဆင်နယ်ရဲ့ အားသာချက်တွေကို တားဆီး ဖြိုဖျက်ဖို့ အတွက် ကြိုးစားလာဦးမှာ သေချာပါတယ်။ 

လေဗာကူဆင်ဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ မန်စီးတီးနဲ့ ဘင်ဖီကာ တို့ကို အဝေးကွင်းမှာ အနိုင်ယူထားနိုင်တဲ့ မှတ်တမ်းကောင်းတွေလည်း ရှိထားပါတယ်။
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခြေ ပိုများနေတဲ့ အာဆင်နယ်

လေဗာကူဆင် ကွင်းလယ်လူ အက်ဆီကွီရဲလ် ပါလာစီယို့စ် ကလည်း “ဒီပွဲက ပထမအကျော့နဲ့ ကွဲပြားပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် တို့ရဲ့ ကစားဟန် အပေါ် ကျွန်တော်တို့ ယုံကြည်မှု အပြည့် ရှိပါတယ်။” လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

အာဆင်နယ်က ဥရောပအဆင့် နှစ်ကျော့ ကစားရတဲ့ ရှုံးထွက် ပွဲစဉ် ၂၀ မှာ ၁၇ ကြိမ် အထိ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့တဲ့ အစဉ်အလာကောင်းတွေ ရှိထားပါတယ်။ နည်းပြ မီခဲလ် အာတေးတားရဲ့ လက်အောက်မှာ ချန်ပီယံလိဂ် အိမ်ကွင်း ၁၆ ပွဲ ကစားရာမှာ ၁၃ ပွဲ အထိ အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ဧပြီလက ပီအက်စ်ဂျီကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ တစ်ပွဲတည်းသာ အာဆင်နယ်တို့ အိမ်ကွင်း ရှုံးပွဲ ရှိထားတာ ဖြစ်ပါတယ်။ 

အာဆင်နယ်ဟာ ကြားရက်မှာ ကစားခဲ့တဲ့ ပွဲစဉ် မှာလည်း အဲဗာတန်ကို လူငယ် ကစားသမားလေး မက်စ် ဒေါင်းမန်းရဲ့ တောက်ပမှုတွေနဲ့ အနိုင်ရထားပါတယ်။ အာဆင်နယ်ဟာ ဒီရာသီ ဖလား ၄ လုံး လမ်းကြောင်းပေါ်မှာ အကောင်းဆုံး စီမံခန့်ခွဲနိုင်ကာ တစ်လှမ်းချင်းစီ လျှောက်လှမ်းနေနိုင်တာ တွေ့ရပါတယ်။ ဒါကြောင့် ဂန်းနားတွေ အနေနဲ့ လေဗာကူဆင်ကို အများစု မျှော်လင့်ထားတဲ့ အတိုင်း အကောင်းဆုံး ကျော်ဖြတ်ပြသွားနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
X: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 17-Mar-2026 at 8:36 PM





   Like     
SBOTOP
18-Mar 2026 Wednesday 12:47 PM (61 days ago)            #64
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ကျွန်တော်တို့ ဘာကိုမှ မကြောက်ဘူးလို့ ကြုံးဝါးလိုက်တဲ့ ဘိုဒို/ဂလင့်မ် နည်းပြ | ချန်ပီယံလိဂ်

နော်ဝေ ကလပ် ဘိုဒို/ဂလင့်မ် ကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ သမိုင်းသစ် ရေးထိုးဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ဖို့ အတွက် ဆိုရင်တော့ ၁၆ သင်း ရှုံးထွက် အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ စပို့တင်းလစ္စဘွန်းကို အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ လိုအပ်နေပါသေးတယ်။

ဒါကြောင့် နည်းပြ ကယက်တေးလ် ကနတ်ဆန်က စပို့တင်းနဲ့ ကစားရမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ ဘိုဒို/ဂလင့်မ် အနေနဲ့ အကြောက်တရား မရှိဘဲ ရင်ဆိုင်သွားမှာ ဖြစ်ပြီး သူတို့ရဲ့ အံ့အားသင့်ဖွယ် ခရီးစဉ်ကို ဆက်လက် လျှောက်လှမ်းသွားမယ်လို့ ကြုံးဝါးခဲ့ပါတယ်။

နော်ဝေမြေမှာ ကစားခဲ့တဲ့ ပထမအကျော့မှာ ပွဲစဉ်မှာ ဆွန်ဒရီ ဖတ်၊ အိုလီ ဘလွန်းဘာ့ဂ်နဲ့ ကက်စပါ ဟော့ဂ် တို့ရဲ့ သွင်းဂိုးတွေနဲ့ ဘိုဒို/ဂလင့်မ်က ၃-၀ ဆိုတဲ့ ရလဒ်နဲ့ သက်သောင့်သက်သာ အနိုင်ရထားပါတယ်။ ဘိုဒို/ဂလင့်မ်ဟာ ချန်ပီယံလိဂ်မှာ ၅ ပွဲ ဆက်တိုက် အနိုင်ရထားပြီး ဥရောပရဲ့ ထိပ်တန်းလိဂ် ၅ ခု ပြင်ပက အသင်းတွေထဲမှာ ဒီလို စွမ်းဆောင်နိုင်တဲ့ ၆ သင်းမြောက် အသင်း ဖြစ်လာပါတယ်။ ဒါ့အပြင် ပေါ်တူဂီ ကလပ်တွေနဲ့ တွေ့ဆုံမှု ၃ ကြိမ်စလုံး မှာလည်း ဘိုဒိုက ရာနှုန်းပြည့် အနိုင်ရထားပါတယ်။

Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှု အရ ဘိုဒို/ဂလင့်မ် အသင်း ကွာတားဖိုင်နယ် တက်ဖို့ ၈၇ ရာခိုင်နှုန်း အထိ အခွင့်အရေး ရှိနေပြီး ဒီအခြေအနေ အပေါ် နည်းပြ ကနတ်ဆန်က အခုလို ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ ဘာကိုမှ မကြောက်ပါဘူး။ စပို့တင်းက ပွဲစကတည်းက အရှိန်အဟုန် ပြင်းပြင်းနဲ့ ကစားလာမယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော် မကြောက်ဘူး၊ အဲဒီလိုလည်း မတွေးဘူး။ ကျွန်တော်တို့ အသင့် ဖြစ်နေဖို့ပဲ လိုပါတယ်။ မနက်ဖြန်မှာ အများကြီး ပြေးရပါလိမ့်မယ်။ ကျွန်တော် တို့ဟာ ကြံ့ခိုင်မှု အားကောင်းတဲ့ အသင်း ဖြစ်လို့ ပြိုင်ဘက်ထက် ပိုပြေးနိုင်ဖို့ အမြဲတမ်း ကြိုးစားသွားမှာပါ။” လို့ ဆိုပါတယ်။

စပို့တင်းလစ္စဘွန်းဟာ ချန်ပီယံလိဂ် ရှုံးထွက် ၆ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေပြီး နောက်ဆုံး ၃ ပွဲမှာ ဂိုးမသွင်းနိုင်တဲ့ မှတ်တမ်းဆိုးနဲ့ ရင်ဆိုင်နေရပါတယ်။
ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ရုန်းကန်ရတတ်တဲ့ စပို့တင်း

ဘိုဒို/ဂလင့်မ်ဟာ ၁၉၉၆-၉၇ ရာသီက ရိုဆင်ဘော့ဂ် အသင်း ပြီးနောက် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်တဲ့ ဒုတိယမြောက် နော်ဝေ အသင်း ဖြစ်လာဖို့ ရည်မှန်းထားတာပါ။ သူတို့ဟာ အဝေးကွင်းမှာ ရုန်းကန်ရလေ့ ရှိပေမယ့် အက်တလက်တီကိုမက်ဒရစ်ကို အနိုင်ယူပြခဲ့သလို၊ ပြီးခဲ့တဲ့လ ကလည်း အင်တာမီလန်ကို ဆန်စီရိုကွင်းမှာ အနိုင်ယူပြီး သူတို့ရဲ့ ခြေစွမ်းကို သက်သေပြထားခဲ့ပြီး ဖြစ်ပါတယ်။

တစ်ဖက် မှာတော့ စပို့တင်းလစ္စဘွန်း အသင်းဟာ ၃ ဂိုးပြတ် နောက်ကနေ လိုက်ကစားရမှာ ဖြစ်ပြီး ဒါဟာ သူတို့ အတွက် သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် အံ့ဖွယ် ပြန်လာနိုင်မှု ဖြစ်အောင် ကြိုးစားရမှာပါ။ စပို့တင်းလစ္စဘွန်းဟာ ချန်ပီယံလိဂ် ရှုံးထွက် ၆ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေပြီး နောက်ဆုံး ၃ ပွဲမှာ ဂိုးမသွင်းနိုင်တဲ့ မှတ်တမ်းဆိုးနဲ့ ရင်ဆိုင်နေရပါတယ်။

စပို့တင်းလစ္စဘွန်း နည်းပြ ရူအီ ဘော့ဂျက်စ် ကတော့ ပြိုင်ဘက်ကို အခုလို အသိအမှတ်ပြုခဲ့ပါတယ်။ “ဘိုဒို ဘာတွေ စွမ်းဆောင်နိုင်လဲ ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူတို့က စပို့တင်း ကိုပဲ နိုင်တာ မဟုတ်ဘူး၊ ချန်ပီယံဆု မျှော်မှန်းထားတဲ့ အသင်းကြီးတွေကိုလည်း နိုင်ထားတာပါ။ ပထမအကျော့မှာ ကျွန်တော်တို့ ဘက်က ပြန်လည် တုန့်ပြန်မှု မလုပ်နိုင်ခဲ့တာကို ပိုအံ့သြမိပါတယ်။ ကျွန်တော်တို့ ပိုပြီး ရည်မှန်းချက်ကြီးရမယ်။ သတ္တိရှိရမယ်။ ရဲရဲဝံ့ဝံ့ ကစားရပါမယ်။” လို့ ဘော့ဂျက်စ်က ပြောဆိုသွားခဲ့ပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
X: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 18-Mar-2026 at 12:47 PM





   Like     
SBOTOP
18-Mar 2026 Wednesday 12:49 PM (61 days ago)            #65
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့မှာ ဘယ်အသင်းတွေ မထင်မှတ်တာ လုပ်ပြသွားနိုင်မလဲ

ဒီရာသီ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပွဲစဉ် ၈ ပွဲ အနက် ၅ ပွဲအထိ ပထမအကျော့မှာ အနည်းဆုံး ၃ ဂိုးပြတ် ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ပုံမှန်အားဖြင့်တော့ ချန်ပီယံလိဂ် နောက်ဆုံး အဆင့်တွေ ရောက်လေ ပွဲတွေက ပိုမိုအကြိတ်အနယ် ရှိလာလေ ဖြစ်ပေမယ့် ၂၀၂၅-၂၆ ရာသီရဲ့ ၁၆ သင်း အဆင့် မှာတော့ မမျှော်လင့်ဘဲ ဂိုးပြတ် ရလဒ်တွေ အများကြီး ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ 

ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့ ရလဒ်တွေကို ပြန်ကြည့်ရင် စပါးက အက်တလက်တီကို မက်ဒရစ်ကို ၅-၂၊ အတ္တလန္တာက ဘေယန်မြူးနစ်ကို အိမ်ကွင်းမှာ ၆-၁ (ဥရောပ ပြိုင်ပွဲ သမိုင်းတလျှောက် ရှုံးထွက်အဆင့်ရဲ့ အဆိုးရွားဆုံး ရှုံးနိမ့်မှု)၊ မန်စီးတီးက ရီးရဲလ်မက်ဒရစ်ကို ဘာနေဗျူးမှာ ၃-၀ (နည်းပြ ပပ် ဂွါဒီယိုလာ အတွက် ချန်ပီယံလိဂ် အဝေးကွင်း အဆိုးရွားဆုံး ရှုံးနိမ့်မှု မှတ်တမ်း)၊ ချဲလ်ဆီးက ပီအက်စ်ဂျီကို ၅-၂၊ စပို့တင်းလစ္စဘွန်းက ဘိုဒို/ဂလင့်မ်ကို အဝေးကွင်းမှာ ၃-၀ အစရှိသဖြင့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလို အခြေအနေမျိုး ကနေ ပြောင်းပြန်လှန် ပြန်လာနိုင်တဲ့ အတိတ်က မှတ်တမ်းကောင်းတွေ ရှိနေတာ ကိုလည်း ဂရုပြုရပါမယ်။

၁။ ဒီပို့တီဗို (၂၀၀၃-၀၄): အေစီမီလန်ကို ပထမအကျော့မှာ ၄-၁ နဲ့ ရှုံးပြီး ဒုတိယအကျော့မှာ ၄-၀ နဲ့ အနိုင်ကာ နောက်တစ်ဆင့် တက်ခဲ့ပါတယ်။

၂။ ဘာစီလိုနာ (၂၀၁၆-၁၇): ပီအက်စ်ဂျီကို ပထမအကျော့ ၄-၀ နဲ့ ရှုံးခဲ့ပေမယ့် ဒုတိယအကျော့မှာ ၆-၁ နဲ့ အနိုင်ယူကာ သမိုင်းတစ်လျှောက် အကြီးမားဆုံး အလှည့်အပြောင်းကို ဖန်တီးနိုင်ခဲ့ပါတယ်။

၃။ ရိုးမား (၂၀၁၇-၁၈): ဘာစီလိုနာကို ပထမအကျော့ ၄-၁ နဲ့ ရှုံးခဲ့ပေမယ့် ဒုတိယအကျော့မှာ ၃-၀ နဲ့ အနိုင်ရပြီး အဝေးဂိုး စည်းမျဉ်းနဲ့ နောက်တဆင့် တက်ခဲ့ပါတယ်။

၄။ လစ်ဗာပူးလ် (၂၀၁၈-၁၉): ဘာစီလိုနာကို ပထမအကျော့မှာ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အန်ဖီးလ်မှာ ၄-၀ နဲ့ ပြန်နိုင်ခဲ့ပြီး လစ်ဗာပူးလ်တို့ အန်ဖီးလ်မှာ အံ့ဖွယ်ည တစ်ညကို ဖန်တီးနိုင်ခဲ့ပါတယ်။

သေချာတာ ကတော့ ဘောလုံးမှာ ဘာမဆို ဖြစ်သွားနိုင်သလို ချန်ပီယံလိဂ်မှာ ဆိုရင်တော့ ပိုလို့တောင် ဘာမဆို ဖြစ်သွားနိုင်တယ် ဆိုတာပါပဲ။
ဒုတိယအကျော့မှာ စပါးတို့ ပြန်လာနိုင်ခြေ ၄ ရာခိုင်နှုန်းသာ ရှိနေ

ဒါကြောင့် မှတ်တမ်းတွေအရ ဆိုရင် ပထမအကျော့မှာ ၃ ဂိုးနဲ့ အထက် ရှုံးနိမ့်ခဲ့တဲ့ အသင်းတွေ အနက် ၇.၈ ရာခိုင်နှုန်းခန့်သာ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ဖူးပါတယ်။

Optaရဲ့ တွက်ချက်မှုတွေ အရ ဆိုရင် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့ အရှုံး ကနေ ပြန်လည် အနိုင်ယူနိုင်ခြေ အရှိဆုံး အသင်းက မန်စီးတီး ဖြစ်ပြီး ၁၃.၄ ရာခိုင်နှုန်း ရှိနေတာ တွေ့ရပါတယ်။ အဲဒီနောက် စပို့တင်းလစ္စဘွန်းက ၁၃.၁ ရာခိုင်နှုန်း၊ ချဲလ်ဆီးက ၅.၉ ရာခိုင်နှုန်း၊ စပါးက ၄.၁ ရာခိုင်နှုန်း၊ အတ္တလန္တာက ၀.၁ ရာခိုင်နှုန်း တို့က အသီးသီး သတ်မှတ်ခံထားရပါတယ်။

နိဂုံးချုပ် အနေနဲ့ ဆိုရရင်တော့ အတ္တလန္တာ အတွက် ဘေယန်မြူးနစ်ကို ပြန်လည် ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ချက် မရှိသလောက် ဖြစ်နေပေမယ့် စပါး၊ မန်စီးတီး၊ ချဲလ်ဆီးနဲ့ စပို့တင်းလစ္စဘွန်းတို့ အတွက်တော့ အခွင့်အရေး အနည်းငယ် ရှိနေတာ တွေ့ရပါတယ်။ ဒါကြောင့် ဒုတိယအကျော့ ပွဲစဉ်တွေဟာ ခန့်မှန်းထားတဲ့ အတိုင်းပဲ ဖြစ်လာမလား၊ ဒါမှမဟုတ် ဘောလုံးသမိုင်းမှာ နောက်ထပ် အံ့ဖွယ်ညတွေကို ထပ်မံ မြင်တွေ့ရမလား ဆိုတာ စောင့်ကြည့်ရမှာပါ။ သေချာတာ ကတော့ ဘောလုံးမှာ ဘာမဆို ဖြစ်သွားနိုင်သလို ချန်ပီယံလိဂ်မှာ ဆိုရင်တော့ ပိုလို့တောင် ဘာမဆို ဖြစ်သွားနိုင်တယ် ဆိုတာပါပဲ။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
X: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 18-Mar-2026 at 12:50 PM





   Like     
SBOTOP
25-Mar 2026 Wednesday 5:43 PM (54 days ago)            #66
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ် ပွဲစဉ်တွေကို ချဉ်းကပ်ကြည့်ခြင်း

လာမယ့် တစ်ပတ် အတွင်း ၂၀၂၆ ကမ္ဘာ့ဖလား အတွက် နောက်ဆုံး ကျန်ရှိနေတဲ့ နေရာ ၆ နေရာကို အတည်ပြုနိုင်တော့မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် Opta စူပါကွန်ပြူတာရဲ့ တွက်ချက်မှုတွေ အပေါ် မူတည်ပြီး ဒီတစ်ပတ် အတွင်း ယှဉ်ပြိုင် ကစားရမယ့် ဆီမီးဖိုင်နယ် ပွဲစဉ်တွေရဲ့ အလားအလာကို လေ့လာ ကြည့်ရအောင်ပါ။ 

ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန် တို့မှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရဖို့ အတွက် အသင်းပေါင်း များစွာက ကြိုးစားနေကြတာပါ။ အများစုက နောက်ဆုံး လက်မှတ် ရရှိဖို့ အတွက် နှစ်ပွဲ ဆက်တိုက် အနိုင်ရရှိဖို့ လိုအပ်နေပါတယ်။ ဥရောပဇုန်က ၁၆ သင်းဟာ ၄ နေရာ အတွက် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး၊ အင်တာကွန်တီနန်တယ် ပလေးအော့ဖ် မှာတော့ အသင်း ၆ သင်းက ၂ နေရာ အတွက် တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။

ဥရောပဇုန် (UEFA) ပလေးအော့ဖ်

လမ်းကြောင်း A (အုပ်စု B သို့ ဝင်ရောက်ခွင့်ရမယ့် နေရာ)

ဝေးလ်စ် – ဘော့စနီးယား (ဆီမီးဖိုင်နယ်)

ဝေးလ်စ်ဟာ အဆင့်သတ်မှတ်ချက် အမြင့်ဆုံး အီတလီနဲ့ လမ်းကြောင်းတစ်ခုတည်းမှာ ရောက်ရှိနေပေမယ့်လည်း အိမ်ကွင်း အားသာချက် ရှိနေပါတယ်။ Opta ရဲ့ တွက်ချက်မှုအရ ဝေးလ်စ်က မိနစ် ၉၀ အတွင်း အနိုင်ရဖို့ ၆၀.၂ ရာခိုင်နှုန်း အထိ အခွင့်အရေးရှိပြီး ဘော့စနီးယားက ၁၈.၉ ရာခိုင်နှုန်း သာ ရှိနေပါတယ်။

အီတလီ – မြောက်အိုင်ယာလန် (ဆီမီးဖိုင်နယ်)

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား နှစ်ကြိမ်ဆက် လွဲချော်ခဲ့တဲ့ အီတလီ ကတော့ အခုတစ်ကြိမ်မှာလည်း ဖိအားတွေ အောက်ကို ရှိနေပါတယ်။ ဒါပေမယ့်လည်း မြောက်အိုင်ယာလန်နဲ့ ပွဲစဉ်မှာ အီတလီက အပြတ်အသတ် အသာစီးရနေပြီး အနိုင်ရဖို့ ၇၂.၁ ရာခိုင်နှုန်း ခန့်မှန်းထားကာ မြောက်အိုင်ယာလန် ကတော့ ၁၁.၉ ရာခိုင်နှုန်းသာ ရှိနေပါတယ်။

လမ်းကြောင်း B (အုပ်စု F သို့ ဝင်ရောက်ခွင့်ရမယ့် နေရာ)

ယူကရိန်း – ဆွီဒင် (ဆီမီးဖိုင်နယ်)

ယူကရိန်း ကတော့ ပလေးအောဖ့် ဆိုရင် ကံခေတတ်တဲ့ ရာဇဝင်ရှိပေမယ့်လည်း လက်ရှိမှာ ဆွီဒင်ထက် အခြေအနေ ကောင်းနေပါတယ်။ စပိန်နိုင်ငံ၊ ဗလင်စီယာမှာ ရှိတဲ့ ကြားကွင်းမှာ ကစားရမှာ ဖြစ်ပေမယ့်လည်း ယူကရိန်းက ၅၆.၅ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိဖို့ ရေပန်းစားနေပြီး၊ ခြေစစ်ပွဲမှာ ရုန်းကန်ခဲ့ရတဲ့ ဆွီဒင်က ၂၁ ရာခိုင်နှုန်းသာ ရှိနေပါတယ်။

ပိုလန် – အဲလ်ဘေးနီးယား (ဆီမီးဖိုင်နယ်)

ပိုလန်က ခြေစစ်ပွဲ အဆင့်မှာ အမှတ် အများဆုံး ရခဲ့တဲ့ အသင်းတွေထဲက တစ်သင်း ဖြစ်ပါတယ်။ အဲလ်ဘေးနီးယား အနေနဲ့ သမိုင်းတစ်လျှောက် ပထမဆုံး ကမ္ဘာ့ဖလား ဝင်ခွင့် ရဖို့ ကြိုးစားနေပေမယ့်လည်း ဝါဆောမှာ ကစားရမယ့် ဒီပွဲမှာ ပိုလန်ကို ကျော်ဖြတ်ဖို့ ခက်ခဲနေမှာ အသေအချာပါပဲ။ ဒီပွဲမှာ ပိုလန်က အနိုင်ရဖို့ ၅၆.၆ ရာခိုင်နှုန်းနဲ့ အသာစီးရနေပါတယ်။

လမ်းကြောင်း C (အုပ်စု D သို့ ဝင်ရောက်ခွင့်ရမယ့် နေရာ)

ဆလိုဗက်ကီးယား – ကိုဆိုဗို (ဆီမီးဖိုင်နယ်)

ကိုဆိုဗို ကတော့ တစ်နှစ်ထက် တစ်နှစ် တိုးတက်လာတဲ့ အသင်းဖြစ်ပြီး အဝေးကွင်းမှာ ကစားရမှာ ဖြစ်ပေမယ့်လည်း အနိုင်ရနိုင်ခြေ ၂၂.၅ ရာခိုင်နှုန်း ရှိနေပါတယ်။ ဒါဟာ ဥရောပဇုန် အဝေးကွင်း အသင်းတွေထဲမှာ ဒုတိယမြောက် အခွင့်အရေး အများဆုံး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိမ်ရှင် ဆလိုဗက်ကီးယားက ၅၃.၈ ရာခိုင်နှုန်းနဲ့ ပိုမို အလားအလာ ကောင်းနေပါတယ်။

တူရကီ – ရိုမေးနီးယား (ဆီမီးဖိုင်နယ်)

တူရကီ ကတော့ ယူရို ၂၀၂၄ မှာ ခြေစွမ်းပြခဲ့ပြီး ဒီပွဲမှာ ရိုမေးနီးယားကို အနိုင်ရဖို့ ၆၃.၆ ရာခိုင်နှုန်းအထိ အခွင့်အရေး ရှိနေကာ အပြတ်အသတ် ရေပန်းစားနေပါတယ်။

လမ်းကြောင်း D (အုပ်စု A သို့ ဝင်ရောက်ခွင့်ရမယ့် နေရာ)

ချက် – အိုင်ယာလန် (ဆီမီးဖိုင်နယ်)

ချက် အသင်းဟာ ၁၀ စုနှစ် တစ်ခု နီးပါး အိမ်ကွင်း ခြေစစ်ပွဲတွေမှာ ရှုံးပွဲ မရှိသေးတဲ့ မှတ်တမ်းကောင်း ရှိနေပါတယ်။ အိုင်ယာလန် ကတော့ ပလေးအော့ဖ်တွေမှာ ကံမကောင်းတတ်တဲ့ အသင်း ဖြစ်ပေမယ့်လည်း ချက်ကို အနိုင်ရဖို့ ၂၄ ရာခိုင်နှုန်း ခန့်မှန်းခံထားရပြီး ချက်က ၅၁.၂ ရာခိုင်နှုန်း ရှိနေပါတယ်။

ဒိန်းမတ် – မြောက်မက်ဆီဒိုးနီးယား (ဆီမီးဖိုင်နယ်)

အဆင့်သတ်မှတ်ချက်အရ အီတလီ ပြီးရင် ဒိန်းမတ်က အင်အား အကောင်းဆုံး ဖြစ်ပါတယ်။ ခြေစစ်ပွဲ နောက်ဆုံးပွဲမှာ စကော့တလန်ကို ရှုံးနိမ့်ခဲ့လို့ ပလေးအော့ဖ် ကစားရခြင်း ဖြစ်ပြီး မြောက်မက်ဆီဒိုးနီးယားကို ကျော်ဖြတ်ဖို့ ၇၁.၃ ရာခိုင်နှုန်း ခန့်မှန်းခံထားရပါတယ်။

အင်တာကွန်တီနန်တယ် ပလေးအော့ဖ် 

ပထမလမ်းကြောင်း (အုပ်စု K ကို ဝင်ရောက်ခွင့် ရမယ့် နေရာ)

နယူးကယ်လီဒိုးနီးယား – ဂျမေကာ (ဆီမီးဖိုင်နယ်)

ဗိုလ်လုပွဲ – DR ကွန်ဂို – (ဆီမီးဖိုင်နယ် အနိုင်ရတဲ့ အသင်း)

နယူးကတ်ဒယ်လီဒိုးနီးယား ကတော့ ကျန်ရှိတဲ့ အသင်းတွေထဲမှာ အဆင့်အနိမ့်ဆုံး (၁၃၃) ဖြစ်ပါတယ်။ ဂျမေကာက ၅၂.၅ ရာခိုင်နှုန်းနဲ့ အနိုင်ရဖို့ အခွင့်အရေး ပိုများနေပေမယ့်လည်း ဗိုလ်လုပွဲမှာ စောင့်နေတဲ့ DR ကွန်ဂိုက ယခင်က ကင်မရွန်းနဲ့ နိုင်ဂျီးရီးယား တို့ကို ကျော်ဖြတ်ခဲ့ဖူးတာကြောင့် အင်အား အကောင်းဆုံး ဖြစ်နေပါတယ်။

ဒုတိယလမ်းကြောင်း (အုပ်စု I သို့ ဝင်ရောက်ခွင့်ရမယ့် နေရာ)

ဘိုလီးဗီးယား – ဆူရီနမ် (ဆီမီးဖိုင်နယ်)

ဗိုလ်လုပွဲ – အီရတ် – (ဆီမီးဖိုင်နယ် အနိုင်ရတဲ့ အသင်း)

ဘိုလီးဗီးယားဟာ အိမ်ကွင်း အားသာချက် ရှိတဲ့ အသင်း ဖြစ်ပေမယ့် မက္ကဆီကိုက ကြားကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် ဆူရီနမ် အတွက် အခွင့်အရေး ရှိလာနိုင်ပါတယ်။ ဒါပေမယ့်လည်း ဘိုလီးဗီးယားက ၆၅.၉ ရာခိုင်နှုန်းနဲ့ အသာစီးရနေပါတယ်။ ဖိုင်နယ်မှာ စောင့်ဆိုင်းနေတဲ့ အီရတ် ကတော့ ၁၉၈၆ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ဝင်ခွင့် ရဖို့ ယုံကြည်မှု မြင့်မားနေပါလိမ့်မယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
X: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 25-Mar-2026 at 5:43 PM





   Like     
SBOTOP
25-Mar 2026 Wednesday 5:45 PM (54 days ago)            #67
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ဂျာမနီ အနေနဲ့ အတိတ်က ကမ္ဘာ့ဖလား ကျရှုံးမှုတွေကို မေ့ဖျောက်ဖို့ တိုက်တွန်းလိုက်တဲ့ ကင်မစ်ချ်း

ဂျာမနီ လက်ရွေးစင် အသင်း ကတော့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အနိုင်ရပြီး နောက်ပိုင်း ပြိုင်ပွဲတွေမှာ ရှုံးထွက်အဆင့် ပွဲစဉ်ကို တစ်ကြိမ်မှ ကစားခွင့် မရသေးပါဘူး။ ဒီနှစ် မှာတော့ ကမ္ဘာ့ဘောလုံး ထိပ်သီး ဂျာမနီ အနေနဲ့ ပြိုင်ပွဲရဲ့ အမြင်ဆုံး အဆင့်တွေ အထိ တက်လှမ်းနိုင်မယ်လို့ ဂျော်ရွှာ ကင်မစ်ချ် အပါအဝင် တစ်သင်းလုံးက ယုံကြည်မှု ရှိနေတယ်လို့ သိရပါတယ်။

ကင်မစ်ချ်ဟာ ဂျာမနီ လက်ရွေးစင် အသင်းရဲ့ မကြာသေးခင်က ကမ္ဘာ့ဖလား ကျရှုံးမှုတွေဟာ ဒီနှစ် ပြိုင်ပွဲ မတိုင်ခင် သူတို့ အပေါ် ရှုမြင်ပုံတွေ အပေါ် သက်ရောက်မှု ရှိနေကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့်လည်း ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိဖို့ အတွက် အတိတ်ကို မေ့ဖျောက်ထားရမယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျူလီယန် နာဂဲလ်စမန်းရဲ့ အသင်းက အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို တို့မှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ပြင်ဆင်တဲ့ အနေနဲ့ ဒီလ အတွင်း ဆွစ်ဇာလန်၊ ဂါနာ တို့နဲ့ ခြေစမ်းပွဲတွေ ကစားသွားမှာ ဖြစ်ပါတယ်။ ဂျာမနီ လက်ရွေးစင် အသင်းဟာ အုပ်စု (E) မှာ ကူရာကာအို၊ အိုင်ဗရီကို့စ်၊ အီကွေဒေါ တို့နဲ့ အတူ ကျရောက်နေပြီး ဇွန်လ ၁၄ ရက်နေ့မှာ ကမ္ဘာ့ဖလား ပွဲဦးထွက် အဖြစ် ကာရာကာအိုနဲ့ စတင် ကစားရမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၂ နှစ်က ဘရာဇီးလ်မှာ စတုတ္ထအကြိမ်မြောက် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်း အဲဒီအချိန်ကစလို့ ဂျာမနီက ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ဆိုးရွားစွာ ရုန်းကန်နေခဲ့ရပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဆွီဒင်၊ မက္ကဆီကို၊ တောင်ကိုရီးယားတို့ ပါဝင်တဲ့ အုပ်စုမှာ အုပ်စု အောက်ဆုံး ကနေ ထွက်ခဲ့ရသလို၊ ၂၀၂၂ ခုနှစ် မှာလည်း စပိန်၊ ဂျပန်၊ ကော့စတာရီကာ တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ပြီး ထပ်မံ ထွက်ခွာခဲ့ရပါတယ်။

လွန်ခဲ့တဲ့ ၁၂ နှစ်က ဘရာဇီးလ်မှာ စတုတ္ထအကြိမ်မြောက် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်း အဲဒီအချိန်ကစလို့ ဂျာမနီက ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ဆိုးရွားစွာ ရုန်းကန်နေခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ၂ ကြိမ်ဆက် အုပ်စု အဆင့် ကနေ ထွက်ခွာခဲ့ရတဲ့ ဂျာမနီ

ဒီအခြေအနေနဲ့ ပတ်သတ်ပြီး ကင်မစ်ချ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ကျွန်တော် တို့က ပြီးခဲ့တဲ့ ပြိုင်ပွဲတွေမှာ ရလဒ်ကောင်းတွေ မပြနိုင်ခဲ့လို့ အခု ပြိုင်ပွဲမှာ ရေပန်းစားဆုံး အသင်းတွေထဲမှာ မပါဝင်ပါဘူး။ ဒါပေမယ့် ပြိုင်ပွဲ စပြီ ဆိုတာနဲ့ လွန်ခဲ့တဲ့ ၄ နှစ် ဒါမှမဟုတ် ၈ နှစ်က ဘာဖြစ်ခဲ့လဲ ဆိုတာ ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်တော့ပါဘူး။ ကျွန်တော် တို့မှာ ကစားသမား အားလုံး ကျန်းမာနေဖို့နဲ့ အကောင်းဆုံး ပုံစံရနေဖို့ လိုပါတယ်။ အရေးကြီးဆုံးက လူစုံတက်စုံ ရှိနေဖို့ပါပဲ။ ကျွန်တော်တို့ အတူတူ ပိုပြီး တိုးတက်လာဖို့ အခွင့်အရေး ရှိပါတယ်။” လို့ ကင်မစ်ချ်က ဆိုပါတယ်။

လောလောဆယ် မှာတော့ ဂျာမနီ ကစားသမားတွေ အနေနဲ့ ကမ္ဘာ့ဖလား အတွက် မပြင်ဆင်ခင် ကစားရမယ့် ဖင်လန်၊ အမေရိကန် တို့နဲ့ ခြေစမ်းပွဲတွေ ကိုသာ အာရုံစိုက်ထားရမယ်လို့ ကင်မစ်ချ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ဘေယန်မြူးနစ် လူငယ် ကစားသမားတွေ ဖြစ်တဲ့ ဂျိုးနက်စ် အာဘစ်နဲ့ လန်းနတ် ကားလ် တို့ဟာ ဂျာမနီ လက်ရွေးစင် အသင်းရဲ့ လူစာရင်းမှာ ပထမဆုံးအကြိမ် ပါဝင်ခွင့်ရခဲ့ကြပါတယ်။ ကားလ် ကတော့ လာမယ့် သောကြာနေ့ ဆွစ်ဇာလန်နဲ့ ပွဲမှာ ပွဲထွက်ကစားခွင့်ရဖွယ် ရှိနေပါတယ်။ အသက် ၁၉ နှစ် မပြည့်သေးတဲ့ လူငယ် ကြယ်ပွင့် ကားလ်ဟာ ဒီရာသီမှာ သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ် (စုစုပေါင်း ၁၃ ကြိမ်) အထိ ပါဝင် ပတ်သက်ထားပါတယ်။ ဥရောပ ထိပ်သီးလိဂ် ၅ ခုမှာ ၂၀၀၇ ခုနှစ် နောက်ပိုင်း မွေးဖွားသူတွေထဲမှာ ဘာစီလိုနာက လာမင်း ယာမယ် တစ်ဦးတည်းသာ ၎င်းထက် ပိုမို စွမ်းဆောင်ထားနိုင်တာ ဖြစ်ပါတယ်။

“သူက ကွင်းထဲ ဆင်းလိုက်တာနဲ့ အရမ်းကို သတ္တိရှိရှိ ကစားတဲ့သူပါ။ လူငယ်ကစားသမားတွေ အသင်းထဲကို ရဲရဲဝံ့ဝံ့ ဝင်လာပြီး သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိတာကို အသင်းဖော် တစ်ယောက် အနေနဲ့ ကျွန်တော် အမြဲတမ်း သဘောကျပါတယ်။ လန်နီက သူ့ရဲ့ အားသာချက်ကို သိတယ်၊ ဂိုးကန်သွင်းခွင့်ရမယ့် အခွင့်အရေးကို အမြဲတမ်း ရှာဖွေတတ်တယ်။ ဒါကြောင့် သူက ဘေယန်မှာရော ဂျာမနီ မှာပါ ကျွန်တော် တို့ကို ကူညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။” လို့ ကင်မစ်ချ်က ချီးကျူးခဲ့ပါတယ်။

#BBD0E0 »

5

the editor Discover more JS cleaner tool Word Processing Software Discover more Empty tag remover HTML word converter Content writing services

Discover more Website hosting plans SEO tools Web development books Ergonomic keyboards Source editor tool Web Design & Development Web Apps & Online Tools Word Web design services HTML editing software

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
X: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 25-Mar-2026 at 5:45 PM





   Like     
SBOTOP
26-Mar 2026 Thursday 1:55 PM (53 days ago)            #68
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ဖာမင်း လိုပက်ဇ် အတွက် ယူရို သန်း ၁၀၀ သုံးဖို့ အသင့် ရှိနေတဲ့ ယူနိုက်တက်၊ အသင်း ပြောင်းချင်နေပြန်တဲ့ အိဆက်ခ် | ပရီးမီးယားလိဂ်

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ဟာ ဘာစီလိုနာ ကွင်းလယ်လူ ဖာမင်း လိုပက်ဇ်ကို ခေါ်ယူဖို့ အတွက် ယူရို သန်း ၁၀၀ အထိ အသုံးပြုဖို့ အသင့်ရှိနေပါတယ်။ ဒါပေမယ့် စပိန် လက်ရွေးစင် ကစားသမား ကတော့ အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခြင်း မရှိဘူးလို့ သိရပါတယ်။

မန်ယူနိုက်တက်ဟာ လာမယ့် အပြောင်းအရွှေ့ ဈေးကွက်ဖွင့်တာနဲ့ ဂါလာတာဆာရေး ကွင်းလယ်လူ ဂါဘရီရယ် ဆာရာ အတွက် ကမ်းလှမ်းမှု ပြုလုပ်တော့မှာ ဖြစ်ကြောင်း တူရကီ သတင်း အရင်းအမြစ်တွေက ဖော်ပြပါတယ်။

အာဆင်နယ်ဟာ ညာနောက်ခံလူ အသစ် ရှာဖွေနေတာကြောင့် ဘန် ဝှိုက်ဟာ အသင်း ကနေ ထွက်ခွာရဖို့ ရှိနေပြီး သူ့ကို ခေါ်ယူဖို့ အဲဗာတန်က ထိပ်ဆုံး ကနေ ဦးဆောင်နေပါတယ်။

လေဗာကူဆင် ကနေ အငှားနဲ့ လာရောက် ကစားနေတဲ့ ပီယာရို ဟင်ကပ်ပီယေရဲ့ ခြေစွမ်း အပေါ် နည်းပြ အာတေးတား တယောက် စိတ်ပျက်နေတာကြောင့် အာဆင်နယ် အနေနဲ့ သူ့ကို အပြီးသတ် ခေါ်ယူဖို့ အစီအစဉ်ကို ပြန်လည် စဉ်းစားနေပါတယ်။

မန်ချက်စတာစီးတီးဟာ ပီအက်စ်ဂျီ တိုက်စစ် ကစားသမား ဘရက်ဒ်လေ ဘာကိုလာကို လာမယ့် နွေရာသီရဲ့ အဓိက စူပါစတား ခေါ်ယူမှု အဖြစ် ပစ်မှတ်ထားနေပါတယ်။

အလက်ဇန္တား အိဆက်ခ်ဟာ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကနေ ထွက်ခွာခွင့် ရဖို့ သူ့ရဲ့ အေးဂျင့်တွေကို ပြောဆိုထားပြီး ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။ အိဆက်ခ်ဟာ ပြီးခဲ့တဲ့ နှစ်ကလည်း လစ်ဗာပူးလ်ဆီ အသည်းအသန် ပြောင်းရွှေ့ချင်ခဲ့တာကြောင့် နယူးကာဆယ်ကို ဆန့်ကျင်မှုတွေ ပြုလုပ်ခဲ့ဖူးပြီး အခုလည်း အလားတူ လုပ်ရပ်မျိုး ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ် ကွင်းလယ်လူ ဆန်ဒရို တိုနာလီကို ခေါ်ယူဖို့ အတွက် အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီး အသင်းကြီး ၃သင်းစလုံးက အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် အန်တိုနီဘို ရူဒီဂါကို ခေါ်ယူဖို့ လစ်ဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက် တို့က စုံစမ်းမှုတွေ ပြုလုပ်ထားပါတယ်။ ရူဒီဂါ အနေနဲ့ လက်ရှိမှာ ခြေစွမ်းကောင်း ပြန်လည် ပြန်လည် ရရှိနေတာကြောင့် ရီးရဲလ်မက်ဒရစ် ဘက်က စာချုပ်သက်တမ်းတိုးသင့် မတိုးသင့် အပေါ် ပြန်လည် စဉ်းစားနေတယ်လို့လည်း သိရပါတယ်။

အလက်ဇန္တား အိဆက်ခ်ဟာ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကနေ ထွက်ခွာခွင့် ရဖို့ သူ့ရဲ့ အေးဂျင့်တွေကို ပြောဆိုထားပြီး ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။
ဘာစီလိုနာဆီ ပြောင်းရွှေ့ချင်နေပြန်တဲ့ အလက်ဇန္တား အိဆက်ခ်

ချဲလ်ဆီး အသင်းဟာ လူငယ် နောက်ခံလူ ဂျော့ရှ် အာချင်မ်ပေါင် အတွက် ယူရို သန်း ၃၀ ဝန်းကျင်နဲ့ ကမ်းလှမ်းမှုတွေကို လက်ခံဖွယ် ရှိနေပါတယ်။ သူ့ကို လစ်ဗာပူးလ်၊ နယူးကာဆယ်တို့ အပြင် ရီးရဲလ်မက်ဒရစ်နဲ့ ဒေါ့မန် တို့ကလည်း စောင့်ကြည့်နေပါတယ်။

တော့တင်ဟမ်ဟော့စပါး တာဝန်ရှိသူတွေဟာ ခရစ္စတီယန် ရိုမီယိုရဲ့ နောက်ဆုံး ပွဲစဉ်က ခြေစွမ်း အပေါ် အတော်လေး ဒေါသထွက်နေကြပြီး အပြောင်းအရွှေ့ ဈေးကွက် ဖွင့်ချိန်မှာ ကမ်းလှမ်းမှုတွေကို လက်ခံ ရောင်းချဖို့ ဆန္ဒရှိနေပြီ ဖြစ်ပါတယ်။

မိုနာကို အသင်းက မဂ်နက်စ် အက်လီယူချီနဲ့ လာမင်း ကာမာရာ တို့ကို မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ် တို့က အနီးကပ် စောင့်ကြည့်နေပါတယ်။

စပို့တင်းလစ္စဘွန်း ကွင်းလယ်လူ ပက်ဒရို ဂွန်ကဲလ်ဗက်စ်ကို အက်စတွန်ဗီလာက ပြန်လည် စိတ်ဝင်စားလာပါတယ်။

ဘိုလော့ဂ်နာ တိုက်စစ်မှူး ဆန်တီယာဂို ကက်စထရိုကို ခေါ်ယူချင်နေတဲ့ နော့တမ်ဟမ်ဖောရက်စ်နဲ့ ဝက်စ်ဟမ်း တို့ဟာ အေစီမီလန်ရဲ့ ကြားဖြတ် စိတ်ဝင်စားမှုကြောင့် အခက်တွေ့နေရပါတယ်။

ရလဒ်ဆိုးတွေကြောင့် ဖိအားများနေတဲ့ နည်းပြ လီယမ် ရိုစီနီယာရဲ့ ရာထူးက လက်ရှိအချိန်အထိ စိတ်ချရတဲ့ အနေအထားမှာ ရှိနေဆဲ ဖြစ်ပြီး တကယ်လို့ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့ရင်တောင် ဘုတ်အဖွဲ့က ရိုစီနီယာကို နည်းပြ အဖြစ် ဆက်ထားဖို့ ဆုံးဖြတ်ထားပါတယ်။

ချဲလ်ဆီး အသင်းဟာ ပြိုင်ပွဲစုံ ၄ ပွဲ ဆက်တိုက် ရှုံးပွဲတွေ့ခဲ့ပြီးတဲ့နောက် ရိုစီနီယာရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ခန့်မှန်းသတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပေမယ့် အသင်းဘုတ်အဖွဲ့ တာဝန်ရှိသူတွေ ကတော့ တစ်ရာသီထဲမှာ နောက်တစ်ကြိမ် နည်းပြ အပြောင်းအလဲ လုပ်ဖို့ အစီအစဉ် မရှိပါဘူး။ ချဲလ်ဆီး အသင်း ပိုင်ရှင်တွေဟာ ရာသီ လက်ကျန်ပွဲတွေမှာ အရမ်းဆိုးဆိုးရွားရွား ဖြစ်မှပဲ နွေရာသီကျရင် နည်းပြ အပြောင်းအလဲ မဖြစ်မနေလုပ်သွားဖို့ ရှိပေမယ့် အဲဒီလောက်အထိ ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်နေကြပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
X: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 26-Mar-2026 at 1:55 PM





   Like     
SBOTOP
26-Mar 2026 Thursday 1:56 PM (53 days ago)            #69
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

လစ်ဗာပူးလ် ကနေ ထွက်ခွာတော့မယ့် မိုဟာမက် ဆာလာရဲ့ ဖြစ်နိုင်ခြေ ရှိတဲ့ အပြောင်းအရွှေ့ အလားအလာများ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ရဲ့ ဂန္ထဝင်ကစားသမားဟာ မိုဟာမက် ဆာလာ ကတော့ ဒီရာသီအကုန်မှာ အန်ဖီးလ် ကနေ ထွက်ခွာဖို့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။ အီဂျစ် လက်ရွေးစင် တိုက်စစ်မှူးဟာ အခုတပတ် အင်္ဂါနေ့မှာ လစ်ဗာပူးလ်ကို နှုတ်ဆက် စကားဆိုခဲ့ပြီး ဒီရာသီကုန်မှာ အသင်း ကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့တာပါ။

၂၀၁၇ ခုနှစ်မှာ ရိုးမား ကနေ ရောက်ရှိလာခဲ့တဲ့ ဒီကြယ်ပွင့် တိုက်စစ်မှူးဟာ (၉) နှစ်တာ ကာလ အပြီးမှာ မာဆေးလ်ဆိုက်ဒ်ကို စွန့်ခွာတော့မှာပါ။ ဆာလာဟာ လစ်ဗာပူးလ် အတွက် အခုအချိန်အထိ ပွဲပေါင်း ၄၃၅ ပွဲ ကစားပေးခဲ့ပြီး ၂၅၅ ဂိုး အထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းကို ပရီးမီးယားလိဂ် ဖလား (၂) ကြိမ်နဲ့ ချန်ပီယံလိဂ် ဖလား (၁) ကြိမ် ရရှိအောင် ဦးဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ကိုလည်း (၄) ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဆာလာက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ စိတ်လှုပ်ရှားဖွယ် နှုတ်ဆက်စာ ရေးသားပြီး မိနစ်ပိုင်း အကြာမှာပဲ ပရီးမီးယားလိဂ် ကလပ် ဘက်က ဒီသတင်းကို အတည်ပြုခဲ့ပါတယ်။ “မိုဟာမက်က နောက်ရာသီမှာ ဘယ်မှာ ကစားမလဲ ဆိုတာ ကျွန်တော်တို့ ကိုယ်တိုင် မသိသေးပါဘူး။ ဒါဟာ တခြားဘယ်သူမှလည်း မသိနိုင်သေးဘူးလို့လည်း ဆိုလိုတာပါ။” လို့ ဆာလာရဲ့ အေးဂျင့် ရာမီ အဘတ်စ်က ဖာဘရီဇီယို ရိုမာနို ကနေ တဆင့် ပြောကြားထားခဲ့ပါတယ်။

ဒါဆိုရင် ဒီကမ္ဘာကျော် ကစားသမားကြီးရဲ့ နောက်ထပ် ခြေလှမ်းက ဘာဖြစ်မလဲ။ Sports Illustrated က ဖော်ပြခဲ့တဲ့ ဆာလာ ပြောင်းရွှေ့နိုင်ခြေ ရှိတဲ့ နေရာတွေကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

၁။ အမေရိကန် မေဂျာလိဂ် – ဖြစ်နိုင်ခြေ အရှိဆုံးလားရာ

ဆာလာ အသင်း ကနေ ထွက်ခွာမယ် ဆိုတဲ့ သတင်းဟာ အက်တလက်တီကိုမက်ဒရစ် စူပါစတား အန်တွန် ဂရစ်ဇ်မန်းက အော်လန်ဒိုစီးတီးအသင်းကို ပြောင်းရွှေ့ဖို့ လက်မှတ်ရေးထိုးပြီး နာရီပိုင်း အကြာမှာပဲ ထွက်ပေါ်လာတာပါ။ အသက် ၃၅ နှစ်အရွယ် ဂရစ်ဇ်မန်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား အပြီးမှာ လာလီဂါကို စွန့်ခွာပြီး မေဂျာလိဂ်ဆီ ပြောင်းရွှေ့မယ့် နောက်ထပ် ဂန္ထဝင် ကစားသမား တစ်ဦး ဖြစ်လာမှာပါ။ အသက် ၃၃ နှစ် အရွယ် ဆာလာ ကလည်း ဒီလမ်းစဉ် အတိုင်း လိုက်မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

လစ်ဗာပူးလ် သတင်းထောက် ဂျိမ်းစ် ပီးယားစ်က ဖေဖော်ဝါရီလကတည်းက “မေဂျာလိဂ်ဟာ ဆာလာအတွက် နောက်ထပ် ဖြစ်နိုင်ခြေ ရှိတဲ့ နေရာ တစ်ခုပါ။ ဆော်ဒီပရိုလိဂ်ထက် စာရင် မေဂျာလိဂ်က သူ့အတွက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်လို့ ကျွန်တော် ကြားသိထားပါတယ်” လို့ ပြောကြားခဲ့ဖူးပါတယ်။ ၂၀၂၃ မှာ မက်ဆီ ရောက်လာပြီး နောက်ပိုင်း အမေရိကန်လိဂ်ဟာ သိသိသာသာ တိုးတက်လာခဲ့သလို ၂၀၂၆ ကမ္ဘာ့ဖလား ကိုလည်း အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမှာ ဖြစ်ပါတယ်။

ဆာလာက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ စိတ်လှုပ်ရှားဖွယ် နှုတ်ဆက်စာ ရေးသားပြီး မိနစ်ပိုင်း အကြာမှာပဲ ပရီးမီးယားလိဂ် ကလပ် ဘက်က ဒီသတင်းကို အတည်ပြုခဲ့ပါတယ်။
ဒီရာသီမှာ သိသိသာသာ ခြေစွမ်းကျဆင်းသွားတဲ့ မိုဟာမက် ဆာလာ

ဆာလာ အတွက် အဖြစ်နိုင်ဆုံး အသင်း ကတော့ အီဂျစ် သန်းကြွယ်သူဌေး မိုဟာမက် မန်ဆာ ပိုင်ဆိုင်တဲ့ ဆန်ဒီယေဂို အက်ဖ်စီပဲ ဖြစ်ပါတယ်။ ဒီအသင်းက ကြယ်ပွင့် ကစားသမား လိုဇာနို ထွက်ခွာတော့မှာ ဖြစ်တဲ့ အတွက် ဆာလာ အတွက် နေရာလွတ် တစ်ခု အဆင်သင့် ဖြစ်နေမှာပါ။

၂။ ဆော်ဒီပရိုလိဂ်ရဲ့ ငြင်းပယ်ရခက်တဲ့ ကမ်းလှမ်းမှုများ

မို ဆာလာ အနေနဲ့ ဆော်ဒီအာရေဗျကို ပြောင်းရွှေ့မယ်ဆိုရင် မေဂျာလိဂ်ထက် အဆပေါင်းများစွာ သာလွန်တဲ့ လုပ်ခ လစာကို ရရှိမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အဲလ်နာဆာ အသင်းက ခရစ္စတီယာနို ရော်နယ်ဒိုဟာ တစ်နှစ်ကို ဒေါ်လာသန်း ၂၀၀ ကျော် ရရှိနေပြီး မက်ဆီ ကတော့ အခြေခံလစာ ဒေါ်လာ ၁၂ သန်းပဲ ရရှိပါတယ်။

ပြီးခဲ့တဲ့ တပတ်က သတင်းတွေအရ အဲလ်ဟီလာက ဆာလာကို စိတ်ဝင်စားနေသလို နီယွမ် အက်စ်စီနဲ့ အဲလ်ကတ်ဒ်စီယာ တို့ကလည်း စောင့်ကြည့်နေကြပါတယ်။ အဲလ် အစ်တီဟတ် ကတော့ ၂၀၂၃ နွေရာသီမှာ ဒေါ်လာ သန်း ၂၀၀ နဲ့ ကမ်းလှမ်းခဲ့ဖူးသလို ကာရင်မ် ဘန်ဇီမာ ထွက်ခွာသွားပြီး နောက်ပိုင်း လိဂ်ရဲ့ မျက်နှာစာသစ် အဖြစ် ဆာလာကို ခေါ်ယူဖို့ အားခဲနေတာ ဖြစ်ပါတယ်။

၃။ ဂါလာတာစာရေး – ဥရောပမှာ ဆက်ရှိနေနိုင်မယ့် တခြား ရွေးချယ်စရာ

မို ဆာလာ အနေနဲ့ ဥရောပ ပြင်ပကို ထွက်ခွာမယ်လို့ ယူဆကြပေမယ့် ချန်ပီယံလိဂ် ကစားခွင့်ရဦးမယ့် ဥရောပ ကလပ် တစ်ခုမှာ ဆက်နေဖို့လည်း အခွင့်အလမ်း ရှိနေပါသေးတယ်။ အဲဒီလို ဆိုရင်တော့ တူရကီ ကလပ် ဂါလာတာဆာရေးက သူ့ အတွက် အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။

ဒီကလပ်ဟာ ဒရော့ဘာ၊ ရှနိုက်ဒါ၊ အီကာဒီ၊ အိုဆင်မ်ဟန်နဲ့ လီရွိုင်း ဆာနေး တို့လို စူပါစတားတွေကို ခေါ်ယူနိုင်ခဲ့တဲ့ အစဉ်အလာ ရှိပါတယ်။ ဂါလာတာဆာရေးဟာ မက်ဆီကိုတောင် ခေါ်ယူဖို့ ငွေကြေးအင်အား ရှိတယ်လို့ သတင်းတွေ ထွက်နေတဲ့ အတွက် ဆာလာကို ခေါ်ယူနိုင်စွမ်း ရှိနေတာ ကတော့ အသေအချာပါပဲ။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
X: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 26-Mar-2026 at 1:57 PM





   Like     
SBOTOP
27-Mar 2026 Friday 12:46 PM (52 days ago)            #70
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

International Friendly: Prediksi Swiss vs Jerman, 28 Maret 2026

ကမ္ဘာ့ဖလား ခြေစစ်ပွဲ (ပလေးအော့ဖ်) ဆီမီးဖိုင်နယ်မှာ ဆွီဒင်က ယူကရိန်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုက်စစ်မှူး ဗစ်တာ ယောကရက်စ် ကတော့ သူတို့ အနေနဲ့ ဖီဖာရဲ့ အမြင့်ဆုံး ပြိုင်ပွဲဆီ အကောင်းဆုံး တက်လှမ်းနိုင်မယ်လို့ ယုံကြည်နေပါတယ်။

နည်းပြသစ် ဂရေဟမ် ပေါ်တာ ရောက်ရှိလာပြီး နောက်ပိုင်း ဆွီဒင် လက်ရွေးစင် အသင်း အတွင်း ပိုမိုကောင်းမွန်လာတဲ့ ပတ်ဝန်းကျင်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အခြေအနေတွေကည် ကမ္ဘာ့ဖလား ဝင်ခွင့် ရရှိရေး အတွက် များစွာ အထောက်အကူပြုလိမ့်မယ်လို့ ယောကရက်စ်က ယုံကြည်နေတာ ဖြစ်ပါတယ်။ ယောကရက်စ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဒဏ်ရာကြောင့် လက်ရွေးစင် အသင်း ပွဲစဉ်တွေနဲ့ လွဲချော်ခဲ့ရပေမယ့်လည်း အခုအခါ ပေါ်တာရဲ့ လက်အောက်မှာ ပထမဆုံးအကြိမ် အဖြစ် အသင်း အတွက် ပြန်လည် ကစားပေးခွင့်ရတော့မှာ ဖြစ်ပါတယ်။ 

ဆွီဒင် လက်ရွေးစင် အသင်းဟာ ယူကရိန်းနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ် ဆီမီးဖိုင်နယ်ကို စပိန် နိုင်ငံက Estadio Ciudad de Valencia ကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ အနိုင်ရတဲ့ အသင်းက ကမ္ဘာ့ဖလား လက်မှတ် တစ်စောင် အတွက် ပိုလန် သို့မဟုတ် အဲလ်ဘေးနီးယားနဲ့ ဗိုလ်လုပွဲ ထပ်မံ ကစားရမှာ ဖြစ်ပါတယ်။ 

လစ်ဗာပူးလ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ် ဒဏ်ရာကြောင့် လွဲချော်နေချိန်မှာ အသက် ၂၇ နှစ် အရွယ် အာဆင်နယ် တိုက်စစ်မှူး ယောကရက်စ်က အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်လာဖို့ ရှိနေပါတယ်။ သူဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု (B) မှာ ခြေစွမ်းပြနိုင်ဖို့ တော်တော်လေးကို ရုန်းကန်ခဲ့ရတာ တွေ့ရပြီး ၄ ပွဲ ကစားရာမှာ ဂိုးဖန်တီးမှု တစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၄ နေးရှင်းလိဂ် မှာတော့ ၆ ပွဲကစားရာမှာ ၉ ဂိုး အထိ သွင်းယူပြီး ဆွီဒင် လက်ရွေးစင် အသင်းကို ပလေးအော့ဖ် အဆင့်ထိ ပို့ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

အောက်တိုဘာလက ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြဟောင်း ဂျွန်ဒါးလ် တိုမတ်စ်ဆင်ထက် ဂရေဟမ် ပေါ်တာရဲ့ လက်ထက်မှာ အသင်းသားတွေ အကြား ပိုမို ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိလာကြောင်း ယောကရက်စ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။

“အခြေအနေတွေက ပိုပြီး အပြုသဘောဆောင်လာပါတယ်။ အရင်က ဖြစ်ပျက်ခဲ့တာတွေကို နောက်မှာ ထားခဲ့ပြီး အခု ရင်ဆိုင်ရမယ့် ပွဲနဲ့ စတော့ဟုမ်းမှာ ကစားရမယ့် နောက်တစ်ပွဲ ကိုပဲ အာရုံစိုက်နေကြပါတယ်။ ဂရေဟမ်နဲ့ နည်းပြအဖွဲ့သစ်တွေ ရောက်လာတာဟာ အရင်က ရှုံးနိမ့်မှုတွေကို မေ့ပစ်ဖို့ ပိုလွယ်ကူစေသလို၊ ကမ္ဘာ့ဖလား တက်ဖို့လည်း အခွင့်အရေးကောင်း ရှိနေပါတယ်။” လို့ ယောကရက်စ်က ဆိုပါတယ်။

မကြာသေးခင်က မန်စီးတီးနဲ့ ကစားခဲ့တဲ့ ခရာဘောင်ဖလား ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ၂၀၂၆ ခုနှစ် အတွင်း ယောကရက်စ်ရဲ့ ဂိုးသွင်း မှတ်တမ်းက အားရစရာ ဖြစ်နေပါတယ်။ ၂၀၂၆ ခုနှစ် အတွင်း ပရီးမီးယားလိဂ်မှာ သူ့ထက် ဂိုးပိုသွင်းထားနိုင်သူတွေ ဆိုလို့ အီဂေါ သီယာဂို၊ ယာအို ပက်ဒရို (၈ ဂိုးစီ) နှင့် ဘင်ဂျာမင် ရှက်စကို (၇ ဂိုး) တို့သာ ရှိပြီး ယောကရက်စ် ကတော့ ၆ ဂိုး သွင်းယူထားပါတယ်။

ဆွီဒင် လက်ရွေးစင် အသင်း ကတော့ ၂၀၁၈ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပြန်လည် ဝင်ရောက်ခွင့် ရဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ “ဖိအားတွေကို သိပ်မစဉ်းစားပါဘူး၊ အကောင်းဆုံး ကစားဖို့ပဲ အာရုံစိုက်ပါတယ်။ တိုက်စစ်မှူး တစ်ယောက် အနေနဲ့ ဂိုးသွင်းချင်တာ သဘာဝပါ။ ဒီပွဲက အရမ်း အရေးကြီးပြီး ခက်ခဲတဲ့ပွဲ ဖြစ်လို့ အခွင့်အရေး နည်းနိုင်ပေမယ့် ရတဲ့ အခွင့်အရေးကို အသုံးချပြီး အနိုင်ရအောင် ကြိုးစားမှာပါ။” လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
X: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 27-Mar-2026 at 12:46 PM





   Like     
SBOTOP
27-Mar 2026 Friday 12:47 PM (52 days ago)            #71
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ဘာစီလိုနာကို ပြောင်းရွှေ့ချင်နေတဲ့ ဘက်စတိုနီ၊ ရိုမီယိုကို ခေါ်ယူဖို့ စီစဉ်နေတဲ့ ရီးရဲလ် | လာလီဂါ

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ လာလီဂါ အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

အင်တာမီလန် နောက်ခံလူ အလက်ဆန်ဒရို ဘက်စတိုနီ ကတော့ ဒီနွေရာသီမှာ လာလီဂါ ကလပ် ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ အလွန်အမင်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း တခြား သတင်းတွေအရ ဘက်စတိုနီရဲ့ ဦးစားပေးက အင်တာမီလန်နှင့် စာချုပ်သစ်ချုပ်ဆိုဖို့သာ ဖြစ်ပြီး၊ အင်တာမီလန် အသင်း အနေနဲ့ သူ့ကို ယူရို သန်း ၇၀ အောက် လျော့တဲ့ ဘယ်ကမ်းလှမ်းမှုကို မဆို ဆွေးနွေးမှာ မဟုတ်ကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ တိုက်စစ်ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာရဲ့ အေးဂျင့် ဖြစ်သူနဲ့ ဆော်ဒီ တာဝန်ရှိသူတွေ အကြား မကြာသေးခင်က တွေ့ဆုံခဲ့ကြတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဗင်နီးစီးယပ်စ် အနေနဲ့ ၎င်းတောင်းဆိုထားတဲ့ စာချုပ်သစ်ပါ အချက်အလက်တွေကို ရီးရဲလ်မက်ဒရစ် ဘက်က လိုက်လျောခြင်း မရှိရင် ဒီနွေရာသီမှာ ဘာနေဗျူး ကနေ ထွက်ခွာဖို့ လမ်းဖွင့်ထားကြောင်း သိရပါတယ်။

ဘာစီလိုနာ ကတော့ သူတို့ရဲ့ ခံစစ်တန်းကို အပြောင်းအလဲ ပြုလုပ်ဖို့ ပြင်ဆင်နေပေမယ့်လည်း အဓိက နောက်ခံလူ ရော်နယ် အာရူဟိုကို ရောင်းချဖို့ အလျင်စလို မရှိသေးပါဘူး။ အာရူဟိုကို လစ်ဗာပူးလ်က စိတ်ဝင်စားမှုတွေ ရှိနေပေမယ့်လည်း ဘာစီလိုနာ ဘက်က ဆက်လက် ထိန်းသိမ်းထားလိုတဲ့ အခြေအနေမှာ ရှိနေပါတယ်။

နောက်ထပ် လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေ ကတော့ တော့တင်ဟမ်ဟော့စပါးရဲ့ ဗဟိုနောက်ခံလူ ခရစ္စတီယန် ရိုမီယိုကို ခေါ်ယူဖို့ စီစဉ်နေကြပါတယ်။
ရိုမီယိုကို ခေါ်ယူပြီး အဆန်စီယိုကို ရောင်းထုတ်ဖို့ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်

နောက်ထပ် လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေ ကတော့ တော့တင်ဟမ်ဟော့စပါးရဲ့ ဗဟိုနောက်ခံလူ ခရစ္စတီယန် ရိုမီယိုကို ခေါ်ယူဖို့ စီစဉ်နေကြပါတယ်။ တစ်ဖက်မှာလည်း အသင်းရဲ့ လူငယ် နောက်ခံလူ ရာအူးလ် အဆန်စီယိုရဲ့ အနာဂတ်က မရေမရာ ဖြစ်နေကြောင်း သိရပါတယ်။

ဆက်စ်ကိုရဲ့ အေးဂျင့် ဖြစ်သူ ဘာဆန်နိုဗစ် ကတော့ လက်ရှိ သူ့ကစားသမားရဲ့ ပွဲထွက်ခွင့် ကန့်သက်ခံထားရမှုနဲ့ ပတ်သက်ပြီး ကျေနပ်မှု မရှိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ဆက်စ်ကိုဟာ မန်ချက်စတာယူနိုက်တက် အသင်းထံ ပေါင် ၇၃.၇ သန်းနဲ့ ရောက်ရှိလာခဲ့ပေမယ့် များသော အားဖြင့် လူစားဝင် ကစားသမား အဖြစ်သာ အသင်း အတွက် ပါဝင်ကစားပေးနေရပါတယ်။ အခုလို နောက်ပိုင်း ပွဲတွေမှာ အသင်းကို အကြိမ်ကြိမ် ကယ်တင်လာနိုင်ခဲ့ပြီးနောက် ကစားသမားကို ပွဲထွက်ခွင့်ပေးဖို့ အသင်း ပရိသတ်တွေ တောင်းဆိုလာခဲ့သလို အေးဂျင့် ဖြစ်သူ ကလည်း တောင်းဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

ဘာစီလိုနာ ကတော့ ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ခေါ်ယူဖို့ အတွက် ဖာရန်း တောရက်စ်ကို ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ ရက်ရှ်ဖို့ဒ်ကို ပေါင် ၂၆ သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်ဖို့ အတွက် ဘာစီလိုနာတို့ ငွေရှာဖို့ လိုအပ်နေပြီး ယူနိုက်တက် ဘက်ကလည်း ဈေးလုံးဝ မလျှော့ပေးတာကြောင့် အနည်းငယ် အကြပ်ရိုက်နေပါတယ်။ အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဖာရန်း တောရက်စ်ဟာ လွန်ခဲ့တဲ့ ၂၀၂၂ တုန်းက မန်စီးတီး ဆီကနေ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ထိုက်သင့်တဲ့ ခြေစွမ်းတွေ ပြသနေပေမယ့် ဘာစီလိုနာ ဘက်က ရက်ရှ်ဖို့ဒ်ကို ပိုမို ဦးစားပေးလိုနေတာ ဖြစ်ပါတယ်။

တဖက် မှာလည်း ဘာစီလိုနာက ရောဘတ် လီဝမ်ဒေါစကီးကို စာချုပ်သက်တမ်း ထပ်မံ တိုးမြင့်ဖို့ စီစဉ်နေတာကြောင့် လစာပိုင်း အနေအထားတွေ ကိုပါ ထည့်တွက် သုံးသပ်နေရတာပါ။ အကယ်၍ လီဝမ်ဒေါစကီးကို ဆက်ထိန်းဖို့ မဖြစ်နိုင်ရင် အက်တလက်တီကိုမက်ဒရစ်က ဟူလီယန် အဲလ်ဗာရက်ဇ်ကို ဈေးကြီးပေး ခေါ်ယူဖို့ မျက်စိကျနေပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ လက်ရှိ ရာသီ ပြိုင်ပွဲစုံ ၃၉ ပွဲကစား သွင်းဂိုး ၁၀ ဂိုးနဲ့ ဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ပေးထားပြီး နည်းပြ ဟန်ဆီ ဖလစ်ခ် ကိုယ်တိုင်က ဆက်ထိန်းရမယ့် ကစားသမား စာရင်းထဲ ထည့်သွင်းပြီးသား ဖြစ်ကြောင်း သိရပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
X: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 27-Mar-2026 at 12:47 PM





   Like     
SBOTOP
01-Apr 2026 Wednesday 1:16 PM (47 days ago)            #72
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ဘရာဇီးလ် တိုက်စစ်မှူးတွေ မကြာခင် ခြေစွမ်းပြနိုင်တော့မယ်လို့ အခိုင်အမာ ပြောလိုက်တဲ့ ယာအို ပက်ဒရို | ကမ္ဘာ့ဖလား

ဘရာဇီးလ် အသင်းရဲ့ တိုက်စစ်ပိုင်းဟာ မကြာသေးခင်က ပွဲစဉ်တွေမှာ ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း တိုက်စစ်မှူး ယာအို ပက်ဒရို ကတော့ သူတို့ အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင်မှာ ပုံစံကောင်း ပြန်ရလာမယ်လို့ ယုံကြည်နေကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

လက်ရှိမှာ ဘရာဇီးလ် လက်ရွေးစင် အသင်းက နောက်ဆုံး ကစားခဲ့တဲ့ ၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ပြီး (၁ ပွဲ သရေ၊ ၂ ပွဲ ရှုံး)၊ လတ်တလော မှာတော့ ဘော့စတွန်မြို့က Gillette အားကစားကွင်းမှာ ပြင်သစ်ကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။ အဲဒီ ၄ ပွဲ အတွင်း ဘရာဇီးလ်က စုစုပေါင်း ၆ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ၃ ဂိုးသာ တိုက်စစ် ကစားသမားတွေ ဆီကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။ အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား နေမာကို ချန်လှပ်ထားခဲ့တဲ့ အတွက် နည်းပြ ကာလို အန်ဆယ်လော့တီ ဟာလည်း လက်တလော ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ချဲလ်ဆီး လူငယ် ကြယ်ပွင့် အက်စတီဗာအိုက ဆီနီဂေါနဲ့ တူနီးရှား ပွဲတွေမှာ ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး၊ အာဆင်နယ် တိုက်စစ်မှူး ဂါဘရီရယ် မာတင်နယ်လီက ဂျပန်နဲ့ ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ယခုအခါ ဘရာဇီးလ်ဟာ မတ်လ နိုင်ငံတကာ ရက်သတ္တပတ်ရဲ့ ဒုတိယမြောက် ခြေစမ်းပွဲ အဖြစ် ခရိုအေးရှားနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး၊ ပြင်သစ်နဲ့ ပွဲမှာ ဒဏ်ရာရသွားတဲ့ ရာဖင်ညာရဲ့ နေရာမှာ ယာအို ပက်ဒရို ပွဲထွက် ကစားဖို့ များနေပါတယ်။

ဇွန်လမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင်မှာ ဘရာဇီးလ် တိုက်စစ်တန်းဟာ ဂိုးသွင်းအား ပြန်လည် ကောင်းမွန်လာမယ်လို့ ယာအို ပတ်ဒရိုက ESPN Brasil နဲ့ အင်တာဗျူးမှာ အခုလို ပြောကြားခဲ့ပါတယ်။

ယာအို ပက်ဒရို ကတော့ ကမ္ဘာ့ဖလားနဲ့ ဝေးကွာနေတဲ့ နှစ်ရှည်လများ စောင့်ဆိုင်းမှုဟာ လက်ရှိ တိုက်စစ်မှူးတွေ အပေါ် ဖိအားဖြစ်စေတယ်လို့ ယူဆနေပါတယ်။
ကမ္ဘာ့ဖလား မတိုင်ခင် တိုက်စစ်အား ပြန်ကောင်းလာမယ်လို့ ယုံကြည်နေတဲ့ ယာအို ပက်ဒရို

“ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် ပိုပြီး နားလည်လာကြပါပြီ။ ကျွန်တော်က အင်္ဂလန်မှာ ကစားတယ်၊ ဗင်နီးစီးယပ်စ်က စပိန်မှာ ကစားတယ်၊ ရာဖင်ညာ ကလည်း တခြား ကလပ် တစ်ခုမှာ ကစားပါတယ်။ ကလပ် အသင်းမှာ တစ်နှစ်ပတ်လုံး အတူတူ လေ့ကျင့်ရသလိုမျိုး နိုင်ငံတကာပွဲတွေ မှာလည်း အတူတူ လေ့ကျင့်ချိန် ပိုလိုအပ်ပါတယ်။ နိုင်ငံ အသင်းနဲ့ ကစားရတာဟာ ကလပ် အသင်းနဲ့ ပုံစံမတူတာကြောင့် အမြန်ဆုံး အသားကျအောင် ကြိုးစားရမှာပါ။ လေ့ကျင့်ချိန်တွေ ပိုရလာတာနဲ့ အမျှ အရာ အားလုံးက ချောမွေ့သွားမှာ ဖြစ်ပြီး မကြာခင်မှာ အချိတ်အဆက်တွေ ပိုပြီး မိလာပါလိမ့်မယ်။” လို့ ယာအို ပက်ဒရိုက ဆိုပါတယ်။

ဘရာဇီးလ် အသင်းဟာ လာမယ့် ကမ္ဘာ့ဖလား အုပ်စု (C) မှာ မော်ရိုကို၊ စကော့တလန်၊ ဟေတီ တို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ၂၀၀၂ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ချန်ပီယံဖြစ်ဖို့ မျှော်လင့်နေတာပါ။ ယာအို ပက်ဒရို ကတော့ ကမ္ဘာ့ဖလားနဲ့ ဝေးကွာနေတဲ့ နှစ်ရှည်လများ စောင့်ဆိုင်းမှုဟာ လက်ရှိ တိုက်စစ်မှူးတွေ အပေါ် ဖိအားဖြစ်စေတယ်လို့ ယူဆနေပါတယ်။

“အရင်တုန်းက ကျွန်တော် တို့မှာ ရော်နယ်ဒို၊ ရော်နယ်ဒင်ဟို၊ ရိုမာရီယိုတို့ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုခေတ် ဘောလုံးလောကကို ကြည့်မယ် ဆိုရင်လည်း ဘရာဇီးလ်မှာ အဲ့ဒီလို ကစားသမားမျိုးတွေ ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်က ဗင်နီ၊ ဘာစီလိုနာက ရာဖင်ညာ၊ ချဲလ်ဆီးက အက်စတီဗာအိုနဲ့ ကျွန်တော်၊ ပြီးတော့ အန်ဒရီ ဆန်းတို့စ်တို့ ရှိပါတယ်။ သူတို့ အားလုံးဟာ ထိပ်တန်း ကလပ်တွေမှာ ကစားနေကြတာပါ။ တကယ်တမ်း စိတ်အနှောင့်အယှက် ဖြစ်ရတာက ဘရာဇီးလ် အသင်း ကမ္ဘာ့ဖလား မရတာ အရမ်းကြာနေပြီ ဆိုတဲ့ အချက်ပါ။ ကျွန်တော် တို့ဟာ ကမ္ဘာ့အကောင်းဆုံး အမျိုးသား လက်ရွေးစင် အသင်း ဖြစ်ပြီး အချိန်အကြာကြီး ဖလားနဲ့ ဝေးကွာနေတဲ့အခါ အဲ့ဒီဖိအားက ပိုပြီး ကြီးမားလာတာပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
X: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 01-Apr-2026 at 1:16 PM





   Like     
SBOTOP
01-Apr 2026 Wednesday 1:18 PM (47 days ago)            #73
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ယာမယ်နဲ့ ဒီယိုမန်ဒီကို တွဲဖက် ကစားစေချင်နေတဲ့ ဘာစီလိုနာ၊ နူးကမ့်ပ် ကနေ ထွက်ခွာမှာ မဟုတ်တဲ့ ဘဲလ်ဒီ | လာလီဂါ

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ လာလီဂါ အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ဘာစီလိုနာ အသင်းဟာ လာမယ့် နွေရာသီမှာ သူတို့ရဲ့ တောင်ပံ ကြယ်ပွင့် လာမင်း ယာမယ်နဲ့ အတူ လိုက်ပ်ဇစ် အသင်းရဲ့ ခြေစွမ်းပြ ကစားသမား ယန် ဒီယိုမန်ဒီကို တွဲဖက် ကစားပေးနိုင်ဖို့ အိပ်မက်မက်နေပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ကလပ် အနေနဲ့ ဒီယိုမန်ဒီကို ခက်ခက်ခဲခဲ ကြိုးပမ်းရဖို့ ရှိနေပါတယ်။

လစ်ဗာပူးလ် တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ ဒီနွေရာသီမှာ အန်ဖီးလ် ကနေ ထွက်ခွာတော့မှာ ဖြစ်လို့ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီ တို့က သူ့ကို ခေါ်ယူဖို့ စဉ်းစားနေကြပါတယ်။ 

အလက်ဆန်ဒရို ဘဲလ်ဒီ ကိုတော့ မန်ချက်စတာယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေက စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ဘဲလ်ဒီ ကတော့ လာလီဂါ ကလပ် ကနေ ထွက်ခွာဖို့ ဆန္ဒမရှိကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားပါတယ်။ 

အင်တာမီလန် အသင်းဟာ သူတို့ရဲ့ နောက်ခံလူ ဘတ်စတိုနီကို ဘာစီလိုနာထံ ရောင်းချမယ့် အစီအစဉ်မှာ အလဲအထပ် အဖြစ် ကွင်းလယ်လူ ဒန်နီ အော်လမို ဒါမှမဟုတ် တိုက်စစ်မှူး ဖာရန်း တောရက်စ် တစ်ဦးဦးကို ရရှိဖို့ လိုလားနေပါတယ်။ 

ဘာစီလိုနာဟာ စူပါစတား တိုက်စစ်မှူး ဟယ်ရီ ကိန်းကို ကတ်တလန်မြေဆီ ခေါ်ဆောင်နိုင်ဖို့ အတွက် ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ကို ဘေယန်မြူးနစ်ထံ အလဲအထပ် အဖြစ် ကမ်းလှမ်းဖို့ ရှိနေပါတယ်။ 

ဒါပေမယ့် ဘဲလ်ဒီ ကတော့ လာလီဂါ ကလပ် ကနေ ထွက်ခွာဖို့ ဆန္ဒမရှိကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားပါတယ်။
ဘာစီလိုနာမှာ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ ဘဲလ်ဒီ

ရီးရဲလ်မက်ဒရစ် အသင်းဟာ လူငယ်နောက်ခံလူ ဗစ်တာ ဗဲလ်ဒီပင်ညာစ်ကို ဒီနွေရာသီမှာ ထွက်ခွာခွင့် ပိတ်ပင်ထားမှာ မဟုတ်ပေမယ့် ပြောင်းရွှေ့ကြေးအဖြစ် ယူရို သန်း ၅၀ အထိ အလိုရှိနေပါတယ်။ သူ့ကို အာဆင်နယ်၊ ဒေါ့မန်၊ အေစီမီလန်၊ အင်တာမီလန်နဲ့ လိုက်ပ်ဇစ် တို့က စိတ်ဝင်စားနေကြပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ နောက်ထပ် နောက်ခံလူ တစ်ဦး ဖြစ်သူ အီဒါ မီလီတာအိုကို ခေါ်ယူဖို့ ဆော်ဒီအာရေဗျ ကလပ် အသင်းတွေက နွေရာသီ အပြောင်းအရွှေ့ မတိုင်ခင် စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ထားပါတယ်။ 

အင်္ဂလန် ဝါရင့် နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားဟာ မိခင် ကလပ် မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ် သက်တမ်းတိုးဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ အသက် ၃၃ နှစ် အရွယ် မက်ဂွိုင်းယားဟာ ဒီရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းပြည့်မှာ ဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ် တချို့ ကလည်း သူ့အား ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

ဒါပေမယ့် မက်ဂွိုင်းယား ကတော့ အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ထားပြီး အသင်းနဲ့ မက်ဂွိုင်းယားရဲ့ ကိုယ်စားလှယ်တွေအကြား ဆွေးနွေးမှုများမှာ တိုးတက်နေကာ သဘောတူညီမှု ရဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ မက်ဂွိုင်းယားကို ၂၀၂၇ ခုနှစ် အထိ တစ်နှစ် စာချုပ်သာ ချုပ်ဆိုမှာ ဖြစ်ပြီး တစ်နှစ် သက်တမ်းတိုးခွင့်တော့ ထည့်သွင်းမယ်လို့ သိရပါတယ်။

အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ သောမတ်စ် တူချယ်က သူ့ အနေနဲ့ အသင်း လူစာရင်းက နုတ်ထွက်ခဲ့သူတွေကို ဒေါသမထွက်ကြောင်း ပြောခဲ့ပါတယ်။ ဒီနေ့ ကစားမယ့် ဂျပန်နဲ့ ခြေစမ်းပွဲ မတိုင်ခင် ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ တူဟယ်လ်က အခုလို ပြောခဲ့တာဖြစ်တယ်။ ဂျပန်နဲ့ ပွဲမတိုင်ခင် အင်္ဂလန် အသင်း လူစာရင်း ကနေ ကစားသမား ၈ ဦး အထိ မိခင် ကလပ်တွေဆီ ပြန်သွားခဲ့တာပါ။

လစ်ဗာပူးလ် အသင်းရဲ့ ဂန္ထဝင်ကစားသမား စတီဗင် ဂျရတ်က အီဂျစ် တိုက်စစ်ကစားသမား မိုဟာမက် ဆာလာရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ဝက်စ်ဟမ်း တောင်ပံကစားသမား ဆမ်းမားဗီးလ်ကို ခေါ်ယူသင့်တယ်လို့ အကြံပြု ပြောကြားခဲ့ပါတယ်။ ဆာလာက လာမယ့် နွေရာသီမှာ လစ်ဗာပူးလ် အသင်းနဲ့ လမ်းခွဲတော့မှာ ဖြစ်ကြောင်း အတည်ပြု ကြေညာထားပြီး ဖြစ်တာကြောင့် ဘယ်သူ့ကို ခေါ်ယူ အစားထိုးသင့်သလဲလို့ မေးမြန်းရာမှာ ဂျရတ်က ဆမ်မာဗီးလ်ကို ညွှန်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
X: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 01-Apr-2026 at 1:18 PM





   Like     
SBOTOP
02-Apr 2026 Thursday 3:54 PM (46 days ago)            #74
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ကမ္ဘာ့ဖလား ချန်ပီယံဟောင်းတွေထဲမှာ ပထမဆုံး အဖြစ် ၃ ကြိမ်ဆက် ပြိုင်ပွဲနဲ့ လွဲချော်ခဲ့တဲ့ အီတလီ

အီတလီ လက်ရွေးစင် အသင်း ကတော့ ဘော့စနီးယားကို ရှုံးနိမ့်ခဲ့တာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ (၃) ကြိမ် ဆက်တိုက် လွဲချော်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ဖလား ချန်ပီယံဟောင်းတွေထဲမှာ ပထမဆုံး အဖြစ်လည်း မှတ်တမ်းဆိုး တစ်ခု ပိုင်ဆိုင်သွားခဲ့တာလည်း ဖြစ်ပါတယ်။ 

ဇနီကာမြို့တွင် ကစားခဲ့တဲ့ ဒီပွဲဟာ တင်းမာမှုတွေနဲ့ ပြည့်နှက်ခဲ့ပြီး အီတလီ လက်ရွေးစင် အသင်းဟာ အလက်ဆန်ဒရို ဘက်စတိုနီ အထုတ်ခံခဲ့ရတာကြောင့် ၁-၁ သရေကျခဲ့ပြီး၊ ပင်နယ်တီ အဆုံးအဖြတ်မှာ ၄-၁ နဲ့ ရှုံးနိမိတ်ကာ ကမ္ဘာ့ဖလားနဲ့ ထပ်မံ ဝေးကွာခဲ့ရတာ ဖြစ်ပါတယ်။ 

ပွဲအစပိုင်းမှာ ဘော့စနီးယား ဂိုးသမား နီကိုလာ ဗာဆေးလ်ရဲ့ အမှား ကနေ တစ်ဆင့် မွိုက်စ် ကင်းန်က အီတလီအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်း ပြီးခါနီးမှာ Last Defender အဖြစ် ပြိုင်ဘက်ကို ဖျက်ထုတ်ခဲ့တဲ့ ဘတ်စ်တိုနီ တယောက် အနီကတ်ပြ ထုတ်ပယ်ခံရပြီးနောက် အီတလီတို့ တစ်ဖက်သတ် ဖိအားပေးခံခဲ့ရပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာတော့ ဟာရစ် တာဘာကိုဗစ်က ချေပဂိုး သွင်းယူခဲ့ပြီး၊ အချိန်ပိုမှာ ဘယ်အသင်းမှ ဂိုးမရခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူရာမှာ ဘော့စနီးယားက ၄ လုံး စလုံး ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။ အီတလီ ဘက်က လူစားဝင် ကစားသမားတွေ ဖြစ်တဲ့ အက်စ်ပိုစီတိုက အပေါ် ထောင်ကန်ခဲ့ပြီး၊ ခရစ္စတန်တေးက ဂိုးဘားတန်းကို ထိမှန်ခဲ့တာကြောင့် အီတလီတို့ ကမ္ဘာ့ဖလားနဲ့ နောက်ထပ် ၄ နှစ် ထပ်မံ ဝေးကွာသွားခဲ့ရပြီ ဖြစ်ပါတယ်။

ပွဲစဉ်အကျဉ်း

ပွဲချိန် ၁၅ မိနစ်မှာ ဂိုးသမား ဗာဆေးလ်ရဲ့ ပေးပို့မှု အမှားကို ဘာရယ်လာက ဖြတ်ယူပြီး မွိုက်စ် ကင်းန်ဆီ ပေးပို့ခဲ့ရာ၊ ကင်းန်က လှပတဲ့ ကန်ချက်နဲ့ အီတလီ အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ၄၁ မိနစ်မှာ အီတလီ အတွက် အချိုးအကွေ့ ဖြစ်စေခဲ့တဲ့ အနီကတ် ပြဿနာ ဖြစ်ပေါ်ခဲ့ပါတယ်။ မီမစ် ပြေးထွက်သွားတာကို ဘတ်စ်တိုနီက Last Defender အဖြစ် ဖျက်ထုတ်ခဲ့တာကြောင့် ဒိုင်လူကြီး ကလီမန့် တာပင်က တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။

ဆာဂေး ဘာဘာရက်ဇ် ဦးဆောင်တဲ့ ဘော့စနီးယား အသင်းဟာ ဇွန်လ ၁၁ ရက်နေ့မှာ အိမ်ရှင် ကနေဒါနဲ့ ကမ္ဘာ့ဖလား အဖွင့် ပွဲစဉ် အဖြစ် ကစားရမှာ ဖြစ်ပါတယ်။
ပလေးအော့ဖ် ဗိုလ်လုပွဲမှာ ဘော့စနီးယားကို ပင်နယ်တီနဲ့ ရှုံးပြီ ကမ္ဘာ့ဖလားနဲ့ လွဲခဲ့တဲ့ အီတလီ

ဒုတိယပိုင်းမှာ တစ်ယောက် အသာရသွားတဲ့ ဘော့စနီးယားက ပြိုင်ဘက်ကို တရစပ် ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ အီတလီ ဂိုးသမား ဂျီယန်လူဝီဂျီ ဒွန်နာရမ်းမာက အကြိမ်ကြိမ် ကာကွယ်ပေးခဲ့ပေမယ့်လည်း ၇၉ မိနစ်မှာ အီဒင် ဒီဂျက်ကိုရဲ့ ခေါင်းတိုက်ချက်ကို ပုတ်ထုတ်ရာ ကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို တာဘာကိုဗစ်က အပိုင် ပိတ်သွင်းကာ ချေပဂိုး ရယူခဲ့ပါတယ်။

ပင်နယ်တီ အဆုံးအဖြတ်ကို အက်စ်ပိုစီတိုနဲ့ ခရစ္စတန်တေးတို့ ဝင်အောင် မကန်သွင်းနိုင်ခဲ့ပဲ ဘော့စနီးယားရဲ့ ဘာဂျာတာရီဗစ်က အဆုံးအဖြတ် ပင်နယ်တီကို ဂိုးဝင်အောင် ကန်သွင်းကာ မြောက်အမေရိဆီ သွားရမယ့် ကမ္ဘာ့ဖလား လက်မှတ်ကို အရယူပေးနိုင်ခဲ့ပါတယ်။

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

အီတလီ လက်ရွေးစင် အသင်းဟာ ကမ္ဘာ့ဖလား ၃ ကြိမ် ဆက်တိုက် လွဲချော်ခဲ့တဲ့ ပထမဆုံး ချန်ပီယံဟောင်း အသင်း ဖြစ်လာခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်တွင် ချန်ပီယံ ဖြစ်ပြီး နောက်ပိုင်း ၎င်းတို့ဟာ ကမ္ဘာ့ဖလား နောက်ဆုံး အဆင့် ပွဲစဉ် ကစားရခြင်း မရှိတာက ၂၄ နှစ် အထိ ကြာမြင့်သွားခဲ့ပြီ ဖြစ်ပါတယ်။ မွိုက်စ် ကင်းန်က အီတလီ လက်ရွေးစင် အသင်း အတွက် ၆ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီး၊ အီတလီ အသင်း သမိုင်းမှာ စတုတ္ထမြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဘော့စနီးယားက တစ်ယောက် အသာနဲ့ အီတလီကို အသာစီးရယူခဲ့ရာ ဂိုးပေါက် ခြိမ်းခြောက်မှု ၃၀ ကြိမ် (ဂိုးပေါက်တည့်မှု ၁၁ ကြိမ်) အထိ ရှိခဲ့ပြီး၊ အီတလီက ၉ ကြိမ် (ဂိုးပေါက်တည့်မှု ၃ ကြိမ်) သာ ရှိခဲ့သည်။

လာမယ့် ပွဲစဉ်များ

ဆာဂေး ဘာဘာရက်ဇ် ဦးဆောင်တဲ့ ဘော့စနီးယား အသင်းဟာ ဇွန်လ ၁၁ ရက်နေ့မှာ အိမ်ရှင် ကနေဒါနဲ့ ကမ္ဘာ့ဖလား အဖွင့် ပွဲစဉ် အဖြစ် ကစားရမှာ ဖြစ်ပါတယ်။ အဲဒီနောက် ကာတာ၊ ဆွစ်ဇာလန် တို့နဲ့ ဆက်လက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ တဖက် မှာလည်း အီတလီ ကတော့ April Fool မဟုတ်ပဲ အမှန်တကယ် ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ရပြီ ဖြစ်ပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
X: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 02-Apr-2026 at 3:54 PM





   Like     
SBOTOP
02-Apr 2026 Thursday 8:29 PM (46 days ago)            #75
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ဖိုဒန် အနေနဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ပါဝင်ဖို့ သေချာပေါက် အာမခံချက် မရှိသေးကြောင်း တူချယ် ဖွင့်ဟ

ဒီနှစ် အင်္ဂလန် ကြယ်ပွင့်ကစားသမား ဖီးလ် ဖိုဒန် အနေနဲ့ လာမယ့် ကမ္ဘာ့ဖလား လူစာရင်းမှာ ပါဝင်ဖို့ သေချာပေါက် အာမခံချက် မရှိသေးကြောင်း သောမက်စ် တူချယ်က သတိပေးလိုက်ပါတယ်။ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ခြေစမ်းပွဲတွေ ဖြစ်တဲ့ ဥရုဂွေး၊ ဂျပန်တို့နဲ့ ပွဲစဉ်တွေမှာ ဖိုဒန်ဟာ ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့တာကြောင့် နည်းပြ တူချယ်လ်က သူ့ရဲ့ ကမ္ဘာ့ဖလား ကစားခွင့် တစ်နေရာ အတွက် အာမခံချက် မရှိသေးကြောင်း သတိပေးစကား ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ဖိုဒန်ဟာ ဒီရာသီမှာ ကလပ် အသင်း ဖြစ်တဲ့ မန်စီးတီး အတွက်ရော လက်ရွေးစင် အသင်း မှာပါ ပုံမှန် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။ ဖိုဒန်က ဒီရာသီမှာ မန်စီးတီး အတွက် ပြိုင်ပွဲစုံ ၁၀ ဂိုး သွင်းယူထားပြီး အာလင်း ဟာလန်း (ဂိုး ၃၀) ပြီးရင် အသင်းရဲ့ ဒုတိယဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်သားက ဖေဖော်ဝါရီလလယ် ဖူလ်ဟမ်နဲ့ ပွဲမှာ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြီးကတည်းက နောက်ပိုင်း ပွဲစဉ်တွေမှာ ဂိုးပါဝင်ပတ်သက်မှု လုံးဝ မရှိတော့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ဂျပန်နဲ့ ပွဲမှာ အသင်းခေါင်းဆောင် ဟယ်ရီ ကိန်း မပါဝင်နိုင်မှုကို အစားထိုးဖို့ ဖိုဒန်ကို အသုံးပြုခဲ့ပေမယ့် သူဟာ ဂိုးပေါက် ကန်သွင်းခွင့် တစ်ကြိမ်မှ မရခဲ့သလို ဂိုးရနိုင်မယ့် အခွင့်အရေး ဖန်တီးပေးနိုင်ခြင်းလည်း မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ တပတ်က ဥရုဂွေးနဲ့ သရေကျခဲ့တဲ့ ပွဲမှာလည်း သူဟာ အသင်း အပေါ် သက်ရောက်မှု အားနည်းခဲ့ပါတယ်။

အင်္ဂလန်ဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား မတိုင်ခင် နယူးဇီလန်၊ ကော်စတာရီကာ တို့နဲ့ ခြေစမ်းပွဲတွေ ကစားရဦးမှာ ဖြစ်ပါတယ်။
အင်္ဂလန် အတွက်ရော၊ မန်စီးတီး အတွက်ပါ ခြေစွမ်းမပြနိုင်သေးတဲ့ ဖိုဒန်

ဂျပန်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ သောမက်စ် တူချယ်က သတင်းထောက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။ “သူ (ဖိုဒန်) ကမ္ဘာ့ဖလား လိုက်ရမယ် ဆိုတဲ့ အာမခံချက် မရှိပါဘူး။ မန်စီးတီးမှာ သူ ပွဲထွက်ခွင့် သိပ်မရခဲ့ပေမယ့် လက်ရွေးစင် လေ့ကျင့်ရေး စခန်း ကိုတော့ အရမ်းတက်ကြွတဲ့ အပြုံးတွေနဲ့ ရောက်လာခဲ့ပြီး လေ့ကျင့်ရေး မှာလည်း တော်တော်လေး ကောင်းခဲ့ပါတယ်။ သူ ကျွန်တော် တို့ကို အံ့အားသင့်အောင် လုပ်နိုင်မယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်း ကွင်းထဲ မှာတော့ အသင်း အပေါ် အပြည့်အဝ သက်ရောက်မှု ရှိဖို့ ရုန်းကန်နေရတုန်းပါပဲ။” လို့ တူချယ်က ဆိုပါတယ်။

ဖိုဒန်ဟာ မန်စီးတီးရဲ့ နောက်ဆုံး ၁၅ ပွဲမှာ ၄ ပွဲသာ ပွဲထွက်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။ တူချယ်က သူဟာ လေ့ကျင့်ရေးကော၊ ပွဲကစားပုံကော၊ ကစားသမားတွေရဲ့ တုံ့ပြန်ပုံတွေ ကနေပါ အမြဲတမ်း သင်ယူနေကြောင်း ပြောဆိုခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် အသင်းဟာ ကမ္ဘာ့ဖလား မတိုင်ခင် နယူးဇီလန်၊ ကော်စတာရီကာ တို့နဲ့ ခြေစမ်းပွဲတွေ ထပ်မံ ကစားရဖို့ ရှိနေပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု အဆင့် မှာတော့ အင်္ဂလန်ဟာ ခရိုအေးရှား၊ ဂါနာ၊ ပနားမား တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

အင်္ဂလန်ဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား မတိုင်ခင် နယူးဇီလန်၊ ကော်စတာရီကာ တို့နဲ့ ခြေစမ်းပွဲတွေ ကစားရဦးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ခြေစမ်းပွဲ နှစ်ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့တဲ့ အင်္ဂလန် အတွက် ကမ္ဘာ့ဖလား မတိုင်ခင် ရလဒ်ကောင်းတွေ ရှာဖွေနိုင်ဖို့ လိုအပ်နေပြီး တူချယ် တစ်ယောက် ဘယ်

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
X: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 02-Apr-2026 at 8:29 PM





   Like     
SBOTOP
06-Apr 2026 Monday 8:08 PM (42 days ago)            #76
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

နာပိုလီက သူ့ရဲ့ နောက်ဆုံး ကလပ် ဖြစ်မလား ဆိုတာ မသေချာကြောင်း ပြောလာတဲ့ ဒီဘရိုင်းနား | စီးရီးအေ

စီးရီးအေ ကလပ် နာပိုလီ ကွင်းလယ်လူ ကီဗင် ဒီဘရွန်းနားက အေစီမီလန်နဲ့ ရင်ဆိုင်ရမယ့် ပွဲကြီးပွဲကောင်း မတိုင်ခင်မှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်က မန်ချက်စတာစီးတီး ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ နာပိုလီကို ရောက်ရှိလာခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် ဒီဘရွန်းနားဟာ ဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရပြီးနောက် အခုမှ အသင်း အတွက် ပြန်လည် ပါဝင်ကစားပေးနိုင်တာ ဖြစ်ပါတယ်။

ဒီဘရွန်းနားရဲ့ ခံယူချက်

ဒီဘရွန်းနားက လက်ရှိမှာ ဘောလုံးကစားခြင်းကို ဝါသနာထက် အလုပ် တစ်ခုလိုပဲ သဘောထားတော့ကြောင်း အခုလို ပြောဆိုခဲ့ပါတယ်။ “ကျွန်တော့် စိတ်ထဲမှာ အစတုန်းကလောက် ဘောလုံးကို မချစ်မြတ်နိုးတော့ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် အသက် ၃၀ ကျော်လာပြီး နှစ်ပေါင်း ၃၀ လောက် ဒီအလုပ်ကို လုပ်လာရတဲ့အခါ ဒါက သဘာဝပဲလို့ ထင်ပါတယ်။ ဘယ်အလုပ်မှာမဆို စိတ်ဝင်စားမှု နည်းနည်းလျော့သွားတာမျိုး ရှိနိုင်တာပဲလေ။” လို့ ပြောကြားခဲ့ပါတယ်။

နာပိုလီဟာ သူ့ရဲ့ နောက်ဆုံး ကလပ် ဖြစ်လာမလား ဆိုတဲ့ အပေါ် မှာတော့ “အဲဒါကို ကျွန်တော် မသိသေးပါဘူး။ အခုလောလောဆယ် အဲဒီအကြောင်း မစဉ်းစားသေးဘူး။ ခန္ဓာကိုယ်က နားတော့လို့ ပြောတဲ့ အထိတော့ ဆက်ကစားသွားမှာပါ။ လောလောဆယ်တော့ မိသားစုကို အချိန်ပေးချင်တယ်။ ဘာလို့လဲ ဆိုတော့ သူတို့က ကျွန်တော့် အတွက် အများကြီး စတေးပေးခဲ့ကြလို့ပါ။” လို့ ဆိုပါတယ်။

နာပိုလီ – အေစီမီလန် ပွဲကြိုသုံးသပ်ချက်

သူဟာ စီးရီးအေ ပထမဆုံး နှစ်ရာသီ အတွင်း မှာတင် ကွင်းလယ်လူ တစ်ဦး အနေနဲ့ ဂိုး ၂၀ ပြည့်ဖို့ ၁ ဂိုးသာ လိုပါတော့တယ်။
နောက်ပိုင်း တွေ့ဆုံမှုတွေမှာ အေစီမီလန်ကို အသာရခဲ့တဲ့ နာပိုလီ

လက်ရှိအချိန်မှာ အင်တာမီလန်က စီးရီးအေ အမှတ်ပေးဇယား ထိပ်ကနေ ၆ မှတ် ဖြတ်ကာ ဗိုလ်စွဲဖို့ ၈၉.၁ ရာခိုင်နှုန်း အထိ ရေပန်းစားနေပါတယ်။ နာပိုလီက အဆင့် ၃၊ အေစီမီလန်က အဆင့် ၂ မှာ ရှိနေပြီး နှစ်သင်းကြား ၁ မှတ်သာ ကွာဟတာကြောင့် အခုပွဲက အဆင့် ၂ နေရာ အတွက် အဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်။

စောင့်ကြည့်ရမယ့် ကစားသမားများ

နာပိုလီ ဘက်ကတော့ စကော့တ် မက်တော်မီနေးဟာ ဒီရာသီမှာ ၇ ဂိုးသွင်း၊ ၃ ဂိုး ဖန်တီးထားပြီး အသင်း အတွက် အဖိုးတန် ရမှတ်တွေ ရှာဖွေပေးထားပါတယ်။ သူဟာ စီးရီးအေ ပထမဆုံး နှစ်ရာသီ အတွင်း မှာတင် ကွင်းလယ်လူ တစ်ဦး အနေနဲ့ ဂိုး ၂၀ ပြည့်ဖို့ ၁ ဂိုးသာ လိုပါတော့တယ်။

အေစီမီလန် ဘက်ကတော့ ဂိုးသမား မိုက်ခ် မိုက်ဂ်နွန်က အခုပွဲ ကစားရင် စီးရီးအေ ပွဲပေါင်း ၁၅၀ ပြည့်မြောက်မှာပါ။ သူဟာ ဒီရာသီ ဥရောပ ထိပ်တန်း လိဂ် ၅ ခုမှာ ဂိုးရနိုင်ခြေ အရှိဆုံး ကန်ချက်တွေကို ကာကွယ်နိုင်မှုမှာ ဒုတိယ အမြင့်ဆုံး မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုနဲ့ ခန့်မှန်းချက်

နောက်ဆုံး ၅ ရာသီ အတွင်းမှာ နှစ်သင်းစလုံး ၄ ပွဲစီ အနိုင်ရထားပြီး ၁ ပွဲ သရေကျထားတဲ့ အတွက် ထိပ်တိုက် တွေ့ဆုံမှုချင်း မျှတနေပါတယ်။ နာပိုလီဟာ နောက်ဆုံး ၄ ပွဲ ဆက်တိုက် အနိုင်ရထားပြီး ဒီပွဲမှာပါ ထပ်နိုင်ရင်တော့ ဒီရာသီ အတွက် ပထမဆုံးအကြိမ် ၅ ပွဲ ဆက်တိုက် နိုင်ပွဲရရှိမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒီနှစ်သင်းကြား ရမှတ် ကွာဟချက် နည်းပါးနေပြီး အကြိတ်အနယ် ရှိနိုင်တာကြောင့် အခု ပွဲစဉ်ဟာ သရေ ရလဒ် ထွက်ပေါ်လာနိုင်ခြေ များပါတယ်။ နည်းပြ အန်တိုနီယို ကွန်တီရဲ့ နာပိုလီဟာ အေစီမီလန်ရဲ့ အဟန့်အတားနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီ ကတော့ “ချန်ပီယံလိဂ် ဝင်ခွင့် အဆင့် ၄ အတွင်း ဝင်ဖို့က ကျွန်တော်တို့ လက်ထဲမှာပဲ ရှိသလို၊ စကူဒက်တို (စီးရီအေ ချန်ပီယံဆု) ကတော့ အင်တာမီလန်ရဲ့ လက်ထဲမှာ ရှိနေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အယ်လီဂရီက အဆင့် ၄ အတွင်း ဝင်ဖို့ ကိုပဲ အဓိက အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
X: @sbotop_mmr
 www.mysbotop.com

This message was edited by SBOTOP on 06-Apr-2026 at 8:09 PM





   Like     
SBOTOP
06-Apr 2026 Monday 8:10 PM (42 days ago)            #77
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

“ လက်တွေ့မကျတဲ့” ရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုလိုက်တဲ့ လိဒ်စ် နည်းပြ | အက်ဖ်အေဖလား

မန်ချက်စတာစီးတီး လိဒ်စ်ယူနိုက်တက် ကတော့ ဝက်စ်ဟမ်းကို အနိုင်ယူပြီး ၃၉ နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် အက်ဖ်အေဖလား ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီပွဲအပြီးမှာ ဒန်နီယယ် ဖာကီက သူ့အသင်း အနေနဲ့ “ လက်တွေ့မကျတဲ့” ရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်ဆောင်သွားမယ်လို့ ယုံကြည်ချက် အပြည့်နဲ့ ပြောကြားလာခဲ့ပါတယ်။

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ လိဒ်စ်ယူနိုက်တက်ဟာ ဝက်စ်ဟမ်းနဲ့ သာမန် ပွဲချိန် အတွင်း ၂ ဂိုးစီ သရေကျနေခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာမှာ ၄-၂ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ပွဲအစမှာ အိုတာနာကာရဲ့ လှပတဲ့ အဆုံးသတ်ဂိုးနဲ့ ဒေါမနစ်ခ် ကဲလ်ဗတ်-လီဝင်းရဲ့ ပင်နယ်တီဂိုးတွေကြောင့် လိဒ်စ်တို့ အသာစီးရခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးခါနီး နာကျင် အချိန်ပိုမှာ ဝက်စ်ဟမ်း အတွက် မားတီးယပ်စ် ဖာနန်ဒက်စ်နဲ့ အက်ဇယ်လ် ဒီဆာဆီ တို့က ချေပဂိုးတွေ သွင်းယူခဲ့လို့ ပွဲက အချိန်ပို အထိ ဆက်သွားခဲ့ရပါတယ်။ အချိန်ပိုမှာ ဝက်စ်ဟမ်းရဲ့ သွင်းဂိုး ၂ ဂိုးဟာ လူကျွံဘော အဖြစ် သတ်မှတ်ခံခဲ့ရသလို၊ ပင်နယ်တီ အဆုံးအဖြတ် မှာလည်း လိဒ်စ် ဂိုးသမား လူကပ်စ် ပါရီက ဂျရော့တ် ဘိုဝင်နဲ့ ပါဘလို တို့ရဲ့ ကန်ချက်တွေကို ကာကွယ်နိုင်ခဲ့သလို ပါစကယ် စထရိုက်ခ်ရဲ့ နောက်ဆုံး ကန်ချက်နဲ့ အတူ လိဒ်စ်တို့ အနိုင်ရသွားခဲ့တာပါ။

လိဒ်စ်ယူနိုက်တက်ဟာ ၁၉၈၆-၁၁၉၈၇ ရာသီ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၂၀-၂၁ ရာသီက လက်စတာစီးတီး တင်ရှိခဲ့တဲ့ ၃၉ နှစ်ကြာ စောင့်ဆိုင်းခဲ့ရမှု မှတ်တမ်းနဲ့ တူညီနေပြီး အဲဒီရာသီမှာ လက်စတာဟာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

လိဒ်စ်ယူနိုက်တက်ဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် မှာတော့ ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန် အန္တရာယ်ရှိနေသေးတဲ့ လိဒ်စ်

နည်းပြ ဒန်နီရယ် ဖာကီက “အရင်ကတော့ ဒါဟာ လက်တွေ့မကျဘူးလို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်တော် တို့က လက်တွေ့မကျတဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ချင်နေတာပါ။ လမ်းကြောင်းမှန်ပေါ် မှာလည်း ရှိနေပါတယ်။ ဝင်ဘလေမှာ ဒုတိယအကြိမ် ကစားခွင့် ရရင်တော့ ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်သွားမှာပါ။” လို့ ဆိုပါတယ်။

လိဒ်စ်ယူနိုက်တက်ဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် မှာတော့ ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဆက်လက်က ဖာကီက “ကျွန်တော် တို့က အောက်သင်း (Underdog) အဖြစ် နဲ့ပဲ ကစားရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ သမိုင်းသစ် ရေးထိုးပြီးပါပြီ။” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။ တကယ်တမ်း မှာတော့ လိဒ်စ်ယူနိုက်တက်က ဗိုလ်လုပွဲ တက်လှမ်းနိုင်ဖို့တော့ တော်တော်လေး ခက်ခဲမယ့် အခြေအနေ ဖြစ်ပါတယ်။ လက်ရှိ ချဲလ်ဆီးက အနည်းငယ် ရုန်းကန်နေရတာကြောင့်တော့ လိဒ်စ် အတွက် ခပ်ရေးရေး မျှော်လင့်ချက် ဖြစ်လာနိုင်ပြီး ဒီအခြေအနေကို ဖာကီရဲ့ အသင်းက အသုံးချသွားနိုင်မလား ဆိုတာ စောင့်ကြောင့်ရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ လိဒ်စ်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၅ မှာ ရှိနေပြီး တန်းဆင်းဇုန်နဲ့ ၄ မှတ်သာ ကွာဟပါတော့တယ်။ Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ လိဒ်စ်တို့ တန်းဆင်းရဖို့ ၆.၅ ရာခိုင်နှုန်းသာ ရှိနေပါတယ်။ ဖာကီ ကတော့ အက်ဖ်အေဖလား နိုင်ပွဲဟာ အမှတ်ရဖို့ အတွက် အထောက်အကူ မပြုပေမယ့် ကစားသမားတွေရဲ့ ယုံကြည်မှုနဲ့ စိတ်ဓာတ်ပိုင်း ကိုတော့ များစွာ မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ ယူဆနေပါတယ်။ လိဒ်စ်ယူနိုက်တက်ဟာ လာမယ့် ဧပြီ ၁၃ ရက်နေ့ မှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ အရေးကြီးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
X: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 06-Apr-2026 at 8:11 PM





   Like     
SBOTOP
22-Apr 2026 Wednesday 1:06 PM (26 days ago)            #78
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

စီးရီးအေ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ စပယ်လက်တီ ဆို

ဂျူဗင်တပ်စ် ကတော့ ဒီတပတ်မှာ ဘိုလော့ဂ်နာကို အနိုင်ရရှိပြီးနောက် စီးရီးအေ အဆင့် (၄) အတွင်း ဝင်ဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ နည်းပြ ဖြစ်သူ လူစီယာနို စပယ်လက်တီ ကတော့ သူ့ အသင်းဟာ အနာဂတ်မှာ ချန်ပီယံဆု အတွက် စိန်ခေါ်နိုင်ဖို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီ ဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။

စပယ်လက်တီက ဂျူဗင်တပ်စ်ဟာ နောင်လာမယ့် နှစ်တွေမှာ စီးရီးအေ ချန်ပီယံဆု အတွက် စိန်ခေါ်နိုင်ဖို့ အရိပ်အယောင်တွေ မြင်တွေ့နေရပြီလို့ နည်းပြ စပယ်လက်တီက ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ အလိုင်းရန့်ဇ်ကွင်းမှာ ဂျိုနသန် ဒေးဗစ်၊ ကီဖရန် သူရမ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ သက်သောင့်သက်သာ အနိုင်ရရှိခဲ့ပြီး အဆင့် (၄) အတွင်းဝင်ဖို့ အခွင့်အရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ တူရင် ကလပ်ဟာ အချိန်ကိုက် ခြေစွမ်းတက်လာတာ ဖြစ်ပြီး ၂၀၂၅ မတ်လ သီယာဂို မော့တာ လက်ထက် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် စီးရီးအေမှာ ပေးဂိုး မရှိဘဲ ၃ ပွဲ ဆက်တိုက် အနိုင်ရရှိခဲ့တာပါ။

ဒါ့အပြင် ဂျူဗင်တပ်စ်ဟာ နောက်ဆုံး ၇ ပွဲမှာ ၁၇ မှတ် (၅ ပွဲ နိုင်၊ ၂ ပွဲ သရေ) အထိ ရယူနိုင်ခဲ့ပြီး ဒါဟာ အဆိုပါကာလ အတွင်း စီးရီးအေ မှာ အမှတ်အများဆုံး ရရှိခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။ ပိုပြီး အရေးကြီးတာ ကတော့ ပြိုင်ဘက် ကိုမို အသင်း ရှုံးနိမ့်ခဲ့တာကြောင့် အဆင့် (၅) နေရာမှာ ရှိနေတဲ့ ဆက်စ် ဖာဘရီဂတ်စ်ရဲ့ အသင်းထက် ၅ မှတ်အသာ ရရှိသွားခဲ့ပါတယ်။ Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ ဂျူဗင်တပ်စ်က ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ၈၅.၃ ရာခိုင်နှုန်း အထိ အခွင့်အရေး ရှိသွားပြီ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်ဟာ ၂၀၁၉-၂၀၂၀ ရာသီ မော်ရီဇီယို ဆာရီ လက်ထက် နောက်ပိုင်း စီးရီးအေ ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် စပယ်လက်တီ ကတော့ ၆ နှစ်ကြာ စောင့်ဆိုင်းမှုကို မကြာခင် အဆုံးသတ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

ဂျူဗင်တပ်စ်ဟာ ၂၀၁၉-၂၀၂၀ ရာသီ မော်ရီဇီယို ဆာရီ လက်ထက် နောက်ပိုင်း စီးရီးအေ ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။
၂၀၂၀ နောက်ပိုင်း စီးရီးအေ ချန်ပီယံဆုနဲ့ ဝေးကွာနေတဲ့ ဂျူဗင်တပ်စ်

DAZN Italia နဲ့ အင်တာဗျူးမှာ စပယ်လက်တီက “ဒီမှာ တာဝန်ယူမှုနဲ့ ဖိအားတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အသင်းက ကောင်းမွန်တဲ့ ဘောလုံး ကစားဟန်ကို ပြသဖို့ ကြိုးစားနေပြီး ကစားသမားတွေ ကလည်း တစ်ယောက်ကို တစ်ယောက် ဖေးမ ကူညီကြပါတယ်။ ဒါဟာ နည်းပြ တစ်ယောက် အတွက် အခြေခံအကျဆုံး လိုအပ်ချက်ပါ။ ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီ ဖြစ်သလို နေ့တိုင်း တိုးတက်မှုတွေကို မြင်တွေ့နေရလို့ ဒီအတိုင်းပဲ ဆက်သွားချင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ဂျူဗင်တပ်စ်ဟာ စီးရီးအေ အဆင့် ၃ နဲ့ ၄ နေရာက အေစီမီလန်၊ နာပိုလီ တို့နဲ့ ၃ မှတ်သာ ကွာပါတော့တယ်။ ဒီလို ရလဒ်ကောင်းတွေ ရရှိဖို့ ခိုင်မာတဲ့ ခံစစ်က အဓိက ပံ့ပိုးပေးခဲ့တာပါ။ အသင်းဟာ နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲ အထိ ပေးဂိုးမရှိ (Clean Sheet) ရရှိအောင် စွမ်းဆောင်ထားနိုင်ပါတယ်။

တိုက်စစ်ပိုင်း မှာလည်း ဂျိုနသန် ဒေးဗစ်ဟာ အခုရာသီ စီးရီးအေမှာ ဂိုးပါဝင် ပတ်သက်မှု (၁၀) ကြိမ် (၆ ဂိုး သွင်း၊ ၄ ဂိုး ဖန်တီး) အထိ ပြုလုပ်ထားပါတယ်။ သူဟာ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း မွေးဖွားသူတွေထဲမှာ အားလင်း ဟာလန်း၊ အာမင်း ဂူအီရီ တို့နဲ့ အတူ ဥရောပ ထိပ်တန်းလိဂ် ၅ ခုမှာ ၆ ရာသီ ဆက်တိုက် ဂိုးပါဝင် ပတ်သက်မှု ဆယ်ဂဏန်းပြည့်အောင် စွမ်းဆောင်နိုင်တဲ့ တတိယမြောက် ကစားသမား ဖြစ်လာပါတယ်။

စပယ်လက်တီ ကတော့ လာမယ့် ဧပြီလ ၂၅ ရက်နေ့မှာ ကစားမယ့် အေစီမီလန်နဲ့ ပွဲကြီးပွဲကောင်း မတိုင်ခင် အခုနိုင်ပွဲရဲ့ အရေးပါပုံကို အခုလို ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ပြိုင်ဘက်တွေရဲ့ ရလဒ်တွေကို ကြည့်ပြီး ကျွန်တော်တို့ လုံးဝ မှားလို့ မရတာက ကစားအား လျှော့လိုက်တာမျိုးပါပဲ။ အဆင့် ကိုပဲ ကြည့်ပြီး စိတ်လျှော့လိုက်ရင် အန္တရာယ်ရှိနိုင်လို့ ပွဲစကတည်းက မှန်ကန်တဲ့ စိတ်ဓာတ်နဲ့ ကစားဖို့ လိုအပ်ပါတယ်။ ဘိုလော့ဂ်နာဟာ ယူရိုပါလိဂ်ပွဲကြောင့် ပင်ပန်းနေမယ် ဆိုတာ သိထားတဲ့ အတွက် ကစားအားကို မြှင့်တင်ထားနိုင်ရင် အခွင့်အရေး ပိုရမယ်ဆိုတာ သိထားပါတယ်။ အားလုံး ကလည်း အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။” လို့ ဆိုပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
X: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 22-Apr-2026 at 1:06 PM





   Like     
SBOTOP
22-Apr 2026 Wednesday 1:07 PM (26 days ago)            #79
OFFICIAL
Sportsbook
Representative


Posts: 26682
Liked By: 6092
Joined: 19 Mar 06
Followers: 2



Tipsters
Championship:
Player has
not started

 

ကတ်စ်မဲရိုးရဲ့ နေရာမှာ အစားထိုးဖို့ ရီးရဲလ် ကြယ်ပွင့် ချူအာမန်နီကို ပစ်မှတ်ထားနေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် ကတော့ အသင်း ကနေ ထွက်ခွာတော့မယ့် ကတ်စ်မဲရိုးရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် အော်ရီလီယန် ချူအာမန်နီကို ပစ်မှတ်စာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ သိရပါတယ်။ ကက်စ်မဲရိုးဟာ လက်ရှိမှာ ခြေစွမ်းပြနေပေမယ့် ရာသီကုန်မှာတော့ ပရီးမီးယားလိဂ် ကလပ် ကနေ ကျိန်းသေပေါက် ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

ဇန်နဝါရီလကတည်းက ကတ်စ်မဲရိုးဟာ အသင်း ကနေ ထွက်ခွာမယ်လို့ အတည်ပြုထားတာကြောင့် ယူနိုက်တက်ဟာ ကွင်းလယ် အဖျက် နေရာ အတွက် ကစားသမား အများအပြားကို ရှာဖွေနေတာပါ။ အရင်က နယူးကာဆယ်က ဆန်ဒရို တိုနာလီနဲ့ နော့တင်ဟမ်ဖောရက်စ်ရဲ့ အဲလီယော့တ် အန်ဒါဆင် တို့ကို စိတ်ဝင်စားနေခဲ့ရာ ကနေ အခုအခါမှာတော့ ယူနိုက်တက်ဟာ ချူအာမန်နီနဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ 

The Telegraph ရဲ့ ဖော်ပြချက်အရ ချူအာမန်နီဟာ ယူနိုက်တက်ရဲ့ အစားထိုးမယ့်သူ စာရင်းမှာ “ ထိပ်တန်း” ကနေ ပါဝင်နေပြီး ရီးရဲလ်မက်ဒရစ်မှာ ဆုဖလား များစွာ ရယူထားနိုင်တဲ့ သူ့ရဲ့ အတွေ့အကြုံက ယူနိုက်တက် အတွက် ဆွဲဆောင်မှု တစ်ခု ဖြစ်နေပါတယ်။

ချူအာမန်နီကို ခေါ်ယူနိုင်ဖို့ ဘာတွေလိုအပ်မလဲ

ချူအာမန်နီရဲ့ ပြောင်းရွှေ့ကြေး ကတော့ နည်းမှာ မဟုတ်ပါဘူး။ အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပြင်သစ်သားက ကစားသမား ဘဝ အကောင်းဆုံး အရွယ်ကို ရောက်ရှိနေပြီး ၂၀၂၈ ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေပါသေးတယ်။ ရီးရဲလ်ဟာ သူ့ကို လွန်ခဲ့တဲ့ ၄ နှစ်က မိုနာကို ဆီကနေ ယူရို သန်း ၈၀ နဲ့ ခေါ်ယူခဲ့တာပါ။ လာလီဂါနဲ့ ချန်ပီယံလိဂ် ဖလားတွေကို ရယူပေးထားနိုင်တဲ့ သူ့ရဲ့ တန်ဖိုးဟာ အခု လက်ရှိ စျေးကွက်ထဲမှာ အများကြီး ပိုတက်နေမှာ ကတော့ သေချာပါတယ်။

ဒါ့အပြင် ရီးရဲလ်မက်ဒရစ် အနေနဲ့ ချူအာမန်နီကို ရောင်းထုတ်မယ် ဆိုရင် သူ့နေရာမှာ အစားထိုးဖို့ ကစားသမားသစ် တစ်ယောက် အရင် ခေါ်ယူရမှာပါ။ ရီးရဲလ်ဟာ ကတ်စ်မဲရိုး၊ တိုနီ ခရူးစ်နဲ့ လူကာ မိုဒရစ် တို့ရဲ့ ခေတ်အလွန်မှာ ကွင်းလယ်ပိုင်း အတွက် အခက်တွေ့နေရဆဲ ဖြစ်ပါတယ်။ ကာမာဗင်ဂါနဲ့ ဗယ်လ်ဗာဒီတို့ ရှိနေပေမယ့် ဝါရင့်ကစားသမားကြီးတွေရဲ့ အဆင့်အတန်း ကိုတော့ မမီသေးပါဘူး။ အကယ်၍ ရီးရဲလ်မက်ဒရစ်က မန်စီးတီး ကွင်းလယ်လူ ရိုဒရီ ကိုသာ ခေါ်ယူနိုင်ခဲ့ရင်တော့ ချူအာမန်နီကို ရောင်းချဖို့ လမ်းပွင့်လာနိုင်ပါတယ်။

တခြား ပစ်မှတ်တွေနဲ့ နှိုင်းယှဉ်ချက်

The Athletic က ဒေးဗစ် အွန်စတိန်းရဲ့ အဆိုအရ ယူနိုက်တက်ရဲ့ “ နံပါတ် (၁) ပစ်မှတ်” ကတော့ နော့တင်ဟမ်ဖောရက်စ်က အဲလီယော့တ် အန်ဒါဆင် ဖြစ်နေဆဲပါ။ ဒါပေမယ့် ယူနိုက်တက်ဟာ သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်က မြို့ခံ ပြိုင်ဘက် မန်စီးတီးနဲ့ အပြိုင်အဆိုင် ကြိုးစားရမှာ ဖြစ်ပါတယ်။

ချူအာမန်နီဟာ အန်ဒါဆန်ထက်စာရင် ခံစစ်ပိုင်းကို ပိုပြီး အာရုံစိုက်တဲ့ ကစားသမားပါ။ အန်ဒါဆန်က ဘက်စုံတော်တဲ့ ကစားသမား ဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ ဘောလုံး ပေးပို့မှုနဲ့ ယှဉ်ပြိုင်မှု အောင်မြင်မှုတွေမှာ ထိပ်ဆုံးက ရှိနေပါတယ်။ တခြား ပစ်မှတ် တစ်ခု ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်က အဒမ် ဝှာတန် ကတော့ ဘောလုံး ပေးပို့မှု အပိုင်းမှာ ပိုမို နူးညံ့သိမ်မွေ့သူ ဖြစ်ပါတယ်။

ဘာကြောင့် ချူအာမန်နီကို စိတ်ဝင်စားတာလဲ

အဖြေ ကတော့ ရှင်းပါတယ်။ ယူနိုက်တက်ဟာ ကတ်စ်မဲရိုးရဲ့ နေရာကို အစားထိုးချင်တာ ဖြစ်လို့ ရီးရဲလ်မက်ဒရစ်မှာ ကတ်စ်မဲရိုးရဲ့ နေရာကို အစားဝင်ခဲ့တဲ့သူ ကိုပဲ ပြန်ခေါ်ဖို့ ကြိုးစားတာပါ။ သူတို့ နှစ်ဦးစလုံးဟာ ခန္ဓာကိုယ် တောင့်တင်းပြီး ခေါင်းတိုက်တာနဲ့ ဖျက်ထုတ်ပုံတွေမှာ ဆင်တူကြပါတယ်။ ဒါပေမယ့် ဝေဖန်သူ တချို့ ကတော့ ချူအာမန်နီဟာ ဘောလုံးကို ဘယ်အချိန်မှာ ဘယ်လိုပေးရမလဲ ဆိုတဲ့ ကတ်စ်မဲရိုးရဲ့ ပါးနပ်တဲ့ ဆုံးဖြတ်ချက် အပိုင်း မှာတော့ အနည်းငယ် လိုအပ်ချက် ရှိနေသေးတယ်လို့ ထောက်ပြကြပါတယ်။ ရီးရဲလ်မက်ဒရစ် အနေနဲ့ အသက် ၂၆ နှစ်အရွယ် အဓိက ကစားသမား တစ်ဦးကို ရောင်းချဖို့ စဉ်းစားတယ် ဆိုတာဟာ သူ့ရဲ့ ကစားဟန်မှာ အားနည်းချက် တစ်စုံတစ်ရာ ရှိနေလို့သာ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

ဤနေရာတွင် စာရင်းသွင်းပါ။

Facebook: @sbomyanmar
Instagram: @sbomyanmar
X: @sbotop_mmr
 www.mysbotop.com 

This message was edited by SBOTOP on 22-Apr-2026 at 1:08 PM





   Like     
[Go Back to Top]
 Main Menu > AsianBookie Myanmar > SBOTOP- နောက်ဆုံးရ အားကစားသတင်းများ



Change Timezone:   
 
77. H_236 ms

AsianBookie.com Forums Home | Back to AsianBookie.com

© Copyright 1998-2026 AsianBookie.Com - All rights reserved.
Advertise Feedback Privacy Policy Terms of Service

Facebook Instagram XiaoHongShu TikTok Telegram